သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္ၿမိဳ႕ ႐ုန္းရင္းဆန္ခတ္မႈ လူ ၂၀ ထက္မနည္း ဒဏ္ရာရ


ရန္ကုန္ၿမိဳ႕က ရုန္းရင္းဆန္ခတ္ျဖစ္တဲ့ ျမင္ကြင္း။ (ေဖေဖာ္ဝါရီ ၂၅၊ ၂၀၂၁)

[Zawgyi/Unicode]

ရန္ကုန္တုိင္းေဒသၾကီး မဂၤလာေတာင္ညႊန္႔ၿမိဳ႕နယ္၊ ရန္ကုန္ဘူတာၾကီးအနီးမွာ တပ္မေတာ္ကို ေထာက္ခံဆႏၵျပသူေတြနဲ႔ ရပ္ကြက္ေန ျပည္သူေတြအၾကား ဒီကေန႔ ရုန္းရင္းဆန္ခတ္ျဖစ္ပြားခဲ့ၿပီး တပ္မေတာ္ ေထာက္ခံဆႏၵျပသူေတြက ေလးခြေတြ၊ ခဲေတြနဲ႔ ပစ္ခတ္တိုက္ခိုက္ေၾကာင့္ လူ ၂၀ ထက္မနည္း ထိခိုက္ဒဏ္ရာရခဲ့ပါတယ္။ ဒီသတင္းကို ဗီြအိုေအ ျမန္မာပိုင္းသတင္းေထာက္ ကိုမုိးေဇာ္က တင္ျပထားပါတယ္။

အရပ္သားအစိုးရကို ျဖဳတ္ခ်ၿပီး တပ္မေတာ္က အာဏာသိမ္းတာကို ကန္႔ကြက္တဲ့အေနနဲ႔ ဒီလ ၆ ရက္ေန႔က စတင္ၿပီး ရန္ကုန္ၿမိဳ ႔မွာ ျပည္သူေတြ သိန္းခ်ီၿပီး လမ္းမေတြေပၚမွာ ေန႔စဥ္ရက္ဆက္ ဆႏၵျပေနတာပါ။

ဒီကေန႔မွာေတာ့ တပ္မေတာ္ကို ေထာက္ခံသူ ရာနဲ႔ခ်ီၿပီး ရန္ကုန္ဘူတာၾကီးေရွ ႔ ေရာက္ရိွ စုရံုးလာခ်ိန္မွာ ရပ္ကြက္ေန ျပည္သူေတြနဲ႔ မနက္ ၁၀ နာရီခဲြေလာက္မွာ ရုန္းရင္းဆန္ခတ္ျဖစ္ခဲ့တယ္လို႔ မ်က္ျမင္ေတြ႔ရိွသူတစ္ဦးက ဗီြအိုေအကို ေျပာပါတယ္။

“ဒီ ဘူတာၾကီးရဲ့အေနာက္က ျမ၀တီဓါတ္ဆီဆုိင္နဲ႔ ရိုးမဘဏ္ရဲ့ၾကားထဲက ၉၃-၉၄ ကားဂိတ္မွာ စီရပ္လုပ္တယ္ေပါ့။ စုစည္းတယ္ေပါ့။ အဲဒီလို လုပ္တဲ့အခါက်ေတာ့ ဒီက ရပ္ကြက္ကလူေတြက ဒါကို သေဘာမက်တဲ့အခါ သံပံုးတီးၾကတယ္။ သံပံုးတီးတဲ့အခါက ဟိုဘက္က လူေတြက လံုျခည္လွန္ျပတဲ့အဆင့္ေတြ ေရာက္လာတယ္။ ဂရုမစိုက္ဘူးဆုိတဲ့ ပံုစံမ်ိဳးေတြလုပ္တယ္။ ရပ္ကြက္ကလူေတြက အားလံုးစုစုၿပီး သံပံုးတီးၾကၿပီး ဘာျဖစ္လုိ႔လဲ... ဒီလုိ၊ ဒီလုိပဲ ဆုိတဲ့အခါက် လူအုပ္က မ်ားလာတဲ့အခ်ိန္မွာ သူတို႔ဘက္ကေနၿပီး ေလးခြေတြ၊ ခဲေတြနဲ႔ ပစ္ၾကတယ္။ အားလံုးေပါင္း ၁၅ ေယာက္ေလာက္ မွန္ၾကတာေပါ့။ ေခါင္းကဲြတဲ့သူက ကြဲတယ္။ နဖူးထိတဲ့လူက ထိတယ္။ လက္ေမာင္းထိတဲ့လူက ထိတယ္။ ေပါင္ထိတဲ့လူက ထိတယ္။ နည္းနည္းပိုမ်ားတဲ့သူကေတာ့ ၅ ေယာက္ေလာက္ရိွတာေပါ့။ သူတို႔ဘက္က အသင့္ပါလာတဲ့ ေလးခြေတြနဲ႔ ပစ္တာ။ သူတုိ႔ လြယ္အိတ္ေတြထဲမွာ ေလးခြေတြ၊ ဓါးေတြ၊ ဒုတ္ေတြက ကားေတြေပၚမွာ အဆင္သင့္ပါတယ္။”

တပ္မေတာ္ကို ေထာက္ခံဆႏၵျပဖို႔ လာေရာက္သူ အေရအတြက္ ေထာင္နဲ႔ခ်ီရွိၿပီး ရပ္ကြက္လူထုက ရာနဲ႔ခ်ီရွိတဲ့အေၾကာင္းလည္း ဆက္ေျပာပါတယ္။

“ပထမ သူတို႔ စ စီတဲ့အခ်ိန္မွာ ၃၅၀ ေလာက္ ရိွတယ္။ ေနာက္ ကား ၁၀ စီးနဲ႔ ဘတ္စ္ကား၊ လုိင္းကားၾကီးေတြေပါ့။ YBS လို ဘတ္စ္ကားၾကီးေတြနဲ႔ ၆ စီးခ်တယ္။ ေနာက္ Lite truck ကား ၁၀ စီးလာခ်တယ္။ အားလံုးေပါင္း လူဦးေရက မရိွဘူးဆို ၃,၀၀၀ နဲ႔ ၄,၀၀၀ ၾကားေလာက္ လာခ်တာ။ ၿပီးေတာ့ ရပ္ကြက္က လူအုပ္ကလည္း ၅၀၀၊ ၆၀၀ ေလာက္ရိွတဲ့လူအုပ္ကလည္း သံပံုးတီးရင္းနဲ႔ အဲဒီလိုမ်ိဳးေတြေပါ့ ျဖစ္သြားတာ။”

ရပ္ကြက္ထဲကလူေတြက သံပံုးတီးၾကၿပီး တဘက္က ေလးခြေတြနဲ႔ ပစ္တယ္ဆိုတာ ေနာက္ထပ္ မ်က္ျမင္ေတြ႔ရိွသူ တစ္ေယာက္ကလည္း အတည္ျပဳေျပာဆိုပါတယ္။

“တပ္မေတာ္ ေထာက္ခံသူေတြက သူတုိ႔ကားေတြနဲ႔ဗ်ာ။ သီခ်င္းေတြဘာေတြ ဖြင့္ထားတယ္။ သူတို႔ အလံေတြ ေထာင္ထားတယ္။ အဲဒီမွာ သိမ္ျဖဴမီးရထားရပ္ကြက္က လူေတြက သံပံုးေတြ၊ ဘာေတြ ထြက္တီးၾကတာ။ အဲဒါကို သူတို႔ဘက္ကေနၿပီးေတာ့ ေလာက္ေလးခြေတြ၊ ဘာေတြနဲ႔ အၾကမ္းဖက္လိုက္တာ။ ေလးခြေတြနဲ႔ ပစ္တယ္ဗ်ာ။ ထြက္တီးတဲ့သူေတြက ကေလးနဲ႔ မိန္းမေတြပဲ ရိွတယ္။ လူၾကီးေတြ၊ လူငယ္ေတြကေတာ့ သိပ္မထြက္ဘူး။ သံပံုးတီးတာဆုိေတာ့ေလ။ သူတုိ႔ေတာ့ ထိခုိက္ၿပီးေတာ့ ျပန္ေျပး၀င္ၾကတယ္။ လူအင္အားက အနည္းဆံုး မရိွဘူးဆို ၇၀၀-၈၀၀ ေလာက္ရိွမယ္။ ေရွ႕ဆံုးကေတာ့ အလံေတြကိုင္တယ္။ ေနာက္ဆံုးကေတာ့ သူတုိ႔ လြယ္အိတ္ထဲမွာ သူတို႔ စေကဘာေတြ ပါတယ္။ သံဒုတ္ေတြပါတယ္၊ ဓါးေတြပါတယ္ ျမင္ေနရတယ္။”

တပ္မေတာ္ေထာက္ခံသူမ်ားရဲ႕ ဆႏၵျပပဲြ ျမင္ကြင္း။ (ဓာတ္ပံု - AP -ေဖေဖာ္ဝါရီ ၂၅၊ ၂၀၂၁)
တပ္မေတာ္ေထာက္ခံသူမ်ားရဲ႕ ဆႏၵျပပဲြ ျမင္ကြင္း။ (ဓာတ္ပံု - AP -ေဖေဖာ္ဝါရီ ၂၅၊ ၂၀၂၁)

အခင္းျဖစ္ပြားရာအနီးမွာ ရဲတပ္ဖဲြ႔၀င္ေတြရိွေပမဲ့ တစံုတရာ အေရးယူေဆာင္ရြက္တာ မရိွေၾကာင္းလည္း ဆက္ေျပာပါတယ္။

“ရဲက ရိွတယ္။ အဲဒီေနရာအနီးဆံုးက ျမ၀တီဆီဆိုင္ရိွတယ္ေလ။ အဲဒီနားေလးမွာေတာ့ ရဲကားေတြ ခ်ထားတယ္။ ျမင္ရတယ္။ သူတို႔နဲ႔ဆုိ နီးနီးေလးပဲ။ ရဲေတြရိွတယ္။ သူတို႔က ဘာမွ မလုပ္ပါဘူး။”

အခင္းျဖစ္ပြားရာ သိမ္ျဖဴ မီးရထားရပ္ကြက္ေန ျပည္သူတစ္ဦးက ဒီလို အၾကမ္းဖက္ တုိက္ခိုက္တာေၾကာင့္ ထိခိုက္ဒဏ္ရာရသူ ၂၆ ေယာက္ေလာက္ရိွေၾကာင္း ေျပာပါတယ္။

“အဲဒီဘက္က ေကာင္ေတြက ေရွ ႔မွာ ရိွတဲ့ လင္ပန္းေတြ တီးေနတဲ့ အမ်ိဳးသမီးေတြကို ထုတာ။ ထုတဲ့အခါက်ေတာ့ ေခါင္းတစ္ေယာက္က ကဲြသြားတယ္။ ေတာ္ေတာ္နက္သြားတယ္။ ေနာက္တစ္ေယာက္က အဲဒီလူေတြၾကားထဲကပဲ ေနာက္ကေနၿပီး ေလာက္စာလံုးနဲ႔ ပစ္လုိက္တာ ေခါင္းေပါက္သြားတယ္။ ေသြးေတြ ရႊဲပဲ ျပန္လာတာပဲ။ ဒီဖန္ေဂၚလီ ေလာက္စာလံုးၾကီးေတြနဲ႔ပစ္တာ ေက်ာေတြ၊ ေပါင္ေတြ၊ ဖင္ေတြ၊ တင္ပါးေတြမွာ အကုန္လံုး နည္းတဲ့ အကြက္ၾကီးေတြ မဟုတ္ဘူး။ အခု ေလာေလာဆယ္ စာရင္းေကာက္ထားတာက ၂၆ ေယာက္ေလ။ ေဆးလာထည့္တဲ့သူေတြပဲ ေကာက္ထားတာ။ အသည္းအသန္ျဖစ္တာေတာ့ ဗိုက္ၾကီးသည္တစ္ေယာက္ေလ။ ဗိုက္ၾကီးသည္က ေျပးေတာ့ေလ၊ ကေလးက ေစာင္းသြားတာလား၊ ဘာလား မသိဘူး။ ခုက Ambulance နဲ႔ ဘားလမ္းေတာ့ ပို႔ထားတာပဲ။”

အၾကမ္းဖက္ တုိက္ခုိက္သူေတြဟာ သိမ္ျဖဴမီးရထားရပ္ကြက္ထဲကို ၀င္ေရာက္လာတာေၾကာင့္ ပထမ ၉ ေယာက္ကို ဖမ္းဆီးၿပီး ရဲလက္ကိုအပ္လိုက္ေၾကာင္းနဲ႔ ေနာက္ပိုင္းမွာ ၅၁ ေယာက္ကို ဖမ္းဆီးစစ္ေဆးစဥ္ ရဲတပ္ဖဲြ႔က လာေရာက္ေတာင္းယူသြားတယ္လုိ႔လည္း မီးရထားရပ္ကြက္ေန အမ်ိဳးသမီးကေျပာပါတယ္။

ရဲထံကို လဲႊအပ္တာကို မ်က္ျမင္ေတြ႔ခဲ့သူတစ္ဦးကေတာ့ ရပ္ကြက္ေန ျပည္သူေတြက ေန႔ခင္း ၁၂ နာရီေလာက္ လဲႊေျပာင္းေပးအပ္လုိက္တာေတြ႔ရေၾကာင္း ေျပာပါတယ္။

“က်ေနာ္တုိ႔ ေရာက္သြားတဲ့အခ်ိန္မွာေတာ့ ဦးဖိုးက်ားလမ္းထဲမွာ သူတို႔ ဖမ္းထားၿပီးမွ ရပ္ကြက္လူထုက စစ္ေဆးေနတာေပါ့။ က်ေနာ္တုိ႔ ေရာက္သြားၿပီး ၁၀ မိနစ္ေလာက္ၾကာေတာ့ လမ္းထိပ္မွာ ေစာင့္ေနတဲ့ ရဲတပ္ဖဲြ႔ကို ျပန္ၿပီးေတာ့ ပို႔တာေပါ့ေလ။ ေျပာၾကတာေတာ့ အေယာက္ ၃၀ ေလာက္လုိ႔ ေျပာတယ္။ ပထမအသုတ္က အေယာက္ ၂၀ ျပန္လႊတ္လုိက္တယ္။ အေယာက္ ၂၀ ျပန္လႊတ္လုိက္တယ္ဆုိေတာ့ ၁၀ ေယာက္ေလာက္ရိွမွာေပါ့။ အဲဒီ ၁၀ ေယာက္ေလာက္ကို လမ္းထိပ္မွာ ေစာင့္ေနတဲ့ ရဲဆီ ျပန္အပ္လုိက္တာေပါ့။”

မဂၤလာေတာင္ညႊန္႔ ရဲစခန္းကို ဆက္သြယ္ေမးျမန္းရာမွာေတာ့ တာ၀န္က်အရာရိွတစ္ဦးက စိစစ္ေနေၾကာင္း ေျပာပါတယ္။

“က်ေနာ္တုိ႔ စိစစ္ေနတုန္း ရိွပါတယ္ခင္ဗ်။ က်ေနာ္တုိ႔ အတတ္ေျပာလုိ႔ မရေသးပါဘူးခင္ဗ်။ ေထာက္ခံတဲ့လူပါတယ္။ လမ္းေဘးက လူေတြလည္း ပါလာတယ္။ က်ေနာ္တုိ႔ ဒီမွာစစ္တဲ့အခါက်ေတာ့ လမ္းေဘးမွာ သူ႔ဟာသူ taxi ကားေမာင္းေနတဲ့လူေတြလည္း ပါလာတယ္ဗ်။ ေနာက္ၿပီးသူတို႔ taxi ကားငွားတယ္ဆုိေတာ့ သူ႔ဟာသူ ကားနဲ႔လာတဲ့လူေတြကိုလည္း တားၿပီး ဖမ္းတာေတြလည္း ရိွတယ္။ ပင္စင္စားေတြလည္း ရိွတယ္။ ပေဒသာက သြားထုတ္တဲ့ လူေတြလည္း ရိွတယ္။ အဲဒီေတာ့ က်ေနာ္တုိ႔က ဒီက အတိအက် ေျပာလုိ႔ မရပါဘူးခင္ဗ်ာ။ စိစစ္ေနပါတယ္ခင္ဗ်ာ။”

တပ္မေတာ္ေထာက္ခံဆႏၵျပသူေတြ ဆူးေလဘုရားဘက္အသြား ရွန္ဂရီလာ ဟိုတယ္အနီးမွာ လူတစ္ေယာက္ကို ဓါးနဲ႔ထုိးၿပီး ၀ုိင္း၀န္းရိုက္ႏွက္တာရိွခဲ့ၿပီး ဒီအျဖစ္အပ်က္ကို ရိုက္ကူးထားတဲ့ ဗီဒီယိုဖိုင္ဟာ လူမႈကြန္ယက္ေပၚမွာ ပ်ံ ႔ႏွံေနပါတယ္။

ခါတုိင္းရက္ေတြမွာ ပံုမွန္ ပိတ္ထားေလ့ရိွတဲ့ ဆူးေလ လမ္းမေပၚက အတားအဆီးေတြကို တပ္မေတာ္ေထာက္ခံသူေတြ ေရာက္သြားတဲ့အခ်ိန္ ရဲတပ္ဖဲြ႔က ဖြင့္လွစ္ေပးခဲ့ေၾကာင္းနဲ႔ ဆူးေလ၀န္းက်င္က ျပည္သူေတြက သံပံုးတီးခ်ိန္မွာ ရဲတပ္ဖဲြ႔က အကာအကြယ္ေပးတာရိွေၾကာင္းလည္း မ်က္ျမင္ေတြ႔သူေတြက ဗီြအိုေအကိုေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရန်ကုန်မြို့ ရုန်းရင်းဆန်ခတ်မှု လူ ၂၀ ထက်မနည်း ဒဏ်ရာရ

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရန်ကုန်ဘူတာကြီးအနီးမှာ တပ်မတော်ကို ထောက်ခံဆန္ဒပြသူတွေနဲ့ ရပ်ကွက်နေ ပြည်သူတွေအကြား ဒီကနေ့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး တပ်မတော် ထောက်ခံဆန္ဒပြသူတွေက လေးခွတွေ၊ ခဲတွေနဲ့ ပစ်ခတ်တိုက်ခိုက်ကြောင့် လူ ၂၀ ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အရပ်သားအစိုးရကို ဖြုတ်ချပြီး တပ်မတော်က အာဏာသိမ်းတာကို ကန့်ကွက်တဲ့အနေနဲ့ ဒီလ ၆ ရက်နေ့က စတင်ပြီး ရန်ကုန်မြို့မှာ ပြည်သူတွေ သိန်းချီပြီး လမ်းမတွေပေါ်မှာ နေ့စဉ်ရက်ဆက် ဆန္ဒပြနေတာပါ။

ဒီကနေ့မှာတော့ တပ်မတော်ကို ထောက်ခံသူ ရာနဲ့ချီပြီး ရန်ကုန်ဘူတာကြီးရှေ့ ရောက်ရှိ စုရုံးလာချိန်မှာ ရပ်ကွက်နေ ပြည်သူတွေနဲ့ မနက် ၁၀ နာရီခွဲလောက်မှာ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတစ်ဦးက ဗွီအိုအေကို ပြောပါတယ်။

“ဒီ ဘူတာကြီးရဲ့အနောက်က မြဝတီဓါတ်ဆီဆိုင်နဲ့ ရိုးမဘဏ်ရဲ့ကြားထဲက ၉၃-၉၄ ကားဂိတ်မှာ စီရပ်လုပ်တယ်ပေါ့။ စုစည်းတယ်ပေါ့။ အဲဒီလို လုပ်တဲ့အခါကျတော့ ဒီက ရပ်ကွက်ကလူတွေက ဒါကို သဘောမကျတဲ့အခါ သံပုံးတီးကြတယ်။ သံပုံးတီးတဲ့အခါက ဟိုဘက်က လူတွေက လုံခြည်လှန်ပြတဲ့အဆင့်တွေ ရောက်လာတယ်။ ဂရုမစိုက်ဘူးဆိုတဲ့ ပုံစံမျိုးတွေလုပ်တယ်။ ရပ်ကွက်ကလူတွေက အားလုံးစုစုပြီး သံပုံးတီးကြပြီး ဘာဖြစ်လို့လဲ... ဒီလို၊ ဒီလိုပဲ ဆိုတဲ့အခါကျ လူအုပ်က များလာတဲ့အချိန်မှာ သူတို့ဘက်ကနေပြီး လေးခွတွေ၊ ခဲတွေနဲ့ ပစ်ကြတယ်။ အားလုံးပေါင်း ၁၅ ယောက်လောက် မှန်ကြတာပေါ့။ ခေါင်းကွဲတဲ့သူက ကွဲတယ်။ နဖူးထိတဲ့လူက ထိတယ်။ လက်မောင်းထိတဲ့လူက ထိတယ်။ ပေါင်ထိတဲ့လူက ထိတယ်။ နည်းနည်းပိုများတဲ့သူကတော့ ၅ ယောက်လောက်ရှိတာပေါ့။ သူတို့ဘက်က အသင့်ပါလာတဲ့ လေးခွတွေနဲ့ ပစ်တာ။ သူတို့ လွယ်အိတ်တွေထဲမှာ လေးခွတွေ၊ ဓါးတွေ၊ ဒုတ်တွေက ကားတွေပေါ်မှာ အဆင်သင့်ပါတယ်။”

တပ်မတော်ကို ထောက်ခံဆန္ဒပြဖို့ လာရောက်သူ အရေအတွက် ထောင်နဲ့ချီရှိပြီး ရပ်ကွက်လူထုက ရာနဲ့ချီရှိတဲ့အကြောင်းလည်း ဆက်ပြောပါတယ်။

“ပထမ သူတို့ စ စီတဲ့အချိန်မှာ ၃၅၀ လောက် ရှိတယ်။ နောက် ကား ၁၀ စီးနဲ့ ဘတ်စ်ကား၊ လိုင်းကားကြီးတွေပေါ့။ YBS လို ဘတ်စ်ကားကြီးတွေနဲ့ ၆ စီးချတယ်။ နောက် Lite truck ကား ၁၀ စီးလာချတယ်။ အားလုံးပေါင်း လူဦးရေက မရှိဘူးဆို ၃,၀၀၀ နဲ့ ၄,၀၀၀ ကြားလောက် လာချတာ။ ပြီးတော့ ရပ်ကွက်က လူအုပ်ကလည်း ၅၀၀၊ ၆၀၀ လောက်ရှိတဲ့လူအုပ်ကလည်းသံပုံးတီးရင်းနဲ့ အဲဒီလိုမျိုးတွေပေါ့ ဖြစ်သွားတာ။”

ရပ်ကွက်ထဲကလူတွေက သံပုံးတီးကြပြီး တဘက်က လေးခွတွေနဲ့ ပစ်တယ်ဆိုတာ နောက်ထပ် မျက်မြင်တွေ့ရှိသူ တစ်ယောက်ကလည်း အတည်ပြုပြောဆိုပါတယ်။

“တပ်မတော် ထောက်ခံသူတွေက သူတို့ကားတွေနဲ့ဗျာ။ သီချင်းတွေဘာတွေ ဖွင့်ထားတယ်။ သူတို့ အလံတွေ ထောင်ထားတယ်။ အဲဒီမှာ သိမ်ဖြူမီးရထားရပ်ကွက်က လူတွေက သံပုံးတွေ၊ ဘာတွေ ထွက်တီးကြတာ။ အဲဒါကို သူတို့ဘက်ကနေပြီးတော့ လောက်လေးခွတွေ၊ ဘာတွေနဲ့ အကြမ်းဖက်လိုက်တာ။ လေးခွတွေနဲ့ ပစ်တယ်ဗျာ။ ထွက်တီးတဲ့သူတွေက ကလေးနဲ့ မိန်းမတွေပဲ ရှိတယ်။ လူကြီးတွေ၊ လူငယ်တွေကတော့ သိပ်မထွက်ဘူး။ သံပုံးတီးတာဆိုတော့လေ။ သူတို့တော့ ထိခိုက်ပြီးတော့ ပြန်ပြေးဝင်ကြတယ်။ လူအင်အားက အနည်းဆုံး မရှိဘူးဆို ၇၀၀-၈၀၀ လောက်ရှိမယ်။ ရှေ့ဆုံးကတော့ အလံတွေကိုင်တယ်။ နောက်ဆုံးကတော့ သူတို့ လွယ်အိတ်ထဲမှာ သူတို့ စကေဘာတွေ ပါတယ်။ သံဒုတ်တွေပါတယ်၊ ဓါးတွေပါတယ် မြင်နေရတယ်။”

အခင်းဖြစ်ပွားရာအနီးမှာ ရဲတပ်ဖွဲ့ဝင်တွေရှိပေမဲ့ တစုံတရာ အရေးယူဆောင်ရွက်တာ မရှိကြောင်းလည်း ဆက်ပြောပါတယ်။

“ရဲက ရှိတယ်။ အဲဒီနေရာအနီးဆုံးက မြဝတီဆီဆိုင်ရှိတယ်လေ။ အဲဒီနားလေးမှာတော့ ရဲကားတွေ ချထားတယ်။ မြင်ရတယ်။ သူတို့နဲ့ဆို နီးနီးလေးပဲ။ ရဲတွေရှိတယ်။ သူတို့က ဘာမှ မလုပ်ပါဘူး။”

အခင်းဖြစ်ပွားရာ သိမ်ဖြူ မီးရထားရပ်ကွက်နေ ပြည်သူတစ်ဦးက ဒီလို အကြမ်းဖက် တိုက်ခိုက်တာကြောင့် ထိခိုက်ဒဏ်ရာရသူ ၂၆ ယောက်လောက်ရှိကြောင်း ပြောပါတယ်။

“အဲဒီဘက်က ကောင်တွေက ရှေ့မှာ ရှိတဲ့ လင်ပန်းတွေ တီးနေတဲ့ အမျိုးသမီးတွေကို ထုတာ။ ထုတဲ့အခါကျတော့ ခေါင်းတစ်ယောက်က ကွဲသွားတယ်။ တော်တော်နက်သွားတယ်။ နောက်တစ်ယောက်က အဲဒီလူတွေကြားထဲကပဲ နောက်ကနေပြီး လောက်စာလုံးနဲ့ ပစ်လိုက်တာ ခေါင်းပေါက်သွားတယ်။ သွေးတွေ ရွှဲပဲ ပြန်လာတာပဲ။ ဒီဖန်ဂေါ်လီ လောက်စာလုံးကြီးတွေနဲ့ပစ်တာ ကျောတွေ၊ ပေါင်တွေ၊ ဖင်တွေ၊ တင်ပါးတွေမှာ အကုန်လုံး နည်းတဲ့ အကွက်ကြီးတွေ မဟုတ်ဘူး။ အခု လောလောဆယ် စာရင်းကောက်ထားတာက ၂၆ ယောက်လေ။ ဆေးလာထည့်တဲ့သူတွေပဲ ကောက်ထားတာ။ အသည်းအသန်ဖြစ်တာတော့ ဗိုက်ကြီးသည်တစ်ယောက်လေ။ ဗိုက်ကြီးသည်က ပြေးတော့လေ၊ ကလေးက စောင်းသွားတာလား၊ ဘာလား မသိဘူး။ ခုက Ambulance နဲ့ ဘားလမ်းတော့ ပို့ထားတာပဲ။”

အကြမ်းဖက် တိုက်ခိုက်သူတွေဟာ သိမ်ဖြူမီးရထားရပ်ကွက်ထဲကို ဝင်ရောက်လာတာကြောင့် ပထမ ၉ ယောက်ကို ဖမ်းဆီးပြီး ရဲလက်ကိုအပ်လိုက်ကြောင်းနဲ့ နောက်ပိုင်းမှာ ၅၁ ယောက်ကို ဖမ်းဆီးစစ်ဆေးစဉ် ရဲတပ်ဖွဲ့က လာရောက်တောင်းယူသွားတယ်လို့လည်း မီးရထားရပ်ကွက်နေ အမျိုးသမီးကပြောပါတယ်။

ရဲထံကို လွဲှအပ်တာကို မျက်မြင်တွေ့ခဲ့သူတစ်ဦးကတော့ ရပ်ကွက်နေ ပြည်သူတွေက နေ့ခင်း ၁၂ နာရီလောက် လွဲှပြောင်းပေးအပ်လိုက်တာတွေ့ရကြောင်း ပြောပါတယ်။

“ကျနော်တို့ ရောက်သွားတဲ့အချိန်မှာတော့ ဦးဖိုးကျားလမ်းထဲမှာ သူတို့ ဖမ်းထားပြီးမှ ရပ်ကွက်လူထုက စစ်ဆေးနေတာပေါ့။ ကျနော်တို့ ရောက်သွားပြီး ၁၀ မိနစ်လောက်ကြာတော့ လမ်းထိပ်မှာ စောင့်နေတဲ့ ရဲတပ်ဖွဲ့ကို ပြန်ပြီးတော့ ပို့တာပေါ့လေ။ ပြောကြတာတော့ အယောက် ၃၀ လောက်လို့ ပြောတယ်။ ပထမအသုတ်က အယောက် ၂၀ ပြန်လွှတ်လိုက်တယ်။ အယောက် ၂၀ ပြန်လွှတ်လိုက်တယ်ဆိုတော့ ၁၀ ယောက်လောက်ရှိမှာပေါ့။ အဲဒီ ၁၀ ယောက်လောက်ကို လမ်းထိပ်မှာ စောင့်နေတဲ့ ရဲဆီ ပြန်အပ်လိုက်တာပေါ့။”

မင်္ဂလာတောင်ညွှန့် ရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာတော့ တာဝန်ကျအရာရှိတစ်ဦးက စိစစ်နေကြောင်း ပြောပါတယ်။

“ကျနော်တို့ စိစစ်နေတုန်း ရှိပါတယ်ခင်ဗျ။ ကျနော်တို့ အတတ်ပြောလို့ မရသေးပါဘူးခင်ဗျ။ ထောက်ခံတဲ့လူပါတယ်။ လမ်းဘေးက လူတွေလည်း ပါလာတယ်။ ကျနော်တို့ ဒီမှာစစ်တဲ့အခါကျတော့ လမ်းဘေးမှာ သူ့ဟာသူ taxi ကားမောင်းနေတဲ့လူတွေလည်း ပါလာတယ်ဗျ။ နောက်ပြီးသူတို့ taxi ကားငှားတယ်ဆိုတော့ သူ့ဟာသူ ကားနဲ့လာတဲ့လူတွေကိုလည်း တားပြီး ဖမ်းတာတွေလည်း ရှိတယ်။ ပင်စင်စားတွေလည်း ရှိတယ်။ ပဒေသာက သွားထုတ်တဲ့ လူတွေလည်း ရှိတယ်။ အဲဒီတော့ ကျနော်တို့က ဒီက အတိအကျ ပြောလို့ မရပါဘူးခင်ဗျာ။ စိစစ်နေပါတယ်ခင်ဗျာ။”

တပ်မတော်ထောက်ခံဆန္ဒပြသူတွေ ဆူးလေဘုရားဘက်အသွား ရှန်ဂရီလာ ဟိုတယ်အနီးမှာ လူတစ်ယောက်ကို ဓါးနဲ့ထိုးပြီး ဝိုင်းဝန်းရိုက်နှက်တာရှိခဲ့ပြီး ဒီအဖြစ်အပျက်ကို ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ဟာ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံနေပါတယ်။

ခါတိုင်းရက်တွေမှာ ပုံမှန် ပိတ်ထားလေ့ရှိတဲ့ ဆူးလေ လမ်းမပေါ်က အတားအဆီးတွေကို တပ်မတော်ထောက်ခံသူတွေ ရောက်သွားတဲ့အချိန် ရဲတပ်ဖွဲ့က ဖွင့်လှစ်ပေးခဲ့ကြောင်းနဲ့ ဆူးလေဝန်းကျင်က ပြည်သူတွေက သံပုံးတီးချိန်မှာ ရဲတပ်ဖွဲ့က အကာအကွယ်ပေးတာရှိကြောင်းလည်း မျက်မြင်တွေ့သူတွေက ဗွီအိုအေကိုပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG