သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သဲေခ်ာင္းတံတား ဖ်က္ဆီးခံရလို႔ မႏၲေလး-ျမစ္ႀကီးနားရထားလမ္း အခက္ႀကံဳ


စစ္အာဏာသိမ္းမႈကို ဆန္႔က်င္ကန္႔ကြင္ေနၾကတဲ့ ျမန္မာ့မီးရထားဝန္ထမ္းမ်ား။ (ေဖေဖာ္ဝါရီ ၁၉၊ ၂၀၂၁)

(Zawgyi / Unicode)

မႏၱေလး-ျမစ္ႀကီးနားရထားလမ္း၊ မဲဇာဘူတာနဲ႔ ဘံုေခ်ာင္းဘူတာအၾကားက သဲေခ်ာင္းတံတားကို ေဖာက္ခဲြဖ်က္ဆီးခံရတာေၾကာင့္ မီးရထားသြားလာဖို႔ အခက္အခဲရိွေနသလို မီးရထားဝန္ထမ္းေတြကလည္း CDM ေခၚ အလုပ္မတက္ေရး သပိတ္ေမွာက္ရာမွာ ပါဝင္ေနတာေၾကာင့္ ျပင္ဆင္ဖို႔ အခက္အခဲ ရိွေနပါတယ္။

မႏၱေလး-ျမစ္ႀကီးနား ရထားလမ္းပိုင္းက အင္းေတာ္ၿမိဳ႕နယ္အတြင္းရိွ သံတံတားတစင္းဟာ ေသာၾကာေန႔ည ၁၀ နာရီေလာက္က ေဖာက္ခဲြဖ်က္ဆီးခံခဲ့ရတာပါ။

ဒီလို ဖ်က္ဆီးခံရတာနဲ႔ပတ္သက္ၿပီး ေဒသခံတဦးက ဗြီအိုေအကို အခုလို ေျပာပါတယ္။

“ေနရာက က်ေနာ္တို႔ ဒီ မဲဇာဘူတာနဲ႔ ဘံုေခ်ာင္းဘူတာၾကားေပါ့ေနာ္။ အဲဒီမွာ သူက တံတားႏွစ္စီးရိွတယ္ေလ။ သံတံတားႏွစ္စီး ရိွတဲ့အခ်ိန္မွာ သဲေခ်ာင္းတံတား ေခၚၾကတာေပါ့ေနာ္။ တစီးကို ေဖာက္ခဲြသြားတာေပါ့ေနာ္။ ၁၁ နာရီ ၃၅ ေလာက္ကလုိ႔ ေျပာတယ္ဗ်။ မဲဇာနဲ႔ဆုိရင္ ေလးငါးမိုင္ေလာက္ ေဝးမွာေပါ့။ အဲဒီေနရာက။”

ေဒသခံေတြကေတာ့ လတ္တေလာ ကခ်င္ျပည္နယ္မွာ တုိက္ပဲြေတြ ျပန္ျဖစ္ေနတဲ့ KIA ကခ်င္လြတ္လပ္ေရးတပ္ဖဲြ႔ရဲ႕ လက္ခ်က္အျဖစ္ ယူဆၾကေပမယ့္ သီးျခား အတည္ျပဳႏိုင္တာေတာ့ မရိွေသးပါဘူး။

ျမန္မာ့မီးရထားဌာနက အရာရိွတဦးကေတာ့ တံတားေဖာက္ခဲြခံရတဲ့ အေျခအေနေၾကာင့္ ေလာေလာဆယ္မွာ မီးရထား ျဖတ္သန္းသြားလာဖုိ႔ မျဖစ္ႏိုင္ေတာ့ေၾကာင္း သံုးသပ္ထားပါတယ္။

“ဟုတ္ကဲ့။ ဒီဓာတ္ပံုေတြရဲ႕ ျမင္ရတဲ့ အေထာက္အထားအရ ဆုိရင္ေတာ့ ရထားက ေလာေလာဆယ္ ေျပးဆဲြလို႔ မရဘူးဗ်။ တံတားေဘာင္ကို ခံထားတဲ့ ေအာက္ခံ အုတ္ခံုက ကဲြသြားတဲ့အတြက္။ တဖက္က တံတားေအာက္မွာခံထားတဲ့ တံတားအေရြ႕ အျပဳကို လုပ္ရတဲ့ ေဘာလံုးႀကီး ေအာက္ကို က်သြားတာေတြ႔ရတယ္။ အဲေတာ့ တံတားက ဘယ္လုိပဲေျပာေနေန ေျပးလုိ႔ မရဘူးဗ်။ ေျပးမယ္ဆို ေအာက္ကေန ေဘလီေထာက္တုိင္ေတြ ဘာေတြနဲ႔ သံေထာက္တုိင္ေတြ၊ အကူေထာက္တိုင္ေတြ၊ ေနာက္တခါ ဖားစက္ေခြရာတို႔ အဲလို ေခြၿပီးေတာ့မွပဲ သူက ေျပးလုိ႔ရမယ္ဗ်။”

ဖားစက္ေခြရာဆုိတာ မီးရထားလုပ္ငန္းသံုးစကားျဖစ္ၿပီး ဇလီဖားတံုးေတြကို ေလးေထာင္ပံုဆင့္ထပ္ၿပီး ေအာက္ကေန ဆင့္ခံတဲ့သေဘာမ်ိဳး ျဖစ္ေၾကာင္း ရွင္းျပပါတယ္။

လတ္တေလာမွာ မီးရထား အင္ဂ်င္နီယာဌာန အပါအဝင္ ဝန္ထမ္းေတြက CDM ေခၚ အလုပ္မတက္ေရး သပိတ္ေမွာက္ထားတာေၾကာင့္ ပ်က္ဆီးသြားတဲ့တံတား ျပင္ဆင္ဖို႔လည္း ခက္ခဲႏိုင္ေၾကာင္း ဆက္ေျပာပါတယ္။

“တံတားႀကီးတခု ျပင္ဖို႔ရာဆုိရင္ေတာ့ ေလာေလာဆယ္ မီးရထားဌာနေပါင္းစံုက အကုန္ CDM လုပ္ထားတဲ့အတြက္ အလရ လုပ္သားေတြလည္း မရိွဘူး။ သက္ဆုိင္ရာ လမ္းဗိုလ္ႀကီးေတြကလည္း CDM လုပ္ထားတဲ့အတြက္ လူအင္အား၊ လုပ္သားအင္အား ရွားမယ္ဗ်။ CDM လုပ္တဲ့ ပံုအတိုင္းဆုိရင္ေတာ့ ျပင္လို႔ မရေသးဘူး။”

ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္တပ္က အာဏာသိမ္းၿပီးတဲ့ေနာက္မွာ မႏၱေလး-ျမစ္ႀကီးနား ရထားလမ္းက မီးရထားဝန္ထမ္းေတြ အားလံုးဟာ CDM မွာ ပါဝင္တာေၾကာင့္ မီးရထားေတြ အသြားအလာ ရပ္ဆုိင္းေနတာပါ။ ဒီရက္ပိုင္းအတြင္းမွာေတာ့ ကခ်င္ျပည္နယ္အတြင္းမွာ KIA နဲ႔ တုိက္ပဲြေတြ ျပန္လည္ျဖစ္ပြားခဲ့ၿပီး တပ္မေတာ္က လူ၊ လက္နက္၊ ရိကၡာပို႔ဖို႔ စစ္ရထားသြားဖု႔ိ ျပင္ဆင္ေနတဲ့ သတင္းေတြ ထြက္ေပၚၿပီးတဲ့ေနာက္ သဲခ်ာင္းတံတား ေဖာက္ခဲြ ဖ်က္ဆီးခံရတာလည္း ျဖစ္ပါတယ္။

-------------------------

(Unicode)

သဲချောင်းတံတား ဖျက်ဆီးခံရလို့ မန္တလေး-မြစ်ကြီးနားရထားလမ်း အခက်ကြုံ

မန္တလေး-မြစ်ကြီးနားရထားလမ်း၊ မဲဇာဘူတာနဲ့ ဘုံချောင်းဘူတာအကြားက သဲချောင်းတံတားကို ဖောက်ခွဲဖျက်ဆီးခံရတာကြောင့် မီးရထားသွားလာဖို့ အခက်အခဲရှိနေသလို မီးရထားဝန်ထမ်းတွေကလည်း CDM ခေါ် အလုပ်မတက်ရေး သပိတ်မှောက်ရာမှာ ပါဝင်နေတာကြောင့် ပြင်ဆင်ဖို့ အခက်အခဲ ရှိနေပါတယ်။

မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းက အင်းတော်မြို့နယ်အတွင်းရှိ သံတံတားတစင်းဟာ သောကြာနေ့ည ၁၀ နာရီလောက်က ဖောက်ခွဲဖျက်ဆီးခံခဲ့ရတာပါ။

ဒီလို ဖျက်ဆီးခံရတာနဲ့ပတ်သက်ပြီး ဒေသခံတဦးက ဗွီအိုအေကို အခုလို ပြောပါတယ်။

“နေရာက ကျနော်တို့ ဒီ မဲဇာဘူတာနဲ့ ဘုံချောင်းဘူတာကြားပေါ့နော်။ အဲဒီမှာ သူက တံတားနှစ်စီးရှိတယ်လေ။ သံတံတားနှစ်စီး ရှိတဲ့အချိန်မှာ သဲချောင်းတံတား ခေါ်ကြတာပေါ့နော်။ တစီးကို ဖောက်ခွဲသွားတာပေါ့နော်။ ၁၁ နာရီ ၃၅ လောက်ကလို့ ပြောတယ်ဗျ။ မဲဇာနဲ့ဆိုရင် လေးငါးမိုင်လောက် ဝေးမှာပေါ့။ အဲဒီနေရာက။”

ဒေသခံတွေကတော့ လတ်တလော ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နေတဲ့ KIA ကချင်လွတ်လပ်ရေးတပ်ဖွဲ့ရဲ့ လက်ချက်အဖြစ် ယူဆကြပေမယ့် သီးခြား အတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။

မြန်မာ့မီးရထားဌာနက အရာရှိတဦးကတော့ တံတားဖောက်ခွဲခံရတဲ့ အခြေအနေကြောင့် လောလောဆယ်မှာ မီးရထား ဖြတ်သန်းသွားလာဖို့ မဖြစ်နိုင်တော့ကြောင်း သုံးသပ်ထားပါတယ်။

“ဟုတ်ကဲ့။ ဒီဓာတ်ပုံတွေရဲ့ မြင်ရတဲ့ အထောက်အထားအရ ဆိုရင်တော့ ရထားက လောလောဆယ် ပြေးဆွဲလို့ မရဘူးဗျ။ တံတားဘောင်ကို ခံထားတဲ့ အောက်ခံ အုတ်ခုံက ကွဲသွားတဲ့အတွက်။ တဖက်က တံတားအောက်မှာခံထားတဲ့ တံတားအရွေ့ အပြုကို လုပ်ရတဲ့ ဘောလုံးကြီး အောက်ကို ကျသွားတာတွေ့ရတယ်။ အဲတော့ တံတားက ဘယ်လိုပဲပြောနေနေ ပြေးလို့ မရဘူးဗျ။ ပြေးမယ်ဆို အောက်ကနေ ဘေလီထောက်တိုင်တွေ ဘာတွေနဲ့ သံထောက်တိုင်တွေ၊ အကူထောက်တိုင်တွေ၊ နောက်တခါ ဖားစက်ခွေရာတို့ အဲလို ခွေပြီးတော့မှပဲ သူက ပြေးလို့ရမယ်ဗျ။”

ဖားစက်ခွေရာဆိုတာ မီးရထားလုပ်ငန်းသုံးစကားဖြစ်ပြီး ဇလီဖားတုံးတွေကို လေးထောင်ပုံဆင့်ထပ်ပြီး အောက်ကနေ ဆင့်ခံတဲ့သဘောမျိုး ဖြစ်ကြောင်း ရှင်းပြပါတယ်။

လတ်တလောမှာ မီးရထား အင်ဂျင်နီယာဌာန အပါအဝင် ဝန်ထမ်းတွေက CDM ခေါ် အလုပ်မတက်ရေး သပိတ်မှောက်ထားတာကြောင့် ပျက်ဆီးသွားတဲ့တံတား ပြင်ဆင်ဖို့လည်း ခက်ခဲနိုင်ကြောင်း ဆက်ပြောပါတယ်။

“တံတားကြီးတခု ပြင်ဖို့ရာဆိုရင်တော့ လောလောဆယ် မီးရထားဌာနပေါင်းစုံက အကုန် CDM လုပ်ထားတဲ့အတွက် အလရ လုပ်သားတွေလည်း မရှိဘူး။ သက်ဆိုင်ရာ လမ်းဗိုလ်ကြီးတွေကလည်း CDM လုပ်ထားတဲ့အတွက် လူအင်အား၊ လုပ်သားအင်အား ရှားမယ်ဗျ။ CDM လုပ်တဲ့ ပုံအတိုင်းဆိုရင်တော့ ပြင်လို့ မရသေးဘူး။”

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်မှာ မန္တလေး-မြစ်ကြီးနား ရထားလမ်းက မီးရထားဝန်ထမ်းတွေ အားလုံးဟာ CDM မှာ ပါဝင်တာကြောင့် မီးရထားတွေ အသွားအလာ ရပ်ဆိုင်းနေတာပါ။ ဒီရက်ပိုင်းအတွင်းမှာတော့ ကချင်ပြည်နယ်အတွင်းမှာ KIA နဲ့ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့ပြီး တပ်မတော်က လူ၊ လက်နက်၊ ရိက္ခာပို့ဖို့ စစ်ရထားသွားဖု့ိ ပြင်ဆင်နေတဲ့ သတင်းတွေ ထွက်ပေါ်ပြီးတဲ့နောက် သဲချာင်းတံတား ဖောက်ခွဲ ဖျက်ဆီးခံရတာလည်း ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG