သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အမ်ိဳးသမီးသတၱိ႐ွင္ဆုခ်ီးျမႇင့္ပြဲ ကန္သမၼတကေတာ္ တက္ေရာက္


အမ်ိဳးသမီးသတၱိ႐ွင္ဆုခ်ီးျမႇင့္ပြဲ ကန္သမၼတကေတာ္ Jill Biden တက္ေရာက္

(Zawgyi/Unicode)

ျမန္မာႏုိင္ငံက တက္ၾကြလႈပ္ရွားသူ ေဒၚၿဖိဳးၿဖိဳးေအာင္ အပါအ၀င္ ကမၻာတလႊားက လူ႔အခြင့္အေရး၊ အမ်ိဳးသမီးေတြ စြမ္းရည္ျမွင့္တင္ေရး၊ က်ားမ တန္းတူမႈ အေရးကိစၥေတြမွာ ဦးေဆာင္ေနၾကတဲ႔ အမ်ိဳးသမီး ၂၁ ဦးကို အေမရိကန္ ႏုိင္ငံျခားေရး၀န္ႀကီး ဌာနက ႏုိင္ငံတကာ အမ်ိဳးသမီး သတၱိရွင္ဆုေတြ တနလာၤေန႔က ခ်ီးျမွင့္ပါတယ္။

အေမရိကန္ ျပည္ေထာင္စု ၀ါရွင္တန္ ၿမိဳ႕ေတာ္မွာ တနလာၤေန႔ က်င္းပတဲ႔ ဆုခ်ီးျမွင့္ပြဲ အခမ္းအနားကိုေတာ့ ျမန္မာႏုိင္ငံက ေဒၚၿဖိဳးၿဖိဳးေအာင္ ကိုယ္တိုင္ မတက္ေရာက္ႏုိင္ခဲ႔ပါဘူး။ သူဟာဆိုရင္ ျမန္မာႏုိင္ငံမွာ ဘာသာေရးနဲ႔ ဓေလ႔ ကြဲျပားတဲ႔ လူငယ္ေတြ ညီညြတ္ေရး ရည္ရြယ္ေဆာင္ရြက္ေနတဲ႔ Wings Institute for Reconciliation ကို ပူးတြဲတည္ေထာင္သူ ျဖစ္သလို ျမန္မာႏုိင္ငံတြင္း ပညာေရး ျပဳျပင္ေျပာင္းလဲေရး ဆႏၵျပ ေတာင္းဆိုခဲ႔မႈေတြနဲ႔လည္း လူသိမ်ားသူ ျဖစ္ပါတယ္။

“တဦးတေယာက္တည္းနဲ႔ စြမ္းေဆာင္ႏုိင္တဲ႔ အရာ မဟုတ္ဘူးဆိုတာကုိ ခင္ပြန္းျဖစ္သူ သမၼတ Joe Biden က နားလည္ထားပါတယ္တဲ႔။ ေရွ႕ေဆာင္ လမ္းျပၾကတဲ႔ ကမၻာတလႊားက အမ်ိဳးသမီးေတြနဲ႔ မိန္းကေလးငယ္ေတြကို ရဲ၀ံ႔ ျပတ္သားစြာ ဦးေဆာင္ ပံ႔ပိုးဖို႔ အေမရိကန္ေတြက ေဆာင္ရြက္မွာ ျဖစ္ၿပီး သူတို႔နဲ႔ အတူ ရပ္တည္သြားမယ္” လို႔ သမၼတ ကေတာ္ Jill Biden ႏုိင္ငံတကာ အမ်ိဳးသမီး သတၱိဆုရွင္မ်ား ခ်ီးျမွင့္ပြဲ အခမ္းအနားမိန္႔ခြန္းမွာ ထည့္သြင္း ေျပာဆိုခဲ႔ပါတယ္။

အေမရိကန္ ႏုိင္ငံျခားေရး ၀န္ႀကီးဌာနရဲ႕ ႏုိင္ငံတကာ အမ်ိဳးသမီး သတၱိရွင္ဆု ခ်ီးျမွင့္ခံရသူေတြထဲမွာ ၂၀၂၀ ျပည့္ႏွစ္က လုပ္ႀကံခံခဲ႔ရသူ အာဖဂန္ အမ်ိဳးသမီး ၇ ဦးလည္း ပါ၀င္ပါတယ္။ က်န္တဲ႔ သက္ရွိ ထင္ရွား ဆုရွင္ ၁၄ ဦးထဲမွာေတာ့ Belarus ၊ ျမန္မာ၊ တရုတ္၊ အီရန္၊ ဆိုမာလီယာ၊ တူရကီနဲ႔ ဗင္နီဇြဲလား ႏုိင္ငံေတြက ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


..........

အမျိုးသမီးသတ္တိရှင်ဆုချီးမြှင့်ပွဲ ကန်သမ္မတကတော် တက်ရောက်

(Unicode)

မြန်မာနိုင်ငံက တက်ကြွလှုပ်ရှားသူ ဒေါ်ဖြိုးဖြိုးအောင် အပါအဝင် ကမ္ဘာတလွှားက လူ့အခွင့်အရေး၊ အမျိုးသမီးတွေ စွမ်းရည်မြှင့်တင်ရေး၊ ကျားမ တန်းတူမှု အရေးကိစ္စတွေမှာ ဦးဆောင်နေကြတဲ့ အမျိုးသမီး ၂၁ ဦးကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာနက နိုင်ငံတကာ အမျိုးသမီး သတ္တိရှင်ဆုတွေ တနလာၤနေ့က ချီးမြှင့်ပါတယ်။

အမေရိကန် ပြည်ထောင်စု ဝါရှင်တန် မြို့တော်မှာ တနလာၤနေ့ ကျင်းပတဲ့ ဆုချီးမြှင့်ပွဲ အခမ်းအနားကိုတော့ မြန်မာနိုင်ငံက ဒေါ်ဖြိုးဖြိုးအောင် ကိုယ်တိုင် မတက်ရောက်နိုင်ခဲ့ပါဘူး။ သူဟာဆိုရင် မြန်မာနိုင်ငံမှာ ဘာသာရေးနဲ့ ဓလေ့ ကွဲပြားတဲ့ လူငယ်တွေ ညီညွတ်ရေး ရည်ရွယ်ဆောင်ရွက်နေတဲ့ Wings Institute for Reconciliation ကို ပူးတွဲတည်ထောင်သူ ဖြစ်သလို မြန်မာနိုင်ငံတွင်း ပညာရေး ပြုပြင်ပြောင်းလဲရေး ဆန္ဒပြ တောင်းဆိုခဲ့မှုတွေနဲ့လည်း လူသိများသူ ဖြစ်ပါတယ်။

“တဦးတယောက်တည်းနဲ့ စွမ်းဆောင်နိုင်တဲ့ အရာ မဟုတ်ဘူးဆိုတာကို ခင်ပွန်းဖြစ်သူ သမ္မတ Joe Biden က နားလည်ထားပါတယ်တဲ့။ ရှေ့ဆောင် လမ်းပြကြတဲ့ ကမ္ဘာတလွှားက အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေကို ရဲဝံ့ ပြတ်သားစွာ ဦးဆောင် ပံ့ပိုးဖို့ အမေရိကန်တွေက ဆောင်ရွက်မှာ ဖြစ်ပြီး သူတို့နဲ့ အတူ ရပ်တည်သွားမယ်” လို့ သမ္မတ ကတော် Jill Biden နိုင်ငံတကာ အမျိုးသမီး သတ္တိဆုရှင်များ ချီးမြှင့်ပွဲ အခမ်းအနားမိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ နိုင်ငံတကာ အမျိုးသမီး သတ္တိရှင်ဆု ချီးမြှင့်ခံရသူတွေထဲမှာ ၂၀၂၀ ပြည့်နှစ်က လုပ်ကြံခံခဲ့ရသူ အာဖဂန် အမျိုးသမီး ၇ ဦးလည်း ပါဝင်ပါတယ်။ ကျန်တဲ့ သက်ရှိ ထင်ရှား ဆုရှင် ၁၄ ဦးထဲမှာတော့ Belarus ၊ မြန်မာ၊ တရုတ်၊ အီရန်၊ ဆိုမာလီယာ၊ တူရကီနဲ့ ဗင်နီဇွဲလား နိုင်ငံတွေက ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG