(Zawgyi/Unicode)
စစ္တပ္က အာဏာသိမ္းယူ အုပ္ခ်ဳပ္ေနတဲ့ ျမန္မာႏိုင္ငံမွာ သတင္း လြတ္လပ္ခြင့္နဲ႔ သတင္းသမားေတြကို အကာအကြယ္ ဆက္ေပးဖို႔ မျဖစ္ႏိုင္ေတာ့ဘူးလို႔ ယုံၾကည္တာေၾကာင့္ ျမန္မာႏိုင္ငံ သတင္းမီဒီယာေကာင္စီအဖြဲ႔ဝင္ ထက္ဝက္ေက်ာ္ ႏုတ္ထြက္လုိက္ၾကတဲ့ အေၾကာင္း ကိုဉာဏ္ဝင္းေအာင္က တင္ျပထားပါတယ္။
အရပ္သားအစိုးရကို ဖမ္းဆီးဖယ္ရွားၿပီး ေဖေဖၚဝါရီ (၁)ေန႔ကစလို႔ အာဏာရယူခဲ့တဲ့ ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီဟာ ျပည္သူေတြနဲ႔ သတင္းသမားေတြရဲ႕ နဂိုရွိရင္းစဲြ လြတ္လပ္ခြင့္ကို ထိန္းခ်ဳပ္ႏိုင္ဖို႔ တင္းၾကပ္တဲ့ ညႊန္ၾကားခ်က္ေတြ၊ ဥပေဒပုဒ္မတခ်ဳိ႕ ျပင္ဆင္ျဖည့္စြက္တာေတြ၊ သတင္းေထာက္ေတြကို ႐ိုက္ႏွက္ဖမ္းဆီးတာေတြ ၿပီးခဲ့တဲ့ ရက္ပုိင္းထဲမွာ လုပ္ခဲ့တာပါ။
အဲဒီအခ်က္ေတြကို ၿခဳံၾကည့္ၿပီး ျမန္မာႏိုင္ငံ သတင္းလြတ္လပ္ခြင့္နဲ႔ သတင္းသမားေတြအေပၚ အကာအကြယ္ေပးႏိုင္ဖို႔ ခဲယဥ္းလာမယ့္အေရးကို ေတြးရင္း သူတို႔အေနနဲ႔ သတင္းမီဒီယာေကာင္စီ MPC ကေန ႏုတ္ထြက္ၾကတာျဖစ္ေၾကာင္း MPC မွာ တဲြဖက္အတြင္းေရးမွဴး(၁)အျဖစ္ တာဝန္ယူခဲ့တဲ့ ဦးျမင့္ေက်ာ္က VOA ကို ေျပာပါတယ္။
“သတင္းမီဒီယာေကာင္စီမွာ အဖဲြ႔ဝင္ ၂၆ ေယာက္ရွိတယ္။ အခုႏုတ္ထြက္တာက ၁၅ ေယာက္ ၊ က်ေနာ္အပါအဝင္ အတြင္းေရးမွဴး ဦးေက်ာ္စြာမင္း၊ တဲြဖက္အတြင္းေရးမွဴး ကိုသာလြန္ေဇာင္းထက္၊ ေနာက္တခါ ေကာင္စီဝင္ေတြထဲကဆိုရင္ ဦးေက်ာ္မင္းေဆြတို႔ ၊ ဦးေဇယ်ာလႈိင္တို႔ ႏုတ္ထြက္ၾကတယ္ေပါ့ေနာ္။ က်န္ေနခဲ့တာကေတာ့ ယာယီဥကၠဌ ဒုဥကၠဌနဲ႔ တျခားေသာ ေကာင္စီဝင္ေတြ က်န္ခဲ့တယ္။ ဘာေၾကာင့္ ႏုတ္ထြက္ရသလဲ ဆိုရင္ေတာ့ ဒီ အာဏာသိမ္းၿပီးတဲ့ေနာက္မွာ သတင္းလြတ္လပ္ခြင့္အတြက္ေရာ၊ သတင္းသမားေတြရဲ႕ လုံၿခဳံေရးအတြက္ေရာ ဒီ ေကာင္စီက အရင္အေနအထားမ်ဳိး ဘယ္ေလာက္ထိ ကာကြယ္ေပးႏိုင္မလဲဆိုတဲ့အခ်က္ အေပၚမွာ ေရရာမႈ မရွိေတာ့ဘူးေပါ့ေလ ။”
ၿပီးခဲ့တဲ့ ၂ ပတ္အတြင္းမွာ သတင္းသမားေတြနဲ႔ ပတ္သက္လို႔ ျဖစ္ခဲ့တာေတြလည္း ရွိသလို၊ သတင္းလြတ္လပ္ခြင့္နဲ႔ သက္ဆိုင္တဲ့ ဥပေဒျပင္ဆင္တာေတြရွိတယ္။ ဆိုေတာ့ အဲဒီဟာေတြေပၚမွာ သုံးသပ္ၿပီး က်ေနာ္တုိ႔ေတာ့ အရင္အေနထားမ်ဳိးနဲ႔ လြတ္လြတ္လပ္လပ္လုပ္ဖို႔ မျဖစ္ႏိုင္ေတာ့ဘူး ၊ အကာကြယ္ေပးဖို႔အတြက္လည္း မလြယ္ကူေတာ့ဘူး မျဖစ္ႏိုင္ေတာ့ဘူးလို႔ ယူဆလို႔ ႏုတ္ထြက္ၾကတာ ျဖစ္ပါတယ္။
အာဏာသိမ္း ပထမေန႔ကေန ဒီကေန႔အခိ်န္ထိ သတင္းသမားေတြ ရင္ဆိုင္ခဲ့ရတဲ့ အႏၱရာယ္ကိုလည္း ဦးျမင့္ေက်ာ္က ရွင္းျပပါတယ္။
“အာဏာသိမ္း ပထမေန႔မွာပဲ ရဲတပ္ဖဲြ႔တို႔ လုံၿခဳံေရးတို႔က လုပ္တာမဟုတ္ပဲ တပ္မေတာ္ကို ေထာက္ခံတဲ့ အမ်ဳိးသားေရးအင္အားစုေတြဘက္က သတင္းေထာက္တေယာက္ကို ႐ိုက္လိုက္တာရွိတယ္။ ေနာက္အျဖစ္အပ်က္ေတြကေတာ့ ကခ်င္ျပည္နယ္ ျမစ္ႀကီးနားမွာ ညဖက္ ဆႏၵျပတာျဖစ္ပြားတယ္။ အဲဒီမွာ ရဲတို႔ တပ္တို႔ၿဖဳိခဲြတဲ့အခ်ိန္မွာ သတင္းယူၿပီး တုိက္ရိုက္ထုတ္လႊင့္ေနတဲ့ သတင္းသမား ၅ ေယာက္ကိုတည ဖမ္းဆီးထိန္းသိမ္းခဲ့တယ္။ ေနာက္ေတာ့ ျပန္လႊတ္တယ္။ ေနာက္ မႏၱေလးမွာ ဆႏၵျပလူစုကို ၿဖဳိခဲြတဲ့အခါ သတင္းသမားေတြကို ပိုၿပီး ပစ္မွတ္ထား တိုက္ခိုက္တာေတြရွိတယ္။ သတင္းသမားတေယာက္ ရိုက္ႏွက္ခံရတယ္။ အဲလိုကိစၥေတြက တခုမက ျဖစ္လာတယ္။ ဒီကိစၥေတြ ဒီထက္မက ျဖစ္လာရင္လည္း သတင္းသမားေတြရဲ႕ အခြင့္အေရး သတင္းသမားေတြရဲ႕ လုံၿခဳံေရးအတြက္ သတင္းေကာင္စီအေနနဲ႔ ဆက္သြယ္ေျဖရွင္းေပးဖို႔ လုံေလာက္တဲ့ အသိမွတ္ျပဳမႈ မရွိေတာ့တာကို က်ေနာ္တို႔ ေတြ႔ရတယ္။ ဒါကလည္း ႏုတ္ထြက္ဖို႔အတြက္ ေစ့ေဆာ္တဲ့အေၾကာင္းတခ်က္ေပါ့။”
ေဖေဖၚဝါရီ ၁၆ ရက္ အဂၤါေန႔ ေနျပည္ေတာ္မွာလုပ္တဲ့ စစ္ေကာင္စီရဲ႕ သတင္းစာရွင္းလင္းပဲြမွာေတာ့ ေျပာခြင့္ရပုဂၢိဳလ္ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက - သတင္းလြတ္လပ္ခြင့္နဲ႔ ပတ္သက္လို႔ စစ္ေကာင္စီက အာမ ခံႏိုင္တယ္/ မခံႏိုင္ဘူးဆိုတာကို ယတိျပတ္ ေျပာဆိုသြားတာမ်ဳိးမရွိပဲ သတင္းသမားေတြ အေနနဲ႔ က်င့္ဝတ္ စည္းမ်ည္းေဘာင္ထဲ လုပ္ေဆာင္ၾကဖို႔ကိုသာ တိုက္တြန္းသြားပါတယ္။
“ သတင္းမီဒီယာနဲ႔ ပတ္သက္လို႔က အာမခံျခင္း မခံျခင္းဆိုတာ နံပါတ္(၁)ကေတာ့ အာမလည္း မခံႏို္င္ဘူး ၊ လုပ္ပါမယ္လို႔လည္း မေျပာဘူး။ မလုပ္ပါဘူးလည္း မေျပာဘူး ။ ဥပေဒနဲ႔ အညီပဲ ေဆာင္ရြက္သ ြားမယ္လို႔ပဲ ေျပာခ်င္ပါတယ္။ အဓိကေတာ့ သတင္းမီဒီယာမ်ား အေနနဲ႔ သူ႔ရဲ႕က်င့္ဝတ္ေတြ စည္းမ်ည္းစည္းကမ္းေတြ ရွိၿပီးျဖစ္တဲ့အခါမွာ အဲဒီ က်င့္ဝတ္စည္းမ်ည္းေတြနဲ႔အညီ လုပ္ေဆာင္မယ္ဆိုရင္ေတာ့ သတင္းမီဒီယာသမားမ်ားအတြက္ ပိုၿပီးေကာင္းတယ္လို႔ ေျပာခ်င္ပါတယ္။ က်ေနာ္တုိ႔အေနနဲ႔ ဒါနဲ႔ပတ္သက္ၿပီး သတင္းမီဒီယာသမားမ်ားကို ၿခိမ္းေျခာက္ျခင္း လုပ္ေနတာမ်ဳိး မဟုတ္ပါဘူး။”
ဒီသတင္းစာရွင္းလင္းပဲြ မတုိင္ခင္တရက္မွာ ျမန္မာႏိုင္ငံရဲ႕ သတင္းေလာက စတုတၳမ႑ိဳင္ကို အသိအမွတ္ျပဳသြားမယ္လို႔ တပ္ခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ကလည္း ေျပာခဲ့ပါတယ္။
ဒီလို ေျပာဆုိမႈေတြ ရွိေပမယ့္ လက္ေတြမွာေတာ့ သတင္းေရးသားမႈနဲ႔ပတ္သက္လို႔ ျပန္ၾကားေရးဝန္ႀကီးဌာနက ေၾကညာခ်က္ထုတ္ျပန္ ကန္႔သတ္တာ၊ ပုဒ္မ ၅၀၅ နဲ႔ ပတ္သက္လို႔ ျပင္ဆင္ခ်က္လုပ္တာ၊ ဆိုင္ဘာ ဥပေဒမူၾကမ္းကို ျပဌာန္းဖို႔ ႀကဳိးပမ္းေနတာေတြဟာ သတင္းေလာကအတြက္ အႀကီးက်ယ္ဆုံး ၿခိမ္းေျခာက္မႈေတြ ျဖစ္တယ္လို႔ ဦးျမင့္ေက်ာ္က သုံးသပ္ပါတယ္။
“ ျပန္ၾကားေရးဝန္ႀကီးဌာနကတဆင့္ သတင္းမီဒီယာေတြေရာ ၊ သတင္းသမား အဖဲြ႔အစည္းေတြေရာ ေကာင္စီကိုပါ ေပးပို႔တဲ့စာမွာ စကားလုံးသုံးႏႈန္းမႈနဲ႔ပတ္သက္လို႔ " စစ္ေကာင္စီ / စစ္အာဏာသိမ္း အစိုးရ " ဒါမ်ဳိးေတြ မသုံးဖို႔ ကန္႔သတ္ခ်က္ကိုၾကည့္ရင္ .. ဒါ ကန္႔သတ္မႈေတြရဲ႕ ပထမအစေျခလွမ္းလို႔ က်ေနာ္တို႔ ယူဆတာေပါ့။ ဥပမာအားျဖင့္ ေျပာရင္ ပုဒ္မ ၅၀၅ (က)(ခ)... ၁၂၄ (က) လိုမ်ဳိးမွာ ျဖည့္စြက္ခ်က္ေတြလုပ္တယ္ .. အဲဒါမ်ဳိးကို ၾကည့္လိုက္ရင္ အခု အႏုပညာရွင္ေတြ ၊ တက္ၾကြလႈပ္ရွားသူေတြကို ဝရမး္ထုတ္သလိုပဲ သတင္းသမားေတြကိုလည္း တခ်ိန္မဟုတ္ တခ်ိန္မွာ ဒီဟာမ်ဳိးနဲ႔ ဝရမ္းထုတ္ ခံရႏိုင္တယ္။ ဖမ္းဆီးေထာင္ခ် ခံရႏိုင္တယ္။ ေနာက္တခုက ဆိုင္ဘာလုံၿခဳံေရး ဥပေဒကို အေလာတႀကီး ျပဌာန္းဖို႔လုပ္ေနတယ္ေပါ့ ။ အဲဒီဟာမ်ဳိးကလည္း သာမန္ျပည္သူလူထုရဲ႕ လြတ္လပ္ခြင့္နဲ႔ ဆိုင္သလိုပဲ သတင္းသမားေတြရဲ႕သတင္းေရးသားမႈကုိလည္း ဒါနဲ႔ အျမဲ ၿခိမ္းေျခာက္ႏိုင္တယ္။ ဒါနဲ႔ အေရးယူႏိုင္တယ္ ဖမ္းဆီးႏိုင္တဲ့ အေနအထားမ်ဳိးေတြ ျဖစ္လာႏိုင္တယ္။”
အဖြဲ႔ဝင္ (၂၆)ေယာက္ရွိတဲ့ မီဒီယာေကာင္စီ MPC ကုိ လတ္တေလာမွာ ယာယီဥကၠဌအျဖစ္ ေဒါက္တာမ်ဳိးသန္႔တင္က တာဝန္ယူထားဆဲျဖစ္ပါတယ္။ MPC ကေန ေလာေလာဆယ္ (၁၅)ဦး ႏုတ္ထြက္လုိက္ၾကၿပီး ေရွ႕ဆက္ၿပီးလည္း ႏုတ္ထြက္ၾကဦးမယ့္သူေတြ ရွိေၾကာင္း သိရွိရပါတယ္။
............
သတင်းလွတ်လပ်မှုမရှိဟုယူဆတဲ့အတွက် မီဒီယာကောင်စီအဖွဲ့ဝင် ထက်ဝက်ကျော် နုတ်ထွက်
(Unicode)
စစ်တပ်က အာဏာသိမ်းယူ အုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံမှာ သတင်း လွတ်လပ်ခွင့်နဲ့ သတင်းသမားတွေကို အကာအကွယ် ဆက်ပေးဖို့ မဖြစ်နိုင်တော့ဘူးလို့ ယုံကြည်တာကြောင့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအဖွဲ့ဝင် ထက်ဝက်ကျော် နုတ်ထွက်လိုက်ကြတဲ့ အကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။
အရပ်သားအစိုးရကို ဖမ်းဆီးဖယ်ရှားပြီး ဖေဖေါ်ဝါရီ (၁)နေ့ကစလို့ အာဏာရယူခဲ့တဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဟာ ပြည်သူတွေနဲ့ သတင်းသမားတွေရဲ့ နဂိုရှိရင်းစွဲ လွတ်လပ်ခွင့်ကို ထိန်းချုပ်နိုင်ဖို့ တင်းကြပ်တဲ့ ညွှန်ကြားချက်တွေ၊ ဥပဒေပုဒ်မတချို့ ပြင်ဆင်ဖြည့်စွက်တာတွေ၊ သတင်းထောက်တွေကို ရိုက်နှက်ဖမ်းဆီးတာတွေ ပြီးခဲ့တဲ့ ရက်ပိုင်းထဲမှာ လုပ်ခဲ့တာပါ။
အဲဒီအချက်တွေကို ခြုံကြည့်ပြီး မြန်မာနိုင်ငံ သတင်းလွတ်လပ်ခွင့်နဲ့ သတင်းသမားတွေအပေါ် အကာအကွယ်ပေးနိုင်ဖို့ ခဲယဉ်းလာမယ့်အရေးကို တွေးရင်း သူတို့အနေနဲ့ သတင်းမီဒီယာကောင်စီ MPC ကနေ နုတ်ထွက်ကြတာဖြစ်ကြောင်း MPC မှာ တွဲဖက်အတွင်းရေးမှူး(၁)အဖြစ် တာဝန်ယူခဲ့တဲ့ ဦးမြင့်ကျော်က VOA ကို ပြောပါတယ်။
“သတင်းမီဒီယာကောင်စီမှာ အဖွဲ့ဝင် ၂၆ ယောက်ရှိတယ်။ အခုနုတ်ထွက်တာက ၁၅ ယောက် ၊ ကျနော်အပါအဝင် အတွင်းရေးမှူး ဦးကျော်စွာမင်း၊ တွဲဖက်အတွင်းရေးမှူး ကိုသာလွန်ဇောင်းထက်၊ နောက်တခါ ကောင်စီဝင်တွေထဲကဆိုရင် ဦးကျော်မင်းဆွေတို့ ၊ ဦးဇေယျာလှိုင်တို့ နုတ်ထွက်ကြတယ်ပေါ့နော်။ ကျန်နေခဲ့တာကတော့ ယာယီဥက္ကဌ ဒုဥက္ကဌနဲ့ တခြားသော ကောင်စီဝင်တွေ ကျန်ခဲ့တယ်။ ဘာကြောင့် နုတ်ထွက်ရသလဲ ဆိုရင်တော့ ဒီ အာဏာသိမ်းပြီးတဲ့နောက်မှာ သတင်းလွတ်လပ်ခွင့်အတွက်ရော၊ သတင်းသမားတွေရဲ့ လုံခြုံရေးအတွက်ရော ဒီ ကောင်စီက အရင်အနေအထားမျိုး ဘယ်လောက်ထိ ကာကွယ်ပေးနိုင်မလဲဆိုတဲ့အချက် အပေါ်မှာ ရေရာမှု မရှိတော့ဘူးပေါ့လေ ။”
ပြီးခဲ့တဲ့ ၂ ပတ်အတွင်းမှာ သတင်းသမားတွေနဲ့ ပတ်သက်လို့ ဖြစ်ခဲ့တာတွေလည်း ရှိသလို၊ သတင်းလွတ်လပ်ခွင့်နဲ့ သက်ဆိုင်တဲ့ ဥပဒေပြင်ဆင်တာတွေရှိတယ်။ ဆိုတော့ အဲဒီဟာတွေပေါ်မှာ သုံးသပ်ပြီး ကျနော်တို့တော့ အရင်အနေထားမျိုးနဲ့ လွတ်လွတ်လပ်လပ်လုပ်ဖို့ မဖြစ်နိုင်တော့ဘူး ၊ အကာကွယ်ပေးဖို့အတွက်လည်း မလွယ်ကူတော့ဘူး မဖြစ်နိုင်တော့ဘူးလို့ ယူဆလို့ နုတ်ထွက်ကြတာ ဖြစ်ပါတယ်။
အာဏာသိမ်း ပထမနေ့ကနေ ဒီကနေ့အချိန်ထိ သတင်းသမားတွေ ရင်ဆိုင်ခဲ့ရတဲ့ အန္တရာယ်ကိုလည်း ဦးမြင့်ကျော်က ရှင်းပြပါတယ်။
“အာဏာသိမ်း ပထမနေ့မှာပဲ ရဲတပ်ဖွဲ့တို့ လုံခြုံရေးတို့က လုပ်တာမဟုတ်ပဲ တပ်မတော်ကို ထောက်ခံတဲ့ အမျိုးသားရေးအင်အားစုတွေဘက်က သတင်းထောက်တယောက်ကို ရိုက်လိုက်တာရှိတယ်။ နောက်အဖြစ်အပျက်တွေကတော့ ကချင်ပြည်နယ် မြစ်ကြီးနားမှာ ညဖက် ဆန္ဒပြတာဖြစ်ပွားတယ်။ အဲဒီမှာ ရဲတို့ တပ်တို့ဖြိုခွဲတဲ့အချိန်မှာ သတင်းယူပြီး တိုက်ရိုက်ထုတ်လွှင့်နေတဲ့ သတင်းသမား ၅ ယောက်ကိုတည ဖမ်းဆီးထိန်းသိမ်းခဲ့တယ်။ နောက်တော့ ပြန်လွှတ်တယ်။ နောက် မန္တလေးမှာ ဆန္ဒပြလူစုကို ဖြိုခွဲတဲ့အခါ သတင်းသမားတွေကို ပိုပြီး ပစ်မှတ်ထား တိုက်ခိုက်တာတွေရှိတယ်။ သတင်းသမားတယောက် ရိုက်နှက်ခံရတယ်။ အဲလိုကိစ္စတွေက တခုမက ဖြစ်လာတယ်။ ဒီကိစ္စတွေ ဒီထက်မက ဖြစ်လာရင်လည်း သတင်းသမားတွေရဲ့ အခွင့်အရေး သတင်းသမားတွေရဲ့ လုံခြုံရေးအတွက် သတင်းကောင်စီအနေနဲ့ ဆက်သွယ်ဖြေရှင်းပေးဖို့ လုံလောက်တဲ့ အသိမှတ်ပြုမှု မရှိတော့တာကို ကျနော်တို့ တွေ့ရတယ်။ ဒါကလည်း နုတ်ထွက်ဖို့အတွက် စေ့ဆော်တဲ့အကြောင်းတချက်ပေါ့။”
ဖေဖေါ်ဝါရီ ၁၆ ရက် အင်္ဂါနေ့ နေပြည်တော်မှာလုပ်တဲ့ စစ်ကောင်စီရဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်းက - သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ စစ်ကောင်စီက အာမ ခံနိုင်တယ်/ မခံနိုင်ဘူးဆိုတာကို ယတိပြတ် ပြောဆိုသွားတာမျိုးမရှိပဲ သတင်းသမားတွေ အနေနဲ့ ကျင့်ဝတ် စည်းမျည်းဘောင်ထဲ လုပ်ဆောင်ကြဖို့ကိုသာ တိုက်တွန်းသွားပါတယ်။
“ သတင်းမီဒီယာနဲ့ ပတ်သက်လို့က အာမခံခြင်း မခံခြင်းဆိုတာ နံပါတ်(၁)ကတော့ အာမလည်း မခံနိုင်ဘူး ၊ လုပ်ပါမယ်လို့လည်း မပြောဘူး။ မလုပ်ပါဘူးလည်း မပြောဘူး ။ ဥပဒေနဲ့ အညီပဲ ဆောင်ရွက်သ ွားမယ်လို့ပဲ ပြောချင်ပါတယ်။ အဓိကတော့ သတင်းမီဒီယာများ အနေနဲ့ သူ့ရဲ့ကျင့်ဝတ်တွေ စည်းမျည်းစည်းကမ်းတွေ ရှိပြီးဖြစ်တဲ့အခါမှာ အဲဒီ ကျင့်ဝတ်စည်းမျည်းတွေနဲ့အညီ လုပ်ဆောင်မယ်ဆိုရင်တော့ သတင်းမီဒီယာသမားများအတွက် ပိုပြီးကောင်းတယ်လို့ ပြောချင်ပါတယ်။ ကျနော်တို့အနေနဲ့ ဒါနဲ့ပတ်သက်ပြီး သတင်းမီဒီယာသမားများကို ခြိမ်းခြောက်ခြင်း လုပ်နေတာမျိုး မဟုတ်ပါဘူး။”
ဒီသတင်းစာရှင်းလင်းပွဲ မတိုင်ခင်တရက်မှာ မြန်မာနိုင်ငံရဲ့ သတင်းလောက စတုတ္ထမဏ္ဍိုင်ကို အသိအမှတ်ပြုသွားမယ်လို့ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ပြောခဲ့ပါတယ်။
ဒီလို ပြောဆိုမှုတွေ ရှိပေမယ့် လက်တွေမှာတော့ သတင်းရေးသားမှုနဲ့ပတ်သက်လို့ ပြန်ကြားရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန် ကန့်သတ်တာ၊ ပုဒ်မ ၅၀၅ နဲ့ ပတ်သက်လို့ ပြင်ဆင်ချက်လုပ်တာ၊ ဆိုင်ဘာ ဥပဒေမူကြမ်းကို ပြဌာန်းဖို့ ကြိုးပမ်းနေတာတွေဟာ သတင်းလောကအတွက် အကြီးကျယ်ဆုံး ခြိမ်းခြောက်မှုတွေ ဖြစ်တယ်လို့ ဦးမြင့်ကျော်က သုံးသပ်ပါတယ်။
“ ပြန်ကြားရေးဝန်ကြီးဌာနကတဆင့် သတင်းမီဒီယာတွေရော ၊ သတင်းသမား အဖွဲ့အစည်းတွေရော ကောင်စီကိုပါ ပေးပို့တဲ့စာမှာ စကားလုံးသုံးနှုန်းမှုနဲ့ပတ်သက်လို့ " စစ်ကောင်စီ / စစ်အာဏာသိမ်း အစိုးရ " ဒါမျိုးတွေ မသုံးဖို့ ကန့်သတ်ချက်ကိုကြည့်ရင် .. ဒါ ကန့်သတ်မှုတွေရဲ့ ပထမအစခြေလှမ်းလို့ ကျနော်တို့ ယူဆတာပေါ့။ ဥပမာအားဖြင့် ပြောရင် ပုဒ်မ ၅၀၅ (က)(ခ)... ၁၂၄ (က) လိုမျိုးမှာ ဖြည့်စွက်ချက်တွေလုပ်တယ် .. အဲဒါမျိုးကို ကြည့်လိုက်ရင် အခု အနုပညာရှင်တွေ ၊ တက်ကြွလှုပ်ရှားသူတွေကို ဝရမ်းထုတ်သလိုပဲ သတင်းသမားတွေကိုလည်း တချိန်မဟုတ် တချိန်မှာ ဒီဟာမျိုးနဲ့ ဝရမ်းထုတ် ခံရနိုင်တယ်။ ဖမ်းဆီးထောင်ချ ခံရနိုင်တယ်။ နောက်တခုက ဆိုင်ဘာလုံခြုံရေး ဥပဒေကို အလောတကြီး ပြဌာန်းဖို့လုပ်နေတယ်ပေါ့ ။ အဲဒီဟာမျိုးကလည်း သာမန်ပြည်သူလူထုရဲ့ လွတ်လပ်ခွင့်နဲ့ ဆိုင်သလိုပဲ သတင်းသမားတွေရဲ့သတင်းရေးသားမှုကိုလည်း ဒါနဲ့ အမြဲ ခြိမ်းခြောက်နိုင်တယ်။ ဒါနဲ့ အရေးယူနိုင်တယ် ဖမ်းဆီးနိုင်တဲ့ အနေအထားမျိုးတွေ ဖြစ်လာနိုင်တယ်။”
အဖွဲ့ဝင် (၂၆)ယောက်ရှိတဲ့ မီဒီယာကောင်စီ MPC ကို လတ်တလောမှာ ယာယီဥက္ကဌအဖြစ် ဒေါက်တာမျိုးသန့်တင်က တာဝန်ယူထားဆဲဖြစ်ပါတယ်။ MPC ကနေ လောလောဆယ် (၁၅)ဦး နုတ်ထွက်လိုက်ကြပြီး ရှေ့ဆက်ပြီးလည်း နုတ်ထွက်ကြဦးမယ့်သူတွေ ရှိကြောင်း သိရှိရပါတယ်။