မတ်လ ၉၊ ၂၀၁၉ - မတ်လ ၈ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဖြစ်ပါတယ်။ အိမ်တွင်းအကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ အပါအ၀င် အမျိုးသမီးတွေအပေါ် အနိုင်ကျင့်ခံရတဲ့ သတင်းတွေ မကြာခဏ ကြားရလေ့ရှိတတ်တဲ့ မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ အခွင့်အရေးနဲ့ လုံခြုံမှု ဘယ်အခြေအနေမှာ ရှိနေပါသလဲ၊ အမျိုးသမီးတွေကို ကာကွယ်စောင့်ရှောက်ဖို့ ဘာကြောင့် အရေးကြီးသလဲ ဆိုတာတွေကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထူးအစီအစဉ်အဖြစ် ဗွီအိုအေရဲ့ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ကိုအောင်လွင်ဦးက ဆွေးနွေးတင်ဆက် ထားပါတယ်။