သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္နဲ႔ ျမန္မာကုလ သံအမတ္ႀကီးႏွစ္ဦး အြန္လိုင္းေတြ႔ဆံု


ကုလသမဂၢဆိုင္ရာ ျမန္မာ အျမဲတမ္း သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း (ဝဲ) နဲ႔ အေမရိကန္သံအမတ္ႀကီး Linda Thomas-Greenfield (ယာ)။ (မွတ္တမ္းဓာတ္ပံု (Combo))

[Zawgyi/Unicode]

ျမန္မာလူထုနဲ႔ ဒီမုိကေရစီနည္းက် ေရြးေကာက္တင္ေျမွာက္ထားတဲ့ အစိုးရကို အေမရိကန္ျပည္ေထာင္စုက ေထာက္ခံတဲ့အေၾကာင္း ကုလသမဂၢဆိုင္ရာ အေမရိကန္သံအမတ္ႀကီး Linda Thomas-Greenfield က ကုလသမဂၢဆိုင္ရာ ျမန္မာ အျမဲတမ္း သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကို အဂၤါေန႔က ေျပာခဲ့ပါတယ္။

သံအမတ္ႀကီး Thmoas-Greenfiled က သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကို ဗီြဒီယိုဆက္သြယ္ေရးကေနတဆင့္ အဲဒီလိုေျပာခဲ့တာပါ။

ကုလသမဂၢ အေထြေထြညီလာခံမွာ လုပ္ခဲ့တဲ့ ျမန္မာ့အေရး အလြတ္သေဘာ အစည္းအေဝးပြဲအတြင္း သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက သတၱိရွိရွိ၊ ငဲ့ညွာမႈအျပည့္နဲ႔ ေျပာဆိုခဲ့တာကိုလည္း သံအမတ္ႀကီး Thomas-Greenfield က ခ်ီးက်ဴးေျပာဆိုပါတယ္။

ဒီအေတာအတြင္းမွာပဲ ကုလသမဂၢလံုျခံဳေရးေကာင္စီမွာ ေသာၾကာေန႔က်ရင္ျမန္မာ့အေရး တံခါးပိတ္အစည္းအေဝးက်င္းပဖို႔ ၿဗိတိန္ႏုိင္ငံက ပန္ၾကားထားတဲ့အေၾကာင္း သံတမန္သတင္းရပ္ကြက္ကို ကုိးကားၿပီး AFP သတင္းဌာနက ေရးပါတယ္။

ကုလသမဂၢ လံုျခံဳေရးေကာင္စီရဲ႕ အလွည့္က်ဥကၠ႒အျဖစ္ အေမရိကန္ျပည္ေထာင္စုက ၾကာသပေတးေန႔မွာ စတင္ တာဝန္ယူမွာျဖစ္ၿပီး ေနာက္တေန႔မွာ ျမန္မာ့အေရးေဆြးေႏြးဖို႔ ၿဗိတိန္က တင္ထားတာပါ။

ကုလသမဂၢရဲ႕ ဒီကေန႔လုပ္မယ့္ ေန႔စဥ္ ပံုမွန္ သတင္းစာရွင္းလင္းပြဲမွာလည္း ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ရဲ႕ ျမန္မာ့အေရးအထူးကိုယ္စားလွယ္ Christine Scharner Burgener က ပါဝင္ေျပာဆိုဖို႔ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အမေရိကန်နဲ့ မြန်မာကုလ သံအမတ်ကြီးနှစ်ဦး အွန်လိုင်းတွေ့ဆုံ

မြန်မာလူထုနဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို အမေရိကန်ပြည်ထောင်စုက ထောက်ခံတဲ့အကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield က ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း သံအမတ်ကြီး ဦးကျော်မိုးထွန်းကို အင်္ဂါနေ့က ပြောခဲ့ပါတယ်။

သံအမတ်ကြီး Thmoas-Greenfiled က သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဗွီဒီယိုဆက်သွယ်ရေးကနေတဆင့် အဲဒီလိုပြောခဲ့တာပါ။

ကုလသမဂ္ဂ အထွေထွေညီလာခံမှာ လုပ်ခဲ့တဲ့ မြန်မာ့အရေး အလွတ်သဘော အစည်းအဝေးပွဲအတွင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက သတ္တိရှိရှိ၊ ငဲ့ညှာမှုအပြည့်နဲ့ ပြောဆိုခဲ့တာကိုလည်း သံအမတ်ကြီး Thomas-Greenfield က ချီးကျူးပြောဆိုပါတယ်။

ဒီအတောအတွင်းမှာပဲ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ သောကြာနေ့ကျရင်မြန်မာ့အရေး တံခါးပိတ်အစည်းအဝေးကျင်းပဖို့ ဗြိတိန်နိုင်ငံက ပန်ကြားထားတဲ့အကြောင်း သံတမန်သတင်းရပ်ကွက်ကို ကိုးကားပြီး AFP သတင်းဌာနက ရေးပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အလှည့်ကျဥက္ကဋ္ဌအဖြစ် အမေရိကန်ပြည်ထောင်စုက ကြာသပတေးနေ့မှာ စတင် တာဝန်ယူမှာဖြစ်ပြီး နောက်တနေ့မှာ မြန်မာ့အရေးဆွေးနွေးဖို့ ဗြိတိန်က တင်ထားတာပါ။

ကုလသမဂ္ဂရဲ့ ဒီကနေ့လုပ်မယ့် နေ့စဉ် ပုံမှန် သတင်းစာရှင်းလင်းပွဲမှာလည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့အရေးအထူးကိုယ်စားလှယ် Christine Scharner Burgener က ပါဝင်ပြောဆိုဖို့ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG