သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အၾကမ္းဖက္ၿဖိဳခြင္းခံရမႈ မ်က္ျမင္အေတ႔ြအႀကံဳ (မအိသဥၨာေမာင္)


အာဏာသိမ္းမွုဆန္ ့က်င္ဆႏၵျပမွုအားျဖိဳခြင္းစဥ္ (March-2-) (ဓာတ္ပံု- Reuters)

(Zawgyi/Unicode)

ဗုဒၶဟူးေန႔က ရန္ကုန္ၿမိဳ႕မွာ ဆႏၵျပပြဲေတြကို ေသနတ္နဲ႔ ၿဖိဳခြဲခဲ့တာနဲ႔ ပတ္သက္လို႔ စစ္အာဏာသိမ္းဆန္႔က်င္ ဆႏၵျပပြဲေတြမွာ ဦးေဆာင္သူ မအိသဥၹာေမာင္ ကို မအင္ၾကင္းႏိုင္က ဆက္သြယ္ေမးျမန္းထားပါတယ္။

မအင္ၾကင္းနိုင္။ ။ မအိသဥၹာေမာင္ကိုယ္တိုင္ေပါ့ေနာ္ အခုေနာက္ဆံုး ဒီေန ့ ဆႏၵျပတာကို ျဖိဳခြဲခံရတဲ့ အေတြ ့အၾကံဳကို ေျပာျပပါဦးရွင့္။

မအိသဥၹာေမာင္။ ။ ဒီေန ့ကေတာ့ ျမန္မာနိုင္ငံျမိဳ ့နယ္ေတာ္ေတာ္မ်ားမ်ားမွာ ျဖိဳခြင္းတယ္။ ျဖိဳခြင္းေတာ့ ဒီေန ့ဆို ျဖိဳခြင္းတာ အၾကမ္းဆံုးကေတာ့ ေျမာက္ဥကၠလာမွာေပါ့ေနာ္။ ေျမာက္ဥကၠလာမွာေတာ့ ျဖိဳခြင္းတာ အၾကမ္းဆံုးပဲ။ အဓိကကေတာ့ ပစ္တာကေတာ့ ဘာမွမပါ၊ လက္နက္မပါပဲလာခဲ့ၾကတဲ့ ျပည္သူေတြကိုေလ။ က်မတို ့လူငယ္ေတြ လက္ထဲမွာ ဘာမွမပါဘူး။ ေရဘူးပဲပါတယ္။ ကိုလာ ေလးပဲပါတယ္။ တခုခု မီးခိုးဗုံုးနဲ ့ပစ္လာရင္ ေရဘူးနဲ ့ကာတယ္။ ေရဘူးနဲ ့ေရျပန္ေဆးခ်တယ္။ ကိုလာနဲ ့ျပန္ျပီးေတာ့မွေဆးတယ္။ အကုန္လံုးက ဘာလက္နက္မွ ကိုင္ထားတာလည္း မရွိဘူး။ ေခါင္းေတြကိုပဲ တည္ပစ္တဲ့ကိစၥကေတာ့ ဒါက်မတို ့လံုး၀လက္မခံဘူး။ အေျခအေနက အဲလိုေတြျဖစ္ေနတယ္။ ဒါက်မ ေျပာေတာင္ ျပန္မေျပာခ်င္ေတာ့ဘူး။ ေလာေလာဆယ္ ျပန္ေျပာလိုက္ရင္ အဲဒါေတြ က်မမ်တ္လံုးထဲ ျပန္ျပန္၀င္လာတယ္။ ဒါေပမယ့္ ေနာက္ေန ့က်မတို ့ျပန္ဆက္ထြက္မယ္။ ျပန္ကုို ဆက္ထြက္မယ္။

မအင္ၾကင္းနိုင္။ ။ ဒီလိုပစ္တဲ့ခတ္တဲ့ အခ်ိန္မွာ သူတို ့ဘက္က ပစ္ခတ္ျဖိဳ ခြဲတဲ့ပံု ဘယ္လိုေတြ ့ရလဲ။

မအိသဥၹာေမာင္။ ။ က်မတို ့နဲ ့ထိပ္တိုက္ေတြ ့ရင္ က်မတို ့က အဲဒီဘက္ကို မက်ြံဘူးေပါ့ေနာ္။ စစ္ေၾကာင္းတခုနဲ ့တခုကေတာ့ နည္းနည္းေတာ့ကြာမယ္။ က်မတို ့စစ္ေၾကာင္းမွာ က်မတို ့က မက်ြံဘူး။ က်မတို ့စည္းနဲ ့က်မတို ့ေနတယ္။ ဒါေပမယ့္ က်မတို ့စည္းနဲ ့က်မတို ့ေနတာကို ဟိုဘက္က ၀င္ရိုက္တယ္။ အသံဗံုးပစ္တယ္။ ျဖိဳခြင္းတဲ့ ပံုစံေတြက တူေနတယ္ ။ တူတယ္ဆိုတာက မီးခိုးဗံုးနဲ ့အရင္ပစ္တယ္။ မီးခိုးဗံုးနဲ ့ပစ္တဲ့အခ်ိန္မွာ ဒီဘက္က မီးခိုးဗုံးကို ျငိမ္းတာေတြလုပ္တယ္။ ျငိမ္းတာေတြလုပ္ျပီးေတာ့ ေျပးတဲ့လူေတြကလည္း ျပန္ေျပးတယ္။ ျပိီးေတာ့ ေနာက္ျပန္ဆုတ္တယ္။ တပ္ျပန္ဆုတ္တဲ့ အခ်ိန္မွာ ျပန္ျပန္ပစ္တယ္။ အရင္ကေတာ့ စစ္ေၾကာင္းေတြဟာ ေတာက္ေလ်ာက္ထြက္တာေလ။ ထြက္ျပီးေတာ့မွ တေနရာမွာ သြားသြားျပီးေတာ့ ျပၾကတယ္။ ဥပမာအားျဖင့္ ဆူးေလျဖစ္ျဖစ္၊ လွည္းတန္းျဖစ္ျဖစ္၊ ေျမနီကုန္းမွာျဖစ္ျဖစ္၊ အဲလိုေနရာမ်ဴိးေတြမွာ သြားသြားျပၾကတယ္။

အခုဟာ ဒီရက္ပိုင္းထဲမွာေပါ့။ ၂၈ ရက္ေန ့ဆို အရမ္းသိသာတယ္။ က်မ ေဖေဖာ္၀ါရီ ၂၈ ရက္ေန ့ကဆိုေတာ့ တလ ျပည့္ေပါ့ေနာ္ ။ ျမန္မာျပည္အာဏာသိမ္းခံရတာ တလျပည့္ ျပန္ထြက္ေတာ့ လူကို စုလို ့မရဘူး။ က်မတို ့က အဲဒီမွာ ဥပမာအေနနဲ ့ ဆႏၵျပမယ့္ လူငယ္ေလးေတြက်ေတာ့ သိသာတယ္။ ေက်ာပိုးအိတ္ေလးေတြနဲ ့ အ၀တ္နက္ေလးေတြနဲ ့။ က်မတို ့ဆိုရင္ လူစုေနရင္းနဲ ့(၇) ေယာက္ေလာက္ အဆြဲခံလိုက္ရတယ္။ ဒီရပ္ကြက္က ေကာင္းလို ့က်မတို ့လူေတြကို ျပန္လာဆြဲထုတ္သြားတယ္။ ျပန္လာဆြဲထုတ္လာျပီး ျပန္ျပတယ္။ ျပန္ျပေတာ့ ဒီလမ္းမေတာ္ဘက္ကို ပတ္တဲ့စစ္ေၾကာင္းက်ေတာ့ ျမိဳ ့နယ္ထဲမွာပဲျဖစ္လို ့ပတ္ျပလိုက္ေတာ့ အေျခအေနက ေကာင္းတယ္။ ေျမနီကုန္းကို တက္တဲ့စစ္ေၾကာင္းမွာ က်မတို ့ျဖိဳခြဲခံရတယ္ေပါ့ေနာ္။ ဒီေန ့ေတြလို ျဖိဳခြဲတဲ့ပံုစံမ်ိဴးက ျမိဳ ့နယ္ေတြထဲအထိလိုက္ျပီး ျဖိဳခြဲတဲ့ပံုစံမ်ိဴးျဖစ္တယ္။ ေျမာက္ဥကၠလာမွာဆိုရင္ ဒီေန ့ျဖိဳခြင္းတာ ေတာ္ေတာ္ကိုၾကမ္းတယ္။ တခ်ိဳ ့ေတြဆိုရင္ေျပာတာ Machine Gun နဲ ့ပစ္ျပီး ျဖိဳခြင္းတယ္ေျပာတယ္။ ၆ နာရီခြဲ ၇ နာရီေလာက္မွ ျပီးသြားတယ္။ သူတို ့ကို ျဖိဳခြင္းတာ ။ ဒါေတာင္ ဆက္တိုက္ျဖိဳခြင္းတာ။ ဒီေန ့ေတာ့ ေျမာက္ဥကၠလာဘက္မွာ က်တာေတာ္ေတာ္မ်ားတယ္။

မအင္ၾကင္းနိုင္။ ။ လူငယ္ေတြက အခုဆိုရင္ စစ္အာဏာသိမ္းဆန္ ့က်င္မွုကိုေပါ့ေနာ္ ဆက္ျပီးလုပ္သြားမယ္ဆိုတဲ့ ဒီ ခိုင္မာမွုေပါ့ေနာ္၊ ညီမကိုယ္တိုင္လည္း အခုေျပာေနတဲ့အခ်ိန္မွာ ညီမရဲ့ သႏၷိ႒ာန္ ခိုင္မာမွုကိုလည္း အမတို ့ေတြ ့ရပါတယ္။ ဆိုေတာ့ လူငယ္ေတြရဲ့ ေရွ ့ဆက္ေပါ့ေနာ္ ဘယ္လိုဆက္ျဖစ္လာနိုင္မလဲလို ့ညီမျမင္သလဲ။

မအိသဌၹာေမာင္။ ။ ညီမကေတာ့ နိုင္တဲ့အထိ တိုက္မယ္။ နိုင္ရမယ္။ ဒီတိုက္ပြဲကို က်မတို ့ နိုင္ကိုနိုင္မယ္။ ဒီေႏြဦးတိုက္ပြဲကေတာ့ နိုင္မယ့္တိုက္ပြဲလို ့က်မတို ့ခံယူျပီး တိုက္ထားတယ္။ ေသခ်ာတာကေတာ့ က်မတို ့ဘက္က အထိအခိုက္အက်အဆံုးေတာ့ ရွိမွာပါပဲ။ ဘာျဖစ္လို ့လဲဆိုေတာ့ ေသနတ္နဲ ့ပစ္ၾကတာကို ဒီအတိုင္း၀င္တိုးရတဲ့ ကိစၥျဖစ္ေနေတာ့ အထိအခိုက္အက်အဆံုးကေတာ့ ရွိမွာပဲ။ ဒါေပမယ့္ က်မတို ့နိုင္မယ္။ အခ်ိန္ပဲ ကြာမွာေပါ့ေနာ္။ ျမန္ျမန္ရတာနဲ ့နည္းနည္းၾကာတာပဲရွိမယ္။ ဒီတိုက္ပြဲမွာေတာ့ က်မတို ့နိုင္မယ္။ ဒီအခ်ိန္မွာပဲ တပ္က ဒီေလာက္အထိျဖိဳခြဲေနပံုရရင္ သူတို ့မွာလည္း ထိခိုက္က်ဆံုးေတာ့ ရွိမွာပဲ။ ဒီတိုက္ပြဲမွာေတာ့ က်မတို ့နိုင္ေအာင္တိုက္မယ္။ နိုင္ကို နိုင္မွာ။

..........................................................

တိုက္႐ိုက္ လင့္ခ္


အကြမ်းဖက်ဖြိုခွင်းခံရမှု မျက်မြင်အတေ့ွအကြုံ (မအိသဉ္ဇာမောင်)

(Unicode)

ဗုဒ္ဓဟူးနေ့က ရန်ကုန်မြို့မှာ ဆန္ဒပြပွဲတွေကို သေနတ်နဲ့ ဖြိုခွဲခဲ့တာနဲ့ ပတ်သက်လို့ စစ်အာဏာသိမ်းဆန့်ကျင် ဆန္ဒပြပွဲတွေမှာ ဦးဆောင်သူ မအိသဉ္ဖာမောင် ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မအင်ကြင်းနိုင်။ ။ မအိသဉ္ဖာမောင်ကိုယ်တိုင်ပေါ့နော် အခုနောက်ဆုံး ဒီနေ့ ဆန္ဒပြတာကို ဖြိုခွဲခံရတဲ့ အတွေ့အကြုံကို ပြောပြပါဦးရှင့်။
မအိသဉ္ဖာမောင်။ ။ ဒီနေ့ကတော့ မြန်မာနိုင်ငံမြို့နယ်တော်တော်များများမှာ ဖြိုခွင်းတယ်။ ဖြိုခွင်းတော့ ဒီနေ ့ဆို ဖြိုခွင်းတာ အကြမ်းဆုံးကတော့ မြောက်ဥက္ကလာမှာပေါ့နော်။ မြောက်ဥက္ကလာမှာတော့ ဖြိုခွင်းတာ အကြမ်းဆုံးပဲ။ အဓိကကတော့ ပစ်တာကတော့ ဘာမှမပါ၊ လက်နက်မပါပဲလာခဲ့ကြတဲ့ ပြည်သူတွေကိုလေ။ ကျမတို့လူငယ်တွေ လက်ထဲမှာ ဘာမှမပါဘူး။ ရေဘူးပဲပါတယ်။ ကိုလာ လေးပဲပါတယ်။ တခုခု မီးခိုးဗုံးနဲ့ပစ်လာရင် ရေဘူးနဲ့ကာတယ်။ ရေဘူးနဲ့ရေပြန်ဆေးချတယ်။ ကိုလာနဲ့ပြန်ပြီးတော့မှဆေးတယ်။ အကုန်လုံးက ဘာလက်နက်မှ ကိုင်ထားတာလည်း မရှိဘူး။ ခေါင်းတွေကိုပဲ တည်ပစ်တဲ့ကိစ္စကတော့ ဒါကျမတို့လုံးဝလက်မခံဘူး။ အခြေအနေက အဲလိုတွေဖြစ်နေတယ်။ ဒါကျမ ပြောတောင် ပြန်မပြောချင်တော့ဘူး။ လောလောဆယ် ပြန်ပြောလိုက်ရင် အဲဒါတွေ ကျမမျတ်လုံးထဲ ပြန်ပြန်ဝင်လာတယ်။ နောက်နေ့ကျမတို့ပြန်ဆက်ထွက်မယ်။ ပြန်ကို ဆက်ထွက်မယ်။

မအင်ကြင်းနိုင်။ ။ ဒီလိုပစ်တဲ့ခတ်တဲ့ အချိန်မှာ သူတို့ဘက်က ပစ်ခတ်ဖြို ခွဲတဲ့ပုံ ဘယ်လိုတွေ့ရလဲ။
မအိသဉ္ဖာမောင်။ ။ ကျမတို့နဲ့ထိပ်တိုက်တွေ့ရင် ကျမတို့က အဲဒီဘက်ကို မကျွံဘူးပေါ့နော်။ စစ်ကြောင်းတခုနဲ့တခုကတော့ နည်းနည်းတော့ကွာမယ်။ ကျမတို့စစ်ကြောင်းမှာ ကျမတို့က မကျွံဘူး။ ကျမတို့စည်းနဲ့ကျမတို့နေတယ်။ ဒါပေမယ့် ကျမတို့စည်းနဲ့ကျမတို့နေတာကို ဟိုဘက်က ဝင်ရိုက်တယ်။ အသံဗုံးပစ်တယ်။ ဖြိုခွင်းတဲ့ ပုံစံတွေက တူနေတယ် ။ တူတယ်ဆိုတာက မီးခိုးဗုံးနဲ့အရင်ပစ်တယ်။ မီးခိုးဗုံးနဲ့ပစ်တဲ့အချိန်မှာ ဒီဘက်က မီးခိုးဗုံးကို ငြိမ်းတာတွေလုပ်တယ်။ ငြိမ်းတာတွေလုပ်ပြီးတော့ ပြေးတဲ့လူတွေကလည်း ပြန်ပြေးတယ်။ ပြီးတော့ နောက်ပြန်ဆုတ်တယ်။ တပ်ပြန်ဆုတ်တဲ့ အချိန်မှာ ပြန်ပြန်ပစ်တယ်။ အရင်ကတော့ စစ်ကြောင်းတွေဟာ တောက်လျောက်ထွက်တာလေ။ ထွက်ပြီးတော့မှ တနေရာမှာ သွားသွားပြီးတော့ ပြကြတယ်။ ဥပမာအားဖြင့် ဆူးလေဖြစ်ဖြစ်၊ လှည်းတန်းဖြစ်ဖြစ်၊ မြေနီကုန်းမှာဖြစ်ဖြစ်၊ အဲလိုနေရာမျိူးတွေမှာ သွားသွားပြကြတယ်။ အခုဟာ ဒီရက်ပိုင်းထဲမှာပေါ့။ ၂၈ ရက်နေ့ဆို အရမ်းသိသာတယ်။ ကျမ ဖေဖော်ဝါရီ ၂၈ ရက်နေ့ကဆိုတော့ တလ ပြည့်ပေါ့နော် ။ မြန်မာပြည်အာဏာသိမ်းခံရတာ တလပြည့် ပြန်ထွက်တော့ လူကို စုလို့မရဘူး။ ကျမတို့က အဲဒီမှာ ဥပမာအနေနဲ့ ဆန္ဒပြမယ့် လူငယ်လေးတွေကျတော့ သိသာတယ်။ ကျောပိုးအိပ်လေးတွေနဲ့ အဝတ်နက်လေးတွေနဲ့။ ကျမတို့ဆိုရင် လူစုနေရင်းနဲ့(၇) ယောက်လောက် အဆွဲခံလိုက်ရတယ်။ ဒီရပ်ကွက်က ကောင်းလို့ကျမတို့လူတွေကို ပြန်လာဆွဲထုတ်သွားတယ်။ ပြန်လာဆွဲထုတ်လာပြီး ပြန်ပြတယ်။ ပြန်ပြတော့ ဒီလမ်းမတော်ဘက်ကို ပတ်တဲ့စစ်ကြောင်းကျတော့ မြို့နယ်ထဲမှာပဲဖြစ်လို့ပတ်ပြလိုက်တော့ အခြေအနေက ကောင်းတယ်။ မြေနီကုန်းကို တက်တဲ့စစ်ကြောင်းမှာ ကျမတို့ဖြိုခွဲခံရတယ်ပေါ့နော်။ ဒီနေ့တွေလို ဖြိုခွဲတဲ့ပုံစံမျိူးက မြို့နယ်တွေထဲအထိလိုက်ပြီး ဖြိုခွဲတဲ့ပုံစံမျိူးဖြစ်တယ်။ မြောက်ဥက္ကလာမှာဆိုရင် ဒီနေ့ဖြိုခွင်းတာ တော်တော်ကိုကြမ်းတယ်။ တချို့တွေဆိုရင်ပြောတာ Machine Gun နဲ့ပစ်ပြီး ဖြိုခွင်းတယ်ပြောတယ်။ ၆ နာရီခွဲ ၇ နာရီလောက်မှ ပြီးသွားတယ်။ သူတို့ကို ဖြိုခွင်းတာ ။ ဒါတောင် ဆက်တိုက်ဖြိုခွင်းတာ။ ဒီနေ့တော့ မြောက်ဥက္ကလာဘက်မှာ ကျတာတော်တော်များတယ်။

မအင်ကြင်းနိုင်။ ။ လူငယ်တွေက အခုဆိုရင် စစ်အာဏာသိမ်းဆန့်ကျင်မှုကိုပေါ့နော် ဆက်ပြီးလုပ်သွားမယ်ဆိုတဲ့ ဒီ ခိုင်မာမှုပေါ့နော်၊ ညီမကိုယ်တိုင်လည်း အခုပြောနေတဲ့အချိန်မှာ ညီမရဲ့ သန္တိဌာန် ခိုင်မာမှုကိုလည်း အမတို့တွေ့ရပါတယ်။ ဆိုတော့ လူငယ်တွေရဲ့ ရှေ့ဆက်ပေါ့နော် ဘယ်လိုဆက်ဖြစ်လာနိုင်မလဲလို့ညီမမြင်သလဲ။

မအိသဌ္ဖာမောင်။ ။ ညီမကတော့ နိုင်တဲ့အထိတိုက်မယ်။ နိုင်ရမယ်။ ဒီတိုက်ပွဲကို ကျမတို့ နိုင်ကိုနိုင်မယ်။ ဒီနွေဦးတိုက်ပွဲကတော့ နိုင်မယ့်တိုက်ပွဲလို့ကျမတို့ခံယူပြီး တိုက်ထားတယ်။ သေချာတာကတော့ ကျမတို့ဘက်က အထိအခိုက်အကျအဆုံးတော့ ရှိမှာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ သေနက်နဲ့ပစ်ကြတာကို ဒီအတိုင်းဝင်တိုးရတဲ့ ကိစ္စဖြစ်နေတော့ အထိအခိုက်အကျအဆုံးကတော့ ရှိမှာပဲ။ ဒါပေမယ့် ကျမတို့နိုင်မယ်။ အချိန်ပဲ ကွာမှာပေါ့နော်။ မြန်မြန်ရတာနဲ့နည်းနည်းကြာတာပဲရှိမယ်။ ဒီတိုက်ပွဲမှာတော့ ကျမတို့နိုင်မယ်။ ဒီအချိန်မှာပဲ တပ်က ဒီလောက်အထိဖြိုခွဲနေပုံရရင် သူတို့မှာလည်း ထိခိုက်ကျဆုံးတော့ ရှိမှာပဲ။ ဒီတိုက်ပွဲမှာတော့ ကျမတို့နိုင်အောင်တိုက်မယ်။ နိုင်ကို နိုင်မှာ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG