သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

 ျမန္မာျပႆနာ ေျဖရွင္းေရးအားထုတ္မႈ အင္ဒိုနီးရွား၀န္ႀကီး ရွင္းျပ


မွတ္တမ္းဓါတ္ပံု- အင္ဒိုနီးရွား ႏိုင္ငံျခားေရး၀န္ႀကီး Retno Marsudi (ဇန္န၀ါရီလ ၁၀ ရက္ ၂၀၂၀)

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ ေပၚေပါက္ေနတဲ့ ႏိုင္ငံေရးျပႆနာေတြကို ေျဖရွင္းႏိုင္ဖို႔ စစ္တပ္နဲ႔ေရာ ဖယ္ရွားခံခဲ့ရတဲ့ လႊတ္ေတာ္ ကိုယ္စားလွယ္ေတြနဲ႔ပါ ေဆြးေႏြးခဲ့ေၾကာင္း အင္ဒိုနီးရွား ႏိုင္ငံျခားေရး၀န္ႀကီးက ေျပာဆိုလိုက္ပါတယ္။

ျမန္မာႏိုင္ငံက ျပႆနာေတြကို ေျဖရွင္းႏိုင္ဖို႔ သက္ဆိုင္သူေတြ အားလုံးနဲ႔ ဆက္သြယ္ေျပာဆိုသြားမွာျဖစ္ေၾကာင္းလည္း အင္ဒိုနီးရွား ႏိုင္ငံျခားေရး၀န္ႀကီး Retno Marsudi က ထိုင္းႏိုင္ငံဘန္ေကာက္ၿမိဳ႕မွာ ေျပာလိုက္တာပါ။

ျမန္မာစစ္တပ္က အာဏာသိမ္းၿပီး ဖဲြ႕စည္းထားတဲ့ အုပ္ခ်ဳပ္ေရးေကာင္စီက ႏိုင္ငံျခားေရး၀န္ႀကီးအျဖစ္ တာ၀န္ေပးထားတဲ့ ဦး၀ဏၰေမာင္လြင္နဲ႔ ဗုဒၶဟူးေန႔က ထိုင္းႏိုင္ငံ၊ ဒြန္ေမာင္းေလဆိပ္မွာ ေတြ႕ဆုံရာမွာေတာ့ ျမန္မာႏိုင္ငံက အေျခအေနေတြအေပၚ စိုးရိမ္ေၾကာင္းနဲ႔ ေသြးထြက္သံယို မျဖစ္ေအာင္ ထိန္းထိန္းသိမ္းသိမ္း ေဆာင္ရြက္ဖို႔ တိုက္တြန္းခဲ့တယ္လို႔လည္း ေျပာပါတယ္။

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ေရြးေကာက္ပဲြ အႏိုင္ရ လႊတ္ေတာ္ အမတ္ေတြနဲ႔ ဖြဲ႔စည္းထားတဲ့ ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီ (CRPH) နဲ႔ ေဆြးေႏြးရာမွာလည္း အလားတူ အင္ဒိုနီးရွားႏိုင္ငံရဲ႕ ရပ္တည္ခ်က္ေတြကို ေျပာဆိုခဲ့ေၾကာင္း သတင္းထုတ္ျပန္ထားတာပါ။ ျမန္မာႏိ္ုင္ငံနဲ႔ ပတ္သက္လို႔ ႏိုင္ငံတကာရဲ႕ သေဘာထားေတြကို တိုက္႐ိုက္တင္ျပႏိုင္ေအာင္ ထိုင္းႏိုင္ငံကတဆင့္ မနက္ျဖန္ ေနျပည္ေတာ္ကိုသြားေရာက္မယ့္ အစီအစဥ္ကိုေတာ့ ေရႊ႕ဆိုင္းလိုက္ေၾကာင္းလည္း အင္ဒိုနီးရွားႏိုင္ငံျခားေရး၀န္ႀကီးက ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

မြန်မာပြဿနာ ဖြေရှင်းရေးအားထုတ်မှု အင်ဒိုနီးရှားဝန်ကြီးရှင်းပြ
(Unicode)

မြန်မာနိုင်ငံမှာ ပေါ်ပေါက်နေတဲ့ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ စစ်တပ်နဲ့ရော ဖယ်ရှားခံခဲ့ရတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ပါ ဆွေးနွေးခဲ့ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံက ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ သက်ဆိုင်သူတွေ အားလုံးနဲ့ ဆက်သွယ်ပြောဆိုသွားမှာဖြစ်ကြောင်းလည်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi က ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ ပြောလိုက်တာပါ။

မြန်မာစစ်တပ်က အာဏာသိမ်းပြီး ဖွဲ့စည်းထားတဲ့ အုပ်ချုပ်ရေးကောင်စီက နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ပေးထားတဲ့ ဦးဝဏ္ဏမောင်လွင်နဲ့ ဗုဒ္ဓဟူးနေ့က ထိုင်းနိုင်ငံ၊ ဒွန်မောင်းလေဆိပ်မှာ တွေ့ဆုံရာမှာတော့ မြန်မာနိုင်ငံက အခြေအနေတွေအပေါ် စိုးရိမ်ကြောင်းနဲ့ သွေးထွက်သံယို မဖြစ်အောင် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ဖို့ တိုက်တွန်းခဲ့တယ်လို့လည်း ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော် အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နဲ့ ဆွေးနွေးရာမှာလည်း အလားတူ အင်ဒိုနီးရှားနိုင်ငံရဲ့ ရပ်တည်ချက်တွေကို ပြောဆိုခဲ့ကြောင်း သတင်းထုတ်ပြန်ထားတာပါ။ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့ သဘောထားတွေကို တိုက်ရိုက်တင်ပြနိုင်အောင် ထိုင်းနိုင်ငံကတဆင့် မနက်ဖြန် နေပြည်တော်ကိုသွားရောက်မယ့် အစီအစဉ်ကိုတော့ ရွှေ့ဆိုင်းလိုက်ကြောင်းလည်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG