သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

CRPH ရဲ႕ ႏုိင္ငံတကာဆက္ဆံေရး ပထမေျခလွမ္း (ဦးထင္လင္းေအာင္နဲ႔ ေမးျမန္းခန္း)


CRPH ရဲ႕ ႏုိင္ငံတကာဆက္ဆံေရး ပထမေျခလွမ္း (ဦးထင္လင္းေအာင္နဲ႔ ေမးျမန္းခန္း)

{{Zawgyi/Unicode}}

ကိုေက်ာ္ေက်ာ္သိန္း ။ ။ ကိုထင္လင္းေအာင္ အခု ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ CRPH ရဲ႔ ႏိုင္ငံတကာဆက္ဆံေရးကုိယ္စားလွယ္အျဖင့္ ခန္႔အပ္ခံရၿပီးဆိုေတာ့ ပထမဆုံး ဘာစၿပီးလုပ္မယ္စီစဥ္ထားသလဲ။

ကိုထင္လင္းေအာင္ ။.။ က်ေနာ္ေတြးထားတာကေတာ့ ပထမဦးဆုံးအေနနဲ႔ CDM ပါလာဖို႔ေပါ့ေနာ္။ ဘယ္သူေတြစည္းရုံးသလဲဆိုရင္ ဒီႏိုင္ငံမွာရွိေနတဲ့ သံရုံးေတြ ေနာက္တခါ ကုလသမဂၢကုိယ္စားလွယ္ေတြ သူတို႔ေတြကို စၿပီးေတာ့ စကားေျပာသြားမယ္လို႔ ရည္ရြယ္ထားပါတယ္။ ဘာျဖစ္လို႔လည္းဆုိေတာ့ သူတို႔ေတြက CDM လုပ္ခ်င္ေနၾကပါတယ္။ လုပ္မယ္လို႔လည္း အသံၾကားထားပါတယ္။ ျမန္မာ သံရုံးေတြကိုေျပာတာပါ။

ကိုေက်ာ္ေက်ာ္သိန္း ။ ။ ကိုထင္လင္းေအာင္ စၿပီးေတာ့ သူတို႔နဲ႔ ထိစပ္ထားၿပီးၿပီလား

ကိုထင္လင္းေအာင္ ။ ။ စၿပီးေတာ့ မထိစပ္ရေသးပါဘူး။ ဒါေပမဲ့ က်ေနာ္ရဲ႕ မိတ္ေဆြေတြဆီက ၾကားသိထားတာေတြ ကို အေျခခံၿပီးေတာ့ က်ေနာ္ခ်ည္းကပ္မွာပါ။

ကိုေက်ာ္ေက်ာ္သိန္း ။. ။ ေနာက္တခုက ေဒါက္တာဆာဆာ ကိုၾကေတာ့ ကုလသမဂၢဆိုင္ရာ အထူးသံတမန္အျဖင့္ CRPH က ခန္႔အပ္လိုက္ၿပီဆိုေတာ့ ေဒါက္တာဆာဆာ နဲ႔ေကာ ကိုထင္လင္းေအာင္ အဆက္သြယ္ရပါၿပီလား။

ကိုထင္လင္းေအာင္ ။. ။ မရေသးပါဘူး။

ကိုေက်ာ္ေက်ာ္သိန္း ။. ။ ေဒါက္တာ ဆာဆာ ကေကာ အခုေလာေလာဆယ္ ဘယ္မွာရွိတယ္ဆိုတာသိလား။

ကိုထင္လင္းေအာင္ ။. ။ အဲဒါလည္းက်ေနာ္မသိဘူး။

ကိုေက်ာ္ေက်ာ္သိန္း ။ ။ အခုမွ ကိုထင္လင္းေအာင္ လုပ္ငန္းေတြစရမယ္ဆိုေတာ့ ဘယ္လိုအေျခအေနေတြနဲ႔ ရင္ဆိုင္ရမလဲလို႔ ခန္႔မွန္းထားတာရွိလား။

ကိုထင္လင္းေအာင္ ။. ။ ဘယ္လိုအေျခအေနနဲ႔ ရင္ဆိုင္ရမလဲဆိုလိုရွိရင္ က်ေနာ္တို႔က ႏိုင္ငံတကာကေနၿပီးေတာ့ ျပည္သူကေရြးခ်ယ္တင္ေျမွာက္ထားတဲ့ ကိုယ္စားလွယ္ေတြနဲ႔ ဖြဲ႔စည္းထားတဲ့ CRPH ကို လက္ခံၿပီးၿပီ။ လက္ခံတယ္ အသိမွတ္ျပဳတယ္ ဆိုတာကို သူတို႔က ေျပာေနၿပီ။ ဒါေပမဲ့ က်ေနာ္တို႔က အဲဒါကို တကယ့္ကို Legitimate ျဖစ္လာၿပီးေတာ့ သူတို႔ သံေရးတမန္ေရးအရပါ လက္ခံလာတဲ့အထိ ႀကိဳးစားရမယ္ဆိုတဲ့ အဲဒီအခက္ခဲေလးေတြရွိတယ္။

ကိုေက်ာ္ေက်ာ္သိန္း ။. ။ ကိုထင္လင္းေအာင္ ႀကိဳးစားၿပီးေတာ့ ႏိုင္ငံတကာေထာက္ခံမႈ ဘယ္ေလာက္အထိ အားေကာင္းေမာင္းသန္ရလာလိမ့္မယ္လို႔ေကာ ေမွ်ာ္လင့္ထားပါသလဲ။

ကိုထင္လင္းေအာင္ ။ ။ အဲဒါကိုေတာ့ က်ေနာ္က ေတာ္ေတာ္ေလး ေမွ်ာ္လင့္ထားတယ္ဗ်။ ဘာျဖစ္လို႔လည္းဆိုေတာ့ UNSecurity Council မွာ သူတို႔လုပ္သြားတဲ့အစည္းေဝးေတြအရေရာ ၊ ဆုံးျဖတ္ခ်က္ေတြအရေရာ ၿပီးလို႔ရွိရင္ေနာက္ထပ္လုပ္သြားတဲ့ ၄၇ႏိုင္ငံအစည္းမွာေရာ အကုန္လုံးက လူထုကေရြးခ်ယ္တင္ေျမွာက္ထားတဲ့ Mandate ရထားတဲ့ အစိုးရဖက္မွာ သူတို႔ရွိေနတယ္ဆိုတာ က်ေနာ္တို႔ေတြ႔ေနရတယ္။ သူတို႔ကိုယ္တုိင္ကလည္း အဲဒါေတြေၾကညာေနတယ္။ ဒီၾကားထဲမွာ ကမၻာ့အင္အားအႀကီးဆုံး အေမရိကန္ႏိုင္ငံရဲ႕ သမၼတသစ္ ဂ်ဳိးဘိုင္ဒန္ ကလည္း ျမန္မာျပည္ကို မ်က္ေျခမျပတ္ေစာင့္ၾကည့္ေနတယ္ဆိုတာ ခနခနေျပာေနတယ္။ အဲေတာ့ က်ေနာ္တို႔က ေတာ္ေတာ္ေလးကို အားတက္ဖို႔ေကာင္းပါတယ္။

ကိုေက်ာ္ေက်ာ္သိန္း ။.။ အေမရိကန္ သမၼတကလည္း ျမန္မာျပည္အေရးကိစၥကို မျပတ္ေျပာဆိုလာတယ္ဆိုေတာ့ ကိုထင္လင္းေအာင္ ရဲ႕ ႏိုင္ငံတကာ ဆက္ဆံေရးရုံးကလည္းပဲ ထုတ္ျပန္ခ်က္အရ အေမရိကန္ျပည္ေထာင္စု အခုက်ေနာ္တို႔ရွိေနတဲ့ ေမရီလန္းျပည္နယ္မွာ ရုံးအေျခစုိက္ၿပီးဖြင့္မယ္ဆိုေတာ့ က်ေနာ္နားလည္တာက အေမရိကန္ကို အေျခစိုက္တယ္ အေမရိကန္အစိုးရကိုလည္း အဓိက ျမန္မာ့အေရးေပါက္လာေအာင္ေျပာမယ္ဆိုေတာ့ ကိုထင္လင္းေအာင္ အေမရိကန္အစိုးရကို ထိစပ္ထားပါၿပီလား၊ ဘယ္ေလာက္အထိတုိးေပါက္ႏိုင္ပါမလဲ။

ကိုထင္လင္းေအာင္ ။. ။ က်ေနာ္တို႔ ထိစပ္ႏိုင္ေအာင္ ဒီမနက္ပဲ Contact ၂ ခု ၃ ခုေလာက္ က်ေနာ္ရထားပါၿပီ။ ဒါေပမဲ့ အခုခ်ိန္က ကိုဗစ္ကပ္ေရာဂါ ကာလလည္းျဖစ္ေနေတာ့ ဒီမွာလည္းပဲ ရုံးေတြက အကုန္လုံးက Remote ပဲလုပ္ေနၾကတယ္။ ၿပီးလို႔ရွိရင္ Tele working ပဲလုပ္ေနၾကတယ္ဆိုေတာ့ က်ေနာ္တို႔အေနနဲ႔ ထင္သေလာက္မေပါက္တာေတြရွိေကာင္းရွိလာႏိုင္တယ္။ ဒါေပမဲ့ အခုလိုမ်ဳိး Zoom Meeting နဲ႔ ေသာ္လည္ေကာင္း Phone ေသာ္လည္းေကာင္း ဆက္သြယ္လို႔ရလာမယ့္အေနအထားေတြကို က်ေနာ္ေတြ႔ေနရပါတယ္။

ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီရဲ႕ ႏုိင္ငံတကာဆက္ဆံေရးကိုယ္စားလွယ္ ဦးထင္လင္းေအာင္ကုိ ကိုေက်ာ္ေက်ာ္သိန္းက ဆက္သြယ္ေမးျမန္းခဲ့တာပါ။ ဒီဆက္သြယ္ေမးျမန္းခ်က္အျပည့္အစံုကုိ ဒီကေန႔ည ၇ နာရီမွာ ထုတ္လႊင့္မယ့္ ဗီြအိုေအ တီဗီသတင္းလႊာနဲ႔ ည ၉ နာရီမွာထုတ္လႊင့္မယ့္ ေရဒီယိုအစီအစဥ္မွာ ေစာင့္ေမ ွ်ာ္ ၾကည့္႐ႈနားဆင္ႏုိင္ပါတယ္။

............................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

ကိုကျော်ကျော်သိန်း ။ ။ ကိုထင်လင်းအောင် အခု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ရဲ့ နိုင်ငံတကာဆက်ဆံရေးကိုယ်စားလှယ်အဖြင့် ခန့်အပ်ခံရပြီးဆိုတော့ ပထမဆုံး ဘာစပြီးလုပ်မယ်စီစဉ်ထားသလဲ။

ကိုထင်လင်းအောင် ။. ။ ကျနော်တွေးထားတာကတော့ ပထမဦးဆုံးအနေနဲ့ CDM ပါလာဖို့ပေါ့နော်။ ဘယ်သူတွေစည်းရုံးသလဲဆိုရင် ဒီနိုင်ငံမှာရှိနေတဲ့ သံရုံးတွေ နောက်တခါ ကုလသမဂ္ဂကိုယ်စားလှယ်တွေ သူတို့တွေကို စပြီးတော့ စကားပြောသွားမယ်လို့ ရည်ရွယ်ထားပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့တွေက CDM လုပ်ချင်နေကြပါတယ်။ လုပ်မယ်လို့လည်း အသံကြားထားပါတယ်။ မြန်မာ သံရုံးတွေကိုပြောတာပါ။

ကိုကျော်ကျော်သိန်း ။ ။ ကိုထင်လင်းအောင် စပြီးတော့ သူတို့နဲ့ ထိစပ်ထားပြီးပြီလား

ကိုထင်လင်းအောင် ။ ။ စပြီးတော့ မထိစပ်ရသေးပါဘူး။ ဒါပေမဲ့ ကျနော်ရဲ့ မိတ်ဆွေတွေဆီက ကြားသိထားတာတွေ ကို အခြေခံပြီးတော့ ကျနော်ချည်းကပ်မှာပါ။

ကိုကျော်ကျော်သိန်း ။. ။ နောက်တခုက ဒေါက်တာဆာဆာ ကိုကြတော့ ကုလသမဂ္ဂဆိုင်ရာ အထူးသံတမန်အဖြင့် CRPH က ခန့်အပ်လိုက်ပြီဆိုတော့ ဒေါက်တာဆာဆာ နဲ့ကော ကိုထင်လင်းအောင် အဆက်သွယ်ရပါပြီလား။

ကိုထင်လင်းအောင် ။. ။ မရသေးပါဘူး။

ကိုကျော်ကျော်သိန်း ။. ။ ဒေါက်တာ ဆာဆာ ကကော အခုလောလောဆယ် ဘယ်မှာရှိတယ်ဆိုတာသိလား။

ကိုထင်လင်းအောင် ။. ။ အဲဒါလည်းကျနော်မသိဘူး။

ကိုကျော်ကျော်သိန်း ။ ။ အခုမှ ကိုထင်လင်းအောင် လုပ်ငန်းတွေစရမယ်ဆိုတော့ ဘယ်လိုအခြေအနေတွေနဲ့ ရင်ဆိုင်ရမလဲလို့ ခန့်မှန်းထားတာရှိလား။

ကိုထင်လင်းအောင် ။. ။ ဘယ်လိုအခြေအနေနဲ့ ရင်ဆိုင်ရမလဲဆိုလိုရှိရင် ကျနော်တို့က နိုင်ငံတကာကနေပြီးတော့ ပြည်သူကရွေးချယ်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ CRPH ကို လက်ခံပြီးပြီ။ လက်ခံတယ် အသိမှတ်ပြုတယ် ဆိုတာကို သူတို့က ပြောနေပြီ။ ဒါပေမဲ့ ကျနော်တို့က အဲဒါကို တကယ့်ကို Legitimate ဖြစ်လာပြီးတော့ သူတို့ သံရေးတမန်ရေးအရပါ လက်ခံလာတဲ့အထိ ကြိုးစားရမယ်ဆိုတဲ့ အဲဒီအခက်ခဲလေးတွေရှိတယ်။

ကိုကျော်ကျော်သိန်း ။. ။ ကိုထင်လင်းအောင် ကြိုးစားပြီးတော့ နိုင်ငံတကာထောက်ခံမှု ဘယ်လောက်အထိ အားကောင်းမောင်းသန်ရလာလိမ့်မယ်လို့ကော မျှော်လင့်ထားပါသလဲ။

ကိုထင်လင်းအောင် ။ ။ အဲဒါကိုတော့ ကျနော်က တော်တော်လေး မျှော်လင့်ထားတယ်ဗျ။ ဘာဖြစ်လို့လည်းဆိုတော့ UNSecurity Council မှာ သူတို့လုပ်သွားတဲ့အစည်းဝေးတွေအရရော ၊ ဆုံးဖြတ်ချက်တွေအရရော ပြီးလို့ရှိရင်နောက်ထပ်လုပ်သွားတဲ့ ၄၇နိုင်ငံအစည်းမှာရော အကုန်လုံးက လူထုကရွေးချယ်တင်မြှောက်ထားတဲ့ Mandate ရထားတဲ့ အစိုးရဖက်မှာ သူတို့ရှိနေတယ်ဆိုတာ ကျနော်တို့တွေ့နေရတယ်။ သူတို့ကိုယ်တိုင်ကလည်း အဲဒါတွေကြေညာနေတယ်။ ဒီကြားထဲမှာ ကမ္ဘာ့အင်အားအကြီးဆုံး အမေရိကန်နိုင်ငံရဲ့ သမ္မတသစ် ဂျိုးဘိုင်ဒန် ကလည်း မြန်မာပြည်ကို မျက်ခြေမပြတ်စောင့်ကြည့်နေတယ်ဆိုတာ ခနခနပြောနေတယ်။ အဲတော့ ကျနော်တို့က တော်တော်လေးကို အားတက်ဖို့ကောင်းပါတယ်။

ကိုကျော်ကျော်သိန်း ။. ။ အမေရိကန် သမ္မတကလည်း မြန်မာပြည်အရေးကိစ္စကို မပြတ်ပြောဆိုလာတယ်ဆိုတော့ ကိုထင်လင်းအောင် ရဲ့ နိုင်ငံတကာ ဆက်ဆံရေးရုံးကလည်းပဲ ထုတ်ပြန်ချက်အရ အမေရိကန်ပြည်ထောင်စု အခုကျနော်တို့ရှိနေတဲ့ မေရီလန်းပြည်နယ်မှာ ရုံးအခြေစိုက်ပြီးဖွင့်မယ်ဆိုတော့ ကျနော်နားလည်တာက အမေရိကန်ကို အခြေစိုက်တယ် အမေရိကန်အစိုးရကိုလည်း အဓိက မြန်မာ့အရေးပေါက်လာအောင်ပြောမယ်ဆိုတော့ ကိုထင်လင်းအောင် အမေရိကန်အစိုးရကို ထိစပ်ထားပါပြီလား၊ ဘယ်လောက်အထိတိုးပေါက်နိုင်ပါမလဲ။

ကိုထင်လင်းအောင် ။. ။ ကျနော်တို့ ထိစပ်နိုင်အောင် ဒီမနက်ပဲ Contact ၂ ခု ၃ ခုလောက် ကျနော်ရထားပါပြီ။ ဒါပေမဲ့ အခုချိန်က ကိုဗစ်ကပ်ရောဂါ ကာလလည်းဖြစ်နေတော့ ဒီမှာလည်းပဲ ရုံးတွေက အကုန်လုံးက Remote ပဲလုပ်နေကြတယ်။ ပြီးလို့ရှိရင် Tele working ပဲလုပ်နေကြတယ်ဆိုတော့ ကျနော်တို့အနေနဲ့ ထင်သလောက်မပေါက်တာတွေရှိကောင်းရှိလာနိုင်တယ်။ ဒါပေမဲ့ အခုလိုမျိုး Zoom Meeting နဲ့ သော်လည်ကောင်း Phone သော်လည်းကောင်း ဆက်သွယ်လို့ရလာမယ့်အနေအထားတွေကို ကျနော်တွေ့နေရပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီရဲ့ နိုင်ငံတကာဆက်ဆံရေးကိုယ်စားလှယ် ဦးထင်လင်းအောင်ကို ကိုကျော်ကျော်သိန်းက ဆက်သွယ်မေးမြန်းခဲ့တာပါ။ ဒီဆက်သွယ်မေးမြန်းချက်အပြည့်အစုံကို ဒီကနေ့ည ၇ နာရီမှာ ထုတ်လွှင့်မယ့် ဗွီအိုအေ တီဗီသတင်းလွှာနဲ့ ည ၉ နာရီမှာထုတ်လွှင့်မယ့် ရေဒီယိုအစီအစဉ်မှာ စောင့်မေ ျှာ် ကြည့်ရှုနားဆင်နိုင်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG