သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဆႏၵျပပြဲအတြင္း ပစ္ခတ္ဒဏ္ရာ ကယ္ဆယ္ျပဳစုေရး


လက္လုပ္ဒိုင္းအကာမ်ားနဲ႔ ဆႏၵျပေနၾကတဲ့ ရန္ကုန္က စစ္အာဏာသိမ္းဆန္႔က်င္သူ လူထု။
ဆႏၵျပပြဲအတြင္း ပစ္ခတ္ဒဏ္ရာ ကယ္ဆယ္ျပဳစုေရး
please wait

No media source currently available

0:00 0:07:01 0:00
တိုက္႐ိုက္ လင့္ခ္

ဆႏၵျပျပည္သူေတြကို ျမန္မာစစ္တပ္က ျပင္းျပင္းထန္ထန္ ပစ္ခတ္ၿဖိဳခြင္းတာေၾကာင့္ ေသေက်ေစတဲ့ ဒဏ္ရာေတြရေနခ်ိန္မွာ၊ အေရးေပၚကယ္ဆယ္ ေရွးဦးသူနာျပဳစုႏိုင္ဖို႔ အေရးႀကီးေနၿပီလို႔၊ အေရးေပၚကုသမူဆိုင္ရာ ကၽြမ္းက်င္သူေတြက ဆိုပါတယ္။

အခုလို အေရးေပၚ ကယ္ဆယ္ျပဳစုကုသႏုိင္ဖို႔ လံုၿခံဳေရးဆိုင္ရာ အခ်က္ (၃) ခ်က္ကို သိထားဖို႔လိုပါတယ္။ ဒါေတြကေတာ့ ကိုယ့္ကိုယ္ကိုလံုၿခံဳဖို႔ (Self Safety)၊ လံုၿခံဳတဲ့ေနရာမွာ ခိုလံႈႏိုင္ဖို႔ (Stay Safety) နဲ႔ လူနာအသက္ဆက္ႏုိင္ေအာင္ ျပဳစုေရး လံုၿခံဳစိတ္ခ်ရမူ (Survival Safety) ေတြျဖစ္ပါတယ္။ ကိုယ့္ကိုယ္ကို လံုၿခံဳေရးက ကယ္ဆယ္ေပးမယ့္သူေရာ၊ ျပဳစုကုသမူေပးမယ့္သူအတြက္ပါ ပထမ အေရးႀကီးဆံုးျဖစ္ၿပီး၊ ပစ္ခတ္ေနခ်ိန္မွာ မိမိလြတ္ေနေအာင္ အကာအကြယ္ယူထားဖို႔ လိုအပ္ပါတယ္။ ပစ္ခတ္ေနခ်ိန္ လူနာကိုကယ္ဖို႔ အတင္း ခ်က္ခ်င္းသြားဆြဲမိပါက၊ မိမိပါ ဒဏ္ရာရႏိုင္ၿပီး၊ ဒဏ္ရာရာသူ ပိုတိုးသြားႏိုင္လို႔ပါ။ အေရးႀကီးတာက ပထမ ဒဏ္ရာရသူလဲေနခ်ိန္ လာဆြဲမယ့္သူေတြကို၊ ျပဳံပစ္ထဲ့တာမ်ိဳးလည္း ႀကံဳရႏိုင္တာမို႔၊ အထူးသတိထား လုပ္ေဆာင္သင့္ပါတယ္။ အထူးသျဖင့္ေတာ့ ေခါင္းထိၿပီး မလူပ္ႏိုင္တဲ့လူနာကို ဆြဲရတာက၊ လမ္းေလွ်ာက္ႏိုင္တဲ့လူနာကို ဆြဲရတာထက္ ပိုခက္ခဲပါတယ္။

ဒုတိယအေနနဲ႔ လူနာကို ခိုေအာင္းႏိုင္တဲ့ လံုၿခံဳရာကို ဆြဲယူ၊ သယ္ယူရာမွာ၊ ပစ္ခတ္ေနခ်ိန္ျဖစ္ပါက ဆႏၵျပပြဲထဲအနားက သူေတြအေနနဲ႔ က်ည္ကြယ္ မ်က္ကြယ္ရေအာင္ အရင္ယူၿပီးမွ ဆြဲသယ္သင့္ပါတယ္။ က်ည္ကြယ္မ်က္ကြယ္ရေအာင္ ေဘးနားကပ္ေနတဲ့ လူေတြကိုလည္း အကူအညီေတာင္းၿပီး၊ အကာအရံယူေရး အစီအစဥ္ပါဆြဲကာ စိတ္ခ်ရတဲေနရာကို ဝိုင္းဆြဲေရႊ.သင့္ပါတယ္။ အကာအရံယူရာမွာ၊ က်ည္ဆံအစစ္မဟုတ္ဘဲ၊ ရာဘာက်ည္ဆံနဲ႔ အျခားပစ္ခတ္မူေတြအတြက္ အကာအရံဒိုင္းေတြကို သံုးႏိုင္ပါတယ္။ လူနာဆြဲရာမွာလည္း ပံုမွန္လူနာတင္ကပ္မရွိလွ်င္၊ ရွိတာနဲ ႔ျဖစ္ေအာင္လုပ္ဖို႔လိုရာမွာ၊ ပုဆိုးအလ်ားလိုက္အေပၚတင္ၿပီး၊ ပုဆိုးေဒါင့္စြန္းေတြမွာ လိပ္ၿပီးေခါက္ယူကာ၊ လက္နဲ႔ဆြဲကိုင္ထားႏုိင္တဲ့ အေနအထားမ်ိဳးရေအာင္ ျပင္ဆင္ၿပီးဆြဲယူႏိုင္ပါတယ္။ အခုလို ထမ္းစဥ္သေဘာလည္းျဖစ္ေအာင္ ပုဆိုးအျပင္၊ အျခားအဝတ္စ၊ လိုက္ကာစ၊ နီးစပ္ရာ ေကာ္ထိုင္ခံုေပၚပါ တင္ၿပီး ဆြဲသယ္ယူႏုိင္ပါတယ္။ ခိုေအာင္းႏိုင္တဲ့ေနရာ ေရာက္ခါနီးမွာ ေသြးတိတ္ေအာင္လည္း စၿပီးစီမံႏိုင္ပါတယ္။

ေနာက္ဆံုးမွာေတာ့ လူနာအသက္ဆက္ႏိုင္ေရး ေရွးဦးသူနာျပဳစုရာမွာ ေသြးထြက္မလြန္ေအာင္ ထိန္းေပးဖို႔ လံုၿခံဳစိတ္ခ်ရတဲ့ေနရာ ရဖို႔လိုပါတယ္။ ဒီျပဳစုကုသမူေပးတဲ့ေနရာကလည္း ပစ္ခတ္ေနတဲ့ေနရာနဲ႔ မနီးလြန္း၊ မေဝးလြန္း ေနရာမွာ ယူရေလ့ရွိပါတယ္။ မ်ားေသာအားျဖင့္ ပစ္ခတ္ေနတဲ့ အနီေရာင္ဇံုအျပင္ဘက္၊ ေခတၱခုိလံူႏုိင္တဲ့ အဝါေရာင္ဇံုနဲ႔ စိတ္ခ်ရတဲ့ အစိမ္းေရာင္ဇံုအၾကားမွာ ယူရေလ့ရွိပါတယ္။ ဒီျပဳစုကုသေပးတဲ့ေနရာက၊ လိုအပ္လွ်င္ ခ်က္ခ်င္း ေဆးရံုကားေပၚတင္ေပးဖို႔၊ လမ္းေၾကာင္း ထြက္ေပါက္ရွိတဲ့ ေနရာေကာင္းလည္းျဖစ္ဖို႔ အေရးႀကီးပါတယ္။

ရင္ဘတ္ဒဏ္ရာအတြက္ ေသြးထြက္မလြန္ေအာင္ က်ပ္စည္းရာမွာ ပတ္တီး (သို႔မဟုတ္) အဝတ္နဲ႔ ဖိၿပီး၊ ဘက္အားလံုးအျပည့္မစည္းဘဲ၊ (၃) ဘက္ ပိတ္၊ တစ္ဘက္ဖြင့္ ပတ္တီးစီးမူမ်ိဳး (Three-way Dressing/ Three-sided Dressing) လုပ္ေပးဖို႔ လိုပါတယ္။ အဆုပ္အတြက္ ေလဝင္ေလထြက္ရွိေအာင္နဲ႔၊ ေသြးေတြနဲ႔ မပိတ္မိေအာင္ ေသြးဖယ္ထုတ္ေရး လုပ္ေပးႏုိင္ဖို႔ တစ္ဘက္ကို ဖြင့္ထားၿပီး၊ ဖြင့္ထားတဲ့ဘက္ကိုလည္း တင္းေနေအာင္ စည္းမထားရပါဘူး။ ဝမ္းဗိုက္ဒဏ္ရာအတြက္ကေတာ့ ပတ္တီးထူေတြနဲ႔ ၾကပ္ၿပီးတင္းေနေအာင္ အားထည့္ဖိကပ္ၿပီးစည္းကာ ေသြးထိန္းေပးႏိုင္ပါတယ္။ ေျခလက္ဒဏ္ရာေတြအတြက္လည္း ပံုမွန္က်ပ္စည္းေပးၿပီး၊ ဒဏ္ရာအေပၚဘက္နားမွာ ေသြးထိန္းႀကိဳးကို တင္းတင္းေလး စည္းေပးကာ၊ စစည္းတဲ့ အခ်ိန္ကိုေတာ့ မွတ္သားထားဖို႔ လိုပါတယ္။

ဒီအေၾကာင္း ပိုမိုသိရိွႏိုင္ေအာင္ ကိုဝင္းမင္း က လက္ရိွ ဆႏၵျပပြဲထဲမွာ ကိုယ္တိုင္ပါဝင္ ကယ္ဆယ္ျပဳစုကုသေပးေနတဲ့၊ အမည္မေဖာ္လိုသူ အေရးေပၚထိခိုက္ဒဏ္ရာအထူးကု ကို ဆက္သြယ္ေမးထားပါတယ္။

==Unicode==

ဆန္ဒပြပြည်သူတွေကို မြန်မာစစ်တပ်က ပြင်းပြင်းထန်ထန် ပစ်ခတ်ဖြိုခွင်းတာကြောင့် သေကျေစေတဲ့ ဒဏ်ရာတွေရနေချိန်မှာ၊ အရေးပေါ်ကယ်ဆယ် ရှေးဦးသူနာပြုစုနိုင်ဖို့ အရေးကြီးနေပြီလို့၊ အရေးပေါ်ကုသမူဆိုင်ရာ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

အခုလို အရေးပေါ် ကယ်ဆယ်ပြုစုကုသနိုင်ဖို့ လုံခြုံရေးဆိုင်ရာ အချက် (၃) ချက်ကို သိထားဖို့လိုပါတယ်။ ဒါတွေကတော့ ကိုယ့်ကိုယ်ကိုလုံခြုံဖို့ (Self Safety)၊ လုံခြုံတဲ့နေရာမှာ ခိုလှုံနိုင်ဖို့ (Stay Safety) နဲ့ Survival Safety (လူနာအသက်ဆက်နိုင်အောင် ပြုစုရေး လုံခြုံစိတ်ချရမူ) တွေဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို လုံခြုံရေးက ကယ်ဆယ်ပေးမယ့်သူရော၊ ပြုစုကုသမူပေးမယ့်သူအတွက်ပါ ပထမ အရေးကြီးဆုံးဖြစ်ပြီး၊ ပစ်ခတ်နေချိန်မှာ မိမိလွတ်နေအောင် အကာအကွယ်ယူထားဖို့ လိုအပ်ပါတယ်။ ပစ်ခတ်နေချိန် လူနာကိုကယ်ဖို့ အတင်း ချက်ချင်းသွားဆွဲမိပါက၊ မိမိပါ ဒဏ်ရာရနိုင်ပြီး၊ ဒဏ်ရာရာသူ ပိုတိုးသွားနိုင်လို့ပါ။ အရေးကြီးတာက ပထမ ဒဏ်ရာရသူလဲနေချိန် လာဆွဲမယ့်သူတွေကို၊ ပြုံပစ်ထဲ့တာမျိုးလည်း ကြုံရနိုင်တာမို့၊ အထူးသတိထား လုပ်ဆောင်သင့်ပါတယ်။ အထူးသဖြင့်တော့ ခေါင်းထိပြီး မလူပ်နိုင်တဲ့လူနာကို ဆွဲရတာက၊ လမ်းလျှောက်နိုင်တဲ့လူနာကို ဆွဲရတာထက် ပိုခက်ခဲပါတယ်။

ဒုတိယအနေနဲ့ လူနာကို ခိုအောင်းနိုင်တဲ့ လုံခြုံရာကို ဆွဲယူ၊ သယ်ယူရာမှာ၊ ပစ်ခတ်နေချိန်ဖြစ်ပါက ဆန္ဒပြပွဲထဲအနားက သူတွေအနေနဲ့ ကျည်ကွယ် မျက်ကွယ်ရအောင် အရင်ယူပြီးမှ ဆွဲသယ်သင့်ပါတယ်။ ကျည်ကွယ်မျက်ကွယ်ရအောင် ဘေးနားကပ်နေတဲ့ လူတွေကိုလည်း အကူအညီတောင်းပြီး၊ အကာအရံယူရေး အစီအစဉ်ပါဆွဲကာ စိတ်ချရတဲနေရာကို ဝိုင်းဆွဲရွှေ.သင့်ပါတယ်။ အကာအရံယူရာမှာ၊ ကျည်ဆံအစစ်မဟုတ်ဘဲ၊ ရာဘာကျည်ဆံနဲ့ အခြားပစ်ခတ်မူတွေအတွက် အကာအရံဒိုင်းတွေကို သုံးနိုင်ပါတယ်။ လူနာဆွဲရာမှာလည်း ပုံမှန်လူနာတင်ကပ်မရှိလျှင်၊ ရှိတာနဲ့ဖြစ်အောင်လုပ်ဖို့လိုရာမှာ၊ ပုဆိုးအလျားလိုက်အပေါ်တင်ပြီး၊ ပုဆိုးဒေါင့်စွန်းတွေမှာ လိပ်ပြီးခေါက်ယူကာ၊ လက်နဲ့ဆွဲကိုင်ထားနိုင်တဲ့ အနေအထားမျိုးရအောင် ပြင်ဆင်ပြီးဆွဲယူနိုင်ပါတယ်။ အခုလို ထမ်းစဉ်သဘောလည်းဖြစ်အောင် ပုဆိုးအပြင်၊ အခြားအဝတ်စ၊ လိုက်ကာစ၊ နီးစပ်ရာ ကော်ထိုင်ခုံပေါ်ပါ တင်ပြီး ဆွဲသယ်ယူနိုင်ပါတယ်။ ခိုအောင်းနိုင်တဲ့နေရာ ရောက်ခါနီးမှာ သွေးတိတ်အောင်လည်း စပြီးစီမံနိုင်ပါတယ်။

နောက်ဆုံးမှာတော့ လူနာအသက်ဆက်နိုင်ရေး ရှေးဦးသူနာပြုစုရာမှာ သွေးထွက်မလွန်အောင် ထိန်းပေးဖို့ လုံခြုံစိတ်ချရတဲ့နေရာ ရဖို့လိုပါတယ်။ ဒီပြုစုကုသမူပေးတဲ့နေရာကလည်း ပစ်ခတ်နေတဲ့နေရာနဲ့ မနီးလွန်း၊ မဝေးလွန်း နေရာမှာ ယူရလေ့ရှိပါတယ်။ များသောအားဖြင့် ပစ်ခတ်နေတဲ့ အနီရောင်ဇုံအပြင်ဘက်၊ ခေတ္တခိုလူံနိုင်တဲ့ အဝါရောင်ဇုံနဲ့ စိတ်ချရတဲ့ အစိမ်းရောင်ဇုံအကြားမှာ ယူရလေ့ရှိပါတယ်။ ဒီပြုစုကုသပေးတဲ့နေရာက၊ လိုအပ်လျှင် ချက်ချင်း ဆေးရုံကားပေါ်တင်ပေးဖို့၊ လမ်းကြောင်း ထွက်ပေါက်ရှိတဲ့ နေရာကောင်းလည်းဖြစ်ဖို့ အရေးကြီးပါတယ်။

ရင်ဘတ်ဒဏ်ရာအတွက် သွေးထွက်မလွန်အောင် ကျပ်စည်းရာမှာ ပတ်တီး (သို့မဟုတ်) အဝတ်နဲ့ ဖိပြီး၊ ဘက်အားလုံးအပြည့်မစည်းဘဲ၊ (၃) ဘက် ပိတ်၊ တစ်ဘက်ဖွင့် ပတ်တီးစီးမူမျိုး (Three-way Dressing/ Three-sided Dressing) လုပ်ပေးဖို့ လိုပါတယ်။ အဆုပ်အတွက် လေဝင်လေထွက်ရှိအောင်နဲ့၊ သွေးတွေနဲ့ မပိတ်မိအောင် သွေးဖယ်ထုတ်ရေး လုပ်ပေးနိုင်ဖို့ တစ်ဘက်ကို ဖွင့်ထားပြီး၊ ဖွင့်ထားတဲ့ဘက်ကိုလည်း တင်းနေအောင် စည်းမထားရပါဘူး။ ဝမ်းဗိုက်ဒဏ်ရာအတွက်ကတော့ ပတ်တီးထူတွေနဲ့ ကြပ်ပြီးတင်းနေအောင် အားထည့်ဖိကပ်ပြီးစည်းကာ သွေးထိန်းပေးနိုင်ပါတယ်။ ခြေလက်ဒဏ်ရာတွေအတွက်လည်း ပုံမှန်ကျပ်စည်းပေးပြီး၊ ဒဏ်ရာအပေါ်ဘက်နားမှာ သွေးထိန်းကြိုးကို တင်းတင်းလေး စည်းပေးကာ၊ စစည်းတဲ့ အချိန်ကိုတော့ မှတ်သားထားဖို့ လိုပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနိုင်အောင် ကိုဝင်းမင်း က လက်ရှိ ဆန္ဒပြပွဲထဲမှာ ကိုယ်တိုင်ပါဝင် ကယ်ဆယ်ပြုစုကုသပေးနေတဲ့၊ အမည်မဖော်လိုသူ အရေးပေါ်ထိခိုက်ဒဏ်ရာအထူးကု ကို ဆက်သွယ်မေးထားပါတယ်။

XS
SM
MD
LG