သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာတက္ႂကြလႈပ္ရွားသူ မၿဖိဳးၿဖိဳးေအာင္ ႏိ္ုင္ငံတကာအမ်ိဳးသမီးသတိၱရွင္ဆုခ်ီးျမွင့္ခံရ


Phyoe Phyoe Aung- a winner of International Women of Courage (IWOC) Award

Zawgyi/Unicode

ျမန္မာႏိုင္ငံက တတ္ႂကြလႈပ္ရွားသူ ေက်ာင္းသားေခါင္းေဆာင္တဦးျဖစ္တဲ့မၿဖိဳးၿဖိဳးေအာင္ကို အေမရိကန္ ႏိုင္ငံျခားေရးဌာနကေန၂၀၂၁ ခုႏွစ္ရဲ့ ႏိုင္ငံတကာအမ်ိဳးသမီးသတၱိရွင္ဆု ခ်ီးႁမွင့္လိုက္ပါတယ္။

မနက္ျဖန္ မတ္လ ၈ ရက္ေန႔ တနလၤာေန႔ အြန္လိုင္းကလုပ္မယ့္ ဆုေပးပဲြကို အေမရိကန္ႏိုင္ငံျခားေရး၀န္ႀကီး Antony Bliken က ဦးေဆာင္မွာျဖစ္ၿပီး သမၼတကေတာ္ Jill Biden က မိန္႔ခြန္းေျပာဖို႔ရွိပါတယ္။ ဆုခ်ီးျမွင့္ခံရသူ မၿဖိဳးၿဖိဳးေအာင္ကို မအင္ၾကင္းႏိုင္က ဆက္သြယ္ေမးျမန္းထားပါတယ္။

ေမး။ ။ အခုလို ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းတာကို လူထုက ဆန္႔က်င္တဲ့လႈပ္ရွားမႈ၊ ဆႏၵျပမႈေတြက ေတာ္ေတာ္ေလး အရွိန္အဟုန္ျမင့္မားေနတယ္။ တဘက္မွာလည္း စစ္တပ္ကဖြဲ႔စည္းထားတဲ့ေကာင္စီက လူထုဆႏၵျပပြဲေတြကို ျပင္းျပင္းထန္ထန္ ဖိႏွိပ္ေနတဲ့အခ်ိန္မွာ အခုလို အေမရိကန္ဘက္က ေနၿပီး ေတာ့ မၿဖိဳးၿဖိဳးေအာင္ကို ႏုိင္ငံတကာ အမ်ဳိးသမီးသတၱိရွင္ဆုခ်ီးျမွင့္လုိက္တဲ့အတြက္ ဒီဆုရဲ႕ထိေရာက္မႈကို ဘယ္လို ျမင္လဲရွင့္။

ေျဖ။ ။ ေရွ႕က က်မတို႔ ႏိုင္ငံေရးအမေတာ္ေတြကို ဒီဆုခ်ီးျမွင့္ခံရဖူးတဲ့သူ က်မေရွ႕မွာ ၃ ေယာက္ ရွိခဲ့တယ္ဆိုေတာ့ ဒီလိုမ်ဳိး ခ်ီးျမွင့္မႈေတြက ဒီတုိင္းျပည္မွာ ရွိတဲ့ အမ်ဳိးသမီးေတြရဲ႕အသံေတြ၊ က်မတို႔ရဲ႕ ႐ုန္းကန္လႈပ္ရွားမႈေတြ၊ ဒီအမ်ဳိးသမီးေတြရဲ႕လုပ္ေဆာင္မႈေတြအေပၚမွာ ခ်ီးေျမွာက္တယ္၊ ဂုဏ္ျပဳတယ္၊ တဘက္ကလည္း အသိအမွတ္ျပဳၿပီးေတာ့ က်မတို႔ရဲ႕အသံေတြကို ထုတ္ေပးတဲ့ဟာက အတုိင္းအတာတခုအထိ ထိေရာက္မႈရွိတယ္လို႔ က်မအေနနဲ႔ျမင္ပါတယ္ရွင့္။ …ဆိုေတာ့ အခုအခ်ိန္မွာေတာ့ ပိုၿပီးအေရးႀကီးတာေပါ့ေနာ္။ အခုအခ်ိန္မွာ တကမၻာလံုးက စိတ္ဝင္စားေစာင့္ၾကည့္ေနရတဲ့ ျမန္မာျပည္အေရးျဖစ္ေနတဲ့အခါက်ေတာ့ ဗမာျပည္တြင္းမွာရွိတဲ့ လူကဆုခ်ီးျမွင့္ခံရတဲ့အခါက်ေတာ့ ပိုၿပီးအာ႐ံုစိုက္မိလာတာမ်ဳိးေတြ ရွိရင္ ပိုၿပီးေတာ့ ထိေရာက္မယ္လို႔ က်မအေနနဲ႔ ျမင္ပါတယ္။

ေမး။ ။ အခုလိုမ်ဳိး အေမရိကန္အစိုးရက မၿဖိဳးၿဖိဳးေအာင္ကို ႏုိင္ငံတကာအမ်ဳိးသမီးသတၱိရွင္ဆုခ်ီးျမွင့္ဖို႔ သူတို႔ေရြးခ်ယ္တဲ့အခါမွာ ဘယ္လိုစံ သတ္မွတ္ခ်က္ေတြနဲ႔ ေရြးခ်ယ္တယ္လို႔သိရလဲရွင့္။

ေျဖ။ ။ အဓိက ကေတာ့ ျမန္မာျပည္ထဲက အေမရိကန္သံ႐ံုးကေနၿပီးေတာ့ ျမန္မာျပည္အတြင္း က႑စံုက တက္ႂကြလႈပ္ရွားတဲ့အမ်ဳိးသမီးေတြ- ႏုိင္ငံေရးတင္မဟုတ္ဘဲ အျခား က်န္းမာေရးတုိ႔၊ လူမႈေရးတုိ႔လည္းပါတယ္။ က႑စံုက အမ်ဳိးသမီး ဘယ္ႏွစ္ဦးဆိုၿပီး သူတို႔အရင္ေရြးလိုက္တယ္ေပါ့ေနာ္။ ေရြးၿပီးေတာ့ သံ႐ံုးမွာတင္ သူတို႔တေခါက္ေရြးတယ္ေပါ့ေနာ္။ သူတို႔ေရြးၿပီးေတာ့မွ စကာတင္ကို အေရြးခံရတဲ့သူကို ေအရွ-ပစိဖိတ္မွာ တခါ ထပ္ၿပီးေတာ့ ေရြးတယ္။ စကာတင္-ေပါ့။ အဲဒီကမွ ႏုိင္ငံျခားေရးဝန္ႀကီးဌာနကိုပို႔ၿပီးေတာ့ ႏုိင္ငံျခားေရးဝန္ႀကီး ဌာနကမွ ဘယ္ႏွစ္ေ ယာက္ကိုေရြးတယ္၊ ဘယ္သူေတြကို ေရြးတယ္ဆိုတာမ်ဳိး၊ အတည္ျဖစ္ပါတယ္ရွင့္။ ဒါကေတာ့ က်မ သိရသေလာက္ ၂၀၂၀ ဒီဇင္ဘာေလာက္မွာ အဲဒီ process က ၿပီးသြားတာေပါ့ေနာ္။ ဒါေၾကာင့္မို႔လို႔ ၂၀၂၁ ဇန္နဝါရီမွာ က်မရေၾကာင္း က်မက ႀကိဳၿပီးေတာ့ သိထားတာေပါ့ေနာ္။

အဲဒီဆုက အဓိကကေတာ့ က်မကိုေတာ့ ေရြးခ်ယ္ရတဲ့ရည္ရြယ္ခ်က္ထဲမွာ က်မရဲ႕ႏုိင္ငံေရး လႈပ္ရွားမႈေတြ ေပါ့ေနာ္၊ ၂၀၀၇-၂၀၁၅ ႏိုင္ငံေရးေတြမွာ ပါဝင္တဲ့ လႈပ္ရွားမႈေတြရယ္။ ေနာက္ လတ္တေလာလုပ္ေနတဲ့ အမ်ဳိးသားျပန္လည္သင့္ျမတ္ေရးနဲ႔ပတ္သက္ၿပီးေတာ့ လူငယ္ေတြနဲ႔တြဲလုပ္ေနတဲ့ အလုပ္ေတြေပၚမွာ မူတည္ၿပီးေတာ့ စဥ္ဆက္မျပတ္လုပ္ေနတဲ့ႏိုင္ငံတည္ေဆာက္ေရးအတြက္ ဆက္လုပ္ေနတဲ့အေပၚမွာ ဦးတည္ၿပီးေတာ့ ေပးတယ္လို႔ က်မ အၾကမ္းဖ်င္း သိထားတာေပါ့ေနာ္။

ေမး။ ။ စစ္အာဏာသိမ္းဆန္႔က်င္တဲ့ လူထုလႈပ္ရွားမႈေတြမွာ အမ်ဳိးသမီးေတြ ပါဝင္ဦးေဆာင္ေနတဲ့အခန္းက႑ကိုေရာ ဘယ္လိုျမင္လဲရွင့္။

ေျဖ။ ။ အခုအခ်ိန္အထိ အမ်ဳိးသမီးေတြရဲ႕အခန္းက႑ကေတာ့ အရမ္းကိုအားေကာင္းတာေတြ႔တယ္ေပါ့ေနာ္။ ဆိုေတာ့…ဒီရက္ပိုင္းမွာ သတိထားမိတဲ့ အခ်က္ဆိုရင္ ထမီတန္းေပါ့- လာတဲ့ စစ္တပ္တို႔၊ ရဲတို႔ကိုတားဖို႔ တျခားအရံအတားေတြအျပင္ ထမီတို႔၊ အခုနကေျပာသလို အမ်ဳိးသမီးအတြင္းခံတို႔၊ ေနာက္တခုက pad ေပါ့ေနာ္။ အဲဒါေတြနဲ႔တားထားတာမ်ဳိးေတြ ေတြ႔လာတယ္။ က်မတို႔လူ႔အဖြ႔ဲအစည္းက တခါတေလက်လို႔ရွိရင္ ဒီဟာကို အဆင္သင့္ ျဖစ္ပါ့မလားလို႔ ဘယ္လိုေခၚမလဲ၊ ကိုယ့္ဖာသာကိုယ္ ေမးခြန္းထုတ္ေကာင္းထုတ္မိမယ္။ ဒါေပမယ့္ အတုိင္းအတာတခုအထိ အဆင္သင့္ျဖစ္လာ တာကို ေတြ႔ရတယ္။ ဒါကို ထမီတန္းေတြ တန္းတာကို စစ္သားတို႔၊ ရဲတို႔က မျဖတ္ရဲေပမယ့္လည္း လူငယ္ေတြက အျပည့္အဝ အယူသည္းမႈေတြက တကယ္တန္း က ဘာမွမဟုတ္ဘူး (ဆိုတဲ့စိတ္နဲ႔) ဒါကို ေက်ာ္လႊားႏိုင္တာကို ေတြ႔လာတယ္။

၈ ရက္ေန႔ဆိုလို႔ရွိရင္ပဲ အမ်ဳိးသမီးမ်ားေန႔မွာ ထမီအလံထူၿပီးစစ္ေၾကာင္းထြက္မယ္။ ဒါ အမ်ဳိးသမီးေတြက ဦးေဆာင္မယ္ေပါ့ေနာ္၊ ဒါမ်ဳိးေတြလည္း ေတြ႔လာရတယ္ဆိုေတာ့ အမ်ဳိးသမီးေတြရဲ႕ ဦးေဆာင္မႈအခန္း က႑ ကေတာ့ က်မအေနနဲ႔ကေတာ့ တကယ္ကို၊ အရမ္းကိုအားေကာင္းတဲ့ အေနအထားမွာလို႔ က်မ ျမင္တယ္ရွင့္။ တကယ္ကို အားေကာင္းတဲ့အေနအထားရွိတယ္။ အမ်ဳိးသမီးေတြရဲ႕ က်ရာက႑မွာ decision ပိုင္းမွာ ပါဝင္တဲ့ အမ်ဳိးသမီးေတြ ဒီအေတာအတြင္းမွာ ရွိလာတယ္ေပါ့ေနာ္။

လႈပ္ရွားမႈေတြနဲ႔ပတ္သက္ၿပီး decision ပိုင္းေတြမွာပါဝင္တဲ့အမ်ဳိးသမီးေတြ ရွိလာသလိုမ်ဳိးပဲ၊ ေရွ႕တန္းမွာ ရဲရဲေတာက္ ဒိုင္းကာလိုေနရာမ်ဳိးမွာရွိေနတဲ့ အမ်ဳိးသမီးေတြ ရွိလာတယ္။ ၿပီးေတာ့ ခ်ိတ္ဆက္ေဆာင္ရြက္မႈေတြမွာလည္း နည္းပညာပိုင္းမွာ အားေကာင္းတဲ့အမ်ဳိးသမီးေတြ ရွိလာတယ္။ လံႈ႕ေဆာ္ စည္း႐ံုးတဲ့ေနရာမွာလည္း အားေကာင္းတဲ့အမ်ဳိးသမီးငယ္ေတြ အမ်ားႀကီးေပၚလာတာေပါ့။ အမ်ဳိးသမီးငယ္ေတြဆိုတာက က်မတို႔က high-light ေျပာတာပါ။ တကယ္တန္းက တျခား အသက္အရြယ္စံုက အမ်ဳိးသမီးေတြကိုလညး္ က်မတို႔က ေတြ႔လာတာပါ။ လတ္တေလာအေျခအေနမွာေတာ့ အမ်ဳိးသမီးေတြရဲ႕ဦးေဆာင္မႈက႑ကေတာ့ အားရစရာလို႔ျမင္ပါတယ္ရွင့္။

တိုက္႐ိုက္ လင့္ခ္

Unicode

မြန်မာတက်ကြွလှုပ်ရှားသူ မဖြိုးဖြိုးအောင် နိုင်ငံတကာအမျိုးသမီးသတ္တိရှင်ဆုချီးမြှင့်ခံရ

မြန်မာနိုင်ငံက တတ်ကြွလှုပ်ရှားသူ ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့မဖြိုးဖြိုးအောင်ကို အမေရိကန် နိုင်ငံခြားရေးဌာနကနေ ၂၀၂၁ ခုနှစ်ရဲ့ နိုင်ငံတကာအမျိုးသမီးသတ္တိရှင်ဆု ချီးမြှင့်လိုက်ပါတယ်။

မနက်ဖြန် မတ်လ ၈ ရက်နေ့ တနင်္လာနေ့ အွန်လိုင်းကလုပ်မယ့် ဆုပေးပွဲကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Bliken က ဦးဆောင်မှာဖြစ်ပြီး သမ္မတကတော် Jill Biden က မိန့်ခွန်းပြောဖို့ရှိပါတယ်။ ဆုချီးမြှင့်ခံရသူ မဖြိုးဖြိုးအောင်ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ အခုလို မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတာကို လူထုက ဆန့်ကျင်တဲ့လှုပ်ရှားမှု၊ ဆန္ဒပြမှုတွေက တော်တော်လေး အရှိန်အဟုန်မြင့်မားနေတယ်။ တဘက်မှာလည်း စစ်တပ်ကဖွဲ့စည်းထားတဲ့ကောင်စီက လူထုဆန္ဒပြပွဲတွေကို ပြင်းပြင်းထန်ထန် ဖိနှိပ်နေတဲ့အချိန်မှာ အခုလို အမေရိကန်ဘက်ကနေ ပြီးတော့ မဖြိုးဖြိုးအောင်ကို နိုင်ငံတကာ အမျိုးသမီးသတ္တိရှင်ဆုချီးမြှင့်လိုက်တဲ့အတွက် ဒီဆုရဲ့ထိရောက်မှုကို ဘယ်လို မြင်လဲရှင့်။

ဖြေ။ ။ ရှေ့က ကျမတို့ နိုင်ငံရေးအမတော်တွေကို ဒီဆုချီးမြှင့်ခံရဖူးတဲ့သူ ကျမရှေ့မှာ ၃ ယောက် ရှိခဲ့တယ်ဆိုတော့ ဒီလိုမျိုး ချီးမြှင့်မှုတွေက ဒီတိုင်းပြည်မှာ ရှိတဲ့ အမျိုးသမီးတွေရဲ့အသံတွေ၊ ကျမတို့ရဲ့ ရုန်းကန်လှုပ်ရှားမှုတွေ၊ ဒီအမျိုးသမီးတွေရဲ့လုပ်ဆောင်မှုတွေအပေါ်မှာ ချီးမြှောက်တယ်၊ ဂုဏ်ပြုတယ်၊ တဘက်ကလည်း အသိအမှတ်ပြုပြီးတော့ ကျမတို့ရဲ့အသံတွေကို ထုတ်ပေးတဲ့ဟာက အတိုင်းအတာတခုအထိ ထိရောက်မှုရှိတယ်လို့ ကျမအနေနဲ့မြင်ပါတယ်ရှင့်။ …ဆိုတော့ အခုအချိန်မှာတော့ ပိုပြီးအရေးကြီးတာပေါ့နော်။ အခုအချိန်မှာ တကမ္ဘာလုံးက စိတ်ဝင်စားစောင့်ကြည့်နေရတဲ့ မြန်မာပြည်အရေးဖြစ်နေတဲ့အခါကျတော့ ဗမာပြည်တွင်းမှာရှိတဲ့ လူကဆုချီးမြှင့်ခံရတဲ့အခါကျတော့ ပိုပြီးအာရုံစိုက်မိလာတာမျိုးတွေ ရှိရင် ပိုပြီးတော့ ထိရောက်မယ်လို့ ကျမအနေနဲ့ မြင်ပါတယ်။

မေး။ ။ အခုလိုမျိုး အမေရိကန်အစိုးရက မဖြိုးဖြိုးအောင်ကို နိုင်ငံတကာအမျိုးသမီးသတ္တိရှင်ဆုချီးမြှင့်ဖို့ သူတို့ရွေးချယ်တဲ့အခါမှာ ဘယ်လိုစံ သတ်မှတ်ချက်တွေနဲ့ ရွေးချယ်တယ်လို့သိရလဲရှင့်။

ဖြေ။ ။ အဓိက ကတော့ မြန်မာပြည်ထဲက အမေရိကန်သံရုံးကနေပြီးတော့ မြန်မာပြည်အတွင်း ကဏ္ဍစုံက တက်ကြွလှုပ်ရှားတဲ့အမျိုးသမီးတွေ- နိုင်ငံရေးတင်မဟုတ်ဘဲ အခြား ကျန်းမာရေးတို့၊ လူမှုရေးတို့လည်းပါတယ်။ ကဏ္ဍစုံက အမျိုးသမီး ဘယ်နှစ်ဦးဆိုပြီး သူတို့အရင်ရွေးလိုက်တယ်ပေါ့နော်။ ရွေးပြီးတော့ သံရုံးမှာတင် သူတို့တခေါက်ရွေးတယ်ပေါ့နော်။ သူတို့ရွေးပြီးတော့မှ စကာတင်ကို အရွေးခံရတဲ့သူကို အေရှ-ပစိဖိတ်မှာ တခါ ထပ်ပြီးတော့ ရွေးတယ်။ စကာတင်-ပေါ့။ အဲဒီကမှ နိုင်ငံခြားရေးဝန်ကြီးဌာနကိုပို့ပြီးတော့ နိုင်ငံခြားရေးဝန်ကြီး ဌာနကမှ ဘယ်နှစ်ေ ယာက်ကိုရွေးတယ်၊ ဘယ်သူတွေကိုရွေးတယ်ဆိုတာမျိုး၊ အတည်ဖြစ်ပါတယ်ရှင့်။ ဒါကတော့ ကျမ သိရသလောက် ၂၀၂၀ ဒီဇင်ဘာလောက်မှာ အဲဒီ process က ပြီးသွားတာပေါ့နော်။ ဒါကြောင့်မို့လို့ ၂၀၂၁ ဇန်နဝါရီမှာ ကျမရကြောင်း ကျမက ကြိုပြီးတော့ သိထားတာပေါ့နော်။

အဲဒီဆုက အဓိကကတော့ ကျမကိုတော့ ရွေးချယ်ရတဲ့ရည်ရွယ်ချက်ထဲမှာ ကျမရဲ့နိုင်ငံရေး လှုပ်ရှားမှုတွေ ပေါ့နော်၊ ၂၀၀၇-၂၀၁၅ နိုင်ငံရေးတွေမှာ ပါဝင်တဲ့ လှုပ်ရှားမှုတွေရယ်။ နောက် လတ်တလောလုပ်နေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ပတ်သက်ပြီးတော့ လူငယ်တွေနဲ့တွဲလုပ်နေတဲ့အလုပ်တွေပေါ်မှာ မူတည်ပြီးတော့ စဉ်ဆက်မပြတ်လုပ်နေတဲ့နိုင်ငံတည်ဆောက်ရေးအတွက် ဆက်လုပ်နေတဲ့အပေါ်မှာ ဦးတည်ပြီးတော့ ပေးတယ်လို့ ကျမ အကြမ်းဖျင်း သိထားတာပေါ့နော်။

မေး။ ။ စစ်အာဏာသိမ်းဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုတွေမှာ အမျိုးသမီးတွေ ပါဝင်ဦးဆောင်နေတဲ့အခန်းကဏ္ဍကိုရော ဘယ်လိုမြင်လဲရှင့်။

ဖြေ။ ။ အခုအချိန်အထိ အမျိုးသမီးတွေရဲ့အခန်းကဏ္ဍကတော့ အရမ်းကိုအားကောင်းတာတွေ့တယ်ပေါ့နော်။ ဆိုတော့…ဒီရက်ပိုင်းမှာ သတိထားမိတဲ့ အချက်ဆိုရင် ထမီတန်းပေါ့- လာတဲ့ စစ်တပ်တို့၊ ရဲတို့ကိုတားဖို့ တခြားအရံအတားတွေအပြင် ထမီတို့၊ အခုနကပြောသလို အမျိုးသမီးအတွင်းခံတို့၊ နောက်တခုက pad ပေါ့နော်။ အဲဒါတွေနဲ့တားထားတာမျိုးတွေ တွေ့လာတယ်။ ကျမတို့လူ့အဖွ့ဲအစည်းက တခါတလေကျလို့ရှိရင် ဒီဟာကို အဆင်သင့်ဖြစ် ပါ့မလားလို့ ဘယ်လိုခေါ်မလဲ၊ ကိုယ့်ဖာသာကိုယ် မေးခွန်းထုတ်ကောင်းထုတ်မိမယ်။ ဒါပေမယ့် အတိုင်းအတာတခုအထိ အဆင်သင့်ဖြစ်လာတာကို တွေ့ရတယ်။ ဒါကို ထမီတန်းတွေ တန်းတာကို စစ်သားတို့၊ ရဲတို့က မဖြတ်ရဲပေမယ့်လည်း လူငယ်တွေက အပြည့်အဝ အယူသည်းမှုတွေက တကယ်တန်းက ဘာမှမဟုတ်ဘူး (ဆိုတဲ့စိတ်နဲ့) ဒါကို ကျော်လွှားနိုင်တာကို တွေ့လာတယ်။

၈ ရက်နေ့ဆိုလို့ရှိရင်ပဲ အမျိုးသမီးများနေ့မှာ ထမီအလံထူပြီးစစ်ကြောင်းထွက်မယ်။ ဒါ အမျိုးသမီးတွေက ဦးဆောင်မယ်ပေါ့နော်၊ ဒါမျိုးတွေလည်း တွေ့လာရတယ်ဆိုတော့ အမျိုးသမီးတွေရဲ့ ဦးဆောင်မှုအခန်း ကဏ္ဍ ကတော့ ကျမအနေနဲ့ကတော့ တကယ်ကို၊ အရမ်းကိုအားကောင်းတဲ့ အနေအထားမှာလို့ ကျမ မြင်တယ်ရှင့်။ တကယ်ကို အားကောင်းတဲ့အနေအထားရှိတယ်။ အမျိုးသမီးတွေရဲ့ ကျရာကဏ္ဍမှာ decision ပိုင်းမှာ ပါဝင်တဲ့ အမျိုးသမီးတွေ ဒီအတောအတွင်းမှာ ရှိလာတယ်ပေါ့နော်။

လှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး decision ပိုင်းတွေမှာပါဝင်တဲ့အမျိုးသမီးတွေ ရှိလာသလိုမျိုးပဲ၊ ရှေ့တန်းမှာ ရဲရဲတောက် ဒိုင်းကာလိုနေရာမျိုးမှာရှိနေတဲ့ အမျိုးသမီးတွေ ရှိလာတယ်။ ပြီးတော့ ချိတ်ဆက်ဆောင်ရွက်မှုတွေမှာလည်း နည်းပညာပိုင်းမှာ အားကောင်းတဲ့အမျိုးသမီးတွေ ရှိလာတယ်။ လှုံ့ဆော်စည်းရုံးတဲ့နေရာမှာလည်း အားကောင်းတဲ့အမျိုးသမီးငယ်တွေ အများကြီးပေါ်လာတာပေါ့။ အမျိုးသမီးငယ်တွေဆိုတာက ကျမတို့က high-light ပြောတာပါ။ တကယ်တန်းက တခြား အသက်အရွယ်စုံက အမျိုးသမီးတွေကိုလည်း ကျမတို့က တွေ့လာတာပါ။ လတ်တလောအခြေအနေမှာတော့ အမျိုးသမီးတွေရဲ့ဦးဆောင်မှုကဏ္ဍကတော့ အားရစရာလို့မြင်ပါတယ်ရှင့်။

#MyanamrDemocracy #2021InternationalWomenofCourageAward #USStateDepartement #VOABurmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG