သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ရောက် မြန်မာတို့ရဲ့ CRPH ထောက်ခံ ဆန္ဒပြပွဲ


ဝါရှင်တန်ဒီစီမြို့တော်က မြန်မာသံရုံးနဲ့ စစ်သံရုံးရှေ့ ဆန္ဒပြပွဲ (Credit to Anti-Dictatorship in Burma-DC Metro Area)
ဝါရှင်တန်ဒီစီမြို့တော်က မြန်မာသံရုံးနဲ့ စစ်သံရုံးရှေ့ ဆန္ဒပြပွဲ (Credit to Anti-Dictatorship in Burma-DC Metro Area)

(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းယူထားတာကို ဆန့်ကျင်တဲ့အနေနဲ့ အမေရိကန်ပြည်ထောင်စုရောက် မြန်မာတွေက ပြည်နယ်တချို့မှာ ဆန္ဒကြတဲ့ တချိန်ထဲမှာပဲ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကို ထောက်ခံကြောင်း ဒီကနေ့မြို့တော်ဝါရှင်တန် နဲ့ ဝါရှင်တန်ပြည်နယ် Seattle မြို့တွေမှာ ဆန္ဒထုတ်ဖေါ်ခဲ့ကြပါတယ်။ ဒီအကြောင်း မမြသဇင်အောင်က ပြောပြမှာပါ။

ဝါရှင်တန်ဒီစီမြို့တော်က မြန်မာသံရုံးနဲ့ စစ်သံရုံးရှေ့ ဆန္ဒပြပွဲကို ဖေဖေါ်ဝါရီ ၂၄ ရက် ဒေသစံတော်ချိန် ညနေပိုင်းက ပြုလုပ်ခဲ့ကြပါတယ်။ ဒီဆန္ဒပြပွဲမှာ ပါဝင်သူတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ တကွ ဖမ်းဆီးခံနေရတဲ့ NLD ခေါင်းဆောင်တွေကို ပြန်လွှတ်ပေးဖို့၊ မြန်မာသံရုံးဝန်ထမ်းတွေ CDM မှာ ပူးပေါင်းပါဝင်ဖို့နဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကို ထောက်ခံကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

ဆန္ဒပြသူတဦးဖြစ်တဲ့ မြန်မာ့အရေးလှုပ်ရှားသူ ဒေါ်နီနီဝေက ဒီဆန္ဒပြပွဲကို လာရောက်ရတဲ့ အကြောင်း အခုလို ပြောပါတယ်။

“ ကျွန်မတို့က အန်တီစု လွတ်မြောက်ဖို့ တခုထဲအတွက်လုပ်နေတာမဟုတ်ပါဘူး။ စစ်အာဏာသိမ်းထားတဲ့ ဒီစစ်အာဏာရှင်လူမျိုး တစုပြုတ်ကျဖို့ အတွက်ပါပဲ။ အားလုံးကျွန်မတို့ တစ်နိုင်ငံလုံး မြန်မာပြည်သူပြည်သားတိုင်းရင်းသား ညီအကိုမောင်နှမအားလုံး တစုတစည်းထဲ ပါဝင်ပြီးတော့ ဒီစစ်အာဏာပြုတ်ကျရေးအတွက်ကိုပဲ ကျွန်မတို့ ကတိုက်နေတာပါ။ အောင်မယ် လို့လည်း ကျွန်မကယုံကြည်ပါတယ်။ ကျွန်မတို့ အခုပြည်တွင်းမှာ လုပ်နေကြတဲ့ လူငယ်မျိုးဆက်သစ်တွေရယ်၊ ကျွန်မတို့ ပြည်သူတွေရယ်၊ CDM လုပ်နေတဲ့ ဝန်ထမ်းတွေ၊ ရဟန်းရှင်လူအားလုံးကိုလည်း ဦးညွှတ် ဂုဏ်ပြုပါတယ်။ အခုကျွန်မတို့ CRPH ကခန့်ထားတဲ့ ဒေါက်တာဆာဆာ၊ ကို ထင်လင်းအောင်ကိုလည်း ပြည်တွင်း၊ ပြည်ပမှာရှိတဲ့ လူတွေအားလုံးက လူငယ်တွေ၊ လူကြီး အကုန်က ဝိုင်းဝန်း ပြီးတော့ ကူညီပေးပါလို့ သူတို့ကိုလည်း ဝန်းရံပေးကြပါလို့ ကျွန်မ အနူးအညွတ်မေတ္တာရပ်ခံချင်ပါတယ်။”

မြန်မာပြည်က တိုင်းရင်းသားပေါင်းစုံနဲ့ မြန်မာကျောင်းသားတွေရှိတဲ့ ဝါရှင်တန်ပြည်နယ် Seattle မြို့မှာလည်း မနေ့တုန်းက အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြပွဲ လုပ်ကြတဲ့အကြောင်းကိုတော့ ABSDF တပ်ဖွဲ့ဝင်ဟောင်း ဦးမှူးသာက ခုလို ပြောပါတယ်။

“ကျွန်တော်တို့ကတော့ စစ်အာဏာရှင်ပျက်သုဉ်းသွားရေး စစ်အာဏာရှင်နောက်ထပ် မြန်မာပြည်မှာ နောက်ထပ်ဘယ်တော့မှ မပေါ်လာတဲ့ ဟာမျိုးဖြစ်အောင် တစ် ကျွန်တော်တို့ ရည်ရွယ်တယ်။ ၂ ကတော့ ဒီမိုကရေစီရရှိရေးဆိုတဲ့ အပေါ်မှာ အခြေခံပြီးလုပ်တယ်။ နောက်တချက်ကတော့ ကွန်စတီကျုးရှင်းမှာ စစ်တပ်ဆိုတာ လုံးဝမပါစေရေး ဦးတည်ပြီးလုပ်ရင်းနဲ့ မြန်မာပြည်မှာ legitimate ဖြစ်တဲ့ ပြည်သူကရွေးကောက်ထားတဲ့ ခေါင်းဆောင်တွေကို ကျွန်တော်တို့ အသိအမှတ်ပြု ထားတယ်။ နောက် အခု CRPH ကိုလည်း ကျွန်တော်တို့ ထောက်ခံလာပြီ။ ပြီးရင် မိမိတိုင်းရင်းသား လက်နက်ကိုင်တွေကိုလည်း ဒီကနေ မက်ဆေ့ပေးတယ်။ ဘာလို့လည်း ဆိုတော့ ဝါရှင်တန်စတိတ်မှာက တိုင်းရင်းသားပေါင်းစုံရှိကြတယ်။ ဆိုတဲ့ အခါကျတော့ ဒီတိုင်းရင်းသား လက်နက်ကိုင်တွေအားလုံးက စစ်အာဏာရှင်နဲ့ ချုပ်ထားတဲ့ NCA ကို ဖျက်ပြီး တော့မှ လူထုနဲ့ ပေါင်း ပြီး နောက်ထပ် ဖြစ်ပေါ်လာမယ့် ကွန်စတီကျုးရှင်း ဖြစ်ပေါ်လာတဲ့ အခါမှာ နောက်ထပ် NCA ကိုလုပ်ဖို့ ဆိုတဲ့ မက်ဆေ့တွေကိုလည်း ပေးပါတယ်။”

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းယူခဲ့တဲ့ အပေါ် နိုင်ငံတဝှမ်းနေရာအတော်များများ ဆန္ဒပြပွဲတွေပေါ်ပေါက်နေသလို ပြည်ပရောက် မြန်မာတွေကလည်း သက်ဆိုင်ရာ နိုင်ငံသံရုံးရှေ့တွေမှာ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ ပြည်ပရောက် အစိုးရဝန်ထမ်းတွေ CDM လှုပ်ရှားမှုမှာ ပါဝင်ကြဖို့ စာရေးသားပေးပို့တာတွေလည်းရှိပါတယ်။

ခုလာမယ့် စနေနေ့ ဖေဖေါ်ဝါရီ (၂၇)ရက်နေ့မှာလည်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ကိုထောက်ခံတဲ့ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုတွေကို အမေရိကန်ပြည်ထောင်စု ပြည်နယ်အတော်များများမှာ မြန်မာတွေ ဆန္ဒထုတ်ဖေါ်ကြမယ်လို့ သိရပါတယ်။

တိုက်ရိုက် လင့်ခ်

.............


(Unicode)



ဆန်ဒပွသူတဦးဖွဈတဲ့ မွနျမာ့အရေးလှုပျရှားသူ ဒေါျနီနီဝကေ ဒီဆန်ဒပွပှဲကို လာရောကျရတဲ့ အကွောငျး အခုလို ပွောပါတယျ။






ဆက်စပ်သတင်းများ ...

XS
SM
MD
LG