သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ မြန်မာအပါအဝင် ကမ္ဘာတဝန်းဆင်နွှဲ

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ဆင်နွဲှနေပုံ ဓါတ်ပုံ MOI credit
အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ဆင်နွဲှနေပုံ ဓါတ်ပုံ MOI credit

ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတဝန်းမှာ အမျိုးသမီး အခွင့်အရေးရရှိဖို့နဲ့ အကာအကွယ်ပေးဖို့ တောင်းဆိုလိုက်ကြပါတယ်။

နေပြည်တော်နဲ့ ရန်ကုန် အပါအဝင် မြန်မာနိုင်ငံက မြို့တော်တော်များများမှာ အစိုးရက စီစဉ်ကျင်းပတဲ့ အခန်းအနားတွေမှာတော့ အမျိုးသမီးတွေ အခွင့်အရေးနဲ့ စွမ်းရည်မြှင့်တင်ရေး ဟောပြောမှုတွေ၊ ပြိုင်ပွဲအခန်းအနားတွေလည်း ပါဝင်ခဲ့ကြပါတယ်။ အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူတွေကတော့ မြန်မာနိုင်ငံမှာ အမျိုးသမီးတွေအပေါ် အကာအကွယ်တွေ အားနည်းနေတာတွေ အထူးသဖြင့် လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ဒေသတွေမှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေနဲ့ ရင်ဆိုင်နေရတာတွေကို အလေးထား ပြောဆိုခဲ့ကြတာပါ။

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားတွေ စီစဉ်ကျင်းပခဲ့တဲ့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ကလည်း အမျိုးသမီးတွေအတွက် တရားမျှတမှု ရရှိရေးနဲ့ ကျုးလွန်သူတွေ ပြစ်ဒဏ်ကင်းလွတ်ခွင့် ရနေတာတွေ အဆုံးသတ်ရေး တိုက်တွန်းခဲ့ကြပါတယ်။

အာရှတလွှား နိုင်ငံတွေရဲ့ လှုပ်ရှားမှုတွေအဖြစ် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်မှာတော့ ထောင်နဲ့ချီတဲ့ အမျိုးသမီးတွေ စုဝေးချီတက်ခဲ့ကြပြီး သမ္မတ Rodrigo Duterte ရဲ့ အမျိုးသမီးတွေအပေါ် သဘောထားအပေါ် ဆန့်ကျင်ကန့်ကွက်ခဲ့ကြတာပါ။

တောင်ကိုရီးယား နိုင်ငံမှာတော့ ကောလိပ်ကျောင်းသူတွေ ဆိုးလ်မြို့တော်မှာ ချီတက်ခဲ့ကြပြီး၊ ကျောင်းတွေနဲ့ လူမှုအသိုက်အဝန်းမှာ အမျိုးသမီး အခွင့်အရေးတွေ တိုးတက်ဖို့နဲ့ အကာအကွယ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ မြန်မာအပါအဝင် ကမ္ဘာတဝန်းဆင်နွှဲ
please wait

No media source currently available

0:00 0:00:40 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG