သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဖမ္းဆီးထားသူေတြ အားလံုးကို ျပန္လႊတ္ေပးဖို႔ ကုလ ေတာင္းဆို


မွတ္တမ္းဓါတ္ပံု- ေဖေဖာ္၀ါရီ ၂၇ ရက္ေန႔က ရဲဲမွ ဆႏၵျပသူမ်ားကို ဖမ္းဆီးစဥ္

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ ဖမ္းဆီးထားသူ ရာနဲ႔ခ်ီၿပီး ျပန္လႊတ္ေပးလိုက္ေပမဲ့ အရပ္သား အစိုးရ ေခါင္းေဆာင္ေတြ အပါအ၀င္ ဆက္လက္ ဖမ္းဆီးထားသူေတြ အားလုံးကို ျပန္လႊတ္ေပးဖို႔ ကုလသမဂၢက ေတာင္းဆိုလိုက္ပါတယ္။

ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတ ဦး၀င္းျမင့္ အပါအ၀င္ ဥပေဒမဲ့ ဖမ္းဆီးထားတဲ့ တျခားသူေတြကိုပါ ျပန္လႊတ္ေပးဖို႔ ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ရဲ႕ လက္ေထာက္ေျပာခြင့္ရ Farhan Haq က ဗုဒၶဟူးေန႔မွာ ေၾကညာခ်က္ ထုတ္ျပန္ေျပာဆိုလိုက္တာပါ။

ရာနဲ႔ခ်ီတဲ့ ဆႏၵျပသူေတြကို ျပန္လႊတ္ေပးလိုက္ေပမဲ့ သတင္းသမားေတြ၊ အရပ္ဖက္ လူမႈအဖဲြ႕အစည္းက လူပုဂၢိဳလ္ေတြ အပါအ၀င္ ဥပေဒမဲ့ ဆက္လက္ ဖမ္းဆီးခံေနရတဲ့ လုပ္ရပ္ေတြအေပၚ စိုးရိမ္ေၾကာင္းလည္း ေျပာပါတယ္။

ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္႐ုံးကေတာ့ ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီး ေနာက္ဆက္တဲြ ၾကံဳေနရတဲ့ အေျခအေနကို အနီးကပ္ ေစာင့္ၾကည့္ေနေၾကာင္းနဲ႔ လုံျခံဳေရးတပ္ဖဲြ႕ေတြ လက္ခ်က္ေၾကာင့္ အိမ္ထဲမွာ ရွိေနတဲ့ ၇ ႏွစ္အရြယ္ ကေလးတဦး ေသဆုံးခဲ့ရတဲ့အေပၚ အထူးစိတ္မေကာင္းျဖစ္ရေၾကာင္းလည္း ေျပာဆိုထားပါတယ္။ ေရွ႕သီတင္းပတ္ထဲ ျမန္မာႏိုင္ငံမွာ တပ္မေတာ္ေန႔ က်ေရာက္ေတာ့မယ့္ အခ်ိန္မွာ လုံျခံဳေရးတပ္ဖဲြ႕ေတြ အေနနဲ႔ ထိန္းထိန္းသိမ္းသိမ္း ေဆာင္ရြက္ဖို႔လည္း တိုက္တြန္းထားပါတယ္။

ျမန္မာႏိုင္ငံမွာ ဆက္လက္ ျဖစ္ပြားေနတဲ့ ရာဇ၀တ္မႈေတြနဲ႔ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြအတြက္ တာ၀န္ခံမႈရွိဖို႔ လိုအပ္ေၾကာင္းလည္း ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ရဲ႕ လက္ေထာက္ေျပာခြင့္ရက ထုတ္ျပန္ခ်က္မွာ ေျပာဆိုခဲ့တာပါ။

ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္နဲ႔ အထူးကိုယ္စားလွယ္တို႔ဟာလည္း ျမန္မာႏိုင္ငံမွာ လူ႔အခြင့္အေရးနဲ႔ ဒီမိုကေရစီစနစ္ ျပန္လည္ေပၚထြန္းေရး ႏိုင္ငံတကာရဲ႕ အကူအညီနဲ႔ ဆက္လက္ ႀကိဳးပမ္းေနေၾကာင္းလည္း ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

ဖမ်းဆီးထားသူတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ ကုလ တောင်းဆို

(Unicode)

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဖမ်းဆီးထားသူ ရာနဲ့ချီပြီး ပြန်လွှတ်ပေးလိုက်ပေမဲ့ အရပ်သား အစိုးရ ခေါင်းဆောင်တွေ အပါအဝင် ဆက်လက် ဖမ်းဆီးထားသူတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂက တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ ႔ သမ္မတ ဦးဝင်းမြင့် အပါအဝင် ဥပဒေမဲ့ ဖမ်းဆီးထားတဲ့ တခြားသူတွေကိုပါ ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ လက်ထောက်ပြောခွင့်ရ Farhan Haq က ဗုဒ္ဓဟူးနေ့မှာ ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်တာပါ။

ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေကို ပြန်လွှတ်ပေးလိုက်ပေမဲ့ သတင်းသမားတွေ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းက လူပုဂ္ဂိုလ်တွေ အပါအဝင် ဥပဒေမဲ့ ဆက်လက် ဖမ်းဆီးခံနေရတဲ့ လုပ်ရပ်တွေအပေါ် စိုးရိမ်ကြောင်းလည်း ပြောပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးကတော့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး နောက်ဆက်တွဲ ကြုံနေရတဲ့ အခြေအနေကို အနီးကပ် စောင့်ကြည့်နေကြောင်းနဲ့ လုံခြုံရေးတပ်ဖွဲ့တွေ လက်ချက်ကြောင့် အိမ်ထဲမှာ ရှိနေတဲ့ ၇ နှစ်အရွယ် ကလေးတဦး သေဆုံးခဲ့ရတဲ့အပေါ် အထူးစိတ်မကောင်းဖြစ်ရကြောင်းလည်း ပြောဆိုထားပါတယ်။ ရှေ့သီတင်းပတ်ထဲ မြန်မာနိုင်ငံမှာ တပ်မတော်နေ့ ကျရောက်တော့မယ့် အချိန်မှာ လုံခြုံရေးတပ်ဖွဲ့တွေ အနေနဲ့ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ဖို့လည်း တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံမှာ ဆက်လက် ဖြစ်ပွားနေတဲ့ ရာဇဝတ်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ခံမှုရှိဖို့ လိုအပ်ကြောင်းလည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ လက်ထောက်ပြောခွင့်ရက ထုတ်ပြန်ချက်မှာ ပြောဆိုခဲ့တာပါ။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နဲ့ အထူးကိုယ်စားလှယ်တို့ဟာလည်း မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီစနစ် ပြန်လည်ပေါ်ထွန်းရေး နိုင်ငံတကာရဲ့ အကူအညီနဲ့ ဆက်လက် ကြိုးပမ်းနေကြောင်းလည်း ပြောဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG