{{Zawgyi/Unicode}}
ကယားပြည်နယ်လွိုင်ကော်မြို့မှာ ဆန္ဒပြသပိတ်ကိုဖြိုခွင်းခဲ့ရာမှာ ရပ်ကွက်တွေ ကျေးရွာအထိ ပစ်ခတ်မူတွေရှိနေတယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်သူတွေက ပြောပါတယ်။ တချိန်ထဲမှာဘဲ CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ ပါမောက္ခချုပ်နဲ့ ကထိကတွေကိုလည်း ဖမ်းဆီး ထိန်းသိမ်းမှုတွေ ရှိနေပါတယ်။ ဒီသတင်းကိုမအေးအေးမာကပြောပြပေးမှာပါ။
စစ်အုပ်ချုပ်ရေးကောင်စီကိုကန့်ကွက်ဆန္ဒပြနေကြတဲ့ လွိုင်ကော်မြို့က အထွေထွေသပိတ်စစ်ကြောင်းကိုဖြိုခွဲနေတဲ့အတွက် ရပ်ကွက်ကျေးရွာတွေမှာ စစ်ကြောင်းအလိုက် ကန့်ကွက်မူတွေလည်းရှိနေတာပါ ။
ကယားပြည်နယ်ထဲက ကျေးရွာတွေအထိ စစ်တပ်က လိုက်လံပစ်ခတ်မူတွေ ရှိနေကြောင်းလွိုင်ကော်မြို့ဗကသကျောင်းသားဟောင်း ကိုကောင်းထက်ကျော်က ပြောပြပါတယ်။
"လွိုင်ကော်ရပ်ကွက်တွေမှာပစ်ခတ်နေတာဗျ ပစ်ခံရတဲ့ ရပ်ကွက်တွေကတော့ နာနတ်တော ဒေါအူးခူတို့ မင်္ဂလာတို့အဲဒီဘက်တွေမှာအတော်ပစ်ခတ်နေပါတယ်ပစ်ခတ်မူတွေကအတော်များတယ် သွေးရူးသွေးတမ်းနဲ့သဲကြီးမဲကြီးနဲ့သပိတ်စစ်ကြောင်းတွေကိုလိုက်လံဖြိုခွဲနေတာပါ "
ဒါပေမယ့်သပိတ်စစ်ကြောင်းတွေကတော့ နေစဉ်နဲ့အမျှ ကန့်ကွက် ဆန္ဒပြမှုတွေ ရပ်တန့်မသွားပဲ ပုံစုံမျိုးစုံနဲ့ဆက်ပြီး ရှိနေတာပါ။
စစ်ကြောင်းတွေကို ရပ်ကွက်အလိုက်ထွက်တယ်ဆိုပြီးပြတယ်။ နာနတ်တော့စစ်ကြောင်း၊ ဒေါအူးခူစစ်ကြောင်၊း မိုင်းလုံးစစ်ကြောင်း၊ မင်္ဂလာစစ်ကြောင်း၊ ပန် ကန်းတို့ ရွာတန်းရှည်ကိုယ့်ရဲ့ရပ်ကွက်တွေမှာ ပြောက်ကျားဆန်ဆန်ဆန္ဒပြမူတွေပဲဖန်တီးယူနေရပါတယ်
ဒီအတောအတွင်း အကြမ်းမဖက်အာခံတဲ့လှုပ်ရှားမူ့(CDM) လုပ်နေတဲ့ နည်းပညာတကသိုလ်က ပါမောက္ခချုပ်နဲ့ နည်းပညာအထက်ကျောင်းနဲ့ ကွန်ပြူတာတကသိုလ်က တာဝန်ရှိသူ ၃ယောက်ကို CDM လုပ်နေတဲ့ဆရာဆရာမတွေ ဝန်ထမ်းစားရင်းကို မပေးတဲ့အတွက် စစ်ကောင်စီက မတ်လ ၁၀ ရက်နေ့မှာ ဖမ်းသွားခဲ့ပါတယ်။
မနေ့တုန်းကတော့ CDM လုပ်နေတဲ့ ပြည်တက္ကသိုလ် အင်္ဂလိပ်စာ ဌာနက ကထိက ဒေါ်မိုးမိုးဆိုင် ကို အိမ်မှာ လာရောက် ဖမ်းဆီး ခေါ်ဆောင်သွားပါတယ်။
ဒီနေ့မှာပဲ စစ်အုပ်ချုပ်ရေးကောင်စီက ရေနံချောင်း ပြည်သူ့ဆေးရုံကြီးက ဝန်ထမ်းတွေအနေနဲ့ CDM မှာ ပါတယ်ဆိုရင် ဆေးရုံဝန်ထမ်းလိုင်းခန်းတွေကနေ ဆင်းပေးရမယ်ဆိုပြီး ဖိအားပေးခဲ့ပါတယ်။ မနေ့တုန်းကတော့တောင်းတွင်းကြီးမြိုနယ်ထဲက CDM လုပ်နေတဲ့ ဆေးရုံဝန်းထမ်းတွေကို ဖိအားပေးပြီး အလုပ်ဆင်းခိုင်းခဲ့ရာမှာ ဝန်ထမ်းတွေက အလုပ်မဆင်းဘဲ ဒီနေ့မှာ ဝန်ထမ်းအိမ်ယာကနေဖယ်ရှားပေးခဲ့ရပါတယ်ရှင်။
..............................................
{{Unicode}}