သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 မြန်မာစစ်တပ်ရဲ့ လုပ်ရပ် စက်ဆုပ်ဖွယ်ကောင်းတယ် (အမေရိကန်နိုင်ငံခြားရေးပြောခွင့်ရ Ned Price)


အမေရိကန် နိုင်ငံခြားရေး ဌာန ပြောခွင့်ရ Ned Price က
အမေရိကန် နိုင်ငံခြားရေး ဌာန ပြောခွင့်ရ Ned Price က

(Zawgyi/Unicode)

မြန်မာ စစ်တပ်က ကိုယ့်ပြည်သူတွေ အပေါ်မှာ သေကြေ ဒဏ်ရာရစေတဲ့ အထိ ဆက်လက် အင်အားသုံးနေတာဟာ စက်ဆုပ် ရွံရှာစရာ ဖြစ်တယ်လို့ အမေရိကန် ပြည်ထောင်စုက ပြောဆိုလိုက်ပါတယ်။ မြန်မာ စစ်တပ် အနေနဲ့ အစွမ်းကုန် ထိန်းထိန်းသိမ်းသိမ်း ရှိဖို့ ဆက်ပြီး တိုက်တွန်းကြောင်း အမေရိကန် နိုင်ငံခြားရေး ဌာန ပြောခွင့်ရ Ned Price က အင်္ဂါနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

"ဒီရက်ပိုင်းတွေ အတွင်း တွေ့ရတဲ့ ပိုပြီး ပြင်းထန်လာတဲ့ အကြမ်းဖက်မှုတွေဟာဆိုရင် စစ်တပ်ဟာ မြန်မာ ပြည်သူတွေကို လုံး၀ ဂရုမစိုက်တဲ့ သာဓက တခု ဖြစ်ပါတယ်။ ဒါဟာ လက်သင့်ခံနိုင်စရာ မရှိပါဘူး။ အမေရိကန် ပြည်ထောင်စုဘက်က တာဝန်ရှိသူတွေ တာဝန်ခံရေး ဆက်လက် ဆောင်ရွက်သွားမယ်" လို့ နိုင်ငံခြားရေး ဌာန ပြောခွင့်ရ Ned Price က ပြောဆိုခဲ့တာပါ။

မြန်မာ ပြည်သူတွေဟာ သူတို့ ဆန္ဒကို တညီတညွတ်တည်း လမ်းပေါ်ထွက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုနေကြတာနဲ့ အတူဘဲ လုံခြုံရေး အဖွဲ့တွေ ဘက်ကလည်း လွတ်လပ်စွာ စုဝေး ဆန္ဒပြခွင့် အပါအဝင် လူ့အခွင့်အရေးကို လေးစားလိုက်နာပြီး ငြိမ်းချမ်းစွာ တုံ့ပြန်ဖို့ အမေရိကန် က တောင်းဆိုကြောင်းလည်း ပြောခွင့်ရက ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်


..............

(Unicode)




ဆက်စပ်သတင်းများ ...

XS
SM
MD
LG