သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ ရဲ့ ကျောက်မျက်ပွဲမှာ ရောင်းဝယ်သူတွေကို CRPH အမည်မည်း ကြေညာမည်


(Zawgyi/Unicode)

မြန်မာ့ ကျောက်မျက်နဲ့ ပုလဲတွေကို ဧပြီလ ၁ ရက်နေ့ကနေ စလို့ နေပြည်တော်မှာ ၁၀ ရက်ကြာ ခင်းကျင်း ရောင်းချမယ့် အကြောင်း မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲ ဗဟိုကော်မတီက ကြေညာပြီးနောက်မှာတော့ ကျောက်မျက်ပြပွဲမှာ အရောင်းအဝယ် လုပ်သူတွေကို အမည်ပျက်စာရင်းသွင်း အရေးယူမယ့် အကြောင်း ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ CRPH က တနလာၤနေ့မှာ ကြေညာပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ သူတို့ရဲ့ ပုဂ္ဂလိက အကျိုးစီးပွား အတွက် ကျောက်မျက်နဲ့ ပုလဲ ရောင်းချပွဲကို စီစဉ်တာလို့လည်း CRPH က ပြောဆိုထားပါတယ်။ ဒီကျောက်မျက်ပြပွဲက တရားမဝင်ဘူးလို့လည်း ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော် အမတ်တွေရဲ့ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီက ကြေညာခဲ့တာပါ။ နိုင်ငံသား ရတနာ လုပ်ငန်း လုပ်သူတွေကို မြန်မာ ကျပ်ငွေနဲ့ ရောင်းချမယ့် အကြောင်း မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲ ဗဟိုကော်မတီက မတ်လ ၁၅ ရက်နေ့က ကြေညာထားပါတယ်။

နိုင်ငံတဝန်း စစ်အာဏာသိမ်းမှု ဆန့်ကျင် ဆန္ဒပြနေကြတဲ့ ကာလ အတွင်း သီတင်း ၂ ပတ်သာ ပြင်ဆင်ချိန်ရမယ့် ကျောက်မျက်နဲ့ ပုလဲ ရောင်းချပွဲမှာ ရောင်းသူ ဝယ်သူ ဘယ်လောက် ရှိလဲ ဆိုတာတော့ အတိအကျ မသိရပါဘူး။ အခု ကျင်းပမယ်ဆိုတဲ့ ရတနာ ပြပွဲမှာ ပါဝင်သူတွေ၊ ကုမ္ပဏီတွေကို အမည်ပျက်စာရင်းသွင်းပြီး စီးပွားရေး လုပ်ခွင့်ပိတ်မယ့်အကြောင်းနဲ့ ဥပဒေ အရ အရေးယူမယ့် အကြောင်း CRPH ဘက်က ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်


...........

(Unicode)




XS
SM
MD
LG