သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အာဏာသိမ်းမှု အတွင်း သေဆုံးရတဲ့ မြန်မာတွေအတွက် နယူးဒေလီရောက် မီဇို ကျောင်းသားတွေ မီးထွန်းဆုတောင်း


(Zawgyi/Unicode)

မြန်မာ့ စစ်အာဏာသိမ်းမှု အတွင်း သေဆုံးခဲ့ရတဲ့ မြန်မာ ပြည်သူတွေ အတွက် မီးထွန်းညှိ ဆုတောင်းပွဲ တရပ်ကို အိန္ဒိယ နိုင်ငံ နယူးဒေလီ မြို့တော်မှာ အင်္ဂါနေ့က ကျင်းပခဲ့ပါတယ်။ မီဇို ကျောင်းသားများ အဖွဲ့ဝင်တွေက ဖယောင်တိုင်မီးတွေ ထွန်းညှိပြီး သေဆုံးခဲ့ရသူတွေ အတွက် ဆုတောင်းခဲ့ကြတာပါ။

"မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေနဲ့ အတူ ရပ်တည်တယ်ဆိုတာကို ပြသတာပါ" လို့ ပါဝင် လှုပ်ရှားသူ ကျောင်းသား တဦးက ပြောခဲ့တာပါ။

အိန္ဒိယ အရှေ့မြောက်ပိုင်း မီဇိုရမ် ပြည်နယ်က မြန်မာနဲ့ နယ်နိမိတ် ထိစပ်နေသလို နှစ်နိုင်ငံ ပြည်သူတွေ ကူးလူး ဆက်ဆံမှုလည်း များပါတယ်။ စစ်အာဏာသိမ်းမှု အပြီး လုံခြုံရေး စိုးရိမ်ချက်နဲ့ မီဇိုရမ်ဘက်ကို ထွက်ပြေး တိမ်းရှောင်နေကြသူတွေထဲမှာ မြန်မာ ရဲတပ်ဖွဲ့ဝင်တွေလည်း ပါဝင်နေပြီး မြန်မာဘက်က တပ်ဖွဲ့ဝင် တချို့ကို ပြန်လွှဲပေးဖို့ တောင်းဆိုထားကြောင်းလည်း ပြည်နယ် တာဝန်ရှိသူ တချို့က မီဒီယာတွေကို ပြောဆိုထားတာပါ။ မြန်မာဘက်က ထွက်ပြေးလာသူတွေကို အိန္ဒိယ ပြည်ထောင်စု အစိုးရဘက်က ကူညီဖို့လည်း ပြည်နယ် တာဝန်ရှိသူတွေက တိုက်တွန်းနေတာ ဖြစ်ပါတယ်။


..............

(Unicode)




XS
SM
MD
LG