သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ တင်းမာမှုလျော့ကျရေး တိုက်တွန်းနေကြောင်း တရုတ်ထပ်ပြော


ဖေဖော်ဝါရီ ၂၈ ရက်နေ့က ရန်ကုန်မြို့ ဆန္ဒပြပွဲ မြင်ကွင်း။ (ဖေဖော်ဝါရီ ၂၈၊ ၂၀၂၁)
ဖေဖော်ဝါရီ ၂၈ ရက်နေ့က ရန်ကုန်မြို့ ဆန္ဒပြပွဲ မြင်ကွင်း။ (ဖေဖော်ဝါရီ ၂၈၊ ၂၀၂၁)

[Zawgyi/Unicode]

တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Wang Wenbin
တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Wang Wenbin

မြန်မာနိုင်ငံမှာဖြစ်နေတဲ့ အခြေအနေတွေအပေါ် စိုးရိမ်ကြောင်း တရုတ်နိုင်ငံက ဒီနေ့ ထပ်ပြောကြားပြီး အားလုံးကို ထိန်းထိန်းသိမ်းသိမ်းလုပ်ကြဖို့ တောင်းဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံထဲက သက်ဆိုင်သူအားလုံးနဲ့ အဆက်အသွယ်ရှိပြီး တင်းမာမှုတွေ လေ ျာ့ကျသွားရေးအတွက် တက်တက်ကြွကြွ တိုက်တွန်းနေပါတယ်လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Wang Wenbin ကဒီနေ့ သတင်းစာရှင်းပွဲမှာ ပြောကြားသွားပါတယ်။ တရုတ်နိုင်ငံအနေနဲ့ အပြုသဘောနဲ့ ဆက်ပြီး ဆောင်ရွက်သွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

"နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဆောင်ရွက်မှုမှန်သမ ျှဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းစွာ ပြန်လည်သင့်မြတ်ရေးအတွက်သာ ဖြစ်သင့်ပြီး နောက်ထပ် ပဋိပက္ခတွေဖြစ်မှာမျိုး ရှောင်ရှားသင့်တယ်။ အခြေအနေတွေ ပိုရှုပ်ထွေးအောင် မလုပ်သင့်ဘူး။ တရုတ်နိုင်ငံအနေနဲ့ တင်းမာမှုတွေ လျော့သွားရေးအတွက် အပြုသဘောဆောင် ဆက်ပြီး လုပ်သွားဖို့ ဆန္ဒရှိပါတယ်။" လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Wang Wenbin ကပြောကြားသွားတာပါ။

မြန်မာအပေါ် သြဇာလွှမ်းမှုရှိတဲ့ တရုတ်အနေနဲ့ အရပ်သားအစိုးရလက် အာဏာပြန်ရောက်ရေးကို ထိထိရောက်ရောက် လုပ်သင့်တယ်လို့ အမေရိကန်ပြည်ထောင်စုက မနေ့ကပဲ ထပ်ပြောခဲ့တာပါ။ မြန်မာနိုင်ငံထဲမှာ အရပ်သားအစိုးရခေါင်းဆောင်တွေကို ဖမ်းဆီးပြီး စစ်ခေါင်းဆောင်တွေ အာဏာသိမ်းခဲ့တာကို တရုတ်အစိုးရပိုင် သတင်းမီဒီယာတွေက အာဏာသိမ်းတယ်လို့ မပြောဘဲ အစိုးရအဖွဲ့အတွင်း အကြီးအကျယ် အပြောင်းအလဲလုပ်တယ်လို့သာ ဖော်ပြခဲ့ကြပါတယ်။

ဒီနေ့သတင်းစာရှင်းပွဲမှာလည်း သဘောထားမတူညီမှုတွေကို ဖွဲ့စည်းပုံနဲ့ ဥပဒေမူဘောင်တွေထဲကနေ အသေအချာ ဖြေရှင်းပါလို့ တရုတ် နိုင်ငံခြားရေးဌာန ပြောခွင့်ရက တောင်းဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]






XS
SM
MD
LG