သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကို ႏိုင္ငံျခားေရးနဲ႔ သံတမန္ေရးစီမံခန္႔ခဲြဖို႔ CRPH တာဝန္ေပး


နယူးေယာက္ၿမိဳ႕၊ ကုလသမဂၢဆိုင္ရာ ျမန္မာအၿမဲတမ္းကိုယ္စားလွယ္ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း။ (ဓာတ္ပံု - Ministry of Foreign Affairs Myanmar - စက္တင္ဘာ ၂၃၊ ၂၀၂၀)

[Zawgyi/Unicode]

နယူးေယာက္ၿမိဳ႕၊ ကုလသမဂၢဆိုင္ရာ ျမန္မာအၿမဲတမ္းကိုယ္စားလွယ္ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကို လက္ရွိ တာဝန္ဝတၱရားေတြအျပင္ ျမန္မာႏုိင္ငံရဲ႕ နုိင္ငံျခားေရးရာနဲ႔ သံတမန္ေရးရာ ကိစၥရပ္ေတြကိုပါ စီမံခန္႔ခြဲႏုိင္ဖို႔ဆိုၿပီး ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ (CRPH) က တာဝန္ေပးလိုက္တဲ့အေၾကာင္း CRPH က ခန္႔အပ္ထားတဲ့ ႏုိင္ငံျခားေရးဌာန၊ ေခတၱျပည္ေထာင္စုဝန္ႀကီး ေဒၚဇင္မာေအာင္က ဒီကေန႔ရက္စြဲနဲ႔ အမိန္႔ေၾကညာခ်က္ ထုတ္ျပန္ထားပါတယ္။

ေရြးေကာက္ခံအစိုးရကို ျဖဳတ္ခ်ၿပီး ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာ အာဏာသိမ္းယူထားတဲ့ စစ္ဘက္ အုပ္ခ်ဳပ္ေရးေကာင္စီက ကုလသမဂၢဆိုင္ရာ ျမန္မာကိုယ္စားလွယ္အဖြဲ႔ ယာယီတာဝန္ခံအျဖစ္ ခန္႔အပ္ေၾကာင္း အေၾကာင္းၾကားထားသူ ဦးတင္ေမာင္ႏုိင္ ႏုတ္ထြက္သြားၿပီဆိုတဲ့သတင္းေတြ ထြက္ေနခ်ိန္မွာပဲ CRPH ရဲ႕ဒီကေန႔ အမိန္႔ေၾကညာခ်က္ ထြက္လာတာပါ။

ဦးတင္ေမာင္ႏုိင္ ႏုတ္ထြက္သြားတယ္ဆိုတာနဲ႔ ပတ္သက္ၿပီး ဗီြအိုေအက သီးျခားအတည္ျပဳခ်က္ရဖို႔ ႀကိဳးစားေနပါတယ္။

သံအမတ္ႀကီး ဦးေက်ာ္မုိးထြန္းက အျမဲတမ္းကိုယ္စားလွယ္အျဖစ္ ဆက္ရွိေနသလို စစ္ဘက္ေကာင္စီကလည္း ဦးတင္ေမာင္ႏုိင္ကို ခန္႔အပ္တယ္လို႔ ကုလသမဂၢကို အေၾကာင္းၾကားထားတာေၾကာင့္ ကုလသမဂၢအေနနဲ႔ ဘယ္သူ႔ကို အသိအမွတ္ျပဳ လက္ခံမလဲဆိုတာ ဆံုးျဖတ္ရဖို႔ ရွိေနခ်ိန္ ဒီကေန႔မွာပဲ အခုလို အေျပာင္းအလဲေတြျဖစ္လာတာပါ။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို နိုင်ငံခြားရေးနဲ့ သံတမန်ရေးစီမံခန့်ခွဲဖို့ CRPH တာဝန်ပေး

နယူးယောက်မြို့၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို လက်ရှိ တာဝန်ဝတ္တရားတွေအပြင် မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးရာနဲ့ သံတမန်ရေးရာ ကိစ္စရပ်တွေကိုပါ စီမံခန့်ခွဲနိုင်ဖို့ဆိုပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က တာဝန်ပေးလိုက်တဲ့အကြောင်း CRPH က ခန့်အပ်ထားတဲ့ နိုင်ငံခြားရေးဌာန၊ ခေတ္တပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က ဒီကနေ့ရက်စွဲနဲ့ အမိန့်ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းယူထားတဲ့ စစ်ဘက် အုပ်ချုပ်ရေးကောင်စီက ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ်အဖွဲ့ ယာယီတာဝန်ခံအဖြစ် ခန့်အပ်ကြောင်း အကြောင်းကြားထားသူ ဦးတင်မောင်နိုင် နုတ်ထွက်သွားပြီဆိုတဲ့သတင်းတွေ ထွက်နေချိန်မှာပဲ CRPH ရဲ့ဒီကနေ့ အမိန့်ကြေညာချက် ထွက်လာတာပါ။

ဦးတင်မောင်နိုင် နုတ်ထွက်သွားတယ်ဆိုတာနဲ့ ပတ်သက်ပြီး ဗွီအိုအေက သီးခြားအတည်ပြုချက်ရဖို့ ကြိုးစားနေပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းက အမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်ရှိနေသလို စစ်ဘက်ကောင်စီကလည်း ဦးတင်မောင်နိုင်ကို ခန့်အပ်တယ်လို့ ကုလသမဂ္ဂကို အကြောင်းကြားထားတာကြောင့် ကုလသမဂ္ဂအနေနဲ့ ဘယ်သူ့ကို အသိအမှတ်ပြု လက်ခံမလဲဆိုတာ ဆုံးဖြတ်ရဖို့ ရှိနေချိန် ဒီကနေ့မှာပဲ အခုလို အပြောင်းအလဲတွေဖြစ်လာတာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG