သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီယား၊ ဂျပန်နဲ့ နိုင်ငံတကာရောက်မြန်မာများရဲ့ဆန္ဒပြပွဲ


တောင်ကိုရီးယားနိုင်ငံ မြန်မာစစ်သံရုံးရှေ့ ဆန္ဒပြပွဲ၊ (ဓာတ်ပုံ-ဝတ်ရည်/မတ် ၂၁၊ ၂၀၂၁)
တောင်ကိုရီးယားနိုင်ငံ မြန်မာစစ်သံရုံးရှေ့ ဆန္ဒပြပွဲ၊ (ဓာတ်ပုံ-ဝတ်ရည်/မတ် ၂၁၊ ၂၀၂၁)

Zawgyi/Unicode

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး ပြည်သူတွေအပေါ် အကြမ်းဖက်နှိမ်နှင်းနေတာကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေ နိုင်ငံစုံမှာ ဆက်ပြီး ပြုလုပ်နေကြပါတယ်။ တောင်ကိုရီးယားနိုင်ငံ Seoul မြို့တော်အပြင် ဘူဆန်မြို့ နဲ့ဒေဂျွန်မြို့တွေမှာလည်း မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် အဆုံးသတ်ရေး တောင်းဆိုဆန္ဒပြပွဲတွေ ဒီနေ့လုပ်ခဲ့ကြပါတယ်။

တောင်ကိုရီးယားနိုင်ငံ၊ ဒေဂျွန်မြို့ကဆန္ဒပြပွဲမှာ ဒေဂျွန်မြို့က ကိုရီးယားလွှတ်တော်အမတ် Jang Chulmin က မြန်မာပြည်သူတွေဘက်က ရပ်တည်ကြောင်း ဆန္ဒပြပွဲမှာ လာရောက် မိန့်ခွန်းပြောခဲ့တာဖြစ်ပါတယ်။

ဂျပန်နိုင်ငံ Tokyo မြို့တော်က ကုလသမဂ္ဂရုံးတွေရှိရာ ကုလသမဂ္ဂတက္ကသိုလ်ရှေ့မှာလည်း မြန်မာတချို့၄၈ နာရီအစာငတ်ခံ ဆန္ဒပြကြသလို မြန်မာတော်တော်များများလည်း စုဝေးလာရောက် ဆန္ဒပြခဲ့ကြပါတယ်။ မြန်မာဘုန်းကြီးကျောင်းက သံဃာတော်တွေလည်း လာရောက်ပြီး မြန်မာနိုင်ငံအတွက် ဆုတောင်းပွဲလည်းခဲ့ကြပါတယ်။

ထိုင်ဝမ်ကျွန်း တိုင်ပေမြို့တော်က လွတ်လပ်ရေးရင်ပြင်မှာလည်းထိုင်ဝမ်ရောက် မြန်မာ ရာနဲ့ချီစုဝေးပြီး ဒီနေ့ ထိုင်သပိတ်မှောက်ခဲ့ကြပါတယ်။

မြန်မာပြည်သူတွေကို အားပေးတဲ့အနေနဲ့ ထိုင်ဝမ်ရောက် မြန်မာတွေက ဆန္ဒပြသီချင်းတွေ သီဆိုဆန္ဒပြကြသလို မြန်မာစစ်တပ်နဲ့ ရဲတပ်ဖွဲ့ လက်ချက်နဲ့သေဆုံးခဲ့သူတွေအတွက် ဂုဏ်ပြု အောက်မေ့ပွဲလည်း လုပ်ခဲ့ကြပါတယ်။

သေဆုံးသွားသူတွေအတွက် ထိုင်ဝမ်မှာ ဂုဏ်ပြုပွဲလုပ်နေတဲ့ အသံတွေဖြစ်ပါတယ်။ အလားတူ Australia နိုင်ငံ Sydney မြို့မှာလည်း မြန်မာနိုင်ငံက အကြမ်းမဖက် အာဏာဖီဆန်နေကြတဲ့ CDM လှုပ်ရှားသူတွေ ရန်ပုံငွေရှာ ဈေးရောင်းပွဲ ဒီနေ့ပြုလုပ်ခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာလည်း မနေ့ စနေနေ့တုန်းက မြန်မာနိုင်ငံအတွက် ဆန္ဒပြပွဲတွေကို မြို့တော်တော်များများမှာ လုပ်ခဲ့ကြပါတယ်။

အမေရိကန်သမ္မတအိမ်ဖြူတော်နားမှာ မြန်မာ့အရေးအတွက် သံပုံတီးဆန္ဒပြခဲ့ကြပါတယ်။ New York မြို့မှာလည်း အထင်ကရ Times Square နေရာမှာ မြန်မာနဲ့တိုင်းရင်းသားရာနဲ့ချီ စုဝေးပြီး စစ်အာဏာသိမ်း ဖိနှိမ်နေမှုအပေါ် နိုင်ငံတကာ အာရုံစိုက်လာအောင် ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြသူတွေက ကုလသမဂ္ဂက အရေးယူပေးဖို့ တောင်းဆိုတဲ့ဆိုင်းပုဒ်တွေ၊ CRPH ကိုထောက်ခံတဲ့ ဆိုင်းဘုတ်ဒ်၊ စစ်တပ်က သတ်ဖြတ်မှုတွေရပ်အောင် တောင်းဆိုတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ဆန္ဒပြခဲ့ကြပါတယ်။ အလားတူ အမေရိကန် အနောက်ခြမ်း Los Angeles မြို့မှာလည်း မြန်မာမိသားစုတွေ စနေနေ့က စုဝေးဆန္ဒပြခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်


Unicode









#MyanmarMilitaryCoup #MyanmarProtest #WhatIsHappeningInMyanmar #VOABurmese

XS
SM
MD
LG