သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာရဲတပ်ဖွဲ့ဝင် သုံးဦး အိန္ဒိယနိုင်ငံဘက် ထွက်ပြေးခိုလှုံ


ရန်ကုန်မြို့ရှိ လမ်းတနေရာတွင် တွေ့ရတဲ့ ရဲတပ်ဖွဲ့ဝင်တချို့။ (ဖေဖော်ဝါရီ ၂၆၊ ၂၀၂၁)
ရန်ကုန်မြို့ရှိ လမ်းတနေရာတွင် တွေ့ရတဲ့ ရဲတပ်ဖွဲ့ဝင်တချို့။ (ဖေဖော်ဝါရီ ၂၆၊ ၂၀၂၁)

[Zawgyi/Unicode]

မြန်မာနိုင်ငံမှာ အာဏာသိမ်းယူထားတဲ့ စစ်ဘက်အုပ်ချုပ်ရေးကောင်စီရဲ့ အမိန့်ကို ဆက်ပြီး မနာခံချင်တော့လို့ဆိုပြီး မြန်မာ ရဲတပ်ဖွဲ့ဝင်သုံးဦး အိန္ဒိယနိုင်ငံဘက် ထွက်ပြေး ခိုလှုံလိုက်ပါတယ်။

အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသ၊ မြန်မာနိုင်ငံနဲ့နယ်စပ်က မီဇိုရမ်ပြည်နယ်၊ မြောက် Vanlaiphai မြို့ကို မြန်မာရဲတပ်ဖွဲ့ဝင်တွေ မနေ့က ဝင်ရောက်လာကြပြီး ကျန်းမာရေးစစ်ဆေးမူနဲ့ လိုအပ်တဲ့ စီမံပေးမှုတွေ လုပ်ပေးနေတယ်လို့ ခရိုင်ရဲအရာရှိချုပ်က ဆိုပါတယ်။

မီဇိုရမ်ပြည်နယ်၊ Serchhip ခရိုင် ရဲချုပ် Stephen Lalninawma က ဒီရဲတပ်ဖွဲ့ဝင် ၃ ဦးအနေနဲ့ စစ်အာဏာပိုင်တွေဆီကနေ ပေးလာတဲ့ အမိန့်တွေကို မနာခံနိုင်တော့လို့ အခုလိုထွက်ပြေးလာတာလို့ ပြောကြောင်းရှင်းပြပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ စစ်အုပ်ချုပ်ရေးရှိနေတာကြောင့် သူတို့အနေနဲ့ အခု အိန္ဒိယမှာပဲ နိုင်ငငံရေး ခိုလှုံခွင့်ပါ လျှောက်ထားလိုက်ပြီလို့လည်း ရဲချုပ် Lalninawma က ဆက်ပြောပါတယ်။

စစ်အာဏာသိမ်းအပြီး ဆန့်ကျင်ဆန္ဒပြသူပေါင်း ၅၀ ကျော်အထိ ပစ်သတ်ခံခဲ့ရတဲ့ မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံဟာ နယ်စပ်မိုင်ပေါင်း ၁,၀၀၀ ကျော် ဆက်စပ်တည်ရှိနေပါတယ်။

အခုလိုတည်ရှိမှုကြောင့် မြန်မာနိုင်ငံက ချင်းလူမျိုးနဲ့ ရိုဟင်ဂျာတွေအပါအဝင် အရင်အကြမ်းဖက်မှုတွေကနေ ထွက်ပြေးခဲ့တဲ့ လူနည်းစုဒုက္ခသည် ထောင်ဂဏန်းနဲ့ချီပြီး အိန္ဒိယက နေထိုင်ခွင့်ပေးထားပါတယ်။ မြန်မာစစ်တပ်ကတော့ ဒီ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံပါဘူး။

တိုက်ရိုက် လင့်ခ်

[Unicode Version]








XS
SM
MD
LG