မတ်လ (၈)ရက်နေ့ဟာ နိုင်ငံတကာအမျိုးသမီးများနေ့ဖြစ်ပါတယ်။ ဒီအထိန်းအမှတ်နေ့ဟာ ကမ္ဘာတဝှမ်းမှာအမျိုးသမီးတွေရဲ့စွမ်းဆောင်မှုကို အသိအမှတ်ပြုရာမှာ၊ မတ်လ ရရက်နေ့ကတော့ အမေရိကန် နို်င်ငံခြားရေးဌာနက အမျိုးသမီး သတ္တိရှင်ဆု ၁၀ ဦးကိုဆုချီးမြှင့်ရာမှာ ၂၀၁၉ ခုနှစ်အတွက် မြန်မာနိုင်ငံက ကရင်အမျိုးသမီး နော် ကညောဖောလည်း ပါဝင်ခဲ့သလို၊ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ မိဘကမွေးပြီး လူ့အခွင့်အရေးဆိုင်ရာ ကိစ္စတွေ ဆောင်ရွက်နေသူ ဘင်္ဂလား ဒေ့ရှ်နိုင်ငံက Razia Sultana လည်း ပါဝင်ခဲ့ပါတယ်။ ဆုရှင်တွေကိုယ်စား နော် ကညောဖောဆုလက်ခံတဲ့မိန့်ခွန်းပြောကြားခဲ့ပါတယ်။ သမတ ကတော် Melania Trumpနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo တို့တက်ရောက်ခဲ့တဲ့ ၂၀၁၉ နိုင်ငံတကာ အမျိုးသမီး ရဲစွမ်းသတ္တိရှင်များဆုပေးပွဲ အကြောင်းနဲ့ ပတ်သက်လို့ ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်းက တင်ပြထားပါတယ်။