သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန္တလေးအကြမ်းဖက်ပစ်ခတ်ခံရမှု နှစ်ဦးသေဆုံး 


မန္တလေး ဆန္ဒပြသူတွေ အင်အားသုံး ပစ်ခတ် ဖြိုခွဲခံရ။ (ဖေဖေါ်ဝါရီ ၂၅၊ ၂၀၂၁)
မန္တလေး ဆန္ဒပြသူတွေ အင်အားသုံး ပစ်ခတ် ဖြိုခွဲခံရ။ (ဖေဖေါ်ဝါရီ ၂၅၊ ၂၀၂၁)

ZawGyi/Unicode

စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့မန္တလေးဆန္ဒပြပွဲတွေကို ဒီကနေ့ လုံခြုံရေးတပ်တွေက ပစ်ခတ်နှိမ်နင်းရာမှာ လူ ၂ ဦးထက်မနည်းသေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် ကိုထက်အောင်ခန့်က မန္တလေးမြို့ကနေ သတင်းပေးပို့ထားပါတယ်။

ဒီကနေ့ ဖော်ဖော်ဝါရီ ၂၈ ရက် မန္တလေးမှာ စစ်တပ်နဲ့ရဲတပ်ဖွဲ့က ပစ်ခတ်တာကြောင့် ၂ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့တာပါ။ သေဆုံးသူတွေဟာ ဦးခေါင်းထိမှန်ပွင့်ထွက်သေဆုံးခဲ့တာဖြစ်ပါတယ်။

သေဆုံးမှုနဲ့ပတ်သက်လို့ မျက်မြင်တွေ့ရှိသူတဦးက ဗွီအိုအေကို အခုလိုပြောပါတယ်။

“ကျနော်တို့ ဒီရဲတွေမလာခင် ၆၅ လမ်းမှာ အုတ်ခဲတွေနဲ့ လမ်းပိတ်တယ်။ လမ်းပိတ်တဲ့အချိန်မှာ ၆၆ လမ်းဘက်က ရဲတွေလာပြီဆိုတော့ ကျနော်အိမ်တံခါးထဲ အိမ်ဝင်းထဲဝင်လိုက်တယ်ပေါ့။ အဲ့အချိန်မှာ ထိမယ့်ဦးလေးက ၆၅ လမ်း ၄၀ ဒီထောင့်ထဲကို ဝင်လာတာ။ အဲ့ဒါ ၂ ယောက် သူ့နောက်မှာ တယောက်ပါသေးတယ်။ သူ့အနောက်ကလူကဆိုင်ကယ်ပေါ်ကအဆင်း နောက်လှည့်အကြည့် သူက ဆိုင်ကယ်လေးကို ခွရက်လေး အဲ့မှာ ချက်ချင်းလဲသွားတာ။ ခေါင်းကိုထိသွားတာ ဆိုင်ကယ်ဦးထုပ် အနီရောင်လေး”

ပြည်သူတွေကလည်း ရဲတွေ မဝင်ရောက်နိုင်အောင် လမ်းမတွေမှာ အတားအဆီးတွေ ပြုလုပ်ကြပါတယ်။ အတားအဆီးတွေ ပြုလုပ်လို့ စစ်တပ်နဲ့ရဲဟာ ၆၆ လမ်း တလျောက် ပစ်ခတ်တာတွေပြုလုပ်ခဲ့လို့ ကျည်ဆံထိမှန်ပြီး ဒဏ်ရာရခဲ့သူတွေရှိပါတယ်။

ကျည်ဆံထိမှန် ဒဏ်ရာရရှိတာကို မျက်မြင်တွေ့သူတဦးက အခုလို ပြောပါတယ်။

“အစကတော့ သေနတ်သံတွေတော့ ကြားနေရတယ်။ ဒါပေမယ့် လာမှာစိုးလို့ လမ်းပိတ်တဲ့အနေနဲ့ အုတ်နီခဲတွေနဲ့ ပစ်နေကြတာ။ အဲ့အချိန်မှာ ထိသွားတာ။ အဲ့တယောက်က အသံပဲကြားလိုက်ရတယ်။ အဲ့လူက မြောင်းထဲမှာ ပစ်လဲနေတယ်။ အဲ့ကနေ ကားချက်ချင်းခေါ်လိုက်ရတယ်။”

ဒီကနေ့ညနေပိုင်းထိ စစ်တပ်နဲ့ရဲက ဆက်တိုက်ပစ်ခတ်နေပြီး ၇၂ လမ်း၊ ၃၅ လမ်းနဲ့ ၃၆ လမ်းထောင့်မှာ အမျိုးသမီးတဦး ဦးခေါင်းကျည်ဆံထိမှန်ပြီး သေဆုံးသွားပါတယ်။

ဒီကနေ့မနက်ပိုင်းမှာတော့ ကျောင်းသားသမဂ္ဂပေါင်းစုံ ဆေးတက္ကသိုလ်ပေါင်းစုံ အင်ဂျင်နီယာသပိတ်နဲ့ ဆရာဆရာမတွေနဲ့ လူသိန်းချီပါဝင်တဲ့ သပိတ်ပေါင်းစုံဟာ ၆၂ လမ်းနဲ့ မနော်ဟရီလမ်းထောင့်မှာ စုဝေးပြီး ထိုင်သပိတ် ပြုလုပ်ခဲ့ကြပါတယ်။

ထိုင်သပိတ်ပြုလုပ်ပြီး လူစုခွဲချိန်မှာတော့ စစ်တပ်နဲ့ရဲဟာ ဖြိုခွင်းဖို့လာရောက်ခဲ့ပေမယ့် ပြည်သူတွေက လမ်းများကို ပိတ်ဆို့တားဆီးပေးခဲ့လို့ ဖြိုခွင်းလို့မရခဲ့ပါဘူး။ ဆန္ဒထုတ်ဖော်ရာမှာပူးပေါင်းပါဝင်ဖို့ လာရောက်ပြင်ဆင်နေတဲ့ ဆရာဝန်တွေရှိရာ မန္တလေး ကုတင် ၃၀၀ ဆေးရုံကို အင်အားအများအပြားနဲ့ လာရောက် ဝိုင်းခဲ့ပေမယ့် ဖမ်းဆီးခံခဲ့ရတာတော့ မရှိခဲ့ပါဘူး။

စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြပွဲတွေစခဲ့တဲ့အချိန်ကစပြီး စစ်တပ်နဲ့ရဲတပ်ဖွဲ့က ပစ်ခတ်မှုကြောင့် ဒီနေ့ထက်အထိ မန္တလေးမှာ သေဆုံးသူ ၅ ဦးအထိ ရှိနေပါတယ်ခင်ဗျာ။

တိုက်ရိုက် လင့်ခ်

Unicode

မန်တလေးအကွမျးဖကျပဈခတျခံရမှု နှဈဦးသဆေုံး












#MyanmarMilitaryCoup #MyanmarProtest #WhatIsHappengingInMyanmar #VOABurmese

XS
SM
MD
LG