မန္တလေးပစ်ခတ်မှု မျက်မြင်သေသေတွေ ပြောပြချက်
မန္တလေးမြို့မှာလည်း ဆန္ဒပြသူတွေကို ပစ်ခတ်ဖြိုခွင်းတဲ့အတွက် ဦးခေါင်းကို သေနတ်ထိမှန်သူ သေဆုံးသူ ၂ ယောက်အပါအဝင် ထိခိုက်ဒဏ်ရာရသူ အများအပြားရှိပါတယ်။ ဆရာဝန်တွေ ကျန်းမာရေးဝန်ထမ်းတွေကို မန္တလေးကုတင် ၃၀၀ ဆန့် ဆေးရုံဝန်းက အပြင်မထွက်နိုင်အောင် လုံခြုံရေးတွေကပိတ်ဆို့ခဲ့ပြီး ညနေပိုင်းရောက်မှ ဖယ်ရှားပေးခဲ့ပါတယ်။