သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဖိအားေပးခံေနရတဲ့ၾကားကပဲ က်န္းမာေရးဝန္ထမ္းေတြ ဆႏၵျပေနဆဲ


ေဆးႏွင့္ေဆးႏွီးႏြယ္တကၠသိုလ္မ်ားသပိတ္စစ္ေၾကာင္း။ (ေဖေဖာ္ဝါရီ ၂၅၊ ၂၀၂၁)

[Zawgyi/Unicode]

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဦးေဆာင္ၿပီး အာဏာသိမ္းယူ အုပ္ခ်ဳပ္ေနတဲ့အေပၚ မေက်နပ္တဲ့ ကန္႔ကြက္ဆႏၵျပမႈေတြ ဒီေန႔လည္း ႏိုင္ငံအႏွံ႔က ၿမိဳ႕ေတြမွာ ဆက္လုပ္ေနၾကပါတယ္။

ျမန္မာႏိုင္ငံေအးခ်မ္းေစဖုိ႔ ရည္႐ြယ္ခ်က္နဲ႔ ဒီေန႔ ျမန္မာ့႐ိုးရာ သနပ္ခါးလိမ္း လႈပ္႐ွားမႈလုပ္ၾကဖုိ႔ ေဆာ္ၾသထားတဲ့အတိုင္း ရန္ကုန္၊ မႏၱေလး၊ မံု႐ြာ၊ ထားဝယ္ စတဲ့ ၿမိဳ႕စံုမွာ ဆႏၵျပသူေတြက သနပ္ခါးေတြလိမ္းၿပီး ဆႏၵျပခဲ့ၾကပါတယ္။ အၾကမ္းမဖက္ အာဏာဖီဆန္တဲ့ CDM လႈပ္႐ွားမႈမွာပါဝင္ၾကတဲ့ ဆရာဝန္ေတြ၊ ေဆးဝန္ထမ္းေတြကလည္း ဝတ္႐ံုျဖဴေတြ ဝတ္ဆင္ၿပီး ရန္ကုန္ၿမိဳ႕မွာ ခ်ီတက္ဆႏၵျပခဲ့ၾကပါတယ္။ က်န္းမာေရးဝန္ထမ္းေတြ အလုပ္ခြင္ျပန္ဝင္ၾကဖုိ႔ အာဏာပိုင္ေတြဘက္က ဖိအားေပးမႈေတြ ႐ွိေနေပမဲ့လည္း အာဏာ႐ွင္စနစ္ ဆန္႔က်င္တဲ့ဆႏၵျပပဲြေတြမွာ အမ်ားအျပားဆက္လက္ပါဝင္ေနၾကပါတယ္။

"ညီမတို႔မွာေတာ့ ဖိအားေတြ အမ်ားၾကီးရွိပါတယ္။ ဒါေပမဲ့ ညီမတို႔ကေတာ့ CDM ကို အဆံုးစြန္အထိကို ေတြးထားၿပီးသားေပါ့ေနာ္။ ညီမတို႔ ေတြးထားၿပီးတဲ့အခါက်ေတာ့ ဘယ္လိုပံုစံပဲ ဖိအားေတြပဲရွိေနပါေစ၊ CDM ကို လံုးဝလုပ္ေဆာင္သြားမွာ။ ဘယ္ေတာ့မွလဲ CDM ကို ရပ္သြားမွာေတာ့ မဟုတ္ပါဘူး။"

CDM မွာ ပါဝင္လႈပ္ရွားမႈမွာ ပါဝင္တဲ့ က်န္းမာေရးဝန္ထမ္းတေယာက္ ေျပာသြားတာပါ။

ရန္ကုန္တကၠသို္လ္ပင္မေက်ာင္းဝန္းထဲမွာ လူစုၿပီး ခ်ီတက္ဆႏၵျပၾကတဲ့ ရန္ကုန္တကၠသုိလ္ေက်ာင္းသားမ်ားသမဂၢ ေက်ာင္းသားေတြကို လံုၿခံဳေရးေတြက တားဆီးပိတ္ဆို႔ဖို႔ ႀကိဳးစားခဲ့ၾကေပမဲ့ ေက်ာင္းသားေတြက ေ႐ွာင္လဲြၿပီး ေက်ာင္းဝန္းအျပင္ထြက္ၿပီး တျခားဆႏၵျပသူေတြနဲ႔ ပူးေပါင္းႏိုင္ခဲ့ၾကပါတယ္။

ျမန္မာႏိုင္ငံမွာ အာဏာသိမ္းယူအုပ္ခ်ဳပ္ေနတဲ့ စစ္တပ္အေပၚ ေထာက္ခံသူေတြကလည္း ဒီေန႔ ရန္ကုန္ၿမိဳ႕မွာ ခ်ီတက္ဆႏၵျပပါတယ္။ တပ္မေတာ္ကို ေထာက္ခံပါတယ္။ စစ္အုပ္ခ်ဳပ္ေရးေကာင္စီကို ေထာက္ခံပါတယ္ဆိုတဲ့ စာတန္းေတြ ကိုင္ေဆာင္ ဆႏၵျပခဲ့ၾကတာပါ။ သူတုိ႔ကို ကန္႔ကြက္သူေတြက ေဘးကေန သံပံုးေတြတီး၊ လက္ေတြကို ၾကက္ေျခခတ္ပံုေတြလုပ္ၿပီး ေအာ္ဟစ္ၿပီး ကန္႔ကြက္ဆႏၵျပခဲ့ၾကပါတယ္။

"၅,၀၀၀ စားေတြ အလိုမ႐ွိ။ ၅,၀၀၀ စားေတြ အလိုမ႐ွိ။ ၅,၀၀၀ စားေတြ အလိုမ႐ွိ။"

ခုလိုစစ္တပ္ေထာက္ခံသူေတြ လမ္းေပၚထြက္လာတာနဲ႔အတူ ရန္ကုန္ၿမိဳ႕ထဲက ေနရာတခ်ဳိ႕မွာ စစ္တပ္လိုလားတဲ့ လူရမ္းကားတခ်ိဳ႕က တုတ္ေတြ၊ ဓါးေတြ၊ ေလးဂြေတြနဲ႔ တိုက္ခိုက္လို႔ တခ်ဳိ႕ ဒဏ္ရာရခဲ့ၾကပါတယ္။

ရန္ကုန္ၿမိဳ႕လယ္ ႐ွန္ဂရီလာဟိုတယ္နားမွာ သီခ်င္းဆိုဆႏၵျပၾကတဲ့အဖဲြ႔ထဲက သူတေယာက္ကို ဘယ္ကမွန္းမသိတဲ့ လူတစုက ဗိုလ္ခ်ဳပ္လမ္းမွာ ဝိုင္းၿပီး ဓါးထိုးမႈျဖစ္ခဲ့ပါတယ္။ မ်က္ျမင္ေတ႔ြလိုက္သူတေယာက္က စစ္တပ္ကို ေထာက္ခံတယ္လို႔ ဆိုသူေတြက လုပ္သြားတာလို႔ ခုလိုေျပာပါတယ္။

"ဆန္ထိုးပိုက္။ ဆန္ထိုးပိုက္။ က်ေနာ္တို႔ အသက္ၾကီးေနၿပီ။ ၄၆ ႏွစ္ မကိုင္ဖူးဘူး။ အဲဒီ ဆန္ထိုးပိုက္နဲ႔ ထိုးတာ။"

ဆႏၵျပသူေတြကို ခဲေတြ၊ ေလာက္ေလးခြေတြနဲ႔ အမည္မသိသူေတြ လိုက္ပစ္ေနတဲ့ဓါတ္ပံုေတြ ဗီဒီယုိေတြကို ျပည္တြင္းသတင္းေထာက္ေတြရဲ႕ လူမႈကြန္ယက္ေတြေပၚမွာ ေဖာ္ျပေနၾကပါတယ္။

ဒီေန႔ညဦးပိုင္းကလည္း ရန္ကုန္တိုင္း တာေမြ ေအာင္မဂၤလာရပ္ကြက္မွာ စစ္တပ္က ဖဲြ႔စည္းထားတဲ့ အုပ္ခ်ဳပ္ေရးေကာင္စီက ခန္႔ထားတဲ့ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴးကို ရပ္ကြက္ေန လူထုက ဝိုင္းၿပီးေတာ့ ကန္႔ကြက္ေနခ်ိန္မွာပဲ ရဲ အင္အားအလံုးအရင္းနဲ႔ ေရာက္လာၿပီးေတာ့ ရပ္ကြက္ေနလူထုက ဆႏၵျပ ေၾကြးေၾကာ္ခ်ိန္မွာ ရဲေတြက လူအုပ္ထဲကို အတင္းဝင္ရိုက္ႏွက္ခဲ့ပါတယ္။ ေသနတ္ေတြနဲ႔လည္း ပစ္ေဖာက္ခဲ့ပါတယ္။ ဒီအေျခအေနေတြကိုေတာ့ အခင္းျဖစ္တဲ့ေနရာကေန တိုက္ရိုက္လႊင့္ေနတဲ့ ဗီဒီယိုေတြမွာ ေတြ႔ရပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်ပြီး အာဏာသိမ်းယူ အုပ်ချုပ်နေတဲ့အပေါ် မကျေနပ်တဲ့ ကန့်ကွက်ဆန္ဒပြမှုတွေ ဒီနေ့လည်း နိုင်ငံအနှံ့က မြို့တွေမှာ ဆက်လုပ်နေကြပါတယ်။

မြန်မာနိုင်ငံအေးချမ်းစေဖို့ ရည်ရွယ်ချက်နဲ့ ဒီနေ့ မြန်မာ့ရိုးရာ သနပ်ခါးလိမ်း လှုပ်ရှားမှုလုပ်ကြဖို့ ဆော်သြထားတဲ့အတိုင်း ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ ထားဝယ် စတဲ့ မြို့စုံမှာ ဆန္ဒပြသူတွေက သနပ်ခါးတွေလိမ်းပြီး ဆန္ဒပြခဲ့ကြပါတယ်။ အကြမ်းမဖက် အာဏာဖီဆန်တဲ့ CDM လှုပ်ရှားမှုမှာပါဝင်ကြတဲ့ ဆရာဝန်တွေ၊ ဆေးဝန်ထမ်းတွေကလည်း ဝတ်ရုံဖြူတွေ ဝတ်ဆင်ပြီး ရန်ကုန်မြို့မှာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေ အလုပ်ခွင်ပြန်ဝင်ကြဖို့ အာဏာပိုင်တွေဘက်က ဖိအားပေးမှုတွေ ရှိနေပေမဲ့လည်း အာဏာရှင်စနစ် ဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေမှာ အများအပြားဆက်လက်ပါဝင်နေကြပါတယ်။

"ညီမတို့မှာတော့ ဖိအားတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ ညီမတို့ကတော့ CDM ကို အဆုံးစွန်အထိကို တွေးထားပြီးသားပေါ့နော်။ ညီမတို့ တွေးထားပြီးတဲ့အခါကျတော့ ဘယ်လိုပုံစံပဲ ဖိအားတွေပဲရှိနေပါစေ၊ CDM ကို လုံးဝလုပ်ဆောင်သွားမှာ။ ဘယ်တော့မှလဲ CDM ကို ရပ်သွားမှာတော့ မဟုတ်ပါဘူး။"

CDM မှာ ပါဝင်လှုပ်ရှားမှုမှာ ပါဝင်တဲ့ ကျန်းမာရေးဝန်ထမ်းတယောက် ပြောသွားတာပါ။

ရန်ကုန်တက္ကသိုလ်ပင်မကျောင်းဝန်းထဲမှာ လူစုပြီး ချီတက်ဆန္ဒပြကြတဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ကျောင်းသားတွေကို လုံခြုံရေးတွေက တားဆီးပိတ်ဆို့ဖို့ ကြိုးစားခဲ့ကြပေမဲ့ ကျောင်းသားတွေက ရှောင်လွဲပြီး ကျောင်းဝန်းအပြင်ထွက်ပြီး တခြားဆန္ဒပြသူတွေနဲ့ ပူးပေါင်းနိုင်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းယူအုပ်ချုပ်နေတဲ့ စစ်တပ်အပေါ် ထောက်ခံသူတွေကလည်း ဒီနေ့ ရန်ကုန်မြို့မှာ ချီတက်ဆန္ဒပြပါတယ်။ တပ်မတော်ကို ထောက်ခံပါတယ်။ စစ်အုပ်ချုပ်ရေးကောင်စီကို ထောက်ခံပါတယ်ဆိုတဲ့ စာတန်းတွေ ကိုင်ဆောင် ဆန္ဒပြခဲ့ကြတာပါ။ သူတို့ကို ကန့်ကွက်သူတွေက ဘေးကနေ သံပုံးတွေတီး၊ လက်တွေကို ကြက်ခြေခတ်ပုံတွေလုပ်ပြီး အော်ဟစ်ပြီး ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

"၅,၀၀၀ စားတွေ အလိုမရှိ။ ၅,၀၀၀ စားတွေ အလိုမရှိ။ ၅,၀၀၀ စားတွေ အလိုမရှိ။"

ခုလိုစစ်တပ်ထောက်ခံသူတွေ လမ်းပေါ်ထွက်လာတာနဲ့အတူ ရန်ကုန်မြို့ထဲက နေရာတချို့မှာ စစ်တပ်လိုလားတဲ့ လူရမ်းကားတချို့က တုတ်တွေ၊ ဓါးတွေ၊ လေးဂွတွေနဲ့ တိုက်ခိုက်လို့ တချို့ ဒဏ်ရာရခဲ့ကြပါတယ်။

ရန်ကုန်မြို့လယ် ရှန်ဂရီလာဟိုတယ်နားမှာ သီချင်းဆိုဆန္ဒပြကြတဲ့အဖွဲ့ထဲက သူတယောက်ကို ဘယ်ကမှန်းမသိတဲ့ လူတစုက ဗိုလ်ချုပ်လမ်းမှာ ဝိုင်းပြီး ဓါးထိုးမှုဖြစ်ခဲ့ပါတယ်။ မျက်မြင်တေ့ွလိုက်သူတယောက်က စစ်တပ်ကို ထောက်ခံတယ်လို့ ဆိုသူတွေက လုပ်သွားတာလို့ ခုလိုပြောပါတယ်။

"ဆန်ထိုးပိုက်။ ဆန်ထိုးပိုက်။ ကျနော်တို့ အသက်ကြီးနေပြီ။ ၄၆ နှစ် မကိုင်ဖူးဘူး။ အဲဒီ ဆန်ထိုးပိုက်နဲ့ ထိုးတာ။"

ဆန္ဒပြသူတွေကို ခဲတွေ၊ လောက်လေးခွတွေနဲ့ အမည်မသိသူတွေ လိုက်ပစ်နေတဲ့ဓါတ်ပုံတွေ ဗီဒီယိုတွေကို ပြည်တွင်းသတင်းထောက်တွေရဲ့ လူမှုကွန်ယက်တွေပေါ်မှာ ဖော်ပြနေကြပါတယ်။

ဒီနေ့ညဦးပိုင်းကလည်း ရန်ကုန်တိုင်း တာမွေ အောင်မင်္ဂလာရပ်ကွက်မှာ စစ်တပ်က ဖွဲ့စည်းထားတဲ့ အုပ်ချုပ်ရေးကောင်စီက ခန့်ထားတဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူးကို ရပ်ကွက်နေ လူထုက ဝိုင်းပြီးတော့ ကန့်ကွက်နေချိန်မှာပဲ ရဲ အင်အားအလုံးအရင်းနဲ့ ရောက်လာပြီးတော့ ရပ်ကွက်နေလူထုက ဆန္ဒပြ ကြွေးကြော်ချိန်မှာ ရဲတွေက လူအုပ်ထဲကို အတင်းဝင်ရိုက်နှက်ခဲ့ပါတယ်။ သေနတ်တွေနဲ့လည်း ပစ်ဖောက်ခဲ့ပါတယ်။ ဒီအခြေအနေတွေကိုတော့ အခင်းဖြစ်တဲ့နေရာကနေ တိုက်ရိုက်လွှင့်နေတဲ့ ဗီဒီယိုတွေမှာ တွေ့ရပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG