သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဖမ္းဆီးခံရသူ ၆၀၀ ၀န္းက်င္ အင္းစိန္ေထာင္မွ လြတ္ေျမာက္


အင္းစိန္ေထာင္ကေန လြတ္ေျမာက္လာသူမ်ား။ (မတ္ ၂၄၊ ၂၀၂၁)

[Zawgyi/Unicode]

ရန္ကုန္ ေနရာအႏွံ႔က ဖမ္းဆီးထိန္းသိမ္းခံခဲ့ရတဲ့ ဆႏၵျပသူ အေယာက္ ၆၀၀ ဝန္းက်င္ေလာက္ဒီေန႔ မတ္လ ၂၄ ရက္မနက္ပိုင္းမွာ အင္းစိန္ေထာင္ကေန ျပန္လြတ္လာပါတယ္။ ဆက္လက္ ထိန္းသိမ္းခံထားရသူေတြလည္း အမ်ားအျပား ရွိေနဆဲပါ။ ရန္ကုန္ကလာတဲ့သတင္း မဆုမြန္က ေျပာျပေပးမွာပါ။

မတ္လ ၃ ရက္က ဖမ္းဆီးခံရတဲ့ ရန္ကုန္တိုင္း ေနရာအႏွံ႔က ဆႏၵျပသူေတြကို စစ္အုပ္ခ်ဳပ္ေရးေကာင္စီက ဒီကေန႔ ျပန္လႊတ္ေပးလိုက္တာျဖစ္ၿပီး လက္ရွိေတာ့ ျပန္လြတ္လာတဲ့ စာရင္းနဲ႔ ဖမ္းဆီးခံရတဲ့ စာရင္းကိုက္မကိုက္ကို စစ္ေဆးမႈေတြ ျပန္လုပ္ေနေၾကာင္း တရားလႊတ္ေတာ္ေရွ႕ေန ေဒၚႏွင္းဝင္းေအာင္က ဗြီအိုေအကို ေျပာပါတယ္။

“ဒီေန႔ကေတာ့ အားလုံးစုစုေပါင္း ၆၀၀ ေက်ာ္ေလာက္ လြတ္တယ္လို႔ သိရတယ္။ ကေလးေတြ ျပန္ေျပာခ်က္အရ အထဲမွာေတာ့ ၁,၄၀၀၊ ၁,၅၀၀ ေလာက္ က်န္ခဲ့တယ္လို႔ ေျပာတယ္။ က်မတို႔ကေတာ့ အခု ေရွ႕ေန ကိုယ္စားလွယ္ လႊဲစာေတြ ယူထားတာရွိတယ္။ က်မတို႔ကို အပ္ႏွံထားသူေတြကို စာရင္းျပန္တိုက္ေနၾကတယ္ေပါ့။”

အၾကမ္းဖ်င္းစာရင္း အရေတာ့ တာေမြၿမိဳ႕နယ္က လူေယာက္ ၃၀၀ ဝန္းက်င္၊ က်န္တဲ့ ၃၀၀ ေလာက္ကေတာ့ လႈိင္သာယာ၊ ေ႐ႊျပည္သာ၊ လႈိင္၊ ရန္ကင္း၊ စမ္းေခ်ာင္းက လူငယ္ေတြလို႔ သူကေျပာပါတယ္။

မႏၲေလးမွာေတာ့ မတ္လ ၇ ရက္ ေအာင္ေျမသာဇံၿမိဳ႕နယ္အတြင္း ဖမ္းဆီးခံရတဲ့သူေတြထဲက အေယာက္ ၃၀ ေက်ာ္ မေန႔ညေနက ျပန္လြတ္လာၿပီး ျဖစ္စဥ္တခုထဲ ဖမ္းခံရတဲ့ အျခားသူကေတာ့ ဆက္ထိန္းသိမ္းခံထားရေၾကာင္း မႏၲေလး ဥပေဒ အေထာက္အကူျပဳကြန္ရက္က တရားလႊတ္ေတာ္ေရွ႕ေန ေဒၚေအးသႏၲာက ဗြီအိုေအကို ေျပာပါတယ္။

“၂၂ လမ္းနဲ႔ ၈၆ x ၈၉ က ဖမ္းမိတဲ့သူေတြ၊ လႊတ္တာကေတာ့ မေန႔ညေန ၆ နာရီ ဝန္းက်င္ေလာက္မွာေပါ့ေနာ္၊ ၂၂ ရက္က ရမၼာန္ျပည့္တယ္ဆိုေတာ့ က်မတို႔ တရား႐ုံး သြားတဲ့အခါမွာ ရမၼာန္မွာ တရားစြဲတင္တဲ့အခါမွာ ၃၄ ေယာက္ဟာ တရားစြဲမတင္ဘူး လြတ္တယ္။ က်န္တဲ့သူေတြပဲ တရားစြဲတင္ ခံရပါတယ္ဆိုၿပီး တရားစြဲတင္တာ။”

အၾကမ္းဖက္လုပ္ရပ္ေတြေၾကာင့္ ဖမ္းဆီးထိန္းသိမ္းရတာ၊ အမ်ားပိုင္ပစၥည္းေတြကို ဖ်က္စီးလို႔ ပစ္ခတ္ႏွိမ္နင္းရတာျဖစ္ၿပီး ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ဆႏၵျပသူေတြကိုေတာ့ ႏွစ္ရွည္ေထာင္ဒဏ္မခ်ဘဲ အခုလို ျပန္လႊတ္ေပးတယ္ဆိုတဲ့ အေျခအေနကို စစ္ေကာင္စီဘက္က ပုံေဖာ္ခ်င္တာျဖစ္ႏိုင္ေၾကာင္း ႏိုင္ငံေရး ေလ့လာသူတခ်ိဳ႕က ျမင္ပါတယ္။

ေသြးထြက္သံယို ေသဆုံးမႈေတြကို အေမရိကန္ အပါအဝင္ အေနာက္ႏိုင္ငံေတြက ျပင္းျပင္းထန္ထန္ ရႈတ္ခ်ထားေပမဲ့ ဖမ္းဝရမ္းထုတ္တာေတြ၊ ဆႏၵျပပြဲေတြကို ၿဖိဳခြဲတာေတြ ကိုေတာ့ စစ္အုပ္ခ်ဳပ္ေရး ေကာင္စီဘက္က ဆက္လုပ္ေနဆဲ ျဖစ္ပါတယ္။ ဒီလိုမၿငိမ္မသက္ျဖစ္ေနတဲ့ အေျခအေန ရွည္ၾကာလာတာ၊ ႏိုင္ငံတကာဖိအားေတြ မ်ားလာတာနဲ႔အမွ် စစ္ေကာင္စီဘက္က ေစ့စပ္ညႇိႏႈိင္းမႈကို ဦးတည္ေနၿပီလား ဆိုတဲ့ေျပာဆိုသံေတြလည္း ၾကားေနရပါတယ္။

ဒါေပမဲ့ ဖမ္းဆီးထိမ္းသိမ္းထားတဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ကို အမႈေတြထပ္တိုးဖြင့္တာ၊ တရား႐ုံးထုတ္ စစ္ေဆးတာမွာ အခ်ိန္ဆြဲေနတာေတြက ဒီအေျခအေနကို ဦးတည္မေနေၾကာင္းလည္း တခ်ိဳ႕က ျမင္ပါတယ္။

ႏိုင္ငံေရး ေလ့လာသုံးသပ္သူ ဦးရဲထြန္းကေတာ့…

“ေစ့စပ္ညႇိႏႈိင္းတယ္၊ ေဆြးေႏြးတယ္ဆိုတာက အခုလို ဆူဆူပူပူ မၿငိမ္မသက္ ျဖစ္ေနတာကို ၿငိမ္သြားေစခ်င္လို႔၊ ၿငိမ္သြားၿပီး ပုံမွန္ျဖစ္သြား ေစခ်င္လို႔ ရည္႐ြယ္တာ။ အဲဒီရည္႐ြယ္ခ်က္ ေျမာက္ဖို႔ဆိုရင္ ေဒၚေအာင္ဆန္းစုၾကည္ကို လႊတ္ေပးမွပဲ ၿငိမ္မွာ။ တျခား ဘယ္သူနဲ႔ ေဆြးေႏြးေဆြးေႏြး မလြယ္ဘူး။ တပ္ကိုဘယ္သူ နားလည္ေအာင္ ေျပာမွာလဲဆိုတာကို စဥ္းစားၾကတဲ့အခါမွာ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ကိစၥကို ထပ္ထပ္ၿပီး ေဖာ္ထုတ္လာေနတာကို ေထာက္ၿပီးေတာ့ တပ္ကေတာ့ အဲဒီလိုဆႏၵ မရွိဘူးလို႔ က်ေနာ္ကေတာ့ တြက္တယ္။ မေန႔က သတင္းစာ ရွင္းလင္းပြဲမွာလည္း ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာတဲ့ဟာအရ သူတို႔ကေတာ့ သူတို႔ခ်ထားတဲ့ မူ road map အတိုင္းပဲ သြားမွာပဲလို႔ ေျပာသြားတာေလ။”

ဆယ္စုႏွစ္တခုေလာက္ ဒီမိုကေရစီအတြက္ ႐ုန္းကန္ေနရခ်ိန္ ေဖေဖာ္ဝါရီ ၁ ရက္မွာ စစ္တပ္က အာဏာသိမ္းလိုက္ၿပီး အဲဒီေနာက္ ျဖစ္လာတဲ့ တႏိုင္ငံလုံး လူထုအုံႂကြမႈေတြကို ေသနတ္နဲ႔ပစ္ခတ္ ၿဖိဳခြဲတာမွာ လူေပါင္း ၂၇၀ ေက်ာ္ ေသဆုံးခဲ့ၿပီး ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း AAPPB ဘက္ကေတာ့ ေျမျပင္မွာေတာ့ ေသဆုံးသူ ဒီထက္မ်ားႏိုင္တယ္လို႔ ေရးသားထားပါတယ္။ ဖမ္းဆီး ထိန္းသိမ္းခံရတဲ့သူကေတာ့ ေဖေဖာ္ဝါရီ ၁ ရက္ေန႔ကေန မတ္လ ၂၃ ရက္အထိ စာရင္းက ၂,၈၀၀ ေက်ာ္ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဖမ်းဆီးခံရသူ ၆၀၀ ဝန်းကျင် အင်းစိန်ထောင်မှ လွတ်မြောက်

ရန်ကုန် နေရာအနှံ့က ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ ဆန္ဒပြသူ အယောက် ၆၀၀ ဝန်းကျင်လောက်ဒီနေ့ မတ်လ ၂၄ ရက်မနက်ပိုင်းမှာ အင်းစိန်ထောင်ကနေ ပြန်လွတ်လာပါတယ်။ ဆက်လက် ထိန်းသိမ်းခံထားရသူတွေလည်း အများအပြား ရှိနေဆဲပါ။ ရန်ကုန်ကလာတဲ့သတင်း မဆုမွန်က ပြောပြပေးမှာပါ။

မတ်လ ၃ ရက်က ဖမ်းဆီးခံရတဲ့ ရန်ကုန်တိုင်း နေရာအနှံ့က ဆန္ဒပြသူတွေကို စစ်အုပ်ချုပ်ရေးကောင်စီက ဒီကနေ့ ပြန်လွှတ်ပေးလိုက်တာဖြစ်ပြီး လက်ရှိတော့ ပြန်လွတ်လာတဲ့ စာရင်းနဲ့ ဖမ်းဆီးခံရတဲ့ စာရင်းကိုက်မကိုက်ကို စစ်ဆေးမှုတွေ ပြန်လုပ်နေကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်နှင်းဝင်းအောင်က ဗွီအိုအေကို ပြောပါတယ်။

“ဒီနေ့ကတော့ အားလုံးစုစုပေါင်း ၆၀၀ ကျော်လောက် လွတ်တယ်လို့ သိရတယ်။ ကလေးတွေ ပြန်ပြောချက်အရ အထဲမှာတော့ ၁,၄၀၀၊ ၁,၅၀၀ လောက် ကျန်ခဲ့တယ်လို့ ပြောတယ်။ ကျမတို့ကတော့ အခု ရှေ့နေ ကိုယ်စားလှယ် လွှဲစာတွေ ယူထားတာရှိတယ်။ ကျမတို့ကို အပ်နှံထားသူတွေကို စာရင်းပြန်တိုက်နေကြတယ်ပေါ့။”

အကြမ်းဖျင်းစာရင်း အရတော့ တာမွေမြို့နယ်က လူယောက် ၃၀၀ ဝန်းကျင်၊ ကျန်တဲ့ ၃၀၀ လောက်ကတော့ လှိုင်သာယာ၊ ရွှေပြည်သာ၊ လှိုင်၊ ရန်ကင်း၊ စမ်းချောင်းက လူငယ်တွေလို့ သူကပြောပါတယ်။

မန္တလေးမှာတော့ မတ်လ ၇ ရက် အောင်မြေသာဇံမြို့နယ်အတွင်း ဖမ်းဆီးခံရတဲ့သူတွေထဲက အယောက် ၃၀ ကျော် မနေ့ညနေက ပြန်လွတ်လာပြီး ဖြစ်စဉ်တခုထဲ ဖမ်းခံရတဲ့ အခြားသူကတော့ ဆက်ထိန်းသိမ်းခံထားရကြောင်း မန္တလေး ဥပဒေ အထောက်အကူပြုကွန်ရက်က တရားလွှတ်တော်ရှေ့နေ ဒေါ်အေးသန္တာက ဗွီအိုအေကို ပြောပါတယ်။

“၂၂ လမ်းနဲ့ ၈၆ x ၈၉ က ဖမ်းမိတဲ့သူတွေ၊ လွှတ်တာကတော့ မနေ့ညနေ ၆ နာရီ ဝန်းကျင်လောက်မှာပေါ့နော်၊ ၂၂ ရက်က ရမ္မာန်ပြည့်တယ်ဆိုတော့ ကျမတို့ တရားရုံး သွားတဲ့အခါမှာ ရမ္မာန်မှာ တရားစွဲတင်တဲ့အခါမှာ ၃၄ ယောက်ဟာ တရားစွဲမတင်ဘူး လွတ်တယ်။ ကျန်တဲ့သူတွေပဲ တရားစွဲတင် ခံရပါတယ်ဆိုပြီး တရားစွဲတင်တာ။”

အကြမ်းဖက်လုပ်ရပ်တွေကြောင့် ဖမ်းဆီးထိန်းသိမ်းရတာ၊ အများပိုင်ပစ္စည်းတွေကို ဖျက်စီးလို့ ပစ်ခတ်နှိမ်နင်းရတာဖြစ်ပြီး ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြသူတွေကိုတော့ နှစ်ရှည်ထောင်ဒဏ်မချဘဲ အခုလို ပြန်လွှတ်ပေးတယ်ဆိုတဲ့ အခြေအနေကို စစ်ကောင်စီဘက်က ပုံဖော်ချင်တာဖြစ်နိုင်ကြောင်း နိုင်ငံရေး လေ့လာသူတချို့က မြင်ပါတယ်။

သွေးထွက်သံယို သေဆုံးမှုတွေကို အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေက ပြင်းပြင်းထန်ထန် ရှုတ်ချထားပေမဲ့ ဖမ်းဝရမ်းထုတ်တာတွေ၊ ဆန္ဒပြပွဲတွေကို ဖြိုခွဲတာတွေ ကိုတော့ စစ်အုပ်ချုပ်ရေး ကောင်စီဘက်က ဆက်လုပ်နေဆဲ ဖြစ်ပါတယ်။ ဒီလိုမငြိမ်မသက်ဖြစ်နေတဲ့ အခြေအနေ ရှည်ကြာလာတာ၊ နိုင်ငံတကာဖိအားတွေ များလာတာနဲ့အမျှ စစ်ကောင်စီဘက်က စေ့စပ်ညှိနှိုင်းမှုကို ဦးတည်နေပြီလား ဆိုတဲ့ပြောဆိုသံတွေလည်း ကြားနေရပါတယ်။

ဒါပေမဲ့ ဖမ်းဆီးထိမ်းသိမ်းထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို အမှုတွေထပ်တိုးဖွင့်တာ၊ တရားရုံးထုတ် စစ်ဆေးတာမှာ အချိန်ဆွဲနေတာတွေက ဒီအခြေအနေကို ဦးတည်မနေကြောင်းလည်း တချို့က မြင်ပါတယ်။

နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရဲထွန်းကတော့…

“စေ့စပ်ညှိနှိုင်းတယ်၊ ဆွေးနွေးတယ်ဆိုတာက အခုလို ဆူဆူပူပူ မငြိမ်မသက် ဖြစ်နေတာကို ငြိမ်သွားစေချင်လို့၊ ငြိမ်သွားပြီး ပုံမှန်ဖြစ်သွား စေချင်လို့ ရည်ရွယ်တာ။ အဲဒီရည်ရွယ်ချက် မြောက်ဖို့ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမှပဲ ငြိမ်မှာ။ တခြား ဘယ်သူနဲ့ ဆွေးနွေးဆွေးနွေး မလွယ်ဘူး။ တပ်ကိုဘယ်သူ နားလည်အောင် ပြောမှာလဲဆိုတာကို စဉ်းစားကြတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိစ္စကို ထပ်ထပ်ပြီး ဖော်ထုတ်လာနေတာကို ထောက်ပြီးတော့ တပ်ကတော့ အဲဒီလိုဆန္ဒ မရှိဘူးလို့ ကျနော်ကတော့ တွက်တယ်။ မနေ့က သတင်းစာ ရှင်းလင်းပွဲမှာလည်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောတဲ့ဟာအရ သူတို့ကတော့ သူတို့ချထားတဲ့ မူ road map အတိုင်းပဲ သွားမှာပဲလို့ ပြောသွားတာလေ။”

ဆယ်စုနှစ်တခုလောက် ဒီမိုကရေစီအတွက် ရုန်းကန်နေရချိန် ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီး အဲဒီနောက် ဖြစ်လာတဲ့ တနိုင်ငံလုံး လူထုအုံကြွမှုတွေကို သေနတ်နဲ့ပစ်ခတ် ဖြိုခွဲတာမှာ လူပေါင်း ၂၇၀ ကျော် သေဆုံးခဲ့ပြီး နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPPB ဘက်ကတော့ မြေပြင်မှာတော့ သေဆုံးသူ ဒီထက်များနိုင်တယ်လို့ ရေးသားထားပါတယ်။ ဖမ်းဆီး ထိန်းသိမ်းခံရတဲ့သူကတော့ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ မတ်လ ၂၃ ရက်အထိ စာရင်းက ၂,၈၀၀ ကျော်ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG