(Zawgyi/Unicode)
အင်ဒိုနီးရှားနိုင်ငံရဲ့ အခုလိုတွေ့ ဆုံမှုဟာ အာဏာသိမ်းယူမှုအပေါ် တရားဝင်မှုအပ်နှင်းတာမျိုးအဖြစ် မြန်မာတက်ကြွလှုပ်ရှားသူတွေက စိုးရိမ်နေကြပြီး နိုဝင်ဘာရွေးကောက်ပွဲရလာဒ်အပေါ်မှာပဲထောက်ခံကြကြောင်းအခုလို ပြောဆိုပါတယ်။
..................................................................
အင်ဒိုနိုင်ငံခြားရေးဝန်ကြီး နဲ့ ဦးဝဏ္ဏမောင်လွင် ဘန်ကောက်မှာတေ့ွ
(Unicode)
ရန်ကုန်မြို့ရှိ အင်ဒိုနီးရှားနဲ့ထိုင်း သံရုံးတွေရဲ့ အပြင်ဘက်မှာ ဒါဇင်ပေါင်းများစွာသော ဆန္ဒပြသူတွေဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က စုဝေးရောက်ရှိခဲ့ကြပါတယ်။ အာဏာသိမ်းယူတာနဲ့ပက်သက်ပြီး အကျပ်အတည်းတွေဖြစ်ပေါ်နေတာကြောင့် မြန်မာစစ်တပ်ရဲ့ အုပ်ချုပ်ရေးကောင်စီက ခန့်အပ်လိုက်တဲ့ နိုင်ငံခြားရေးဝန်ကြီးက အိမ်နီးချင်းနှစ်နိုင်ငံစကားပြောဖို့ထိုင်းနိုင်ငံကို သွားရောက်နေတာဖြစ်ပါတယ်။
ဖေဖေါ်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းယူမှု ကို ဆန့်ကျင်သူတွေလမ်းပေါ်ထွက် ဆန္ဒပြနေချိန်မှာ စစ်အစိုးရသစ်အဖွဲ့ဝင် ဝန်ကြီး ဦးဝဏ္ဏမောင်လွင်ရဲ့ ပထမဦးဆုံး နိုင်ငံခြားခရီးစဉ်လည်းဖြစ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့(ASEAN) ရဲ့ ဦးဆောင်သူအဖြစ်နဲ့မြန်မာအကျပ်အတည်းကို ဖြေရှင်းဖို့အားထုတ်မှုတရပ်အဖြစ် နိုင်ငံခြားရေးဝန်ကြီး Retno Marsudi ဟာ ဦးဝဏ္ဏမောင်လွင်၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai တွေ့ဆုံဖို့ ဘန်ကောက်မြို့ကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ရောက်ရှိလာတာလည်းဖြစ်ပါတယ်။
ထိုင်းနိုင်ငံခြားရေးပြောခွင့်ရ Tanee Sangrat ကတော့ ဦးဝဏ္ဏမောင်လွင်နဲ့အင်ဒိုနိုင်ငံခြားရေးဝန်ကြီးတို့တွေ့ဗုဒ္ဓဟူးနေ့ကတွေ့ဆုံခဲ့ကြတာကို တယ်လီဖုန်း message ကတဆင့် အတည်ပြုထားပါတယ်။
အင်ဒိုနီးရှားနိုင်ငံရဲ့ အခုလိုတွေ့ဆုံမှုဟာ အာဏာသိမ်းယူမှုအပေါ် တရားဝင်မှုအပ်နှင်းတာမျိူးအဖြစ် မြန်မာတက်ကြွလှုပ်ရှားသူတွေက စိုးရိမ်နေကြပြီး နိုဝင်ဘာရွေးကောက်ပွဲရလာဒ်အပေါ်မှာပဲထောက်ခံကြကြောင်းအခုလို ပြောဆိုပါတယ်။
“ညီမတို့ထိုင်းသံရုံးရှေ့မှာ ရောက်နေရတဲ့ အကြောင်းရင်းက ညီမတို့နိုင်ငံက မသတ်မှတ်ထားတဲ့၊ စစ်ကောင်စီက ခန့်အပ်ထားတဲ့ ဝဏ္ဏမောင်လွင်က နိုင်ငံခြား ဒီထိုင်းနိုင်ငံကိုသွားရောက်ပြီးတော့ အင်ဒိုနီးရှား နိုင်ငံခြးာရေးဝန်ကြီးတွေနဲ့တွေ့ဖို့ရှိတယ်ပေါ့နော်။ ထိုင်းနိုင်ငံအနေနဲ့ဒါမျိူးကိုလည်း လက်ခံအားပေး မလုပ်သင့်ပါဘူး။ သူ့အနေနဲ့လည်း စစ်တပ်ကို အားပေးနေတာတွေမလုပ်သင့်တော့ပါဘူးဆိုတာကို ညီမတို့က ထိုင်းသံရုံးရှေ့မှာ မြန်မာကျောင်းသားတွေအနေနဲ့လာရောက်ဖေါ်ထုတ်နေတာပဲဖြစ်ပါတယ်"