သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဆႏၵျပပြဲ ေသနတ္ဒဏ္ရာ အေရးေပၚျပဳစုျခင္း


A protester holds onto the shirt of a fallen comrade, during a crackdown by security forces on demonstrations against the military coup, in Hlaing Tharyar township in Yangon on March 14, 2021. (Photo by STR / AFP)
ဆႏၵျပပြဲ ေသနတ္ဒဏ္ရာ အေရးေပၚျပဳစုျခင္း
please wait

No media source currently available

0:00 0:07:00 0:00
တိုက္႐ိုက္ လင့္ခ္

ဆႏၵျပပြဲတြင္း ျမန္မာလုံၿခဳံေရးအဖြဲ႔ေတြက ေသနတ္နဲ႔ပစ္ၿဖိဳခြင္းတာေၾကာင့္၊ အသက္အႏၲရာယ္ရွိတဲ့ ဒဏ္ရာေတြအတြက္၊ အေရးေပၚကယ္တင္ျပဳစုမူ အဆင့္ဆင့္ရွိတယ္လို႔၊ အေရးေပၚေဆးပညာကြၽမ္းက်င္သူေတြက ဆိုပါတယ္။

အသက္အႏၲရာယ္စိုးရိမ္ရတဲ့ လူနာေတြ လုံၿခဳံတဲ့ေနရာ ေရာက္လာၿပီးလွ်င္၊ လူနာသတိရမရ စၾကည့္တာကစၿပီး၊ ABCDE ဆိုတဲ့ အေရးေပၚျပဳစုကုသမူ အဆင့္ဆင့္ပါတယ္။ လူနာသတိရ၊မရအတြက္ေတာ့ ပုံမွန္ေမးၾကည့္၊ ေခၚၾကည့္လွ်င္ သိသာပါတယ္။ ပုံမွန္ေမးတာ၊ ေခၚတာနဲ႔ မလူပ္လွ်င္၊ မတုံ႔ျပန္လွ်င္ေတာ့၊ လူနာကို နည္းနည္းနာေအာင္လုပ္ျခင္း (ဥပမာ ရင္ၫြန႔္ကို လက္နဲ႔ဖိၿပီးႏႈိးၾကည့္ျခင္း) ျဖင့္၊ ေတာ္႐ုံသတိမရသူအေနနဲ႔ ျပန္ၿပီးတုံ႔ျပန္လာႏိုင္ပါတယ္။ လူနာ သတိရေနလွ်င္ေတာ့၊ ပထမဆုံး (A) ျဖစ္တဲ့ Airway အသက္႐ူလမ္းေၾကာင္း ပြင့္ မပြင့္ စၾကည့္ဖို႔လိုပါတယ္။ လူနာစကားေျပာေနႏိုင္လွ်င္ အသက္႐ူလမ္းေၾကာင္းလည္း အလိုလိုပြင့္ေနၿပီးသားပါ။ အသက္႐ူလမ္းေၾကာင္း ပိတ္ေနလွ်င္ေတာ့၊ ေဟာက္ေနသူလိုမ်ိဳး ဂလုဂလု ျမည္ေနႏိုင္ပါတယ္။ သတိေမ့ေနတဲ့ လူနာေတြမွာလည္း အသက္႐ူလမ္းေၾကာင္း ပိတ္ေနႏိုင္ပါတယ္။ ပါးစပ္ထဲမွာ ေသြးေတြ၊ ကြမ္းဖတ္ေတြနဲ႔ အခြၽဲေတြေၾကာင့္ ပိတ္ႏိုင္တာမို႔၊ ဒါေတြကို ဖယ္ထုတ္ေပးသင့္ပါတယ္၊ ပါးစပ္ဟၿပီး လက္နဲ႔ႏႈိက္ ဖယ္ထုတ္ေပးႏိုင္ပါတယ္။ အသက္႐ူလမ္းေၾကာင္း မေကာင္းသူကို သယ္ေဆာင္ရာမွာလည္း၊ လူနာကို တေစာင္းထား (ေဘးကိုေစာင္းထားၿပီး) သယ္သင့္ပါတယ္။ ပက္လက္သယ္လွ်င္ လွ်ာျပန္ေခါက္ၿပီး အသက္႐ူလမ္းေၾကာင္း ျပန္ပိတ္သြားႏိုင္လို႔ပါ။ ေဘးေစာင္းထားလွ်င္ေတာ့ အသက္႐ူလမ္းေၾကာင္းကို ပိုပြင့္ေစႏိုင္ပါတယ္။

အသက္႐ူလမ္းေၾကာင္းပြင့္ မပြင့္ ၾကည့္တာနဲ႔ တၿပိဳင္နက္တည္း လုပ္သင့္တာက၊ လည္ပင္း႐ိုး ေျဖာင့္ေနေအာင္ပါ။ ဒဏ္ရာအမ်ားအျပားမွာ လည္ပင္း႐ိုး ဒဏ္ရာရႏိုင္တာေၾကာင့္ လည္ပင္းေဘးကို ေစာင္းမသြားဖို႔ လိုပါတယ္။ ေခါင္းရဲ႕ နား႐ြက္ ေဘးႏွစ္ဘက္မွာ၊ ရႏိုင္တဲ့ပစၥည္း (ဥပမာ အုတ္နီခဲ) နဲ႔ ခုၿပီး လည္ပင္း မေစာင္းသြားဘဲ တည့္ေနေအာင္ ထိန္းေပးထားႏိုင္ပါတယ္။ လူနာကိုေ႐ြ.ရာမွာလည္း ေခါင္းရဲ႕ နား႐ြက္ေဘး ႏွစ္ဘက္ကို လက္ဖ်ံႏွစ္ဖက္ၾကား ထည့္ထိန္းေပးၿပီး လည္ပင္းမလူပ္ေအာင္ထားကာ၊ ပခုံးအရင္းေနရာကေန၊ လက္မႏွစ္ခုကို နံ႐ိုးေပၚထားၿပီး၊ က်န္လက္ေခ်ာင္း ေလးေခ်ာင္းစီကို ေနာက္ေက်ာမွာထားကာ၊ လူနာအေပၚပိုင္းကို မသယ္သင့္ပါတယ္။ ကားေပၚေရာက္သြားလွ်င္လည္း၊ ေခါင္းေဘး ႏွစ္ဘက္ကို အလားတူ တစ္ခုခုနဲ႔ (ဥပမာ အုတ္နီခဲ ဆက္ထားၿပီး) မေစာင္းေအာင္ ထိန္းထားေပးသင့္ပါတယ္။

ေနာက္ (B) ျဖစ္တဲ့ Breathing လူနာ အသက္႐ူ မ႐ူကို ဒုတိယအဆင့္အျဖစ္ ၾကည့္႐ူစစ္ေဆးပါတယ္။ ရင္ဘတ္ကို လွန္ထားၿပီး ရင္ဘတ္နိမ့္လိုက္ ျမင့္လိုက္ျဖစ္ေနလွ်င္ အသက္႐ူေနတာ ေသခ်ာေစပါတယ္။ အသက္မ႐ူပါက အထက္ပါ အသက္႐ူလမ္းေၾကာင္း ဖြင့္ေပးျခင္းျဖင့္လည္း အသက္ျပန္ ရွဴေစႏိုင္ပါတယ္။ တစ္မိနစ္အတြင္း ရွဴတဲ့အႀကိမ္ (၁၀) ႀကိမ္ေအာက္ (သို႔မဟုတ္) (၂၉) ႀကိမ္အထက္ ျဖစ္ေနလွ်င္ေတာ့ အေရးေပၚအေျခအေန ျဖစ္ပါတယ္။ အသက္ေကာင္းေကာင္းမ႐ွဴပါက၊ ေအာက္ဆီဂ်င္ပိုက္ရွိလွ်င္ ေအာက္ဆီဂ်င္ ေပးထားသင့္ပါတယ္။ ဒါ့အျပင္ အသက္႐ူရာမွာ ရင္ဘတ္ ႏွစ္ဘက္လုံးမွာ၊ ရင္ဘတ္အနိမ့္အျမင့္ ညီတူျဖစ္ မျဖစ္ကိုလည္း အေသအခ်ာၾကည့္ဖို႔ အေရးႀကီးပါတယ္။ အေၾကာင္းက ရင္ဘတ္ ေသနပ္ဒဏ္ရာ ရထားလွ်င္ အဆုပ္တစ္ဘက္မွာ ေသြးထြက္ၿပီး၊ အလုပ္မလုပ္ေတာ့ကာ၊ အဲ့ဒိဘက္မွာ ရင္ဘတ္အနိမ့္အျမင့္ မရွိႏိုင္ေတာ့လို႔ပါ။ အခုလို အဆုပ္ထဲ ေသြးဝင္ဒဏ္ရာ ရထားလွ်င္ေတာ့၊ အရင္တစ္ပတ္ေျပာခဲ့သလို ရင္ဘတ္ သုံးဘက္ကို ပတ္တီးစည္းေပးၿပီး (Three-way Dressing/ Three-sided Dressing)၊ ေလအဝင္အထြက္ရွိေအာင္ တစ္ဘက္ကို ဖြင့္ထားေပးသင့္ပါတယ္။

ေနာက္ဆုံး C ျဖစ္တဲ့ Circulation ေသြးစီးဆင္း လည္ပတ္မူ ေကာင္းမေကာင္း စစ္တာအတြက္ ေသြးေပါင္ခ်ိန္တိုင္းစက္ ေျမျပင္မွာ သုံးဖို႔မလြယ္တာမို႔ လက္ေကာက္ဝတ္ ေသြးခုန္ႏႈန္းနဲ႔ လည္ပင္းေဘး တစ္ဘက္တစ္ခ်က္ ေသြးခုန္ႏႈန္းေတြကို စမ္းတတ္လွ်င္ စမ္းေပးသင့္ပါတယ္။ ဒီေသြးခုန္ႏႈန္းက တစ္မိနစ္မွာ (၁၂၀) အထက္ အမ်ားႀကီး ေက်ာ္သြားလွ်င္ေတာ့ အေရးေပၚအဆင့္ ျဖစ္ပါတယ္။ ဒီေနရာမွာ ေသြးခုန္ႏႈန္း မစမ္းတတ္လွ်င္ေတာ့ ရင္ၫႊန႔္႐ိုး အလယ္တည့္တည့္ကို လမ္မႏွင့္ဖိၿပီး ၃ စကၠန႔္ၾကာေအာင္ (တစ္ေထာင့္တစ္၊ တစ္ေထာင့္ႏွစ္၊ တစ္ေထာင့္သုံး႐ြတ္ကာ) ျပန္လႊတ္လိုက္ခ်ိန္ အရင္ေသြး ေဖ်ာ့သြားတဲ့ေနရာေတြမွာ ေသြးျပန္နီျမန္းလာလွ်င္ေတာ့၊ လူနာေသြးလွည့္ပတ္မူ ေကာင္းေနတာ သိႏိုင္ပါတယ္။ အကယ္၍ (၃) စကၠန႔္ေက်ာ္ (၄) စကၠန႔္၊ (၅) စကၠန႔္ၾကာ ဖိထားၿပီး ျပန္လႊတ္ခ်ိန္မွာမွ၊ တျဖည္းျဖည္းသာ ေသြးျပန္နီလာလွ်င္ေတာ့၊ ေသြးလွည့္ပတ္မူ မေကာင္းတဲ့အေျခအေန ေရွာ့ခ္ သတိလစ္တာ (Shock) ျဖစ္တဲ့ အေရးေပၚအဆင့္ ျဖစ္ႏိုင္ပါတယ္။ ေနာက္အဆင့္ေတြျဖစ္တဲ့ D နဲ႔ E ကေတာ့ အျပင္လူေတြ မလုပ္ႏိုင္ဘဲ၊ ဆရာဝန္သာ လုပ္ႏိုင္မွာ ျဖစ္ပါတယ္။

ဒါေပမဲ့ C (Circulation) ေသြးလွည့္ပတ္မူအဆင့္မွာပဲ၊ ေသေလာက္ေအာင္ ေသြးထြက္မူ ရွိ မရွိကိုလည္း စစ္ေဆးဖို႔ အေရးႀကီးပါတယ္။ ေသြးထြက္တဲ့ေနရာကို ေတြ႔ေအာင္ အဝတ္အစားေတြကို ဖယ္ရွားၿပီး၊ အေသအခ်ာ ရွာသင့္ပါတယ္။ ေဘာင္းဘီေအာက္ ေသြးထြက္ေနလွ်င္လည္း ေဘာင္းဘီကို ဆြဆုတ္ပစ္၊ ခြၽတ္ပစ္သင့္ပါတယ္။ ခႏၲာကိုယ္ ေနာက္ေက်ာဖက္မွာလည္း ဒဏ္ရာရွိ မရွိ စစ္ၾကည့္သင့္ပါတယ္။ ဒဏ္ရာက လည္ပင္းမွာ ျဖစ္ေနလွ်င္ေတာ့၊ ပတ္တီးကို ျဖစ္တဲ့ဘက္မွာ ဖိအားေပးစည္းၿပီး၊ ဒဏ္ရာမရွိတဲ့ဘက္ကို ေျဖေလ်ာ့ေပးထားသင့္ပါတယ္၊ အေၾကာင္းက လည္ပင္းညႇစ္ထားသလိုျဖစ္ၿပီး၊ ဦးေႏွာက္ကို ေသြးမစီးတာျဖစ္ကာ ေသဆုံးသြားေစႏိုင္လို႔ပါ။ ရွင္းေအာင္ကေတာ့၊ ဒဏ္ရာရတဲ့ လည္ပင္းတစ္ဘက္ကိုပဲ ပတ္တီးၾကားခံကာ လက္နဲ႔ဖိထားေပးၿပီး၊ ေသြးထိန္းေပးထားႏိုင္ပါတယ္။

ေနာက္တစ္ခုကေတာ့ ေျခေတြလက္ေတြကို ေသနတ္ထိလွ်င္၊ ေသြးထြက္တာအျပင္ အ႐ိုးပါက်ိဳးသြားေလ့ ရွိပါတယ္။ ဒါေၾကာင့္ ေသြးထြက္တဲ့ေနရာကို ပတ္တီးနဲ႔ ဖိၿပီးတင္းေအာင္ ပတ္စည္းကာ၊ ဒဏ္ရာအေပၚနားမွာလည္း ေသြးထိန္းႀကိဳး (ျဖစ္ႏိုင္လွ်င္ တင္းေစႏိုင္တဲ့ စက္ဘီးရာဘာကြၽတ္၊ သားရည္ႀကိဳးကြင္းမ်ိဳး) နဲ႔ ပတ္တီး (သို႔မဟုတ္) အဝတ္ေအာက္ကခံၿပီး၊ တင္းေအာင္စည္းေပးသင့္ (ေလ်ာ့ေနလွ်င္ ေသြးပိုထြက္ႏိုင္တာမို႔ သတိထားေစာင့္ၾကည့္ၿပီး၊ လိုအပ္လွ်င္ တင္းေအာင္ျပန္စည္းသင့္) ကာ၊ က်ိဳးထားတဲ့အ႐ိုး မလႈပ္သြားေအာင္လည္း၊ ဝါးျခမ္းျပားလို မာတာမ်ိဳးနဲ႔ ဒဏ္ရာေအာက္ဘက္ကခံၿပီး၊ မလႈပ္ႏိုင္ေအာင္ ၾကပ္စည္းေပးထားသင့္ပါတယ္။ ေသြးတိတ္ႀကိဳး စစည္းတဲ့အခ်ိန္ကိုေတာ့ မွတ္သားထားၿပီး၊ လူနာနဲ႔အတူ စာ (သို႔မဟုတ္) စကားနဲ႔ မွာလိုက္သင့္ပါတယ္၊ အေၾကာင္းက (၃) နာရီေက်ာ္ စည္းထားမိလွ်င္ မေကာင္းတဲ့ဓာတ္ေတြ ထြက္လာႏိုင္ၿပီး၊ ပတ္တီးျပန္ဖြင့္ခ်ိန္မွာ ေသြးထဲကိုဝင္လာကာ လူနာအသက္ဆုံးသြားႏိုင္လို႔ပါ။

ဒါ့အျပင္ အခုဆႏၵျပပြဲအတြင္း ရတဲ့ေသနတ္ဒဏ္ရာေတြမွာ၊ တင္ပါဆုံကို ထိတာေတြ ေတြ႕လာရတာအတြက္လည္း အထူးသတိျပဳ ကိုင္တြယ္သင့္ပါတယ္။ ဒီဒဏ္ရာမွာ တင္ပါဆုံး႐ိုးက်ိဳးၿပီး ေသြးထြက္မ်ားကာ၊ အတြင္း အနီးနားက အေရးပါတဲ့ အဂၤါေတြကို ထိခိုက္သြားႏိုင္ပါတယ္။ ဒါေၾကာင့္ တင္ပါဆုံ႐ိုး မလႈပ္ေစႏိုင္ဖို႔အတြက္၊ ဝမ္းဗိုက္ခါးေနရာေလာက္ ေဘးႏွစ္ဘက္မွာ ေငါထြက္ေနၿပီး စမ္းရလြယ္တဲ့ တင္ပါဆုံအ႐ိုးဆစ္မာေနရာ (ASIS – Anterior Superior Iliac Spine) အေပၚကေန၊ ေပါင္အလယ္နားအထိရွည္တဲ့ တင္ပါဆုံသိုင္းထိန္းကြင္း (Pelvic Binder) မ်ိဳးျဖစ္ေအာင္၊ ပုဆိုးကိုသုံး ထိန္းေပးၿပီး၊ လူႏွစ္ဦးအေနနဲ႔ ဒီလူနာကို ဆြဲသယ္ေပးသင့္ပါတယ္။

ဒီအေၾကာင္းပိုမုိိသိရိွနားလည္းေအာင္ ကိုဝင္းမင္း က ဆႏၵျပပြဲထဲမွာ ကိုယ္တိုင္ပါဝင္ကယ္ဆယ္ ကုသေပးေနတဲ့၊ အမည္မေဖာ္လိုသူ အေရးေပၚ ထိခိုက္ဒဏ္ရာ အထူးကုဆရာဝန္ႀကီးကို ဆက္သြယ္ေမးထားပါတယ္။

==Unicode==

ဆန္ဒပြပွဲတွင်း မြန်မာလုံခြုံရေးအဖွဲ့တွေက သေနတ်နဲ့ပစ်ဖြိုခွင်းတာကြောင့်၊ အသက်အန္တရာယ်ရှိတဲ့ ဒဏ်ရာတွေအတွက်၊ အရေးပေါ်ကယ်တင်ပြုစုမူ အဆင့်ဆင့်ရှိတယ်လို့၊ အရေးပေါ်ဆေးပညာကျွမ်းကျင်သူတွေက ဆိုပါတယ်။

အသက်အန္တရာယ်စိုးရိမ်ရတဲ့ လူနာတွေ လုံခြုံတဲ့နေရာ ရောက်လာပြီးလျှင်၊ လူနာသတိရမရ စကြည့်တာကစပြီး၊ ABCDE ဆိုတဲ့ အရေးပေါ်ပြုစုကုသမူ အဆင့်ဆင့်ပါတယ်။ လူနာသတိရ၊မရအတွက်တော့ ပုံမှန်မေးကြည့်၊ ခေါ်ကြည့်လျှင် သိသာပါတယ်။ ပုံမှန်မေးတာ၊ ခေါ်တာနဲ့ မလူပ်လျှင်၊ မတုံ့ပြန်လျှင်တော့၊ လူနာကို နည်းနည်းနာအောင်လုပ်ခြင်း (ဥပမာ ရင်ညွန့်ကို လက်နဲ့ဖိပြီးနှိုးကြည့်ခြင်း) ဖြင့်၊ တော်ရုံသတိမရသူအနေနဲ့ ပြန်ပြီးတုံ့ပြန်လာနိုင်ပါတယ်။ လူနာ သတိရနေလျှင်တော့၊ ပထမဆုံး (A) ဖြစ်တဲ့ Airway အသက်ရူလမ်းကြောင်း ပွင့် မပွင့် စကြည့်ဖို့လိုပါတယ်။ လူနာစကားပြောနေနိုင်လျှင် အသက်ရူလမ်းကြောင်းလည်း အလိုလိုပွင့်နေပြီးသားပါ။ အသက်ရူလမ်းကြောင်း ပိတ်နေလျှင်တော့၊ ဟောက်နေသူလိုမျိုး ဂလုဂလု မြည်နေနိုင်ပါတယ်။ သတိမေ့နေတဲ့ လူနာတွေမှာလည်း အသက်ရူလမ်းကြောင်း ပိတ်နေနိုင်ပါတယ်။ ပါးစပ်ထဲမှာ သွေးတွေ၊ ကွမ်းဖတ်တွေနဲ့ အချွဲတွေကြောင့် ပိတ်နိုင်တာမို့၊ ဒါတွေကို ဖယ်ထုတ်ပေးသင့်ပါတယ်၊ ပါးစပ်ဟပြီး လက်နဲ့နှိုက် ဖယ်ထုတ်ပေးနိုင်ပါတယ်။ အသက်ရူလမ်းကြောင်း မကောင်းသူကို သယ်ဆောင်ရာမှာလည်း၊ လူနာကို တစောင်းထား (ဘေးကိုစောင်းထားပြီး) သယ်သင့်ပါတယ်။ ပက်လက်သယ်လျှင် လျှာပြန်ခေါက်ပြီး အသက်ရူလမ်းကြောင်း ပြန်ပိတ်သွားနိုင်လို့ပါ။ ဘေးစောင်းထားလျှင်တော့ အသက်ရူလမ်းကြောင်းကို ပိုပွင့်စေနိုင်ပါတယ်။

အသက်ရူလမ်းကြောင်းပွင့် မပွင့် ကြည့်တာနဲ့ တပြိုင်နက်တည်း လုပ်သင့်တာက၊ လည်ပင်းရိုး ဖြောင့်နေအောင်ပါ။ ဒဏ်ရာအများအပြားမှာ လည်ပင်းရိုး ဒဏ်ရာရနိုင်တာကြောင့် လည်ပင်းဘေးကို စောင်းမသွားဖို့ လိုပါတယ်။ ခေါင်းရဲ့ နားရွက် ဘေးနှစ်ဘက်မှာ၊ ရနိုင်တဲ့ပစ္စည်း (ဥပမာ အုတ်နီခဲ) နဲ့ ခုပြီး လည်ပင်း မစောင်းသွားဘဲ တည့်နေအောင် ထိန်းပေးထားနိုင်ပါတယ်။ လူနာကိုရွေ.ရာမှာလည်း ခေါင်းရဲ့ နားရွက်ဘေး နှစ်ဘက်ကို လက်ဖျံနှစ်ဖက်ကြား ထည့်ထိန်းပေးပြီး လည်ပင်းမလူပ်အောင်ထားကာ၊ ပခုံးအရင်းနေရာကနေ၊ လက်မနှစ်ခုကို နံရိုးပေါ်ထားပြီး၊ ကျန်လက်ချောင်း လေးချောင်းစီကို နောက်ကျောမှာထားကာ၊ လူနာအပေါ်ပိုင်းကို မသယ်သင့်ပါတယ်။ ကားပေါ်ရောက်သွားလျှင်လည်း၊ ခေါင်းဘေး နှစ်ဘက်ကို အလားတူ တစ်ခုခုနဲ့ (ဥပမာ အုတ်နီခဲ ဆက်ထားပြီး) မစောင်းအောင် ထိန်းထားပေးသင့်ပါတယ်။

နောက် (B) ဖြစ်တဲ့ Breathing လူနာ အသက်ရူ မရူကို ဒုတိယအဆင့်အဖြစ် ကြည့်ရူစစ်ဆေးပါတယ်။ ရင်ဘတ်ကို လှန်ထားပြီး ရင်ဘတ်နိမ့်လိုက် မြင့်လိုက်ဖြစ်နေလျှင် အသက်ရူနေတာ သေချာစေပါတယ်။ အသက်မရူပါက အထက်ပါ အသက်ရူလမ်းကြောင်း ဖွင့်ပေးခြင်းဖြင့်လည်း အသက်ပြန် ရှူစေနိုင်ပါတယ်။ တစ်မိနစ်အတွင်း ရှူတဲ့အကြိမ် (၁၀) ကြိမ်အောက် (သို့မဟုတ်) (၂၉) ကြိမ်အထက် ဖြစ်နေလျှင်တော့ အရေးပေါ်အခြေအနေ ဖြစ်ပါတယ်။ အသက်ကောင်းကောင်းမရှူပါက၊ အောက်ဆီဂျင်ပိုက်ရှိလျှင် အောက်ဆီဂျင် ပေးထားသင့်ပါတယ်။ ဒါ့အပြင် အသက်ရူရာမှာ ရင်ဘတ် နှစ်ဘက်လုံးမှာ၊ ရင်ဘတ်အနိမ့်အမြင့် ညီတူဖြစ် မဖြစ်ကိုလည်း အသေအချာကြည့်ဖို့ အရေးကြီးပါတယ်။ အကြောင်းက ရင်ဘတ် သေနပ်ဒဏ်ရာ ရထားလျှင် အဆုပ်တစ်ဘက်မှာ သွေးထွက်ပြီး၊ အလုပ်မလုပ်တော့ကာ၊ အဲ့ဒိဘက်မှာ ရင်ဘတ်အနိမ့်အမြင့် မရှိနိုင်တော့လို့ပါ။ အခုလို အဆုပ်ထဲ သွေးဝင်ဒဏ်ရာ ရထားလျှင်တော့၊ အရင်တစ်ပတ်ပြောခဲ့သလို ရင်ဘတ် သုံးဘက်ကို ပတ်တီးစည်းပေးပြီး (Three-way Dressing/ Three-sided Dressing)၊ လေအဝင်အထွက်ရှိအောင် တစ်ဘက်ကို ဖွင့်ထားပေးသင့်ပါတယ်။

နောက်ဆုံး C ဖြစ်တဲ့ Circulation သွေးစီးဆင်း လည်ပတ်မူ ကောင်းမကောင်း စစ်တာအတွက် သွေးပေါင်ချိန်တိုင်းစက် မြေပြင်မှာ သုံးဖို့မလွယ်တာမို့ လက်ကောက်ဝတ် သွေးခုန်နှုန်းနဲ့ လည်ပင်းဘေး တစ်ဘက်တစ်ချက် သွေးခုန်နှုန်းတွေကို စမ်းတတ်လျှင် စမ်းပေးသင့်ပါတယ်။ ဒီသွေးခုန်နှုန်းက တစ်မိနစ်မှာ (၁၂၀) အထက် အများကြီး ကျော်သွားလျှင်တော့ အရေးပေါ်အဆင့် ဖြစ်ပါတယ်။ ဒီနေရာမှာ သွေးခုန်နှုန်း မစမ်းတတ်လျှင်တော့ ရင်ညွှန့်ရိုး အလယ်တည့်တည့်ကို လမ်မနှင့်ဖိပြီး ၃ စက္ကန့်ကြာအောင် (တစ်ထောင့်တစ်၊ တစ်ထောင့်နှစ်၊ တစ်ထောင့်သုံးရွတ်ကာ) ပြန်လွှတ်လိုက်ချိန် အရင်သွေး ဖျော့သွားတဲ့နေရာတွေမှာ သွေးပြန်နီမြန်းလာလျှင်တော့၊ လူနာသွေးလှည့်ပတ်မူ ကောင်းနေတာ သိနိုင်ပါတယ်။ အကယ်၍ (၃) စက္ကန့်ကျော် (၄) စက္ကန့်၊ (၅) စက္ကန့်ကြာ ဖိထားပြီး ပြန်လွှတ်ချိန်မှာမှ၊ တဖြည်းဖြည်းသာ သွေးပြန်နီလာလျှင်တော့၊ သွေးလှည့်ပတ်မူ မကောင်းတဲ့အခြေအနေ ရှော့ခ် သတိလစ်တာ (Shock) ဖြစ်တဲ့ အရေးပေါ်အဆင့် ဖြစ်နိုင်ပါတယ်။ နောက်အဆင့်တွေဖြစ်တဲ့ D နဲ့ E ကတော့ အပြင်လူတွေ မလုပ်နိုင်ဘဲ၊ ဆရာဝန်သာ လုပ်နိုင်မှာ ဖြစ်ပါတယ်။

ဒါပေမဲ့ C (Circulation) သွေးလှည့်ပတ်မူအဆင့်မှာပဲ၊ သေလောက်အောင် သွေးထွက်မူ ရှိ မရှိကိုလည်း စစ်ဆေးဖို့ အရေးကြီးပါတယ်။ သွေးထွက်တဲ့နေရာကို တွေ့အောင် အဝတ်အစားတွေကို ဖယ်ရှားပြီး၊ အသေအချာ ရှာသင့်ပါတယ်။ ဘောင်းဘီအောက် သွေးထွက်နေလျှင်လည်း ဘောင်းဘီကို ဆွဆုတ်ပစ်၊ ချွတ်ပစ်သင့်ပါတယ်။ ခန္တာကိုယ် နောက်ကျောဖက်မှာလည်း ဒဏ်ရာရှိ မရှိ စစ်ကြည့်သင့်ပါတယ်။ ဒဏ်ရာက လည်ပင်းမှာ ဖြစ်နေလျှင်တော့၊ ပတ်တီးကို ဖြစ်တဲ့ဘက်မှာ ဖိအားပေးစည်းပြီး၊ ဒဏ်ရာမရှိတဲ့ဘက်ကို ဖြေလျော့ပေးထားသင့်ပါတယ်၊ အကြောင်းက လည်ပင်းညှစ်ထားသလိုဖြစ်ပြီး၊ ဦးနှောက်ကို သွေးမစီးတာဖြစ်ကာ သေဆုံးသွားစေနိုင်လို့ပါ။ ရှင်းအောင်ကတော့၊ ဒဏ်ရာရတဲ့ လည်ပင်းတစ်ဘက်ကိုပဲ ပတ်တီးကြားခံကာ လက်နဲ့ဖိထားပေးပြီး၊ သွေးထိန်းပေးထားနိုင်ပါတယ်။

နောက်တစ်ခုကတော့ ခြေတွေလက်တွေကို သေနတ်ထိလျှင်၊ သွေးထွက်တာအပြင် အရိုးပါကျိုးသွားလေ့ ရှိပါတယ်။ ဒါကြောင့် သွေးထွက်တဲ့နေရာကို ပတ်တီးနဲ့ ဖိပြီးတင်းအောင် ပတ်စည်းကာ၊ ဒဏ်ရာအပေါ်နားမှာလည်း သွေးထိန်းကြိုး (ဖြစ်နိုင်လျှင် တင်းစေနိုင်တဲ့ စက်ဘီးရာဘာကျွတ်၊ သားရည်ကြိုးကွင်းမျိုး) နဲ့ ပတ်တီး (သို့မဟုတ်) အဝတ်အောက်ကခံပြီး၊ တင်းအောင်စည်းပေးသင့် (လျော့နေလျှင် သွေးပိုထွက်နိုင်တာမို့ သတိထားစောင့်ကြည့်ပြီး၊ လိုအပ်လျှင် တင်းအောင်ပြန်စည်းသင့်) ကာ၊ ကျိုးထားတဲ့အရိုး မလှုပ်သွားအောင်လည်း၊ ဝါးခြမ်းပြားလို မာတာမျိုးနဲ့ ဒဏ်ရာအောက်ဘက်ကခံပြီး၊ မလှုပ်နိုင်အောင် ကြပ်စည်းပေးထားသင့်ပါတယ်။ သွေးတိတ်ကြိုး စစည်းတဲ့အချိန်ကိုတော့ မှတ်သားထားပြီး၊ လူနာနဲ့အတူ စာ (သို့မဟုတ်) စကားနဲ့ မှာလိုက်သင့်ပါတယ်၊ အကြောင်းက (၃) နာရီကျော် စည်းထားမိလျှင် မကောင်းတဲ့ဓာတ်တွေ ထွက်လာနိုင်ပြီး၊ ပတ်တီးပြန်ဖွင့်ချိန်မှာ သွေးထဲကိုဝင်လာကာ လူနာအသက်ဆုံးသွားနိုင်လို့ပါ။

ဒါ့အပြင် အခုဆန္ဒပြပွဲအတွင်း ရတဲ့သေနတ်ဒဏ်ရာတွေမှာ၊ တင်ပါဆုံကို ထိတာတွေ တွေ့လာရတာအတွက်လည်း အထူးသတိပြု ကိုင်တွယ်သင့်ပါတယ်။ ဒီဒဏ်ရာမှာ တင်ပါဆုံးရိုးကျိုးပြီး သွေးထွက်များကာ၊ အတွင်း အနီးနားက အရေးပါတဲ့ အင်္ဂါတွေကို ထိခိုက်သွားနိုင်ပါတယ်။ ဒါကြောင့် တင်ပါဆုံရိုး မလှုပ်စေနိုင်ဖို့အတွက်၊ ဝမ်းဗိုက်ခါးနေရာလောက် ဘေးနှစ်ဘက်မှာ ငေါထွက်နေပြီး စမ်းရလွယ်တဲ့ တင်ပါဆုံအရိုးဆစ်မာနေရာ (ASIS – Anterior Superior Iliac Spine) အပေါ်ကနေ၊ ပေါင်အလယ်နားအထိရှည်တဲ့ တင်ပါဆုံသိုင်းထိန်းကွင်း (Pelvic Binder) မျိုးဖြစ်အောင်၊ ပုဆိုးကိုသုံး ထိန်းပေးပြီး၊ လူနှစ်ဦးအနေနဲ့ ဒီလူနာကို ဆွဲသယ်ပေးသင့်ပါတယ်။

ဒီအကြောင်းပိုမိုသိရှိနားလည်းအောင် ကိုဝင်းမင်း က ဆန္ဒပြပွဲထဲမှာ ကိုယ်တိုင်ပါဝင်ကယ်ဆယ် ကုသပေးနေတဲ့၊ အမည်မဖော်လိုသူ အရေးပေါ် ထိခိုက်ဒဏ်ရာ အထူးကုဆရာဝန်ကြီးကို ဆက်သွယ်မေးထားပါတယ်။

XS
SM
MD
LG