သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သတင္းမီဒီယာ လြတ္လပ္ခြင့္ ဘာဆက္ၿပီး ျဖစ္လာႏိုင္မလဲ


Police arrest a protester during a demonstration against the military coup in Yangon on February 26, 2021. (Photo by STR / AFP)
တိုက္႐ိုက္ လင့္ခ္

ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ အာဏာသိမ္းၿပီး သီတင္း ၃ ပတ္ေက်ာ္အၾကာ ေဖေဖၚဝါရီ ၂၅ ည ပိုင္း ျမန္မာ့႐ုပ္သံ သတင္းနဲ႔ ေဖေဖၚဝါရီ ၂၆ အစိုးရပိုင္ သတင္းေတြရဲ႕ ေဖာ္ျပခ်က္မွာ သတင္းစာ၊ ဂ်ာနယ္ေတြကို ၿခိမ္းေျခာက္ရာေရာက္တဲ့ ထုတ္ျပန္ခ်က္ တစ္ခု ေဖာ္ျပလာတာ ေတြ႕ရပါတယ္။ အဲဒီ ထုတ္ျပန္ခ်က္ထဲမွာ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္တဲ့ ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရး ေကာင္စီကို အာဏာသိမ္း အစိုးရ၊ အာဏာသိမ္း စစ္ေကာင္စီ ဆိုၿပီး မမွန္မကန္ ေရးသားေဖာ္ျပေနၾကတဲ့ အေၾကာင္း၊ အဲလို သုံးႏႈန္းေဖာ္ျပျခင္း မျပဳဖို႔ ျပန္ၾကားေရး ဝန္ႀကီးဌာနကေန သတင္းမီဒီယာ ေကာင္စီ အပါအဝင္ ထုတ္ေဝေနတဲ့ သတင္းစာ၊ ဂ်ာနယ္ေတြကို အေၾကာင္းၾကားစာ ၃ ႀကိမ္ ေပးပို႔ခဲ့ၿပီျဖစ္တဲ့အေၾကာင္း၊ ဒါေပမယ့္ တစ္ခ်ိဳ႕ သတင္းစာ၊ ဂ်ာနယ္ေတြဟာ အာဏာသိမ္း အစိုးရ၊ အာဏာသိမ္း စစ္ေကာင္စီ ဆိုၿပီး ဆက္လက္ ေရးသားေဖာ္ျပေနၾကတဲ့ အျပင္ လူထု ဆူပူအုံႂကြမႈ ျဖစ္ေစေအာင္လည္း ေရးသားေဖာ္ျပေနၾကေၾကာင္း၊ တကယ္လို႔ အဲလို ဆက္ၿပီး ေရးသားေဖာ္ျပၾကမယ္ ဆိုရင္ တည္ဆဲ ဥပေဒနဲ႔အညီ အေရးယူမယ္လို႔ ေဖာ္ျပထားပါတယ္။ ျပန္ၾကားေရး ဝန္ႀကီးဌာနကေန သတင္းစာ၊ ဂ်ာနယ္တိုက္ေတြကို အေၾကာင္းၾကားတဲ့ စာေတြမွာေတာ့ ထုတ္ေဝခြင့္ ပိတ္သိမ္းသည္ အထိ အေရးယူမယ့္အေၾကာင္း ေဖာ္ျပထားတာ ေတြ႕ရပါတယ္။ ျမန္မာႏိုင္ငံမွာ ေဖေဖၚဝါရီ ၁ ရက္ အာဏာသိမ္းပြဲၿပီးေနာက္ သတင္းမီဒီယာ အေျခအေန ဘယ္လို ရွိေနပါသလဲ၊ ေရွ႕မွာ သတင္းမီဒီယာ လြတ္လပ္ခြင့္ ဘယ္လို ျဖစ္လာႏိုင္မလဲ ဆိုတဲ့ကိစၥ ေလ့လာ တင္ျပသြားပါ့မယ္။

ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္တဲ့ တပ္မေတာ္ဟာ ေဖေဖာ္ဝါရီ ၁ ရက္ မိုးမလင္းခင္ ႏိုင္ငံေတာ္ သမၼတ၊ ႏိုင္ငံေတာ္ အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ နဲ႔ ႏိုင္ငံတစ္ဝွမ္းက အစိုးရ၊ လႊတ္ေတာ္ တာဝန္ရွိသူေတြ အပါအဝင္ လူအမ်ားအျပားကို တစ္ၿပိဳင္နက္တည္း ဖမ္းဆီးပါတယ္။ အဲဒီလို ဖမ္းဆီးတာနဲ႔ တစ္ၿပိဳင္နက္တည္း လုပ္တာကေတာ့ ႐ုပ္သံဌာနေတြကို ဝင္ေရာက္ စီးနင္း ထိန္းခ်ဳပ္ လိုက္တာပါပဲ။ အစိုးရပိုင္ ျမန္မာ့႐ုပ္ျမင္သံၾကား သတင္းဌာန အေဆာက္အဦေတြ၊ ပုဂၢလိကပိုင္ စကိုင္းနက္နဲ႔ MRTV-4 ႐ုပ္သံဝင္းေတြ အားလုံးကို တပ္မေတာ္က ဝင္ေရာက္ စီးနင္း ထိန္းခ်ဳပ္လိုက္တာပါ။ အဲလို ထိန္းခ်ဳပ္လိုက္တဲ့အတြက္ အာဏာသိမ္းၿပီးၿပီးခ်င္း ေန႔မွာ ျမန္မာ့႐ုပ္သံ ခ်ယ္နယ္လိုင္းေတြ အပါအဝင္ ပုဂၢလိက Free to Air ထုတ္လႊင့္ေနတဲ့ ႐ုပ္သံလိုင္းေတြ အားလုံး ရပ္ဆိုင္းကုန္ပါတယ္။ ေနာက္ရက္မွာေတာ့ ျမန္မာ့႐ုပ္သံကေန တပ္မေတာ္ပိုင္ ျမဝတီ ႐ုပ္သံ သတင္းေဖာ္ျပခ်က္ေတြ ထုတ္လႊင့္ခဲ့ၿပီး ေနာက္ပိုင္း တပ္မေတာ္ဘက္က ေပးတဲ့ သတင္းေတြ ကိုယ့္ဖာသာကိုယ္ ႐ိုက္ကူးထုတ္လႊင့္၊ အျခား အစီအစဥ္ေတြထဲက ေဖ်ာ္ေျဖေရး သက္သက္ေတြ၊ အရင္ အစိုးရနဲ႔ မသက္ဆိုင္တာေတြကို စိစစ္ေ႐ြးခ်ယ္ ထုတ္လႊင့္ေစတာ ေတြ႕ရပါတယ္။ အခုေနာက္ဆုံးမွာေတာ့ ျမန္မာ့႐ုပ္သံဟာ အာဏာသိမ္း စစ္ေကာင္စီက လုံး၀ ထိန္းခ်ဳပ္ထားႏိုင္တဲ့ အေျခအေနကို ေရာက္ရွိသြားပါၿပီ။

အင္န္အယ္လ္ဒီ အစိုးရလက္ထက္မွာ ခြင့္ျပဳထားခဲ့တဲ့ Free to Air ဒီဂ်စ္တယ္ ႐ုပ္သံလိုင္း ၅ လိုင္းရွိတဲ့အထဲ ေဖ်ာ္ေျဖေရးကိုပဲ အဓိက အသားေပး ထုတ္လႊင့္တင္ဆက္တဲ့ YTV, Channel-K, Fortune TV ခ်ယ္နယ္ ၃ ခုကေတာ့ ေနာက္ပိုင္း ျပန္ၿပီး ထုတ္လႊင့္ခြင့္ရပါတယ္။ သတင္းကို အဓိကထား တင္ဆက္တဲ့ DVB နဲ႔ Mizzima ခ်ယ္နယ္ေတြကိုေတာ့ လုံး၀ ထုတ္လႊင့္ခြင့္ မေပးေတာ့ပါဘူး။

ပုဂၢလိက ႐ုပ္သံအုပ္စုေတြ ပိုင္ဆိုင္တဲ့ စကိုင္းနက္နဲ႔ MRTV-4 ခ်ယ္နယ္လိုင္းေတြကို ေနာက္ပိုင္း ျပန္ၿပီး ထုတ္လႊင့္ခြင့္ ေပးပါတယ္။ MRTV-4 အုပ္စုကေတာ့ ပုံမွန္ သတင္းထုတ္လႊင့္တာကို ရပ္ဆိုင္းၿပီး ေဖ်ာ္ေျဖေရး အစီအစဥ္ေတြကို ျပန္စိစစ္ၿပီးမွ ထုတ္လႊင့္ပါတယ္။ ထုတ္လႊင့္ဖို႔ ပိတ္ပင္ခံလိုက္ရတဲ့ အထဲမွာ “ဆန္းက်ယ္ေသာ ကံၾကမၼာ” လို႔နာမည္ရတဲ့ ကိုရီးယား ႐ုပ္သံဇာတ္လမ္းတြဲေတာင္ ပါဝင္ခဲ့ပါတယ္။ ျပည္သူေတြက ခ်စ္ခင္တဲ့ ဒုံရီလို႔ ေခၚတဲ့ မင္းသမီး တစ္ပါးဇာတ္ေၾကာင္းကို အေျချပဳထားတဲ့ အဲဒီ နန္းတြင္း ဇာတ္လမ္းတြဲဟာ လက္ရွိ အာဏာသိမ္း အေျခအေနကို ထင္ဟပ္ႏိုင္တယ္လို႔ ယူဆၿပီး ပိတ္ပင္ျပစ္တာ ျဖစ္ႏိုင္ပါတယ္။ စကိုင္းနက္ သတင္းဌာနကေတာ့ သူ႔ရဲ႕ ၿဂိဳလ္တုစေလာင္း လိုင္းေပါင္းမ်ားစြာထဲက CNN, BBC World အပါအဝင္ ႏိုင္ငံတကာ သတင္းဌာနေတြရဲ႕ ခ်ယ္နယ္ေတြ ထုတ္လႊင့္မႈကို ရပ္ဆိုင္းလိုက္တာ ေတြ႕ရပါတယ္။
အာဏာသိမ္းၿပီးေနာက္ ထုတ္လႊင့္ခြင့္ ရပ္ဆိုင္းခံထားရတဲ့ မႏၲေလး FM အပါအဝင္ ပုဂၢလိက ေရဒီယိုလိုင္း တစ္ခ်ိဳ႕လည္း ေနာက္ပိုင္း ျပန္ၿပီး ထုတ္လႊင့္ခြင့္ရတာ ေတြ႕ရပါတယ္။ ဒါေပမယ့္ သတင္းေတြ၊ ေရဒီယို အစီအစဥ္ေတြ မပါဝင္ေတာ့ပဲ သီခ်င္းေတြကိုပဲ ထုတ္လႊင့္တာ ၾကားၾကရပါတယ္။

ဒီ အေျခအေနေတြကိုၾကည့္ရင္ အာဏာသိမ္း စစ္ေကာင္စီ အေနနဲ႔ ျမန္မာႏိုင္ငံမွာ ထုတ္လႊင့္ေနတဲ့ ႐ုပ္သံနဲ႔ ေရဒီယိုလိုင္း အားလုံးကို ေကာင္းေကာင္း ထိန္းခ်ဳပ္ထားႏိုင္ၿပီ ျဖစ္တာကို ေတြ႕ႏိုင္ပါတယ္။ ႐ုပ္သံနဲ႔ ေရဒီယိုမွာ သတင္းမီဒီယာ လြတ္လပ္ခြင့္ လုံး၀ ေတြ႕ျမင္ႏိုင္ေတာ့မွာ မဟုတ္ပါဘူး။ ဒါတင္မက ျမန္မာႏိုင္ငံက သတင္းမီဒီယာ အားလုံးနီးပါး နဲ႔ ျမန္မာဘာသာ နဲ႔ ထုတ္လႊင့္တဲ့ ႏိုင္ငံျခား သတင္းဌာနေတြ အေျချပဳရာ ပက္လက္ေဖာင္းႀကီး တစ္ခုျဖစ္တဲ့ Facebook စာမ်က္ႏွာကိုလည္း ပိတ္ပင္လာတာ ေတြ႕ၾကရပါတယ္။ ျမန္မာျပည္သူေတြ အတြက္ Facebook စာမ်က္ႏွာဟာ သတင္းမီဒီယာေတြ ဖတ္ရႈရာ ပက္လက္ေဖာင္းတင္မက အခ်င္းခ်င္း ဆက္သြယ္တဲ့ လူမႈကြန္ယက္ အျဖစ္ တြင္တြင္က်ယ္က်ယ္ အသုံးျပဳေနၾကတာ ျဖစ္ေလေတာ့ VPN လို APP မ်ိဳးကို ၾကားခံၿပီး Facebook ကို မရ၊ အရ သုံးၾကတာ ေတြ႕ၾကရပါတယ္။ အာဏာပိုင္ေတြ အေနနဲ႔ Facebook ကို လုံး၀ ၾကည့္မရေအာင္၊ သုံးမရေအာင္ ပိတ္ပင္တာမ်ိဳး လုပ္လို႔ မရေပမယ့္ ႀကီးမားတဲ့ သတင္းမီဒီယာ ဖိႏွိပ္မႈ အျဖစ္ေတာ့ မွတ္တမ္း က်န္ရစ္မွာ ျဖစ္ပါတယ္။

႐ုပ္သံ၊ ေရဒီယိုေတြကို လုံး၀ ထိန္းခ်ဳပ္လို႔ ၿပီးသြားတဲ့အခါ အခုေနာက္ဆုံး အာဏာပိုင္ေတြဟာ သတင္းစာ၊ ဂ်ာနယ္ စတဲ့ ပုံႏွိပ္မီဒီယာေတြဖက္ကို လွည့္လာတာ ျဖစ္ပါတယ္။ ေဖေဖၚဝါရီ ၁ ရက္ေန႔ အာဏာသိမ္းပြဲ ျဖစ္ပြားၿပီး ေနာက္တစ္ေန႔ကစ ပုဂၢလိက သတင္းစာ၊ ဂ်ာနယ္ေတြဟာ စစ္အာဏာသိမ္းမႈ အျဖစ္ ရဲရဲတင္းတင္း ေဖာ္ျပၾကတာကို ေတြ႕ျမင္ၾကရပါတယ္။ ေနာက္ပိုင္းလည္း သတင္းေတြကို လြတ္လပ္ခြင့္ အျပည့္ယူၿပီး ေဖာ္ျပၾကတာကို ေန႔စဥ္ရက္ဆက္ ေတြ႕ျမင္ၾကရပါတယ္။ အာဏာပိုင္ေတြဘက္က ထုတ္ေဝခြင့္ ပိတ္သိမ္းမယ္၊ ဥပေဒအရ အေရးယူမယ္လို႔ ၿခိမ္းေျခာက္ေနခ်ိန္အထိ ပုဂၢလိက သတင္းစာနဲ႔ ဂ်ာနယ္ေတြဟာ ဒီကေန႔ အခ်ိန္ထိ အေၾကာက္အ႐ြံ႕ မရွိပဲ ေဖာ္ျပေနၾကဆဲပါ။ ဒါတင္မက အာဏာပိုင္ေတြရဲ႕ အာဏာသိမ္းအစိုးရ၊ အာဏာသိမ္း စစ္ေကာင္စီလို႔ မေခၚပါနဲ႔ ဆိုၿပီး ၫႊန္ၾကားလာတာဟာ ၂၀၀၈ ဖြဲ႕စည္းပုံ၊ သတင္းမီဒီယာ ဥပေဒေတြနဲ႔ ကိုက္ညီမႈမရွိဘူး၊ ဒါေၾကာင့္ လြတ္လပ္တဲ့ သတင္းမီဒီယာေတြ အေနနဲ႔ ကိုယ္ေဖာ္ျပတဲ့ အေၾကာင္းအရာနဲ႔ အသုံးအႏႈန္းေတြကို သတင္းမီဒီယာ က်င့္ဝတ္နဲ႔အညီ လြတ္လြတ္လပ္လပ္ပဲ ဆက္ၿပီး ေရးသားေဖာ္ၾကမယ္လို႔ ျပည္တြင္း သတင္းမီဒီယာ ၄၀ ေက်ာ္က စုေပါင္း သတင္းထုတ္ျပန္ခဲ့ၾကတာကိုလည္း ေတြ႕ၾကရပါတယ္။

ဘယ္လိုပဲျဖစ္ျဖစ္ အာဏာသိမ္းစစ္ေကာင္စီ ဘက္ကေတာ့ ခုလို ပုံႏွိပ္နဲ႔ အြန္လိုင္း မီဒီယာေတြရဲ႕ လြတ္လပ္စြာ ေရးသား ထုတ္လႊင့္ေနၾကတာကို သိပ္ၿပီးၾကာၾကာ သီးခံေနမယ့္ အေျခအေန မေတြ႕မျမင္ၾကရပါဘူး။ သိပ္မၾကာခင္ သူတို႔ ေျပာသလို အေရးယူမႈေတြ ေဆာင္႐ြက္လာလိမ့္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ ဒီ အေျခအေနေတြအားလုံးကို ၿခဳံငုံသုံးသပ္ၾကည့္ရင္ အာဏာသိမ္း စစ္ေကာင္စီဟာ သတင္းမီဒီယာေတြနဲ႔ ပက္လက္ေဖာင္းေတြကို အျပည့္အ၀ ထိန္းခ်ဳပ္လိုပုံရၿပီး ၂၀၁၀ ခုႏွစ္ ေရွ႕ပိုင္း စစ္အာဏာရွင္ေတြ လက္ထက္က အတိုင္း မီဒီယာ လြတ္လပ္ခြင့္ ကင္းမဲ့ၿပီး သတင္းအေမွာင္ခ်တဲ့ ေခတ္တစ္ေခတ္ကို ျပန္ၿပီး ေခၚေဆာင္သြားဖို႔ ႀကိဳးစားေနတာကို ေတြ႕ျမင္ေနရပါေၾကာင္း တင္ျပလိုက္ရပါတယ္။

------------------------------------

သတင်းမီဒီယာ လွတ်လပ်ခွင့် ဘာဆက်ပြီး ဖြစ်လာနိုင်မလဲ

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာသိမ်းပြီး သီတင်း ၃ ပတ်ကျော်အကြာ ဖေဖေါ်ဝါရီ ၂၅ ည ပိုင်း မြန်မာ့ရုပ်သံ သတင်းနဲ့ ဖေဖေါ်ဝါရီ ၂၆ အစိုးရပိုင် သတင်းတွေရဲ့ ဖော်ပြချက်မှာ သတင်းစာ၊ ဂျာနယ်တွေကို ခြိမ်းခြောက်ရာရောက်တဲ့ ထုတ်ပြန်ချက် တစ်ခု ဖော်ပြလာတာ တွေ့ရပါတယ်။ အဲဒီ ထုတ်ပြန်ချက်ထဲမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီကို အာဏာသိမ်း အစိုးရ၊ အာဏာသိမ်း စစ်ကောင်စီ ဆိုပြီး မမှန်မကန် ရေးသားဖော်ပြနေကြတဲ့ အကြောင်း၊ အဲလို သုံးနှုန်းဖော်ပြခြင်း မပြုဖို့ ပြန်ကြားရေး ဝန်ကြီးဌာနကနေ သတင်းမီဒီယာ ကောင်စီ အပါအဝင် ထုတ်ဝေနေတဲ့ သတင်းစာ၊ ဂျာနယ်တွေကို အကြောင်းကြားစာ ၃ ကြိမ် ပေးပို့ခဲ့ပြီဖြစ်တဲ့အကြောင်း၊ ဒါပေမယ့် တစ်ချို့ သတင်းစာ၊ ဂျာနယ်တွေဟာ အာဏာသိမ်း အစိုးရ၊ အာဏာသိမ်း စစ်ကောင်စီ ဆိုပြီး ဆက်လက် ရေးသားဖော်ပြနေကြတဲ့ အပြင် လူထု ဆူပူအုံကြွမှု ဖြစ်စေအောင်လည်း ရေးသားဖော်ပြနေကြကြောင်း၊ တကယ်လို့ အဲလို ဆက်ပြီး ရေးသားဖော်ပြကြမယ် ဆိုရင် တည်ဆဲ ဥပဒေနဲ့အညီ အရေးယူမယ်လို့ ဖော်ပြထားပါတယ်။ ပြန်ကြားရေး ဝန်ကြီးဌာနကနေ သတင်းစာ၊ ဂျာနယ်တိုက်တွေကို အကြောင်းကြားတဲ့ စာတွေမှာတော့ ထုတ်ဝေခွင့် ပိတ်သိမ်းသည် အထိ အရေးယူမယ့်အကြောင်း ဖော်ပြထားတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီ ၁ ရက် အာဏာသိမ်းပွဲပြီးနောက် သတင်းမီဒီယာ အခြေအနေ ဘယ်လို ရှိနေပါသလဲ၊ ရှေ့မှာ သတင်းမီဒီယာ လွတ်လပ်ခွင့် ဘယ်လို ဖြစ်လာနိုင်မလဲ ဆိုတဲ့ကိစ္စ လေ့လာ တင်ပြသွားပါ့မယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ တပ်မတော်ဟာ ဖေဖော်ဝါရီ ၁ ရက် မိုးမလင်းခင် နိုင်ငံတော် သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံတစ်ဝှမ်းက အစိုးရ၊ လွှတ်တော် တာဝန်ရှိသူတွေ အပါအဝင် လူအများအပြားကို တစ်ပြိုင်နက်တည်း ဖမ်းဆီးပါတယ်။ အဲဒီလို ဖမ်းဆီးတာနဲ့ တစ်ပြိုင်နက်တည်း လုပ်တာကတော့ ရုပ်သံဌာနတွေကို ဝင်ရောက် စီးနင်း ထိန်းချုပ် လိုက်တာပါပဲ။ အစိုးရပိုင် မြန်မာ့ရုပ်မြင်သံကြား သတင်းဌာန အဆောက်အဦတွေ၊ ပုဂ္ဂလိကပိုင် စကိုင်းနက်နဲ့ MRTV-4 ရုပ်သံဝင်းတွေ အားလုံးကို တပ်မတော်က ဝင်ရောက် စီးနင်း ထိန်းချုပ်လိုက်တာပါ။ အဲလို ထိန်းချုပ်လိုက်တဲ့အတွက် အာဏာသိမ်းပြီးပြီးချင်း နေ့မှာ မြန်မာ့ရုပ်သံ ချယ်နယ်လိုင်းတွေ အပါအဝင် ပုဂ္ဂလိက Free to Air ထုတ်လွှင့်နေတဲ့ ရုပ်သံလိုင်းတွေ အားလုံး ရပ်ဆိုင်းကုန်ပါတယ်။ နောက်ရက်မှာတော့ မြန်မာ့ရုပ်သံကနေ တပ်မတော်ပိုင် မြဝတီ ရုပ်သံ သတင်းဖော်ပြချက်တွေ ထုတ်လွှင့်ခဲ့ပြီး နောက်ပိုင်း တပ်မတော်ဘက်က ပေးတဲ့ သတင်းတွေ ကိုယ့်ဖာသာကိုယ် ရိုက်ကူးထုတ်လွှင့်၊ အခြား အစီအစဉ်တွေထဲက ဖျော်ဖြေရေး သက်သက်တွေ၊ အရင် အစိုးရနဲ့ မသက်ဆိုင်တာတွေကို စိစစ်ရွေးချယ် ထုတ်လွှင့်စေတာ တွေ့ရပါတယ်။ အခုနောက်ဆုံးမှာတော့ မြန်မာ့ရုပ်သံဟာ အာဏာသိမ်း စစ်ကောင်စီက လုံး၀ ထိန်းချုပ်ထားနိုင်တဲ့ အခြေအနေကို ရောက်ရှိသွားပါပြီ။
အင်န်အယ်လ်ဒီ အစိုးရလက်ထက်မှာ ခွင့်ပြုထားခဲ့တဲ့ Free to Air ဒီဂျစ်တယ် ရုပ်သံလိုင်း ၅ လိုင်းရှိတဲ့အထဲ ဖျော်ဖြေရေးကိုပဲ အဓိက အသားပေး ထုတ်လွှင့်တင်ဆက်တဲ့ YTV, Channel-K, Fortune TV ချယ်နယ် ၃ ခုကတော့ နောက်ပိုင်း ပြန်ပြီး ထုတ်လွှင့်ခွင့်ရပါတယ်။ သတင်းကို အဓိကထား တင်ဆက်တဲ့ DVB နဲ့ Mizzima ချယ်နယ်တွေကိုတော့ လုံး၀ ထုတ်လွှင့်ခွင့် မပေးတော့ပါဘူး။
ပုဂ္ဂလိက ရုပ်သံအုပ်စုတွေ ပိုင်ဆိုင်တဲ့ စကိုင်းနက်နဲ့ MRTV-4 ချယ်နယ်လိုင်းတွေကို နောက်ပိုင်း ပြန်ပြီး ထုတ်လွှင့်ခွင့် ပေးပါတယ်။ MRTV-4 အုပ်စုကတော့ ပုံမှန် သတင်းထုတ်လွှင့်တာကို ရပ်ဆိုင်းပြီး ဖျော်ဖြေရေး အစီအစဉ်တွေကို ပြန်စိစစ်ပြီးမှ ထုတ်လွှင့်ပါတယ်။ ထုတ်လွှင့်ဖို့ ပိတ်ပင်ခံလိုက်ရတဲ့ အထဲမှာ “ဆန်းကျယ်သော ကံကြမ္မာ” လို့နာမည်ရတဲ့ ကိုရီးယား ရုပ်သံဇာတ်လမ်းတွဲတောင် ပါဝင်ခဲ့ပါတယ်။ ပြည်သူတွေက ချစ်ခင်တဲ့ ဒုံရီလို့ ခေါ်တဲ့ မင်းသမီး တစ်ပါးဇာတ်ကြောင်းကို အခြေပြုထားတဲ့ အဲဒီ နန်းတွင်း ဇာတ်လမ်းတွဲဟာ လက်ရှိ အာဏာသိမ်း အခြေအနေကို ထင်ဟပ်နိုင်တယ်လို့ ယူဆပြီး ပိတ်ပင်ပြစ်တာ ဖြစ်နိုင်ပါတယ်။ စကိုင်းနက် သတင်းဌာနကတော့ သူ့ရဲ့ ဂြိုလ်တုစလောင်း လိုင်းပေါင်းများစွာထဲက CNN, BBC World အပါအဝင် နိုင်ငံတကာ သတင်းဌာနတွေရဲ့ ချယ်နယ်တွေ ထုတ်လွှင့်မှုကို ရပ်ဆိုင်းလိုက်တာ တွေ့ရပါတယ်။
အာဏာသိမ်းပြီးနောက် ထုတ်လွှင့်ခွင့် ရပ်ဆိုင်းခံထားရတဲ့ မန္တလေး FM အပါအဝင် ပုဂ္ဂလိက ရေဒီယိုလိုင်း တစ်ချို့လည်း နောက်ပိုင်း ပြန်ပြီး ထုတ်လွှင့်ခွင့်ရတာ တွေ့ရပါတယ်။ ဒါပေမယ့် သတင်းတွေ၊ ရေဒီယို အစီအစဉ်တွေ မပါဝင်တော့ပဲ သီချင်းတွေကိုပဲ ထုတ်လွှင့်တာ ကြားကြရပါတယ်။
ဒီ အခြေအနေတွေကိုကြည့်ရင် အာဏာသိမ်း စစ်ကောင်စီ အနေနဲ့ မြန်မာနိုင်ငံမှာ ထုတ်လွှင့်နေတဲ့ ရုပ်သံနဲ့ ရေဒီယိုလိုင်း အားလုံးကို ကောင်းကောင်း ထိန်းချုပ်ထားနိုင်ပြီ ဖြစ်တာကို တွေ့နိုင်ပါတယ်။ ရုပ်သံနဲ့ ရေဒီယိုမှာ သတင်းမီဒီယာ လွတ်လပ်ခွင့် လုံး၀ တွေ့မြင်နိုင်တော့မှာ မဟုတ်ပါဘူး။ ဒါတင်မက မြန်မာနိုင်ငံက သတင်းမီဒီယာ အားလုံးနီးပါး နဲ့ မြန်မာဘာသာ နဲ့ ထုတ်လွှင့်တဲ့ နိုင်ငံခြား သတင်းဌာနတွေ အခြေပြုရာ ပက်လက်ဖောင်းကြီး တစ်ခုဖြစ်တဲ့ Facebook စာမျက်နှာကိုလည်း ပိတ်ပင်လာတာ တွေ့ကြရပါတယ်။ မြန်မာပြည်သူတွေ အတွက် Facebook စာမျက်နှာဟာ သတင်းမီဒီယာတွေ ဖတ်ရှုရာ ပက်လက်ဖောင်းတင်မက အချင်းချင်း ဆက်သွယ်တဲ့ လူမှုကွန်ယက် အဖြစ် တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြတာ ဖြစ်လေတော့ VPN လို APP မျိုးကို ကြားခံပြီး Facebook ကို မရ၊ အရ သုံးကြတာ တွေ့ကြရပါတယ်။ အာဏာပိုင်တွေ အနေနဲ့ Facebook ကို လုံး၀ ကြည့်မရအောင်၊ သုံးမရအောင် ပိတ်ပင်တာမျိုး လုပ်လို့ မရပေမယ့် ကြီးမားတဲ့ သတင်းမီဒီယာ ဖိနှိပ်မှု အဖြစ်တော့ မှတ်တမ်း ကျန်ရစ်မှာ ဖြစ်ပါတယ်။
ရုပ်သံ၊ ရေဒီယိုတွေကို လုံး၀ ထိန်းချုပ်လို့ ပြီးသွားတဲ့အခါ အခုနောက်ဆုံး အာဏာပိုင်တွေဟာ သတင်းစာ၊ ဂျာနယ် စတဲ့ ပုံနှိပ်မီဒီယာတွေဖက်ကို လှည့်လာတာ ဖြစ်ပါတယ်။ ဖေဖေါ်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပွဲ ဖြစ်ပွားပြီး နောက်တစ်နေ့ကစ ပုဂ္ဂလိက သတင်းစာ၊ ဂျာနယ်တွေဟာ စစ်အာဏာသိမ်းမှု အဖြစ် ရဲရဲတင်းတင်း ဖော်ပြကြတာကို တွေ့မြင်ကြရပါတယ်။ နောက်ပိုင်းလည်း သတင်းတွေကို လွတ်လပ်ခွင့် အပြည့်ယူပြီး ဖော်ပြကြတာကို နေ့စဉ်ရက်ဆက် တွေ့မြင်ကြရပါတယ်။ အာဏာပိုင်တွေဘက်က ထုတ်ဝေခွင့် ပိတ်သိမ်းမယ်၊ ဥပဒေအရ အရေးယူမယ်လို့ ခြိမ်းခြောက်နေချိန်အထိ ပုဂ္ဂလိက သတင်းစာနဲ့ ဂျာနယ်တွေဟာ ဒီကနေ့ အချိန်ထိ အကြောက်အရွံ့ မရှိပဲ ဖော်ပြနေကြဆဲပါ။ ဒါတင်မက အာဏာပိုင်တွေရဲ့ အာဏာသိမ်းအစိုးရ၊ အာဏာသိမ်း စစ်ကောင်စီလို့ မခေါ်ပါနဲ့ ဆိုပြီး ညွှန်ကြားလာတာဟာ ၂၀၀၈ ဖွဲ့စည်းပုံ၊ သတင်းမီဒီယာ ဥပဒေတွေနဲ့ ကိုက်ညီမှုမရှိဘူး၊ ဒါကြောင့် လွတ်လပ်တဲ့ သတင်းမီဒီယာတွေ အနေနဲ့ ကိုယ်ဖော်ပြတဲ့ အကြောင်းအရာနဲ့ အသုံးအနှုန်းတွေကို သတင်းမီဒီယာ ကျင့်ဝတ်နဲ့အညီ လွတ်လွတ်လပ်လပ်ပဲ ဆက်ပြီး ရေးသားဖော်ကြမယ်လို့ ပြည်တွင်း သတင်းမီဒီယာ ၄၀ ကျော်က စုပေါင်း သတင်းထုတ်ပြန်ခဲ့ကြတာကိုလည်း တွေ့ကြရပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် အာဏာသိမ်းစစ်ကောင်စီ ဘက်ကတော့ ခုလို ပုံနှိပ်နဲ့ အွန်လိုင်း မီဒီယာတွေရဲ့ လွတ်လပ်စွာ ရေးသား ထုတ်လွှင့်နေကြတာကို သိပ်ပြီးကြာကြာ သီးခံနေမယ့် အခြေအနေ မတွေ့မမြင်ကြရပါဘူး။ သိပ်မကြာခင် သူတို့ ပြောသလို အရေးယူမှုတွေ ဆောင်ရွက်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဒီ အခြေအနေတွေအားလုံးကို ခြုံငုံသုံးသပ်ကြည့်ရင် အာဏာသိမ်း စစ်ကောင်စီဟာ သတင်းမီဒီယာတွေနဲ့ ပက်လက်ဖောင်းတွေကို အပြည့်အ၀ ထိန်းချုပ်လိုပုံရပြီး ၂၀၁၀ ခုနှစ် ရှေ့ပိုင်း စစ်အာဏာရှင်တွေ လက်ထက်က အတိုင်း မီဒီယာ လွတ်လပ်ခွင့် ကင်းမဲ့ပြီး သတင်းအမှောင်ချတဲ့ ခေတ်တစ်ခေတ်ကို ပြန်ပြီး ခေါ်ဆောင်သွားဖို့ ကြိုးစားနေတာကို တွေ့မြင်နေရပါကြောင်း တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG