သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏွိမ္နင္းမႈေတြၾကားက မႏၱေလးဆႏၵျပလႈပ္ရွားမႈမ်ား (သပိတ္ေခါင္းေဆာင္ ေဒါက္တာေတဇာဆန္းနဲ႔ ေမးျမန္းခ်က္)


[ ZAWGYI / UNICODE ]

မႏၱေလးက စစ္အာဏာရွင္ဆန္႔က်င္ေရး ဆႏၵျပလႈပ္ရွားမႈေတြ နဲ႔ ၀န္ထမ္းေတြရဲ႕ အၾကမ္းမဖက္ အာဏာဖီဆန္ေရး CDM လႈပ္ရွားမႈေတြကို စစ္ေကာင္စီဘက္က အရွိန္အဟုန္ျမွင့္ ႏွိမ္ႏွင္းေနတယ္လို႔ မႏၱေလးဆႏၵျပသပိတ္ေခါင္းေဆာင္ ေဒါက္တာ ေတဇာစန္းက ေျပာပါတယ္။ ဒါေပမဲ့လည္း ဆႏၵျပျပည္သူေတြနဲ႔ CDM ၀န္ထမ္းေတြဘက္ကလည္း နည္းလမ္းမ်ိဳးစုံနဲ႔ ဆက္ၿပီးေတာ့ ဆန္႔က်င္ဆႏၵျပေနတယ္လို႔သူက ေျပာပါတယ္။ ဒီအေျခအေနအျပည့္အစုံကို ဆက္သြယ္ေမးျမန္းထားပါတယ္။ က်ေနာ္ရန္ႏုိင္ပါ။

ကိုရန္ႏိုင္။ ။ ေဒါက္တာ ေတဇာစန္းေရး အခု မႏၱေလးဖက္က ဆႏၵျပပဲြ အေျခအေနေတြ ဘယ္လိုရွိပါသလဲ။

ေဒါက္တာ ေတဇာစန္း။ ။ ဟုတ္ကဲ့ခင္ဗ် ၊ ဒီ မႏၱေလးမွာေတာ့ အာဏာသိမ္း အၾကမ္းဖက္ စစ္အုပ္စုက က်ေနာ္တို႔ သပိတ္ေတြ ဆႏၵျပပဲြေတြကိုေပါ့ေနာ္ တရက္ထက္တရက္ ဆိုသလို ပိုပိုၿပီး အၾကမ္းဖက္လာတယ္၊ ပိုၿပီး ျဖဳိခြဲလာတယေပါ့။ အခုဆိုရင္ သူတို႔က တၿမဳိ႕လုံးက ကားေတြ ဆိုင္ကယ္ေတြ ၊ ကားလို႔ ေျပာရင္ စစ္ကားတင္မကဘူး ရုိးရိုး အိမ္စီးကားေတြနဲ႔ပါ လွည့္လည္ၿပီးေတာ့ ဒီဆႏၵျပပဲြေတြကို သူတို႔ ေတြ႔တဲ့ေနရာမွာ ေတြ႔သလိုေပါ့ေနာ္ .. လုံးဝ အၾကမ္းဖက္ ၿဖဳိခဲြေနတာ ေတြ႔ရပါတယ္။ သုိ႔ေသာ္လည္း က်ေနာ္တို႔ ျပည္သူေတြက ဒီဆႏၵျပပဲြေတြ သပိတ္ေတြကို မျဖစ္မေန ဆက္လုပ္ေနၾကတာ ေန႔စဥ္ပါပဲ။ အရင္ စခါစတုန္းကလို လူေတြ ေသာင္းနဲ႔သိန္းနဲ႔ခ်ီစုေဝးတဲ့ ဆႏၵျပပဲြ ပုံစံမ်ဳိး လုပ္ခြင့္ မသာေတာ့ေပမယ့္ မိမိတို႔အစုအဖြဲ႔အလုိက္ မိမိတို႔အင္အားစုအလုိက္ သပိတ္စစ္ေၾကာင္းေတြ လမ္းေလွ်ာက္သပိတ္ေတြ ထိုင္သပိတ္ေတြ တၿမဳိ႕လုံး ေနရာအႏွံ႔ ဆက္ၿပီး အခ်ိန္ျပည့္ လုပ္ေနပါတယ္။

ကိုရန္ႏိုင္။ ။ ရန္ကုန္အပါအဝင္ ေနရာအေတာ္မ်ားမ်ားမွာေတာ့ သူတို႔က ပစ္ခတ္ၿပီးေတာ့ ႏွိမ္နင္းတာေတြလုပ္တယ္။ ပစ္တယ္ဆိုတဲ့ေနရာမွာလည္း အသံဗုံးေတြ ၊ ရာဘာ က်ည္ေတာင္မဟုတ္ပဲနဲ႔ က်ည္အစစ္နဲ႔ ပစ္တာကို အေတာ္ေလး ေတြ႔လာရတယ္ဆုိေတာ့ မႏၱေလးမွာ အၾကမ္းဖက္ၿဖဳိခြင္းတာက ဘယ္လုိပုံစံမ်ဳိးရွိပါသလဲ။

ေဒါက္တာ ေတဇာစန္း ။ ။ ဟုတ္ပါတယ္ဗ်၊ က်ေနာ္တို႔ မႏၱေလးမွာဆုိရင္လည္း သပိတ္ေတြ ဆႏၵျပပဲြေတြကို ေတြ႔ရင္ ေတြ႔တဲ့ေနရာမွာပဲ ခ်က္ခ်င္းကို က်ည္အစစ္နဲ႔ ပစ္တယ္၊ ရာဘာက်ည္နဲ႔လည္း ပစ္တယ္ ေနာက္ၿပီး အသံဗုံးနဲ႔့လည္း ၿဖဳိခြင္းတယ္ေပါ့။ အခု စေနေန႔ မနက္ခင္းမွာဆို ဘယ္ေလာက္ထိျဖစ္လဲဆုိရင္ လမ္းေလွ်ာက္သပိတ္ လူစုေဝးေနတဲ့ ေနရာကုိ ကားနဲ႔လုိက္တုိက္တယ္ေပါ့။ ကားတုိက္ခံရလို႔ ဒဏ္ရာရသူေတြ အမ်ားႀကီးရွိတယ္။ ညဖက္ ညသပိတ္လုပ္တယ္ဆိုလည္း ေၾကြးေၾကာ္သံၾကားတဲ့ေနရာကို ေရာက္လာၿပီးေတာ့ က်ည္အစစ္နဲ႔ပစ္တယ္ အသံဗုံးနဲ႔လည္း ပစ္တာရွိတယ္ ဆိုေတာ့ က်ေနာ္တုိ႔ သပိတ္ေတြ ဆႏၵျပပဲြေတြ လူစုလို႔မရေအာင္ထိကို ရက္ရက္စက္စက္ပဲ ၿဖဳိခဲြေနတာကို ေတြ႔ရပါတယ္။

ကိုရန္ႏိုင္ ။ ။ ထိခုိက္ဒဏ္ရာရတာေတြ ဘယ္ေလာက္ ရွိပါသလဲ။

ေဒါက္တာ ေတဇာစန္း ။ ။ စေနမနက္ ၈ နာရီခဲြ ၉ နာရီေလာက္က လမ္းေလွ်ာက္သပိတ္ လူစုေနတဲ့ေနရာမွာ ကားနဲ႔ဝင္တိုက္တယ္ ရိုက္တယ္ ဆိုေတာ့ ဒဏ္ရာရတာ က်ေနာ္တုိ႔သိရသေလာက္ အနည္းဆုံး ၈ ေယာက္ေလာက္ ရွိတယ္။ ဖမ္းဆီးသြားတာလည္း မ်က္ျမင္အရ ၆ ေယာက္ေလာက္ ရွိပါတယ္။ ဒီေနရာမွာ သူတို႔သုံးတဲ့ကားေတြက အရင္ရက္ေတြက ဆႏၵျပပဲြေတြမွာ သူတို႔ သိမ္းဆည္းသြားတဲ့ အမ်ားျပည္သူပိုင္တဲ့ ဆိုင္ကယ္ေတြကားေတြ ျဖစ္ေနတာကို က်ေနာ္တို႔ ေတြ႔ရပါတယ္။ အဲဒီေတာ့ ဒီအၾကမ္းဖက္စစ္အုပ္စုက တကယ့္ကို အၾကမ္းဖက္သမားေတြဆုိတာ သူတို႔ရဲ႕လုပ္ရပ္ေတြက သက္ေသျပေနပါတယ္။

ကိုရန္ႏိုင္ ။ ။ တဆက္ထဲမွာပဲ ဒီဆႏၵျပသပိတ္ေတြနဲ႔အတူ တဖက္မွာလည္း CDM လႈပ္ရွားမႈေတြ ရွိေနပါတယ္။ မႏၱေလးဖက္က CDM လႈပ္ရွားမႈ အေျခအေန ဘယ္လိုရွိပါသလဲ ခင္ဗ်။

ေဒါက္တာ ေတဇာစန္း ။ ။ ေျပာရမယ္ဆုိရင္ အင္အား အင္မတန္ေကာင္းတာကို ေတြ႔ရပါတယ္။ အင္အားေကာင္းသလုိ သူတို႔ဖက္က ဖိႏွိပ္မႈေတြကလည္း ပိုၿပီး ျပင္းထန္လာပါတယ္။ ဒီေန႔ဆုိရင္ ျမန္မာ့မီးရထား ဝင္းထဲက CDM ဝန္ထမ္းေတြကို ၊ အကယ္၍ CDM ဆက္လုပ္ေနမယ္ဆိုရင္ ဒီဝန္ထမ္းအိမ္ယာမွာ မေနရဘူး ၊ ေနမယ္ဆို ဖမ္းမယ္ဆီးမယ္ လုပ္တဲ့အတြက္ ဝန္ထမ္းေတြက CDM ကိုေတာ့ သူတုိ႔ လုံးဝေနာက္မဆုတ္ဘူး ဆက္လုပ္မယ္ သူတို႔ဒီေနရာမွာ မေနရလည္း ကိစၥမရွိဘူးဆိုၿပီး အဲဒီဝန္ထမ္းအိမ္ယာကေန ဆင္းလာၾကတာကို ေတြ႔ရပါတယ္။ တခ်ိန္ထဲမွာ မႏၱေလးျပည္သူ႔ေဆးရုံႀကီးက ဝန္ထမ္းေတြဆိုလည္း ထိုနည္းလည္းေကာင္းပါပဲ။ က်ေနာ္တုိ႔ ျပည္သူေတြဖက္ကလည္း အဲဒီ CDM ဝန္ထမ္းေတြကို တတ္ႏိုင္သမွ် အစြမ္းကုန္ ေထာက္ပံ့ ကူညီေနၾကပါတယ္။ ဒီေနရာမွာ က်ေနာ့္အေနနဲ႔ အေလးအနက္ ေျပာလိုတာကေတာ့ ဒီ CDM ဝန္ထမ္းေတြရဲ႕ ေလးနက္တည္ျမဲတဲ့ ခံယူခ်က္ကို က်ေနာ္တို႔ျပည္သူေတြကလည္း အင္မတန္ေလးစားတယ္ ၊ အင္မတန္ကို အသိအမွတ္ျပဳပါတယ္။ သူတို႔ CDM ဝန္ထမ္းေတြသည္ က်ေနာ္တုိ႔ျပည္သူေတြရဲ႕ သူရဲေကာင္းေတြပါလို႔ ေျပာလိုပါတယ္။

ကိုရန္ႏိုင္ ။ ။ အဲဒီေတာ့ ဒီ CDM ဝန္ထမ္းေတြက အဓိက ဘာေတြလိုအပ္ေနသလဲ။

ေဒါက္တာ ေတဇာစန္း ။ ။ သူတို႔ရဲ႕ ႐ုပ္ဝတၳဳပိုင္းဆိုင္ရာနဲ႔ ေငြေၾကးပိုင္းဆိုင္ရာ လိုအိပ္ခ်က္ေတြပါ။ အားလုံးသိတဲ့အတုိင္းပဲ ဒီ CDM လုပ္ေနတဲ့ ဝန္ထမ္း ေတာ္ေတာ္မ်ားမ်ားက တကယ္ကို အေျခခံဝန္ထမ္းေတြ မ်ားတာျဖစ္တဲ့အတြက္ သူတို႔မွာ စုထားေဆာင္းထားတဲ့ ေငြေၾကးဆိုတာလည္း မရွိၾကပါဘူး။ သူတို႔သည္ လစဥ္ရတဲ့ လစာကိုပဲ အားျပဳေနရတဲ့ ဝန္ထမ္းေတြက အမ်ားစုျဖစ္ပါတယ္။ ဒီဝန္ထမ္းေတြကို လစာအေနနဲ႔ အျပည့္အဝ က်ေနာ္တို႔ျပည္သူက ေထာက္ပံ့မေပးႏိုင္ပါဘူး။ သို႔ေသာ္လည္းပဲ က်ေနာ္တို႔ တတ္ႏိုင္သမွ်ေပါ့ေနာ္ အမ်ားျပည္သူကေရာ CRPH ဦးေဆာင္တဲ့အဖြဲ႔စည္း ေတြကလည္း တတ္ႏိုင္သမွ် ေထာက္ပံ့ေနတာေတြ ရွိပါတယ္။ ဒါကေတာ့ ေငြေၾကးအားျဖင့္ေပါ့။ ေနာက္တခု အေရးအႀကီးဆုံး လိုအပ္ခ်က္ကေတာ့ ေနစရာ ေနရာပါပဲခင္ဗ်။ သို႔ေသာ္လည္း ခုခ်ိန္ထိေတာ့ က်ေနာ္တုိ႔ တတ္ႏိုင္သမွ် ဒီ CDM ဝန္ထမ္းေတြ ၊ ဝန္ထမ္းအိမ္ယာကေန ႏွင္ထုတ္ခံရ ဝန္ထမ္းေတြအတြက္လည္း ေနစရာေတြကို က်ေနာ္တို႔ တတ္ႏိုင္သမွ် ဝုိင္းဝန္းကူညီထားၾကတာကိုလည္း ေတြ႔ရပါတယ္ခင္ဗ်။

ကိုရန္ႏိုင္ ။ ။ မႏၱေလးဖက္က ဒီ CDM လႈပ္ရွားမႈမွာ ပါဝင္ေနတဲ့ ဝန္ထမ္းအေရအတြက္က ဘယ္ေလာက္ေလာက္ ရွိလဲဗ်။

ေဒါက္တာ ေတဇာစန္း ။ ။ က်ေနာ္တို႔သိရသေလာက္ မႏၱေလးတိုင္း တတိုင္းထဲမွာ CDM လုပ္တဲ့ဝန္ထမ္းေတြ ေထာင္ဂဏန္းႀကီးႀကီး ရွိပါတယ္။

ကိုရန္ႏိုင္ ။ ။ ကိုေတဇာစန္းတို႔ရဲ႕ အခုလို စစ္အာဏာရွင္ဆန္႔က်င္ေရး ဆႏၵျပပဲြေတြ ၊ CDM လႈပ္ရွားမႈေတြနဲ႔ ပတ္သက္ၿပီးေတာ့ေရာ ျပည္သူလူထုကို ဘာမ်ားထပ္ၿပီးေတာ့ အသိေပး ေျပာၾကားလိုတာ ရွိပါသလဲ။

ေဒါက္တာ ေတဇာစန္း ။ ။ ေျပာရမယ္ဆုိရင္ ဒီအၾကမ္းဖက္ အာဏာသိမ္း စစ္အုပ္စုက ဒီလူထုအေရးေတာ္ပုံႀကီးကို သူတုိ႔လုပ္တတ္တာ တုန္႔ျပန္တတ္တာ တခုပဲ ရွိပါတယ္။ အဲဒါက ဘာလဲဆို အၾကမ္းဖက္မယ္၊ ပစ္မယ္ ခတ္မယ္ ဖမ္းဆီးမယ္ ေထာင္ခ်မယ္ အေရးယူမယ္၊ ဒါပဲ သူတို႔လုပ္တတ္ပါတယ္။ သုိ႔ေသာ္ က်ေနာ္တုိ႔ ျပည္သူလူထုမွာကေတာ့ ညသပိတ္ ၊ မနက္အာရုံဦးသပိတ္ ၊ လူမဲ့သပိတ္ ၊ လမ္းေလွ်ာက္သပိတ္ ၊ ဆုိင္ကယ္သပိ္တ္ စသျဖင့္ က်ေနာ္တို႔မွာက ဒီအၾကမ္းမဖက္တဲ့ နည္းလမ္းေပါင္းမ်ားစြာ ရွိပါတယ္။ တခ်ိတ္ထဲမွာပဲ ဒီစစ္အုပ္စုကေတာ့ သူတို႔အၾကမ္းဖက္လုိက္လို႔ လူထုက ေၾကာက္သြားမယ္ ၊ လူထု ေၾကာက္သြားရင္ ၿငိမ္သြားမယ္လို႔ ထင္ေနတာပါ။ သူတို႔ရဲ႕ အဲဒီယူဆခ်က္က လုံးဝ လုံးဝ လဲြမွားေနတယ္ဆိုတာ က်ေနာ့္အေနနဲ႔ အေလးအနက္ ေျပာလိုပါတယ္။

ကိုရန္ႏိုင္ ။ ။ ဟုတ္ကဲ့ ေဒါက္တာ ေတဇာစန္း ေက်းဇူးပါခင္ဗ်။

[ UNICODE ]

နှိမ်နင်းမှုတွေကြားက မန္တလေးဆန္ဒပြလှုပ်ရှားမှုများ (သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းနဲ့ မေးမြန်းချက်)

မန္တလေးက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေ နဲ့ ဝန်ထမ်းတွေရဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုတွေကို စစ်ကောင်စီဘက်က အရှိန်အဟုန်မြှင့် နှိမ်နှင်းနေတယ်လို့ မန္တလေးဆန္ဒပြသပိတ်ခေါင်းဆောင် ဒေါက်တာ တေဇာစန်းက ပြောပါတယ်။ ဒါပေမဲ့လည်း ဆန္ဒပြပြည်သူတွေနဲ့ CDM ဝန်ထမ်းတွေဘက်ကလည်း နည်းလမ်းမျိုးစုံနဲ့ ဆက်ပြီးတော့ ဆန့်ကျင်ဆန္ဒပြနေတယ်လို့သူက ပြောပါတယ်။ ဒီအခြေအနေအပြည့်အစုံကို ဆက်သွယ်မေးမြန်းထားပါတယ်။ ကျနော်ရန်နိုင်ပါ။

ကိုရန်နိုင်။ ။ ဒေါက်တာ တေဇာစန်းရေး အခု မန္တလေးဖက်က ဆန္ဒပြပွဲ အခြေအနေတွေ ဘယ်လိုရှိပါသလဲ။

ဒေါက်တာ တေဇာစန်း။ ။ ဟုတ်ကဲ့ခင်ဗျ ၊ ဒီ မန္တလေးမှာတော့ အာဏာသိမ်း အကြမ်းဖက် စစ်အုပ်စုက ကျနော်တို့ သပိတ်တွေ ဆန္ဒပြပွဲတွေကိုပေါ့နော် တရက်ထက်တရက် ဆိုသလို ပိုပိုပြီး အကြမ်းဖက်လာတယ်၊ ပိုပြီး ဖြိုခွဲလာတယပေါ့။ အခုဆိုရင် သူတို့က တမြို့လုံးက ကားတွေ ဆိုင်ကယ်တွေ ၊ ကားလို့ ပြောရင် စစ်ကားတင်မကဘူး ရိုးရိုး အိမ်စီးကားတွေနဲ့ပါ လှည့်လည်ပြီးတော့ ဒီဆန္ဒပြပွဲတွေကို သူတို့ တွေ့တဲ့နေရာမှာ တွေ့သလိုပေါ့နော် .. လုံးဝ အကြမ်းဖက် ဖြိုခွဲနေတာ တွေ့ရပါတယ်။ သို့သော်လည်း ကျနော်တို့ ပြည်သူတွေက ဒီဆန္ဒပြပွဲတွေ သပိတ်တွေကို မဖြစ်မနေ ဆက်လုပ်နေကြတာ နေ့စဉ်ပါပဲ။ အရင် စခါစတုန်းကလို လူတွေ သောင်းနဲ့သိန်းနဲ့ချီစုဝေးတဲ့ ဆန္ဒပြပွဲ ပုံစံမျိုး လုပ်ခွင့် မသာတော့ပေမယ့် မိမိတို့အစုအဖွဲ့အလိုက် မိမိတို့အင်အားစုအလိုက် သပိတ်စစ်ကြောင်းတွေ လမ်းလျှောက်သပိတ်တွေ ထိုင်သပိတ်တွေ တမြို့လုံး နေရာအနှံ့ ဆက်ပြီး အချိန်ပြည့် လုပ်နေပါတယ်။

ကိုရန်နိုင်။ ။ ရန်ကုန်အပါအဝင် နေရာအတော်များများမှာတော့ သူတို့က ပစ်ခတ်ပြီးတော့ နှိမ်နင်းတာတွေလုပ်တယ်။ ပစ်တယ်ဆိုတဲ့နေရာမှာလည်း အသံဗုံးတွေ ၊ ရာဘာ ကျည်တောင်မဟုတ်ပဲနဲ့ ကျည်အစစ်နဲ့ ပစ်တာကို အတော်လေး တွေ့လာရတယ်ဆိုတော့ မန္တလေးမှာ အကြမ်းဖက်ဖြိုခွင်းတာက ဘယ်လိုပုံစံမျိုးရှိပါသလဲ။

ဒေါက်တာ တေဇာစန်း ။ ။ ဟုတ်ပါတယ်ဗျ၊ ကျနော်တို့ မန္တလေးမှာဆိုရင်လည်း သပိတ်တွေ ဆန္ဒပြပွဲတွေကို တွေ့ရင် တွေ့တဲ့နေရာမှာပဲ ချက်ချင်းကို ကျည်အစစ်နဲ့ ပစ်တယ်၊ ရာဘာကျည်နဲ့လည်း ပစ်တယ် နောက်ပြီး အသံဗုံးနဲ့လည်း ဖြိုခွင်းတယ်ပေါ့။ အခု စနေနေ့ မနက်ခင်းမှာဆို ဘယ်လောက်ထိဖြစ်လဲဆိုရင် လမ်းလျှောက်သပိတ် လူစုဝေးနေတဲ့ နေရာကို ကားနဲ့လိုက်တိုက်တယ်ပေါ့။ ကားတိုက်ခံရလို့ ဒဏ်ရာရသူတွေ အများကြီးရှိတယ်။ ညဖက် ညသပိတ်လုပ်တယ်ဆိုလည်း ကြွေးကြော်သံကြားတဲ့နေရာကို ရောက်လာပြီးတော့ ကျည်အစစ်နဲ့ပစ်တယ် အသံဗုံးနဲ့လည်း ပစ်တာရှိတယ် ဆိုတော့ ကျနော်တို့ သပိတ်တွေ ဆန္ဒပြပွဲတွေ လူစုလို့မရအောင်ထိကို ရက်ရက်စက်စက်ပဲ ဖြိုခွဲနေတာကို တွေ့ရပါတယ်။

ကိုရန်နိုင် ။ ။ ထိခိုက်ဒဏ်ရာရတာတွေ ဘယ်လောက် ရှိပါသလဲ။

ဒေါက်တာ တေဇာစန်း ။ ။ စနေမနက် ၈ နာရီခွဲ ၉ နာရီလောက်က လမ်းလျှောက်သပိတ် လူစုနေတဲ့နေရာမှာ ကားနဲ့ဝင်တိုက်တယ် ရိုက်တယ် ဆိုတော့ ဒဏ်ရာရတာ ကျနော်တို့သိရသလောက် အနည်းဆုံး ၈ ယောက်လောက် ရှိတယ်။ ဖမ်းဆီးသွားတာလည်း မျက်မြင်အရ ၆ ယောက်လောက် ရှိပါတယ်။ ဒီနေရာမှာ သူတို့သုံးတဲ့ကားတွေက အရင်ရက်တွေက ဆန္ဒပြပွဲတွေမှာ သူတို့ သိမ်းဆည်းသွားတဲ့ အများပြည်သူပိုင်တဲ့ ဆိုင်ကယ်တွေကားတွေ ဖြစ်နေတာကို ကျနော်တို့ တွေ့ရပါတယ်။ အဲဒီတော့ ဒီအကြမ်းဖက်စစ်အုပ်စုက တကယ့်ကို အကြမ်းဖက်သမားတွေဆိုတာ သူတို့ရဲ့လုပ်ရပ်တွေက သက်သေပြနေပါတယ်။

ကိုရန်နိုင် ။ ။ တဆက်ထဲမှာပဲ ဒီဆန္ဒပြသပိတ်တွေနဲ့အတူ တဖက်မှာလည်း CDM လှုပ်ရှားမှုတွေ ရှိနေပါတယ်။ မန္တလေးဖက်က CDM လှုပ်ရှားမှု အခြေအနေ ဘယ်လိုရှိပါသလဲ ခင်ဗျ။

ဒေါက်တာ တေဇာစန်း ။ ။ ပြောရမယ်ဆိုရင် အင်အား အင်မတန်ကောင်းတာကို တွေ့ရပါတယ်။ အင်အားကောင်းသလို သူတို့ဖက်က ဖိနှိပ်မှုတွေကလည်း ပိုပြီး ပြင်းထန်လာပါတယ်။ ဒီနေ့ဆိုရင် မြန်မာ့မီးရထား ဝင်းထဲက CDM ဝန်ထမ်းတွေကို ၊ အကယ်၍ CDM ဆက်လုပ်နေမယ်ဆိုရင် ဒီဝန်ထမ်းအိမ်ယာမှာ မနေရဘူး ၊ နေမယ်ဆို ဖမ်းမယ်ဆီးမယ် လုပ်တဲ့အတွက် ဝန်ထမ်းတွေက CDM ကိုတော့ သူတို့ လုံးဝနောက်မဆုတ်ဘူး ဆက်လုပ်မယ် သူတို့ဒီနေရာမှာ မနေရလည်း ကိစ္စမရှိဘူးဆိုပြီး အဲဒီဝန်ထမ်းအိမ်ယာကနေ ဆင်းလာကြတာကို တွေ့ရပါတယ်။ တချိန်ထဲမှာ မန္တလေးပြည်သူ့ဆေးရုံကြီးက ဝန်ထမ်းတွေဆိုလည်း ထိုနည်းလည်းကောင်းပါပဲ။ ကျနော်တို့ ပြည်သူတွေဖက်ကလည်း အဲဒီ CDM ဝန်ထမ်းတွေကို တတ်နိုင်သမျှ အစွမ်းကုန် ထောက်ပံ့ ကူညီနေကြပါတယ်။ ဒီနေရာမှာ ကျနော့်အနေနဲ့ အလေးအနက် ပြောလိုတာကတော့ ဒီ CDM ဝန်ထမ်းတွေရဲ့ လေးနက်တည်မြဲတဲ့ ခံယူချက်ကို ကျနော်တို့ပြည်သူတွေကလည်း အင်မတန်လေးစားတယ် ၊ အင်မတန်ကို အသိအမှတ်ပြုပါတယ်။ သူတို့ CDM ဝန်ထမ်းတွေသည် ကျနော်တို့ပြည်သူတွေရဲ့ သူရဲကောင်းတွေပါလို့ ပြောလိုပါတယ်။

ကိုရန်နိုင် ။ ။ အဲဒီတော့ ဒီ CDM ဝန်ထမ်းတွေက အဓိက ဘာတွေလိုအပ်နေသလဲ။

ဒေါက်တာ တေဇာစန်း ။ ။ သူတို့ရဲ့ ရုပ်ဝတ္ထုပိုင်းဆိုင်ရာနဲ့ ငွေကြေးပိုင်းဆိုင်ရာ လိုအိပ်ချက်တွေပါ။ အားလုံးသိတဲ့အတိုင်းပဲ ဒီ CDM လုပ်နေတဲ့ ဝန်ထမ်း တော်တော်များများက တကယ်ကို အခြေခံဝန်ထမ်းတွေ များတာဖြစ်တဲ့အတွက် သူတို့မှာ စုထားဆောင်းထားတဲ့ ငွေကြေးဆိုတာလည်း မရှိကြပါဘူး။ သူတို့သည် လစဉ်ရတဲ့ လစာကိုပဲ အားပြုနေရတဲ့ ဝန်ထမ်းတွေက အများစုဖြစ်ပါတယ်။ ဒီဝန်ထမ်းတွေကို လစာအနေနဲ့ အပြည့်အဝ ကျနော်တို့ပြည်သူက ထောက်ပံ့မပေးနိုင်ပါဘူး။ သို့သော်လည်းပဲ ကျနော်တို့ တတ်နိုင်သမျှပေါ့နော် အများပြည်သူကရော CRPH ဦးဆောင်တဲ့အဖွဲ့စည်း တွေကလည်း တတ်နိုင်သမျှ ထောက်ပံ့နေတာတွေ ရှိပါတယ်။ ဒါကတော့ ငွေကြေးအားဖြင့်ပေါ့။ နောက်တခု အရေးအကြီးဆုံး လိုအပ်ချက်ကတော့ နေစရာ နေရာပါပဲခင်ဗျ။ သို့သော်လည်း ခုချိန်ထိတော့ ကျနော်တို့ တတ်နိုင်သမျှ ဒီ CDM ဝန်ထမ်းတွေ ၊ ဝန်ထမ်းအိမ်ယာကနေ နှင်ထုတ်ခံရ ဝန်ထမ်းတွေအတွက်လည်း နေစရာတွေကို ကျနော်တို့ တတ်နိုင်သမျှ ဝိုင်းဝန်းကူညီထားကြတာကိုလည်း တွေ့ရပါတယ်ခင်ဗျ။

ကိုရန်နိုင် ။ ။ မန္တလေးဖက်က ဒီ CDM လှုပ်ရှားမှုမှာ ပါဝင်နေတဲ့ ဝန်ထမ်းအရေအတွက်က ဘယ်လောက်လောက် ရှိလဲဗျ။

ဒေါက်တာ တေဇာစန်း ။ ။ ကျနော်တို့သိရသလောက် မန္တလေးတိုင်း တတိုင်းထဲမှာ CDM လုပ်တဲ့ဝန်ထမ်းတွေ ထောင်ဂဏန်းကြီးကြီး ရှိပါတယ်။

ကိုရန်နိုင် ။ ။ ကိုတေဇာစန်းတို့ရဲ့ အခုလို စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ၊ CDM လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီးတော့ရော ပြည်သူလူထုကို ဘာများထပ်ပြီးတော့ အသိပေး ပြောကြားလိုတာ ရှိပါသလဲ။

ဒေါက်တာ တေဇာစန်း ။ ။ ပြောရမယ်ဆိုရင် ဒီအကြမ်းဖက် အာဏာသိမ်း စစ်အုပ်စုက ဒီလူထုအရေးတော်ပုံကြီးကို သူတို့လုပ်တတ်တာ တုန့်ပြန်တတ်တာ တခုပဲ ရှိပါတယ်။ အဲဒါက ဘာလဲဆို အကြမ်းဖက်မယ်၊ ပစ်မယ် ခတ်မယ် ဖမ်းဆီးမယ် ထောင်ချမယ် အရေးယူမယ်၊ ဒါပဲ သူတို့လုပ်တတ်ပါတယ်။ သို့သော် ကျနော်တို့ ပြည်သူလူထုမှာကတော့ ညသပိတ် ၊ မနက်အာရုံဦးသပိတ် ၊ လူမဲ့သပိတ် ၊ လမ်းလျှောက်သပိတ် ၊ ဆိုင်ကယ်သပိတ် စသဖြင့် ကျနော်တို့မှာက ဒီအကြမ်းမဖက်တဲ့ နည်းလမ်းပေါင်းများစွာ ရှိပါတယ်။ တချိတ်ထဲမှာပဲ ဒီစစ်အုပ်စုကတော့ သူတို့အကြမ်းဖက်လိုက်လို့ လူထုက ကြောက်သွားမယ် ၊ လူထု ကြောက်သွားရင် ငြိမ်သွားမယ်လို့ ထင်နေတာပါ။ သူတို့ရဲ့ အဲဒီယူဆချက်က လုံးဝ လုံးဝ လွဲမှားနေတယ်ဆိုတာ ကျနော့်အနေနဲ့ အလေးအနက် ပြောလိုပါတယ်။

ကိုရန်နိုင် ။ ။ ဟုတ်ကဲ့ ဒေါက်တာ တေဇာစန်း ကျေးဇူးပါခင်ဗျ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG