သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာဝန္ႀကီးနဲ႔ အလြတ္သေဘာေတြ႔တာျဖစ္ေၾကာင္း ထိုင္းႏုိင္ငံတံု႔ျပန္


ထိုင္းႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာခြင့္ရ Tanee Sangrat (ဓာတ္ပံု- AP - ေဖေဖာ္ဝါရီ ၂၅၊ ၂၀၂၁)

[Zawgyi/Unicode]

ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕ေတာ္မွာ ျမန္မာ၊ အင္ဒိုနီး႐ွားနဲ႔ ထိုင္းႏုိင္ငံ ႏုိင္ငံျခားေရးဝန္ႀကီးေတြ ေတြ႔ဆံုမႈဟာ အလြတ္သေဘာသာျဖစ္တယ္လို႔ ထိုင္းႏိုင္ငံက ေျပာၾကားလိုက္ပါတယ္။ အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးေတြ မၾကာခင္ အလြတ္သေဘာေဆြးေႏြးဖုိ႔ကိစၥကိုသာ အဓိကေျပာခဲ့ၾကတယ္လို႔ ထိုင္းႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာခြင့္ရ Tanee Sangrat က ဒီေန႔သတင္းစာ႐ွင္းပြဲမွာ ေျပာၾကားပါတယ္။

"ထိုင္း၊ အင္ဒိုနီး႐ွားနဲ႔ ျမန္မာႏိုင္ငံျခားေရးဝန္ႀကီးေတြ ဘန္ေကာက္ၿမိဳ႕မွာ မေန႔တုန္းက ေတြ႔ဆံုမႈဟာ ခဏေလးသာျဖစ္ၿပီး အလြတ္သေဘာ ေတြ႕ဆံုတာျဖစ္ပါတယ္။ ေဒသတြင္းရင္ဆိုင္ေနရတဲ့ ကိစၥစံုကို ေဆြးေႏြးဖုိ႔ အာဆီယံဝန္ႀကီးေတြ မၾကာခင္အနာဂတ္မွာ အလြတ္သေဘာ ေတြ႔ဆံုႏိုင္ေရးကိစၥကိုသာ အဓိက ေျပာခဲ့ၾကတာျဖစ္တယ္။" လို႔ ထိုင္းႏိုင္ငံျခားေရးဌာနေျပာခြင့္ရက ေျပာခဲ့ပါတယ္။

ျမန္မာျပည္သူေတြရဲ႕ အက်ဳိးအတြက္ ျမန္မာႏိုင္ငံထဲမွာ ျဖစ္ေနတဲ့ အေျခအေနေတြကို ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ေျဖ႐ွင္းႏိုင္ဖုိ႔ လိုလားေၾကာင္းနဲ႔ထိုင္းႏိုင္ငံအေနနဲ႔ ျမန္မာႏိုင္ငံ တည္ၿငိမ္ ေအးခ်မ္းေရးအတြက္ အခိုင္အမာ ဆက္လက္အားေပးတယ္လို႔လည္း ေျပာခြင့္ရ Sangrat က ဒီေန႔ သတင္းစာ႐ွင္းပြဲမွာ ေျပာၾကားသြားပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းအုပ္ခ်ဳပ္ေနတဲ့ကိစၥ အာဆီယံအဖဲြ႔ၾကား ေဆြးေႏြးအေျဖ႐ွာေပးႏိုင္ဖို႔ အင္ဒိုနီး႐ွားႏိုင္ငံက ႀကိဳးစားေနခ်ိန္မွာ ျမန္မာ၊ အင္ဒိုနီး႐ွားနဲ႔ ထိုင္းႏုိင္ငံျခားေရးဝန္ႀကီးတို႔ ဘန္ေကာက္မွာ ဗုဒၶဟူးေန႔က ေတြ႔ဆံုခဲ့ၾကတာျဖစ္ပါတယ္။ ျမန္မာျပည္သူေတြရဲ႕ အက်ဳိးစီးပြားနဲ႔ လံုၿခံဳေရးက ပထမဦးစားေပးျဖစ္တယ္ဆိုတဲ့ အင္ဒိုနီး႐ွားႏိုင္ငံရဲ႕ ရပ္တည္ခ်က္ကို ဦးဝဏၰေမာင္လြင္ကို ေျပာၾကားခဲ့ေၾကာင္း အင္ဒိုနီး႐ွားႏိုင္ငံျခားေရးဝန္ႀကီး Retno Marsudi က မေန႔က ေတြ႔ဆံုပဲြအၿပီး ဘန္ေကာက္မွာလုပ္တဲ့ သတင္းစာ႐ွင္းလင္းပြဲမွာ ေျပာၾကားပါတယ္။

သတင္းစာ႐ွင္းပြဲတေလ ွ်ာက္လံုး သူက ဦးဝဏၰေမာင္လြင္ကို ျမန္မာႏိုင္ငံျခားေရးဝန္ႀကီးလို႔ မသံုးႏႈန္းခဲ့ဘဲ ဦးဝဏၰလို႔သာ နာမည္တပ္ၿပီး ေခၚေဝၚသံုးစြဲခဲ့ပါတယ္။ သူနဲ႔ ထိုင္းႏိုင္ငံျခားေရးဝန္ႀကီးတို႔ ဘန္ေကာက္မွာ ေတြ႔ဆံုေနခ်ိန္မွာ ဦးဝဏၰေမာင္လြင္ ဘန္ေကာက္ၿမိဳ႕ကို ေရာက္လာတယ္ဆုိတာ သိရတယ္လို႔လည္း သတင္းေထာက္ေတြကို ႐ွင္းျပခဲ့ပါတယ္။

ျမန္မာႏိုင္ငံက ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ (CRPH) အပါအဝင္ သက္ဆိုင္တဲ့အဖဲြ႔အားလံုးနဲ႔ အဆက္အသြယ္လုပ္ဖုိ႔ ရည္႐ြယ္ထားတယ္လို႔ သတင္းစာ႐ွင္းပြဲအတြင္းမွာ အင္ဒိုနီး႐ွာႏိုင္ငံျခားေရးဝန္ႀကီးက ေျပာၾကားခဲ့ပါတယ္။

"ျမန္မာႏိုင္ငံက စစ္တပ္နဲ႔ ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီ (CRPH) အပါအဝင္ သက္ဆိုင္သူအားလံုးနဲ႔ အဆက္အသြယ္လုပ္ဖုိ႔ အင္ဒိုနီး႐ွားႏိုင္ငံက ရည္႐ြယ္ထားထားပါတယ္" လို႔ ေျပာၾကားသြားတာပါ။

CRPH ကေတာ့ ထိုင္းနဲ႔ အင္ဒိုနီး႐ွားတုိ႔ရဲ႕ လုပ္ေဆာင္ခ်က္ေတြကို မ်ားစြာ စိတ္ပ်က္တယ္လို႔ ေၾကညာခ်က္ထုတ္ျပန္ပါတယ္။ အင္ဒိုနီး႐ွားႏိုင္ငံျခာေရးဝန္ႀကီးရဲ႕ ေျပာဆိုခ်က္အရ CRPH နဲ႔ ဆက္သြယ္လိုတဲ့ကိစၥအတြက္ လမ္းဖြင့္ထားတယ္လို႔ CRPH (ႏိုင္ငံတကာဆက္ဆံေရး) ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာဝန်ကြီးနဲ့ အလွတ်သဘောတွေ့တာဖြစ်ကြောင်း ထိုင်းနိုင်ငံတုံ့ပြန်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ မြန်မာ၊ အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံမှုဟာ အလွတ်သဘောသာဖြစ်တယ်လို့ ထိုင်းနိုင်ငံက ပြောကြားလိုက်ပါတယ်။ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ မကြာခင် အလွတ်သဘောဆွေးနွေးဖို့ကိစ္စကိုသာ အဓိကပြောခဲ့ကြတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Tanee Sangrat က ဒီနေ့သတင်းစာရှင်းပွဲမှာ ပြောကြားပါတယ်။

"ထိုင်း၊ အင်ဒိုနီးရှားနဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီးတွေ ဘန်ကောက်မြို့မှာ မနေ့တုန်းက တွေ့ဆုံမှုဟာ ခဏလေးသာဖြစ်ပြီး အလွတ်သဘော တွေ့ဆုံတာဖြစ်ပါတယ်။ ဒေသတွင်းရင်ဆိုင်နေရတဲ့ ကိစ္စစုံကို ဆွေးနွေးဖို့ အာဆီယံဝန်ကြီးတွေ မကြာခင်အနာဂတ်မှာ အလွတ်သဘော တွေ့ဆုံနိုင်ရေးကိစ္စကိုသာ အဓိက ပြောခဲ့ကြတာဖြစ်တယ်။" လို့ ထိုင်းနိုင်ငံခြားရေးဌာနပြောခွင့်ရက ပြောခဲ့ပါတယ်။

မြန်မာပြည်သူတွေရဲ့ အကျိုးအတွက် မြန်မာနိုင်ငံထဲမှာ ဖြစ်နေတဲ့ အခြေအနေတွေကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းနိုင်ဖို့ လိုလားကြောင်းနဲ့ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံ တည်ငြိမ် အေးချမ်းရေးအတွက် အခိုင်အမာ ဆက်လက်အားပေးတယ်လို့လည်း ပြောခွင့်ရ Sangrat က ဒီနေ့ သတင်းစာရှင်းပွဲမှာ ပြောကြားသွားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းအုပ်ချုပ်နေတဲ့ကိစ္စ အာဆီယံအဖွဲ့ကြား ဆွေးနွေးအဖြေရှာပေးနိုင်ဖို့ အင်ဒိုနီးရှားနိုင်ငံက ကြိုးစားနေချိန်မှာ မြန်မာ၊ အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ ဘန်ကောက်မှာ ဗုဒ္ဓဟူးနေ့က တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။ မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွားနဲ့ လုံခြုံရေးက ပထမဦးစားပေးဖြစ်တယ်ဆိုတဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ ရပ်တည်ချက်ကို ဦးဝဏ္ဏမောင်လွင်ကို ပြောကြားခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi က မနေ့က တွေ့ဆုံပွဲအပြီး ဘန်ကောက်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားပါတယ်။

သတင်းစာရှင်းပွဲတလေ ျှာက်လုံး သူက ဦးဝဏ္ဏမောင်လွင်ကို မြန်မာနိုင်ငံခြားရေးဝန်ကြီးလို့ မသုံးနှုန်းခဲ့ဘဲ ဦးဝဏ္ဏလို့သာ နာမည်တပ်ပြီး ခေါ်ဝေါ်သုံးစွဲခဲ့ပါတယ်။ သူနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ ဘန်ကောက်မှာ တွေ့ဆုံနေချိန်မှာ ဦးဝဏ္ဏမောင်လွင် ဘန်ကောက်မြို့ကို ရောက်လာတယ်ဆိုတာ သိရတယ်လို့လည်း သတင်းထောက်တွေကို ရှင်းပြခဲ့ပါတယ်။

မြန်မာနိုင်ငံက ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အပါအဝင် သက်ဆိုင်တဲ့အဖွဲ့အားလုံးနဲ့ အဆက်အသွယ်လုပ်ဖို့ ရည်ရွယ်ထားတယ်လို့ သတင်းစာရှင်းပွဲအတွင်းမှာ အင်ဒိုနီးရှာနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။

"မြန်မာနိုင်ငံက စစ်တပ်နဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) အပါအဝင် သက်ဆိုင်သူအားလုံးနဲ့ အဆက်အသွယ်လုပ်ဖို့ အင်ဒိုနီးရှားနိုင်ငံက ရည်ရွယ်ထားထားပါတယ်" လို့ ပြောကြားသွားတာပါ။

CRPH ကတော့ ထိုင်းနဲ့ အင်ဒိုနီးရှားတို့ရဲ့ လုပ်ဆောင်ချက်တွေကို များစွာ စိတ်ပျက်တယ်လို့ ကြေညာချက်ထုတ်ပြန်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံခြာရေးဝန်ကြီးရဲ့ ပြောဆိုချက်အရ CRPH နဲ့ ဆက်သွယ်လိုတဲ့ကိစ္စအတွက် လမ်းဖွင့်ထားတယ်လို့ CRPH (နိုင်ငံတကာဆက်ဆံရေး) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG