အပြောင်းအလဲအတွက် အမျိုးသမီးများဆု အခမ်းအနား
ရန်ကုန် အမေရိကန်သံရုံးက ၂၀၁၉ ခုနှစ်အတွက် Women of Change အပြောင်းအလဲအတွက် အမျိုးသမီးများဆုကို ကချင်ပြည်နယ်က ထွယ်ဂျန်ဖောင်ဒေးရှင်းတည်ထောင်သူ ဒေါ်နန်ပူနဲ့ မှတ်တမ်းရုပ်ရှင်ဖန်တီးသူ၊ မြန်မာအမျိုးသမီး သတင်းထောက်များအဖွဲ့ ပူးတွဲတည်ထောင်သူ မစိုးစံထိုက်တို့ ရရှိပါတယ်။ ဒီအကြောင်း မခင်ဖြူထွေး တင်ပြပေးပါမယ်။