သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏၵိယဘက္ထြက္ေျပးလာတဲ႔ ျမန္မာေတြကို မီဇိုရမ္ ျပည္နယ္က ယာယီခိုလံႈခြင္႔ေပးမည္


မီဇိုရမ္ ျပည္နယ္ အႀကီးအကဲ Zoramthanga

(Zawgyi/Unicode)

စစ္အာဏာသိမ္းမႈ ဆန္႔က်င္ေနၾကတဲ႔ ျမန္မာဘက္ကေန အိႏၵိယဘက္ကို ထြက္ေျပးလာၾကသူေတြကို ယာယီ ခိုလံႈေရး ေဆာင္ရြက္ေပးသြားရမွာ ျဖစ္ေၾကာင္း မီဇိုရမ္ ျပည္နယ္ အႀကီးအကဲ Zoramthanga က ေမးျမန္းခန္း အတြင္း ေျပာဆိုေၾကာင္း ရိုက္တာ သတင္းက တနလာၤေန႔မွာ ေဖာ္ျပပါတယ္။

ျမန္မာဘက္က ထြက္ေျပးလာသူေတြထဲက တခ်ိဳ႕ကို ဌာေနျပန္ပို႔ မလားဆိုတာကို အိႏၵိယ အစိုးရဘက္ကလည္း စဥ္းစား သံုးသပ္ေနခ်ိန္မွာဘဲ မီဇိုရမ္ ျပည္နယ္ အႀကီးအကဲက အခုလို ေျပာဆိုလုိက္တာပါ။ စစ္အာဏာသိမ္း တပ္မေတာ္ရဲ႕ ေကာင္စီ အမိန္႔ကို မလိုက္နာေရး အတြက္ ရဲတပ္ဖြဲ႔၀င္ေတြနဲ႔ သူတို႔ရဲ႕ မိသားစုေတြ အိႏၵိယႏုိင္ငံ မီဇိုရမ္ကို ခိုလံႈလာၾကတဲ႔ အထဲမွာ ပါ၀င္သူ ခ်င္းျပည္နယ္ ဖလမ္း ခရိုင္ ရဲတပ္ဖြဲ႔မွဴးရံုးက ရဲတပ္ၾကပ္ႀကီးက ဗီြအိုေအကို အခုလို ေျပာပါတယ္။

“အခု CDM လုပ္ရတာက စစ္အုပ္ခ်ဳပ္ေရးမွာ လံုး၀ လံုၿခံဳေရး တာ၀န္ ထမ္းေဆာင္လိုတဲ႔ စိတ္ မေပါက္ေတာ့လို႔ပါ။ အခု ျပည္သူ လူထုက ရဲတပ္ဖြဲ႔ ရိုက္တယ္ ႏွက္တယ္ ဆိုတဲ႔ ခံစားခ်က္နဲ႔ ဒီ CDM လုပ္ရတာ ျဖစ္ပါတယ္။ ”

အိႏၵိယကို ထြက္ေျပးလာၾကသူေတြထဲမွာ ဖလမ္း၊ တီးတိန္နဲ႕ ကေလးၿမိဳ႕တို႔က ရဲတပ္ဖြဲ႔၀င္ေတြ ပါ၀င္တယ္လို႔လည္း ေျပာပါတယ္။ စစ္အာဏာသိမ္းတာကို ကန္႔ကြက္တဲ႔ အေနနဲ႔ အစိုးရ ၀န္ထမ္းေတြက CDM အလုပ္မဆင္းဘဲ အာဏာဖီဆန္ေနၾကတာပါ။ အိႏၵိယဘက္ ထြက္ေျပးတဲ႔ ရဲတပ္ဖြဲ႔၀င္ ၈ ဦးကို ဖမ္းဆီးၿပီး ျပန္လည္ လႊဲေျပာင္းေပးဖို႔ အတြက္ မီဇိုရမ္ အာဏာပိုင္ေတြကို ၿပီးခဲ႔တဲ႔ သတင္းပတ္ အတြင္း ျမန္မာဘက္က ေတာင္းဆိုထားတာေၾကာင့္ ဌာေနျပန္ပို႔ခံရမယ့္ အေရးလည္း စိုးရိမ္္ေနၾကပါတယ္။

အိႏၵိယ ႏုိင္ငံ မီဇိုရမ္ဘက္ကို ျမန္မာဘက္က လူဦးေရ ဘယ္ေလာက္ ၀င္လာသလဲ ဆိုတာ အတိအက် မသိရေပမယ့္လည္း မီဇိုရမ္ အႀကီးအကဲကေတာ့ ၂၀ နဲ႔ ၃၀ ၾကား ရွိႏုိင္တယ္လို႔ ေျပာပါတယ္။ မီဇိုရမ္ ၿမိဳ႕ေတာ္က အႀကီးတန္း ရဲအရာရွိ တဦးကေတာ့ ျမန္မာဘက္က ၀င္လာသူ ၁၀၀ နီးပါး ရွိၿပီး အမ်ားစုက ရဲတပ္ဖြဲ႔၀င္ေတြနဲ႔ သူတို႔ မိသားစုေတြ ျဖစ္တယ္လို႔ ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

အိန္ဒိယဘက်ထွက်ပြေးလာတဲ့ မြန်မာတွေကို မီဇိုရမ် ပြည်နယ်က ယာယီခိုလှုံခွင့်ပေးမည်

(Unicode)

စစ်အာဏာသိမ်းမှု ဆန့်ကျင်နေကြတဲ့ မြန်မာဘက်ကနေ အိန္ဒိယဘက်ကို ထွက်ပြေးလာကြသူတွေကို ယာယီ ခိုလှုံရေး ဆောင်ရွက်ပေးသွားရမှာ ဖြစ်ကြောင်း မီဇိုရမ် ပြည်နယ် အကြီးအကဲ Zoramthanga က မေးမြန်းခန်း အတွင်း ပြောဆိုကြောင်း ရိုက်တာ သတင်းက တနလာၤနေ့မှာ ဖော်ပြပါတယ်။

မြန်မာဘက်က ထွက်ပြေးလာသူတွေထဲက တချို့ကို ဌာနေပြန်ပို့ မလားဆိုတာကို အိန္ဒိယ အစိုးရဘက်ကလည်း စဉ်းစား သုံးသပ်နေချိန်မှာဘဲ မီဇိုရမ် ပြည်နယ် အကြီးအကဲက အခုလို ပြောဆိုလိုက်တာပါ။ စစ်အာဏာသိမ်း တပ်မတော်ရဲ့ ကောင်စီ အမိန့်ကို မလိုက်နာရေး အတွက် ရဲတပ်ဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့ မိသားစုတွေ အိန္ဒိယနိုင်ငံ မီဇိုရမ်ကို ခိုလှုံလာကြတဲ့ အထဲမှာ ပါဝင်သူ ချင်းပြည်နယ် ဖလမ်း ခရိုင် ရဲတပ်ဖွဲ့မှူးရုံးက ရဲတပ်ကြပ်ကြီးက ဗွီအိုအေကို အခုလို ပြောပါတယ်။

“အခု CDM လုပ်ရတာက စစ်အုပ်ချုပ်ရေးမှာ လုံး၀ လုံခြုံရေး တာဝန် ထမ်းဆောင်လိုတဲ့ စိတ် မပေါက်တော့လို့ပါ။ အခု ပြည်သူ လူထုက ရဲတပ်ဖွဲ့ ရိုက်တယ် နှက်တယ် ဆိုတဲ့ ခံစားချက်နဲ့ ဒီ CDM လုပ်ရတာ ဖြစ်ပါတယ်။ ”

အိန္ဒိယကို ထွက်ပြေးလာကြသူတွေထဲမှာ ဖလမ်း၊ တီးတိန်နဲ့ ကလေးမြို့တို့က ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်တယ်လို့လည်း ပြောပါတယ်။ စစ်အာဏာသိမ်းတာကို ကန့်ကွက်တဲ့ အနေနဲ့ အစိုးရ ဝန်ထမ်းတွေက CDM အလုပ်မဆင်းဘဲ အာဏာဖီဆန်နေကြတာပါ။ အိန္ဒိယဘက် ထွက်ပြေးတဲ့ ရဲတပ်ဖွဲ့ဝင် ၈ ဦးကို ဖမ်းဆီးပြီး ပြန်လည် လွှဲပြောင်းပေးဖို့ အတွက် မီဇိုရမ် အာဏာပိုင်တွေကို ပြီးခဲ့တဲ့ သတင်းပတ် အတွင်း မြန်မာဘက်က တောင်းဆိုထားတာကြောင့် ဌာနေပြန်ပို့ခံရမယ့် အရေးလည်း စိုးရိမ်နေကြပါတယ်။

အိန္ဒိယ နိုင်ငံ မီဇိုရမ်ဘက်ကို မြန်မာဘက်က လူဦးရေ ဘယ်လောက် ဝင်လာသလဲ ဆိုတာ အတိအကျ မသိရပေမယ့်လည်း မီဇိုရမ် အကြီးအကဲကတော့ ၂၀ နဲ့ ၃၀ ကြား ရှိနိုင်တယ်လို့ ပြောပါတယ်။ မီဇိုရမ် မြို့တော်က အကြီးတန်း ရဲအရာရှိ တဦးကတော့ မြန်မာဘက်က ဝင်လာသူ ၁၀၀ နီးပါး ရှိပြီး အများစုက ရဲတပ်ဖွဲ့ဝင်တွေနဲ့ သူတို့ မိသားစုတွေ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG