သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဗိုလ္ခ်ဳပ္မွဴးၾကီး မင္းေအာင္လွိဳင္ အာဏာတည္ျမဲေအာင္ စြမ္းေဆာင္ႏိုင္မလား


ဗိုလ္ခ်ဳပ္မွဴးၾကီး မင္းေအာင္လွိဳင္
တိုက္႐ိုက္ လင့္ခ္

အခုဆိုရင္ ဗိုလ္ခ်ဳပ္မွဴးၾကီး မင္းေအာင္လွိဳင္ ဦးေဆာင္တဲ့ တပ္မေတာ္ဟာ ႏုိင္ငံေတာ္ သမၼတ၊ ႏိုင္ငံေတာ္ အတုိင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ လူေပါင္းမ်ားစြာကို ဖမ္းဆီးျပီး အာဏာသိမ္း အုပ္ခ်ဳပ္ခဲ့တာ ရက္ေပါင္း ၄၀ ေက်ာ္ရွိခဲ့ပါျပီ။ ဒီ ျဖစ္ရပ္နဲ႔ ပတ္သက္ရင္ စစ္အာဏာသိမ္းမွဳ အထေျမာက္သြားတယ္ လို႔ ဆုိႏိုင္ေပမယ့္ အာဏာသိမ္းမွဳ ေအာင္ျမင္သြားတယ္လို႔ေတာ့ မဆိုႏုိင္ေသးပါဘူး။ အေၾကာင္းကေတာ့ အာဏာရယူျပီးေနာက္ ရက္ေပါင္း ၄၀ ေက်ာ္လာတဲ့တုိင္ အစိုးရယႏၱယား ပံုမွန္ လည္ပတ္ေအာင္ မစြမ္းေဆာင္ႏိုင္ေသးတာ၊ ႏိုင္ငံတကာ အသိအမွတ္ျပဳမွဳ ရမလာေသးတာ၊ လက္ရွိ ႏုိင္ငံအႏွံ႕ျဖစ္ေပၚေနတဲ့ တိုင္းရင္းသား ျပည္သူလူထုၾကီး တစ္ရပ္လံုးရဲ႕ အာဏာရွင္ ဆန္႔က်င္ေရး အၾကမ္းမဖက္တဲ့ ျငိမ္းခ်မ္းစြာ ဆႏၵျပမွဳၾကီးကို ျငိမ္၀ပ္သြားေအာင္ မစြမ္းေဆာင္ႏုိင္ေသးတာ စတဲ့ အခ်က္ေတြေၾကာင့္ပဲ ျဖစ္ပါတယ္။ ဗိုလ္ခ်ဳပ္မွဴးၾကီး မင္းေအာင္လွိဳင္ဟာ သူ႔ေရွ႕က စစ္အာဏာရွင္ ဗိုလ္ခ်ဳပ္ၾကီးေတြလို ႏိုင္ငံ့အာဏာကို စြဲစြဲျမဲျမဲခ်ဳပ္ကိုင္ျပီး အာဏာရယူ အုပ္ခ်ဳပ္မွဳ ေအာင္ျမင္ေအာင္ စြမ္းေဆာင္ႏိုင္ပါ့မလား ဆုိတာ အေတာ္ေလး စိတ္၀င္စားဖုိ႔ ေကာင္းတဲ့ ကိစၥပါ။

ျပီးခဲ့တဲ့ မတ္လ ၁၁ ရက္ေန႔မွာ လုပ္တဲ့ စစ္အုပ္ခ်ဳပ္ေရးေကာင္စီ အစည္းအေ၀းမွာေတာ့ ဗိုလ္ခ်ဳပ္မွဴးၾကီး မင္းေအာင္လွိဳင္က ေဆးရံုေတြ ျပန္ဖြင့္ႏိုင္ေအာင္ လုပ္ဖို႔၊ ဘဏ္ေတြ ျပန္ဖြင့္ႏိုင္ေအာင္ လုပ္ဖို႔ ၊ စည္းကမ္းမလုိက္နာတဲ့ ဘဏ္ေတြကို အေရးယူဖို႔၊ ေက်ာင္းေတြ ျပန္ဖြင့္ႏိုင္ေအာင္ လုပ္ဖုိ႔ လမ္းညႊန္ခဲ့ပါတယ္။ ဒီ့မတုိင္ခင္ မတ္လ ၈ ရက္ေန႔က လုပ္တဲ့ စစ္ေကာင္စီ အစည္းအေ၀းမွာလည္း အဲဒီ အခ်က္ေတြအျပင္ ရန္ကုန္- မႏၱေလး ရထားေျပးဆြဲမွဳ စတင္ဖို႔ကိုလည္း လမ္းညႊန္တာ ေတြ႕ရပါတယ္။ သူ႔လမ္းညႊန္ခ်က္ ဆုိလိုရင္းေတြကေတာ့ အစိုးရယႏၱယားေတြ ေကာင္းေကာင္း မလည္ပတ္ႏုိင္ေသးဘူး၊ လည္ပတ္ေအာင္ လုပ္ပါ လို႔ ဆုိလိုက္တာပါ။ တကယ့္လက္ေတြ႕မွာလည္း ျမန္မာႏုိင္ငံထဲက ဆရာ၀န္၊ က်န္းမာေရး၀န္ထမ္း အမ်ားစု CDM လုပ္ထားၾကလို႔ အစိုးရ ေဆးရံု၊ ေဆးခန္းေတြ မဖြင့္လွစ္ႏုိင္ပါဘူး။ စစ္ေကာင္စီဖက္က အႏုနည္းနဲ႔ စည္းရံုးတာတစ္မ်ိဳး၊ အၾကမ္းနည္းနဲ႔ ျခိမ္းေျခာက္တာ တစ္ဖံု လုပ္ေပမယ့္ မေအာင္ျမင္ပါဘူး။ အခု မတ္လ ၁၂ ေန႔ကစ ျမိဳ႕ၾကီးတစ္ခ်ိဳ႕မွာ CDM ၀င္တဲ့ ၊ သူတုိ႔က ေခါင္းေဆာင္လို႔ ယူဆ ရတဲ့ ဆရာ၀န္ၾကီးေတြကို ဖမ္းဆီးတာ၊ ေဆးရံု၀န္းထဲက လူနာေတြကို ဖယ္ရွားတာ စျပီး လုပ္ေနတာ ေတြ႕ၾကရပါတယ္။

ဘဏ္လုပ္ငန္းေတြလည္း အလားတူပါပဲ။ ဗဟိုဘဏ္က ဖြင့္လွစ္ဖို႔ အၾကိမ္ၾကိမ္ ညႊန္ၾကားေနတဲ့တုိင္ ပုဂၢလိက ဘဏ္အားလံုး တညီတညြတ္ထဲ ပိတ္ထားၾကျပီး၊ အမ်ားျပည္သူ လစာ နဲ႔ ေငြထုတ္ယူႏိုင္ဖို႔ ATM စက္ေတြထဲ ေငြျဖည့္သြင္းေပးတာနဲ႔ လုပ္ငန္းတစ္ခ်ိဳ႕က လြဲရင္ က်န္တာေတြ အားလံုး ရပ္ဆုိင္းထားပါတယ္။ စစ္တပ္ပိုင္ ျမ၀တီဘဏ္က ဖြင့္ေပမယ့္ ေငြထုတ္ယူသူ မ်ားလြန္းလို႔ ထုတ္မယ့္ ေငြသားပမာဏ ကို ကန္႔သတ္တာ၊ လူဦးေရ ကန္႔သတ္တာ လုပ္သလို ဘဏ္ဖြင့္ခ်ိန္ မတုိင္ခင္ ပိတ္ေနရတဲ့ အေနအထား ေရာက္ေနပါတယ္။

အားလံုးသိၾကျပီျဖစ္တဲ့အတုိင္း မတ္လ ၁၀ ရက္ေန႔တုန္းကေတာ့ ၀န္ထမ္းဦးေရ ၆၀၀ ကေန ၈၀၀ ၾကား၊ မိသားစု၀င္ေတြ ေထာင္နဲ႔ခ်ီ ရွိေနတဲ့၊ CDM ၀င္ေနတဲ့ ရန္ကုန္ မလႊကုန္း မီးရထား၀င္းကို ရဲနဲ႔ စစ္တပ္က ၀င္စီးျပီး အျငိမ္းစား စက္ေခါင္းေမာင္းသမားေတြကို ဖမ္းဆီးေခၚေဆာင္သြားပါတယ္။ အဲဒီတစ္ေန႔လံုး က်န္ ၀န္ထမ္းေတြနဲ႔ မိသားစု၀င္ေတြ မီးရထား၀င္းကေန စြန္႔ခြာ ထြက္ေျပး ၾကရပါတယ္။ ဒီလို ရထားထြက္ဖို႔ အင္အားသံုးတဲ့ လုပ္ရပ္မ်ိဳး လံုျခံဳေရးတပ္ဖြဲ႕ေတြက မႏၱေလးမွာ လုပ္ခဲ့ျပီးပါျပီ။ ဒါေပမယ့္ ဗိုလ္ခ်ဳပ္မွဴးၾကီး မင္းေအာင္လွိဳင္ လိုလားသလို၊ ရန္ကုန္-မႏၱေလး ရထားေျပးဆြဲဖို႔ လုပ္ႏိုင္မလား ဆုိတာကေတာ့ သိပ္မေသျခာပါဘူး။

အလားတူ ျပည္သူလူထုၾကီးရဲ႕ ဆန္႔က်င္ အာခံမွဳေတြေၾကာင့္ အာဏာပိုင္ေတြဟာ အေျခခံ အက်ဆံုး ရပ္ကြက္၊ ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴး ခန္႔အပ္တာ၊ အုပ္ခ်ဳပ္ေရး လုပ္ငန္းေတြ လည္ပတ္ႏုိင္ေအာင္ ေတာင္ မလုပ္ႏိုင္ေသးပါဘူး။ လက္ရွိ အေျခအေနတစ္ခုလံုးကို သံုးသပ္ၾကည့္ရင္ အစိုးရယႏၱယား ေကာင္းေကာင္းမြန္မြန္ လည္ပတ္ႏုိင္တာ မေတြ႕ရသလို၊ ေနာင္ဘယ္အခ်ိန္ လည္ပတ္လာႏိုင္မလဲ ဆိုတာကလည္း မခန္႔မွန္းႏုိင္ေသးပါဘူး။

စစ္ေကာင္စီကို ႏုိင္ငံတကာ အသိအမွတ္ျပဳမွဳ ရဖို႔ ကိစၥကေတာ့ ပိုျပီး ခက္ခဲပံု ေပၚပါတယ္။ ျပည္တြင္းမွာ စစ္တပ္နဲ႔ရဲက ဆႏၵျပျပည္သူေတြကို ရက္ရက္စက္စက္ ပစ္ခတ္၊ သတ္ျဖတ္၊ ရိုက္ႏွက္၊ ဖမ္းဆီးတာေတြ၊ ႏုိင္ငံေရးသမားေတြကို ဖမ္းဆီးျပီး အေလာင္းပဲ ျပန္ေပးတာေတြ၊ ျပည္သူေတြ ပိုင္ဆုိင္တဲ့ အိုးအိမ္၊ ကား၊ ဆုိင္ကယ္၊ စက္ဘီး ဆုိက္ကား၊ ပန္းအိုးမခ်န္ ထင္တုိင္း ဖ်က္ဆီးျပေနတာေတြကလည္း စစ္ေကာင္စီကို ႏုိင္ငံတကာ အသိအမွတ္ျပဳမွဳရဖို႔ ကိစၥ ပိုျပီး ေ၀းကြာေလ ျဖစ္လာေနတာ ေတြ႕ၾကရပါတယ္။ အရင္က ျပည္တြင္းေရးဆုိ ၀င္မစြက္ဖူးလို႔ ဆိုၾကတဲ့ အာစီယံႏုိင္ငံေတြထဲမွာေတာင္ စစ္အုပ္ခ်ဳပ္ေရးေကာင္စီကို အသိအမွတ္ျပဳပါတယ္ ဆိုတာမ်ိဳး ထုတ္ေဖာ္ေျပာဆုိဖို႔ ၀န္ေလးေနၾကတာေၾကာင့္ ႏိုင္ငံတကာ အသိအမွတ္ျပဳမွဳ ကိစၥမွာလည္း ဗိုလ္ခ်ဳပ္မွဴးၾကီး မင္းေအာင္လွိဳင္ ေအာင္ျမင္မွဳ ရမေနပါဘူး။

တုိင္းျပည္ ျငိမ္၀ပ္ပိျပားေရး ေဆာင္ရြက္ရာမွာလည္း ဒီနည္း အတုိင္းပါပဲ။ ျပည္သူေတြရဲ႕ ဆႏၵျပပြဲေတြကို လူေတြ ေသဆံုးသည္ အထိ စစ္ေကာင္စီက ရက္ရက္စက္စက္၊ ၾကမ္းၾကမ္းတမ္းတမ္း၊ ေန႔စဥ္ရက္ဆက္ ျဖိဳခြဲေနေပမယ့္ ဆႏၵျပပြဲေတြဟာ ျမိဳ႕အေတာ္မ်ားမ်ားမွာ ဆက္ျပီး ျဖစ္ပြားေနဆဲ၊ အာဏာသိမ္းမွဳကို ဆက္ျပီး အံတု ဆန္႔က်င္ေနဆဲပါ။ ရန္ကုန္လို စီးပြားေရး ျမိဳ႕ေတာ္ၾကီးမွာ လူေတြ စုေ၀းႏုိင္တဲ့ ဆူးေလ၊ ေျမနီကုန္း၊ လွည္းတန္း ဧရိယာေတြမွာ လံုျခံဳေရးေတြ ခ်ထားသလို၊ အေမရိကန္သံရံုး၊ ဂ်ပန္၊ တရုတ္၊ အင္ဒိုနီးရွား၊ ကုလ သံရံုးလမ္းေတြကိုလည္း အရံအတားေတြနဲ႔ ပိတ္ဆို႔ထားတာ ေတြ႕ႏိုင္ပါတယ္။ အလားတူ လံုျခံဳေရး တပ္ဖြဲ႕၀င္ေတြရဲ႕ အလြယ္တကူ လာေရာက္ ပစ္ခတ္ ႏွိမ္နင္းတာ မလုပ္ႏိုင္ေအာင္ ျပည္သူလူထုဘက္ကလည္း ရပ္ကြက္ေပါင္းမ်ားစြာ၊ လမ္းေပါင္းမ်ားစြာကို အကာအရံေပါင္းစံုနဲ႔ ပိတ္ဆို႔ထားၾကပါတယ္။ ေျပာရရင္ ရန္ကုန္ျမိဳ႕ၾကီးဟာ ပိတ္ဆို႔မွဳေပါင္းမ်ားစြာ ရွိေနျပီး ရံုးလုပ္ငန္းေတြနဲ႔ စီးပြားေရးေတြ ပံုမွန္ မလည္ပတ္ႏုိင္၊ ဆႏၵျပပြဲေတြ ေန႔စဥ္ရက္ဆက္ ေပၚေပါက္ေနဖြယ္ရွိျပီး စစ္ေကာင္စီဘက္က အလြယ္တကူ ျငိမ္၀ပ္ပိျပားသြားေအာင္ ႏွိမ္နင္းႏုိင္မယ့္ အေျခအေနမ်ိဳးေတာ့ ရွိမေနေသးပါဘူး။ ဒီအခ်က္ေတြ အားလံုးဟာ ဗိုလ္ခ်ဳပ္မွဴးၾကီး မင္းေအာင္လွိဳင္ရဲ႕ အာဏာတည္ျမဲေရးကို အဆံုးအျဖတ္ ေပးႏိုင္မယ့္ အစိုးရယႏၱယား ပံုမွန္ လည္ပတ္မွဳ၊ ႏိုင္ငံတကာအသိအမွတ္ျပဳ ခံရမွဳနဲ႔ ပံုမွန္ ဆက္ဆံေရး ထူေထာင္ႏုိင္မွဳ၊ ဆႏၵျပပြဲေတြကို ႏွိမ္နင္းျပီး တုိင္းျပည္ ျငိမ္သက္ေအာင္ စြမ္းေဆာင္ႏိုင္မွဳ ဘယ္တစ္ခုမွာမွ ေအာင္ျမင္မွဳ ရမေနတာ ေတြ႕ျမင္ရပါတယ္။

အျခားတစ္ဖက္မွာေတာ့ ဗိုလ္ခ်ဳပ္မွဴးၾကီး မင္းေအာင္လွိဳင္ဟာ သူ႕အမိန္႔ကို နာခံတဲ့၊ ပစ္ဆုိပစ္၊ သတ္ဆိုသတ္၊ ဖမ္းဆိုဖမ္း၊ ရိုက္ဆုိရိုက္၊ ဖ်က္ဆီးဆုိ ဖ်က္ဆီး အမိန္႔နာခံ လုပ္ေပးေနတဲ့ စစ္တပ္ၾကီး ရွိေနပါေသးတယ္။ ဒီ စစ္တပ္ၾကီးက စစ္ဗိုလ္ စစ္သားေတြ အမိန္႔နာခံေနေသးသ၍ သူ႕ရည္မွန္းခ်က္ျဖစ္တဲ့ သူ႕အာဏာတည္ျမဲေရး လုပ္ငန္းေတြကို ဆက္ျပီး အေကာင္အထည္ ေဖာ္ေနလိမ့္ဦးမယ္လို႔လည္း ယံုၾကည္ရပါတယ္။ ဒါေပမယ့္ အျခားတစ္ဖက္မွာေတာ့ စစ္တပ္ရဲ႕ လူထုအေပၚ ရက္ရက္စက္စက္ ပစ္ခတ္ သတ္ျဖတ္ ႏွိပ္စက္တာေတြကို အေထာက္အထား မ်ိဳးစံုရထားတဲ့ နုိင္ငံတကာ အသိုင္းအ၀ိုင္း၊ စစ္တပ္ရဲ႕ ရက္စက္မွဳ အေပါင္းကို မ်က္၀ါးထင္ထင္ ၾကံဳေနရတဲ့ ၀န္ထမ္းေတြနဲ႔ တုိင္းရင္းသားျပည္သူေတြရဲ႕ ခိုင္မာတဲ့ သႏိၵဌာန္နဲ႔ ျပင္းထန္တဲ့ အံတုမွဳၾကီး ရွိေနေလေတာ့ ဗိုလ္ခ်ဳပ္မွဴးၾကီး မင္းေအာင္လွိဳင္ဟာ သူ႔ေရွ႕က စစ္အာဏာရွင္ေတြနဲ႔ မတူပဲ အာဏာတည္ျမဲေအာင္ ခက္ခက္ခဲခဲ ရုန္းကန္ လုပ္ကိုင္ရဖို႔ ရွိေနျပီး ေအာင္ျမင္မွဳ ရလိမ့္မယ္လို႔လည္း ေသျခာေပါက္ ေျပာဆုိႏုိင္တဲ့ အေနအထား ရွိမေနေသးေၾကာင္းပါ။

--------------------------------

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာတည်မြဲအောင် စွမ်းဆောင်နိုင်မလား

အခုဆိုရင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ တပ်မတော်ဟာ နိုင်ငံတော် သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ လူပေါင်းများစွာကို ဖမ်းဆီးပြီး အာဏာသိမ်း အုပ်ချုပ်ခဲ့တာ ရက်ပေါင်း ၄၀ ကျော်ရှိခဲ့ပါပြီ။ ဒီ ဖြစ်ရပ်နဲ့ ပတ်သက်ရင် စစ်အာဏာသိမ်းမှု အထမြောက်သွားတယ် လို့ ဆိုနိုင်ပေမယ့် အာဏာသိမ်းမှု အောင်မြင်သွားတယ်လို့တော့ မဆိုနိုင်သေးပါဘူး။ အကြောင်းကတော့ အာဏာရယူပြီးနောက် ရက်ပေါင်း ၄၀ ကျော်လာတဲ့တိုင် အစိုးရယန္တယား ပုံမှန် လည်ပတ်အောင် မစွမ်းဆောင်နိုင်သေးတာ၊ နိုင်ငံတကာ အသိအမှတ်ပြုမှု ရမလာသေးတာ၊ လက်ရှိ နိုင်ငံအနှံ့ဖြစ်ပေါ်နေတဲ့ တိုင်းရင်းသား ပြည်သူလူထုကြီး တစ်ရပ်လုံးရဲ့ အာဏာရှင် ဆန့်ကျင်ရေး အကြမ်းမဖက်တဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြမှုကြီးကို ငြိမ်ဝပ်သွားအောင် မစွမ်းဆောင်နိုင်သေးတာ စတဲ့ အချက်တွေကြောင့်ပဲ ဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သူ့ရှေ့က စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးတွေလို နိုင်ငံ့အာဏာကို စွဲစွဲမြဲမြဲချုပ်ကိုင်ပြီး အာဏာရယူ အုပ်ချုပ်မှု အောင်မြင်အောင် စွမ်းဆောင်နိုင်ပါ့မလား ဆိုတာ အတော်လေး စိတ်ဝင်စားဖို့ ကောင်းတဲ့ ကိစ္စပါ။
ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့မှာ လုပ်တဲ့ စစ်အုပ်ချုပ်ရေးကောင်စီ အစည်းအဝေးမှာတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆေးရုံတွေ ပြန်ဖွင့်နိုင်အောင် လုပ်ဖို့၊ ဘဏ်တွေ ပြန်ဖွင့်နိုင်အောင် လုပ်ဖို့ ၊ စည်းကမ်းမလိုက်နာတဲ့ ဘဏ်တွေကို အရေးယူဖို့၊ ကျောင်းတွေ ပြန်ဖွင့်နိုင်အောင် လုပ်ဖို့ လမ်းညွှန်ခဲ့ပါတယ်။ ဒီ့မတိုင်ခင် မတ်လ ၈ ရက်နေ့က လုပ်တဲ့ စစ်ကောင်စီ အစည်းအဝေးမှာလည်း အဲဒီ အချက်တွေအပြင် ရန်ကုန်- မန္တလေး ရထားပြေးဆွဲမှု စတင်ဖို့ကိုလည်း လမ်းညွှန်တာ တွေ့ရပါတယ်။ သူ့လမ်းညွှန်ချက် ဆိုလိုရင်းတွေကတော့ အစိုးရယန္တယားတွေ ကောင်းကောင်း မလည်ပတ်နိုင်သေးဘူး၊ လည်ပတ်အောင် လုပ်ပါ လို့ ဆိုလိုက်တာပါ။ တကယ့်လက်တွေ့မှာလည်း မြန်မာနိုင်ငံထဲက ဆရာဝန်၊ ကျန်းမာရေးဝန်ထမ်း အများစု CDM လုပ်ထားကြလို့ အစိုးရ ဆေးရုံ၊ ဆေးခန်းတွေ မဖွင့်လှစ်နိုင်ပါဘူး။ စစ်ကောင်စီဖက်က အနုနည်းနဲ့ စည်းရုံးတာတစ်မျိုး၊ အကြမ်းနည်းနဲ့ ခြိမ်းခြောက်တာ တစ်ဖုံ လုပ်ပေမယ့် မအောင်မြင်ပါဘူး။ အခု မတ်လ ၁၂ နေ့ကစ မြို့ကြီးတစ်ချို့မှာ CDM ဝင်တဲ့ ၊ သူတို့က ခေါင်းဆောင်လို့ ယူဆ ရတဲ့ ဆရာဝန်ကြီးတွေကို ဖမ်းဆီးတာ၊ ဆေးရုံဝန်းထဲက လူနာတွေကို ဖယ်ရှားတာ စပြီး လုပ်နေတာ တွေ့ကြရပါတယ်။

ဘဏ်လုပ်ငန်းတွေလည်း အလားတူပါပဲ။ ဗဟိုဘဏ်က ဖွင့်လှစ်ဖို့ အကြိမ်ကြိမ် ညွှန်ကြားနေတဲ့တိုင် ပုဂ္ဂလိက ဘဏ်အားလုံး တညီတညွတ်ထဲ ပိတ်ထားကြပြီး၊ အများပြည်သူ လစာ နဲ့ ငွေထုတ်ယူနိုင်ဖို့ ATM စက်တွေထဲ ငွေဖြည့်သွင်းပေးတာနဲ့ လုပ်ငန်းတစ်ချို့က လွဲရင် ကျန်တာတွေ အားလုံး ရပ်ဆိုင်းထားပါတယ်။ စစ်တပ်ပိုင် မြဝတီဘဏ်က ဖွင့်ပေမယ့် ငွေထုတ်ယူသူ များလွန်းလို့ ထုတ်မယ့် ငွေသားပမာဏ ကို ကန့်သတ်တာ၊ လူဦးရေ ကန့်သတ်တာ လုပ်သလို ဘဏ်ဖွင့်ချိန် မတိုင်ခင် ပိတ်နေရတဲ့ အနေအထား ရောက်နေပါတယ်။

အားလုံးသိကြပြီဖြစ်တဲ့အတိုင်း မတ်လ ၁၀ ရက်နေ့တုန်းကတော့ ဝန်ထမ်းဦးရေ ၆၀၀ ကနေ ၈၀၀ ကြား၊ မိသားစုဝင်တွေ ထောင်နဲ့ချီ ရှိနေတဲ့၊ CDM ဝင်နေတဲ့ ရန်ကုန် မလွှကုန်း မီးရထားဝင်းကို ရဲနဲ့ စစ်တပ်က ဝင်စီးပြီး အငြိမ်းစား စက်ခေါင်းမောင်းသမားတွေကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ အဲဒီတစ်နေ့လုံး ကျန် ဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေ မီးရထားဝင်းကနေ စွန့်ခွာ ထွက်ပြေး ကြရပါတယ်။ ဒီလို ရထားထွက်ဖို့ အင်အားသုံးတဲ့ လုပ်ရပ်မျိုး လုံခြုံရေးတပ်ဖွဲ့တွေက မန္တလေးမှာ လုပ်ခဲ့ပြီးပါပြီ။ ဒါပေမယ့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လိုလားသလို၊ ရန်ကုန်-မန္တလေး ရထားပြေးဆွဲဖို့ လုပ်နိုင်မလား ဆိုတာကတော့ သိပ်မသေခြာပါဘူး။

အလားတူ ပြည်သူလူထုကြီးရဲ့ ဆန့်ကျင် အာခံမှုတွေကြောင့် အာဏာပိုင်တွေဟာ အခြေခံ အကျဆုံး ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ခန့်အပ်တာ၊ အုပ်ချုပ်ရေး လုပ်ငန်းတွေ လည်ပတ်နိုင်အောင် တောင် မလုပ်နိုင်သေးပါဘူး။ လက်ရှိ အခြေအနေတစ်ခုလုံးကို သုံးသပ်ကြည့်ရင် အစိုးရယန္တယား ကောင်းကောင်းမွန်မွန် လည်ပတ်နိုင်တာ မတွေ့ရသလို၊ နောင်ဘယ်အချိန် လည်ပတ်လာနိုင်မလဲ ဆိုတာကလည်း မခန့်မှန်းနိုင်သေးပါဘူး။
စစ်ကောင်စီကို နိုင်ငံတကာ အသိအမှတ်ပြုမှု ရဖို့ ကိစ္စကတော့ ပိုပြီး ခက်ခဲပုံ ပေါ်ပါတယ်။ ပြည်တွင်းမှာ စစ်တပ်နဲ့ရဲက ဆန္ဒပြပြည်သူတွေကို ရက်ရက်စက်စက် ပစ်ခတ်၊ သတ်ဖြတ်၊ ရိုက်နှက်၊ ဖမ်းဆီးတာတွေ၊ နိုင်ငံရေးသမားတွေကို ဖမ်းဆီးပြီး အလောင်းပဲ ပြန်ပေးတာတွေ၊ ပြည်သူတွေ ပိုင်ဆိုင်တဲ့ အိုးအိမ်၊ ကား၊ ဆိုင်ကယ်၊ စက်ဘီး ဆိုက်ကား၊ ပန်းအိုးမချန် ထင်တိုင်း ဖျက်ဆီးပြနေတာတွေကလည်း စစ်ကောင်စီကို နိုင်ငံတကာ အသိအမှတ်ပြုမှုရဖို့ ကိစ္စ ပိုပြီး ဝေးကွာလေ ဖြစ်လာနေတာ တွေ့ကြရပါတယ်။ အရင်က ပြည်တွင်းရေးဆို ဝင်မစွက်ဖူးလို့ ဆိုကြတဲ့ အာစီယံနိုင်ငံတွေထဲမှာတောင် စစ်အုပ်ချုပ်ရေးကောင်စီကို အသိအမှတ်ပြုပါတယ် ဆိုတာမျိုး ထုတ်ဖော်ပြောဆိုဖို့ ဝန်လေးနေကြတာကြောင့် နိုင်ငံတကာ အသိအမှတ်ပြုမှု ကိစ္စမှာလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အောင်မြင်မှု ရမနေပါဘူး။
တိုင်းပြည် ငြိမ်ဝပ်ပိပြားရေး ဆောင်ရွက်ရာမှာလည်း ဒီနည်း အတိုင်းပါပဲ။ ပြည်သူတွေရဲ့ ဆန္ဒပြပွဲတွေကို လူတွေ သေဆုံးသည် အထိ စစ်ကောင်စီက ရက်ရက်စက်စက်၊ ကြမ်းကြမ်းတမ်းတမ်း၊ နေ့စဉ်ရက်ဆက် ဖြိုခွဲနေပေမယ့် ဆန္ဒပြပွဲတွေဟာ မြို့အတော်များများမှာ ဆက်ပြီး ဖြစ်ပွားနေဆဲ၊ အာဏာသိမ်းမှုကို ဆက်ပြီး အံတု ဆန့်ကျင်နေဆဲပါ။ ရန်ကုန်လို စီးပွားရေး မြို့တော်ကြီးမှာ လူတွေ စုဝေးနိုင်တဲ့ ဆူးလေ၊ မြေနီကုန်း၊ လှည်းတန်း ဧရိယာတွေမှာ လုံခြုံရေးတွေ ချထားသလို၊ အမေရိကန်သံရုံး၊ ဂျပန်၊ တရုတ်၊ အင်ဒိုနီးရှား၊ ကုလ သံရုံးလမ်းတွေကိုလည်း အရံအတားတွေနဲ့ ပိတ်ဆို့ထားတာ တွေ့နိုင်ပါတယ်။ အလားတူ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ အလွယ်တကူ လာရောက် ပစ်ခတ် နှိမ်နင်းတာ မလုပ်နိုင်အောင် ပြည်သူလူထုဘက်ကလည်း ရပ်ကွက်ပေါင်းများစွာ၊ လမ်းပေါင်းများစွာကို အကာအရံပေါင်းစုံနဲ့ ပိတ်ဆို့ထားကြပါတယ်။ ပြောရရင် ရန်ကုန်မြို့ကြီးဟာ ပိတ်ဆို့မှုပေါင်းများစွာ ရှိနေပြီး ရုံးလုပ်ငန်းတွေနဲ့ စီးပွားရေးတွေ ပုံမှန် မလည်ပတ်နိုင်၊ ဆန္ဒပြပွဲတွေ နေ့စဉ်ရက်ဆက် ပေါ်ပေါက်နေဖွယ်ရှိပြီး စစ်ကောင်စီဘက်က အလွယ်တကူ ငြိမ်ဝပ်ပိပြားသွားအောင် နှိမ်နင်းနိုင်မယ့် အခြေအနေမျိုးတော့ ရှိမနေသေးပါဘူး။ ဒီအချက်တွေ အားလုံးဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အာဏာတည်မြဲရေးကို အဆုံးအဖြတ် ပေးနိုင်မယ့် အစိုးရယန္တယား ပုံမှန် လည်ပတ်မှု၊ နိုင်ငံတကာအသိအမှတ်ပြု ခံရမှုနဲ့ ပုံမှန် ဆက်ဆံရေး ထူထောင်နိုင်မှု၊ ဆန္ဒပြပွဲတွေကို နှိမ်နင်းပြီး တိုင်းပြည် ငြိမ်သက်အောင် စွမ်းဆောင်နိုင်မှု ဘယ်တစ်ခုမှာမှ အောင်မြင်မှု ရမနေတာ တွေ့မြင်ရပါတယ်။
အခြားတစ်ဖက်မှာတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သူ့အမိန့်ကို နာခံတဲ့၊ ပစ်ဆိုပစ်၊ သတ်ဆိုသတ်၊ ဖမ်းဆိုဖမ်း၊ ရိုက်ဆိုရိုက်၊ ဖျက်ဆီးဆို ဖျက်ဆီး အမိန့်နာခံ လုပ်ပေးနေတဲ့ စစ်တပ်ကြီး ရှိနေပါသေးတယ်။ ဒီ စစ်တပ်ကြီးက စစ်ဗိုလ် စစ်သားတွေ အမိန့်နာခံနေသေးသ၍ သူ့ရည်မှန်းချက်ဖြစ်တဲ့ သူ့အာဏာတည်မြဲရေး လုပ်ငန်းတွေကို ဆက်ပြီး အကောင်အထည် ဖော်နေလိမ့်ဦးမယ်လို့လည်း ယုံကြည်ရပါတယ်။ ဒါပေမယ့် အခြားတစ်ဖက်မှာတော့ စစ်တပ်ရဲ့ လူထုအပေါ် ရက်ရက်စက်စက် ပစ်ခတ် သတ်ဖြတ် နှိပ်စက်တာတွေကို အထောက်အထား မျိုးစုံရထားတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်း၊ စစ်တပ်ရဲ့ ရက်စက်မှု အပေါင်းကို မျက်ဝါးထင်ထင် ကြုံနေရတဲ့ ဝန်ထမ်းတွေနဲ့ တိုင်းရင်းသားပြည်သူတွေရဲ့ ခိုင်မာတဲ့ သန္ဒိဌာန်နဲ့ ပြင်းထန်တဲ့ အံတုမှုကြီး ရှိနေလေတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သူ့ရှေ့က စစ်အာဏာရှင်တွေနဲ့ မတူပဲ အာဏာတည်မြဲအောင် ခက်ခက်ခဲခဲ ရုန်းကန် လုပ်ကိုင်ရဖို့ ရှိနေပြီး အောင်မြင်မှု ရလိမ့်မယ်လို့လည်း သေခြာပေါက် ပြောဆိုနိုင်တဲ့ အနေအထား ရှိမနေသေးကြောင်းပါ။

XS
SM
MD
LG