သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဆႏၵျပပဲြမ်ားအၾကမ္းဖက္ခံရမႈ တႏိုင္ငံလံုး ေသဆံုးသူ ၃၀ နီးပါးရွိ


ရန္ကုန္ၿမိဳ႕ ဆႏၵျပပဲြ ျမင္ကြင္း။ (မတ္ ၃၊ ၂၀၂၁)

[Zawgyi/Unicode]

ပစ္ခတ္ႏွိမ္နင္းမႈေတြေၾကာင့္ ႐န္ကုန္ ေျမာက္ဥကၠလာပမွာ ေသဆံုးသူ ၁၆ ဦးထက္မနည္းရွိသြားၿပီလို႔ ဗြီအိုေအက စံုစမ္းအတည္ျပဳလို႔ရပါတယ္။ ေျမာက္ဥကၠလာပ ေဆးရံုႀကီးေပၚမွာ ေသဆံုးသူ ၅ ဦးရွိၿပီး၊ အျပင္းအထန္ဒဏ္ရာရထားသူ ၂၀ ရွိတယ္လို႔ သိရပါတယ္။ အျခားေသဆံုးမႈေတြကေတာ့ ပုဂၢလိကေဆးရံုေတြကို ေရာက္လာတဲ့ ဒဏ္ရာရသူေတြျဖစ္တယ္လို႔သိရပါတယ္။

ဆႏၵျပမႈေတြကို ပစ္ခတ္ႏွိမ္နင္းလို႔ တႏိုင္ငံလံုး ဒီေန႔ တေန႔တည္းတင္ ေသဆံုးသူ ၃၀ နီးပါးအထိ ရွိလာၿပီျဖစ္ပါတယ္။ ဒဏ္ရာျပင္းထန္သူေတြရွိတာမို႔ ေသဆံုးသူ တိုးလာႏိုင္တယ္လို႔ သိရပါတယ္။

ျမန္မာႏိုင္ငံတြင္း ၿငိမ္းခ်မ္းစြာ ဆႏၵျပပြဲေတြကို ရဲနဲ႔စစ္တပ္က ဒီကေန႔မွာလည္း အၾကမ္းဖက္ၿဖိဳခြဲတာေၾကာင့္ ေသဆုံး ဒဏ္ရာရသူ အမ်ားအျပားရွိခဲ့ပါတယ္။

ေသဆုံးသူေတြထဲမွာ လူငယ္အမ်ားစုပါဝင္ၿပီး ဦးေခါင္းကို တည့္တည့္ပစ္ခံရလို႔ ေသဆုံးသြားသူေတြရဲ႕ ႐ုပ္ပုံေတြ၊ ဗီဒီယိုေတြကို လူမႈကြန္ယက္မွာ ေတြ႕ရပါတယ္။

အခုခ်ိန္ထိရထားသမ ွ် အတည္ျပဳစာရင္းေတြအရ မုံ႐ြာမွာ ၆ ဦး၊ မႏၲေလးမွာ ၂ ဦး၊ ျမင္းၿခံမွာ ၁ ဦး၊ စလင္းမွာ ၁ ဦး၊ ရန္ကုန္မွာ ၁၀ ဦး စုစုေပါင္း ေသဆုံးသူ အေယာက္ ၂၀ ထက္မနည္း ရွိပါတယ္။

ဒီညေနပိုင္းမွာ ရန္ကုန္၊ ေျမာက္ဥကၠလာၿမိဳ႕နယ္က ဆႏၵျပသူေတြ ေနာက္တစ္ႀကိမ္စုေဝးၿပီး ဆႏၵျပၾကတာကို စစ္တပ္နဲ႔ရဲက ထပ္ၿပီး ပစ္ခတ္ၿဖိဳခြဲတာေၾကာင့္ ေနာက္ထပ္ ေသဆုံး ဒဏ္ရာရသူေတြရွိခဲ့တယ္လို႔ ပရဟိတ ကယ္ဆယ္ေရးလုပ္သားတစ္ဦးက သတင္းေထာက္ေတြကို ေျပာပါတယ္။

"ေျမာက္ဥကၠလာတၿမိဳ႕နယ္လံုးဆိုရင္ ေသဆံုးတာေရာ၊ ထိခိုက္တာေရာဆိုရင္ ၄၀ ေက်ာ္ေလာက္ရွိတယ္ဗ်။ ေသဆံုးကေတာ့ ေလာေလာဆယ္မွာေတာ့ က်ေနာ္တို႔သိထားသေလာက္ စာရင္းကေတာ့ ရွစ္ေယာက္ေလာက္ရွိတယ္။ ဒါေပမဲ့ ဟိုဘက္၊ ဒီဘက္ သတင္းေတြကေတာ့ သတင္းအျပည့္စံုေတာ့မရေသးဘူး။ ၁၀ ေယာက္ေလာက္ေတာ့ရွိပါတယ္ ခင္ဗ်။"

တျခားေဒသေတြမွာလည္း ေသဆုံးသူေတြရွိတယ္ဆိုတဲ့ သတင္းေတြ ထြက္ထားေပမဲ့ အတည္မျပဳႏိုင္ေသးပါဘူး။ တႏိုင္ငံလုံးမွာ ဒဏ္ရာရသူ အမ်ားအျပားရွိၿပီး အေရအတြက္ အတိအက်ကို မသိရေသးပါဘူး။ ဒဏ္ရာရသူေတြထဲမွာ အေျခအေနစိုးရိမ္ရသူေတြ အမ်ားအျပားရွိတယ္လို႔ ဗြီအိုေအက ဆက္သြယ္ ေမးျမန္းခဲ့သမ ွ် ေဒသခံေတြက ေျပာပါတယ္။

မႏၲေလးက ဒဏ္ရာရသူေတြထဲမွာ ဗြီအိုေအသတင္းေထာက္လည္းပါဝင္ၿပီး ခႏၶာကိုယ္ ဘယ္ဘက္ျခမ္းမွာ ရာဘာက်ည္ႏွစ္ခ်က္ ထိထားၿပီးေတာ့ စိုးရိမ္ရတဲ့အေျခအေနေတာ့ မရွိပါဘူး။

မႏၲေလးၿမိဳ႕ကပဲ ေနာက္တစ္ေနရာမွာေတာ့ ပစ္ခတ္သံေတြနဲ႔အတူ ရဲေတြ၊ စစ္သားေတြက အိမ္တလုံးရဲ႕ေရွ႕ကေန ေလးခြေတြနဲ႔ ပစ္ေနတာကို အိမ္ထဲကေန ႐ိုက္ယူထားတဲ့ ဗီဒီယိုမွာ ေတြ႕ရပါတယ္။

ရန္ကုန္နဲ႔ မႏၲေလးအပါအဝင္ ေနရာအေတာ္မ်ားမ်ားက ဆႏၵျပသူေတြဟာ မီးသတ္ေဆးဘူးနဲ႔ ဓာတ္ေငြ႕ေတြျဖန္းထုတ္ၿပီး အကာအကြယ္ရဖို႔ ႀကိဳးစားခဲ့ၾကပါတယ္။

တႏိုင္ငံလုံးမွာ ဖမ္းဆီးခံရသူ ရာေပါင္းမ်ားစြာရွိႏိုင္ၿပီး ရန္ကုန္၊ တာေမြနဲ႔ ေက်ာက္ေျမာင္းအရပ္မွာတင္ အဖမ္းခံရသူ ၃၀၀ ေက်ာ္ရွိႏိုင္တယ္လို႔ မ်က္ျမင္ေတြ႕သူေတြက ဗြီအိုေအကိုေျပာပါတယ္။

ဒဏ္ရာရသူေတြကို ပရဟိတ အေရးေပၚ ကူညီကယ္ဆယ္ေရးလုပ္သားေတြက ျပဳစုကုသေပးၾကေပမယ့္လည္း စစ္တပ္နဲ႔ရဲဟာ အဲဒီလူေတြကိုပါ ရန္ျပဳ ဖမ္းဆီးပါတယ္။

ရန္ကုန္၊ ေျမာက္ဥကၠလာပမွာ ပရဟိတ အေရးေပၚကားတစ္စီးကိုတားၿပီးေတာ့ ပရဟိတလုပ္သားေတြကို ရဲက ေသနတ္နဲ႔ခ်ိန္ၿပီး ဆင္းခိုင္းပါတယ္။ အဲဒီေနာက္ ကားေဘးမွာ ထိုင္ခိုင္းထားၿပီး ရဲ ၇ ေယာက္ထက္မနည္းက ကန္ေက်ာက္တဲ့အျပင္ ေခါင္းကိုပါ ေသနတ္ဒင္ေတြနဲ႔ ဝိုင္း႐ိုက္တာကို အနီးက CCTV ကင္မရာကေန ႐ိုက္ယူထားတဲ့ ဗီဒီယိုထဲမွာ ေတြ႕ရပါတယ္။ ခနအၾကာမွာ ေသြးထြက္သံယိုနဲ႔ ပရဟိတလုပ္သားေတြကို ေခၚထုတ္သြားတာ ေတြ႕ရၿပီး လက္ရွိအခ်ိန္ထိ ဖမ္းခံထားရဆဲပဲလို႔ တျခား ပရဟိတ က်န္းမာေရးလုပ္သားေတြကေျပာပါတယ္။

ဒါ့အျပင္ ေျမာက္ဥကၠလာဘက္မွာပဲ စစ္သားနဲ႔ရဲေတြဟာ ရပ္ကြက္အတြင္းပိုင္းေတြထဲထိ ဝင္ေရာက္ၿပီး ပုန္းခိုေနတဲ့ ဆႏၵျပသူေတြကို လိုက္ရွာတာမွာ အိမ္တံခါးေတြကို ႐ိုက္ခ်ိဳးဖ်က္ဆီးတာ၊ အိမ္ထဲကို မ်က္ရည္ယိုဗုံးနဲ႔ ပစ္ခတ္တာေတြရွိတယ္လို႔ ကိုယ္တိုင္ျမင္ေတြ႕သူေတြက ဗြီအိုေအကို ေျပာပါတယ္။

အဲဒီလို နည္းမ်ိဳးစုံနဲ႔ အျပင္းအထန္ အၾကမ္းဖက္ ႏွိမ္နင္းၿဖိဳခြဲတဲ့ၾကားမွာပဲ ဆႏၵျပသူေတြဟာ အင္အားျပန္စုၿပီး သီခ်င္းဆို ေအာ္ဟစ္ေႂကြးေက်ာ္ ဆႏၵျပခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဆန္ဒပြပွဲများအကြမ်းဖက်ခံရမှု တနိုင်ငံလုံး သေဆုံးသူ ၃၀ နီးပါးရှိ

ပစ်ခတ်နှိမ်နင်းမှုတွေကြောင့် ရန်ကုန် မြောက်ဥက္ကလာပမှာ သေဆုံးသူ ၁၆ ဦးထက်မနည်းရှိသွားပြီလို့ ဗွီအိုအေက စုံစမ်းအတည်ပြုလို့ရပါတယ်။ မြောက်ဥက္ကလာပ ဆေးရုံကြီးပေါ်မှာ သေဆုံးသူ ၅ ဦးရှိပြီး၊ အပြင်းအထန်ဒဏ်ရာရထားသူ ၂၀ ရှိတယ်လို့ သိရပါတယ်။ အခြားသေဆုံးမှုတွေကတော့ ပုဂ္ဂလိကဆေးရုံတွေကို ရောက်လာတဲ့ ဒဏ်ရာရသူတွေဖြစ်တယ်လို့သိရပါတယ်။

ဆန္ဒပြမှုတွေကို ပစ်ခတ်နှိမ်နင်းလို့ တနိုင်ငံလုံး ဒီနေ့ တနေ့တည်းတင် သေဆုံးသူ ၃၀ နီးပါးအထိ ရှိလာပြီဖြစ်ပါတယ်။ ဒဏ်ရာပြင်းထန်သူတွေရှိတာမို့ သေဆုံးသူ တိုးလာနိုင်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံတွင်း ငြိမ်းချမ်းစွာ ဆန္ဒပြပွဲတွေကို ရဲနဲ့စစ်တပ်က ဒီကနေ့မှာလည်း အကြမ်းဖက်ဖြိုခွဲတာကြောင့် သေဆုံး ဒဏ်ရာရသူ အများအပြားရှိခဲ့ပါတယ်။

သေဆုံးသူတွေထဲမှာ လူငယ်အများစုပါဝင်ပြီး ဦးခေါင်းကို တည့်တည့်ပစ်ခံရလို့ သေဆုံးသွားသူတွေရဲ့ ရုပ်ပုံတွေ၊ ဗီဒီယိုတွေကို လူမှုကွန်ယက်မှာ တွေ့ရပါတယ်။

အခုချိန်ထိရထားသမ ျှ အတည်ပြုစာရင်းတွေအရ မုံရွာမှာ ၆ ဦး၊ မန္တလေးမှာ ၂ ဦး၊ မြင်းခြံမှာ ၁ ဦး၊ စလင်းမှာ ၁ ဦး၊ ရန်ကုန်မှာ ၁၀ ဦး စုစုပေါင်း သေဆုံးသူ အယောက် ၂၀ ထက်မနည်း ရှိပါတယ်။

ဒီညနေပိုင်းမှာ ရန်ကုန်၊ မြောက်ဥက္ကလာမြို့နယ်က ဆန္ဒပြသူတွေ နောက်တစ်ကြိမ်စုဝေးပြီး ဆန္ဒပြကြတာကို စစ်တပ်နဲ့ရဲက ထပ်ပြီး ပစ်ခတ်ဖြိုခွဲတာကြောင့် နောက်ထပ် သေဆုံး ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ပရဟိတ ကယ်ဆယ်ရေးလုပ်သားတစ်ဦးက သတင်းထောက်တွေကို ပြောပါတယ်။

"မြောက်ဥက္ကလာတမြို့နယ်လုံးဆိုရင် သေဆုံးတာရော၊ ထိခိုက်တာရောဆိုရင် ၄၀ ကျော်လောက်ရှိတယ်ဗျ။ သေဆုံးကတော့ လောလောဆယ်မှာတော့ ကျနော်တို့သိထားသလောက် စာရင်းကတော့ ရှစ်ယောက်လောက်ရှိတယ်။ ဒါပေမဲ့ ဟိုဘက်၊ ဒီဘက် သတင်းတွေကတော့ သတင်းအပြည့်စုံတော့မရသေးဘူး။ ၁၀ ယောက်လောက်တော့ရှိပါတယ် ခင်ဗျ။"

တခြားဒေသတွေမှာလည်း သေဆုံးသူတွေရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ထားပေမဲ့ အတည်မပြုနိုင်သေးပါဘူး။ တနိုင်ငံလုံးမှာ ဒဏ်ရာရသူ အများအပြားရှိပြီး အရေအတွက် အတိအကျကို မသိရသေးပါဘူး။ ဒဏ်ရာရသူတွေထဲမှာ အခြေအနေစိုးရိမ်ရသူတွေ အများအပြားရှိတယ်လို့ ဗွီအိုအေက ဆက်သွယ် မေးမြန်းခဲ့သမ ျှ ဒေသခံတွေက ပြောပါတယ်။

မန္တလေးက ဒဏ်ရာရသူတွေထဲမှာ ဗွီအိုအေသတင်းထောက်လည်းပါဝင်ပြီး ခန္ဓာကိုယ် ဘယ်ဘက်ခြမ်းမှာ ရာဘာကျည်နှစ်ချက် ထိထားပြီးတော့ စိုးရိမ်ရတဲ့အခြေအနေတော့ မရှိပါဘူး။

မန္တလေးမြို့ကပဲ နောက်တစ်နေရာမှာတော့ ပစ်ခတ်သံတွေနဲ့အတူ ရဲတွေ၊ စစ်သားတွေက အိမ်တလုံးရဲ့ရှေ့ကနေ လေးခွတွေနဲ့ ပစ်နေတာကို အိမ်ထဲကနေ ရိုက်ယူထားတဲ့ ဗီဒီယိုမှာ တွေ့ရပါတယ်။

ရန်ကုန်နဲ့ မန္တလေးအပါအဝင် နေရာအတော်များများက ဆန္ဒပြသူတွေဟာ မီးသတ်ဆေးဘူးနဲ့ ဓာတ်ငွေ့တွေဖြန်းထုတ်ပြီး အကာအကွယ်ရဖို့ ကြိုးစားခဲ့ကြပါတယ်။

တနိုင်ငံလုံးမှာ ဖမ်းဆီးခံရသူ ရာပေါင်းများစွာရှိနိုင်ပြီး ရန်ကုန်၊ တာမွေနဲ့ ကျောက်မြောင်းအရပ်မှာတင် အဖမ်းခံရသူ ၃၀၀ ကျော်ရှိနိုင်တယ်လို့ မျက်မြင်တွေ့သူတွေက ဗွီအိုအေကိုပြောပါတယ်။

ဒဏ်ရာရသူတွေကို ပရဟိတ အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်သားတွေက ပြုစုကုသပေးကြပေမယ့်လည်း စစ်တပ်နဲ့ရဲဟာ အဲဒီလူတွေကိုပါ ရန်ပြု ဖမ်းဆီးပါတယ်။

ရန်ကုန်၊ မြောက်ဥက္ကလာပမှာ ပရဟိတ အရေးပေါ်ကားတစ်စီးကိုတားပြီးတော့ ပရဟိတလုပ်သားတွေကို ရဲက သေနတ်နဲ့ချိန်ပြီး ဆင်းခိုင်းပါတယ်။ အဲဒီနောက် ကားဘေးမှာ ထိုင်ခိုင်းထားပြီး ရဲ ၇ ယောက်ထက်မနည်းက ကန်ကျောက်တဲ့အပြင် ခေါင်းကိုပါ သေနတ်ဒင်တွေနဲ့ ဝိုင်းရိုက်တာကို အနီးက CCTV ကင်မရာကနေ ရိုက်ယူထားတဲ့ ဗီဒီယိုထဲမှာ တွေ့ရပါတယ်။ ခနအကြာမှာ သွေးထွက်သံယိုနဲ့ ပရဟိတလုပ်သားတွေကို ခေါ်ထုတ်သွားတာ တွေ့ရပြီး လက်ရှိအချိန်ထိ ဖမ်းခံထားရဆဲပဲလို့ တခြား ပရဟိတ ကျန်းမာရေးလုပ်သားတွေကပြောပါတယ်။

ဒါ့အပြင် မြောက်ဥက္ကလာဘက်မှာပဲ စစ်သားနဲ့ရဲတွေဟာ ရပ်ကွက်အတွင်းပိုင်းတွေထဲထိ ဝင်ရောက်ပြီး ပုန်းခိုနေတဲ့ ဆန္ဒပြသူတွေကို လိုက်ရှာတာမှာ အိမ်တံခါးတွေကို ရိုက်ချိုးဖျက်ဆီးတာ၊ အိမ်ထဲကို မျက်ရည်ယိုဗုံးနဲ့ ပစ်ခတ်တာတွေရှိတယ်လို့ ကိုယ်တိုင်မြင်တွေ့သူတွေက ဗွီအိုအေကို ပြောပါတယ်။

အဲဒီလို နည်းမျိုးစုံနဲ့ အပြင်းအထန် အကြမ်းဖက် နှိမ်နင်းဖြိုခွဲတဲ့ကြားမှာပဲ ဆန္ဒပြသူတွေဟာ အင်အားပြန်စုပြီး သီချင်းဆို အော်ဟစ်ကြွေးကျော် ဆန္ဒပြခဲ့ကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG