သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်နယ် နဲ့ တိုင်း ဆန္ဒပြပွဲများ အပေါ် အင်အားသုံး နှိမ်နင်းမှုအခြေအနေ


[Zawgyi/Unicode]

ဒီကနေ့ ကချင်ပြည်နယ် မြစ်ကြီးနား၊ ရှမ်းပြည်နယ် တောင်ကြီး၊ တနင်္သာရီတိုင်း ထားဝယ်မြို့တွေမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြတဲ့ပွဲ ဆက်လက်ပြုလုပ်နေတာမှာ လုံခြုံရေးတပ်ဖွဲ့တွေကနေ အင်အားသုံးဖြိုခွင်းခဲ့လို့ ထိခိုက်သူတွေရှိခဲ့သလို အဖမ်းဆီးခံရသူတွေကလဲ အများပြားရှိနေတာပါ။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် ကိုနိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနား၊ ရှမ်းပြည်နယ် တောင်ကြီးမြို့နဲ့ တနင်္သာရီတိုင်း ထားဝယ်မြို့တွေမှာ မတ်လ ၂ ရက်နေ့ ဆန္ဒဖော်ထုတ်မှုမှာ အင်အားနည်းနည်းနဲ့ လူစုခွဲဆန္ဒပြရာမှာလည်း လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ဖမ်းဆီးမှုနဲ့ တားဆီးမှုတွေကတော့ ရှိနေတာပါ။

ဒီနေ့ မြစ်ကြီးနားမြို့ ဆိုင်ကယ်နဲ့ ဆန္ဒပြရာမှာ လုံခြုံရေးအဖွဲ့တွေကနေ လေးခွနဲ့ ပစ်ခတ်မှုကြောင့် မီဒီယာသမားတွေ အပါအဝင် လူငယ်တွေတော်တော်များများ ထိခိုက်မှု ရှိတယ်လို့ သပိတ်ဦးဆောင်သူတဦးကပြောပါတယ်။

“ဒီနေ့က ကျွန်မတို့စုရပ်ကတော့ ဒီ KBC ဘုရားကျောင်းပေါ့နော်။ အဲဒီက စစုတယ်။ သို့ပမယ့် ဆိုင်ကယ်သပိတ်လမ်းကြောင်း တောက်လျှောက်သွားနေတဲ့အချိန်မှာပဲ နောက်ကနေကားနဲ့ လိုက်ပြီးတဲ့အခါကျတော့ လေးခွနဲ့ အဲဒီလို လိုက်ပစ်တယ်။ လူငယ်တွေ အများကြီး ဒီလေးခွနဲ့ အပစ်ခံရတဲ့ အနေအထားရှိတယ်။ သတင်းမီဒီယာထဲကဆို 74 နဲ့ မဇ္ဖျိမက နှစ် ဦးအပါအဝင်ပေါ့နော်။ ထိခိုက်ခံရတယ်ပေါ့။ 74 ကကျတော့ အဲဒီ မီဒီယာသမားကကျတော့ နည်းနည်းအခြေအနေ ဆိုးသွားတဲ့အနေထားရှိပါတယ်။ လူငယ်တွေထဲကတော့ ဘယ်နှစ်ယောက်ထိတယ်ဆိုတာကတော့ သတင်းအချက်လက် အတိအကျတော့ မရသေးပါဘူး။”

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက မြစ်ကြီးနားမြို့မှာ ဆန္ဒပြသပိတ်စစ်ကြောင်း ဖြိုခွဲခံရပြီး လုံခြုံရေးတပ်ဖွဲ့တွေကနေ ရာဘာကျည်တွေနဲ့ ပစ်ခတ်နှိမ်နှင်းမှုကြောင့် လူ ငါး ဦး ထိခိုက်ဒဏ်ရာရရှိသလို ၈၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။

ဖမ်းဆီးခြင်းခံရတဲ့သူတွေကို ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG ကနေ ညှိနှိုင်းမှုကြောင့် တနင်္လာနေ့မှာ လူ ၇၀ ကျော်ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။

ရှမ်းပြည်နယ် တောင်ကြီးမြို့မှာလည်း ဆန္ဒပြသပိတ်စစ်ကြောင်း ဖြိုခွင်းခံရပြီး လူတော်တော်များများ အဖမ်းဆီးခံရတယ်လို့ တောင်ကြီးသပိတ်ဦးဆောင်သူ တဦးကပြောပါတယ်။

“တောင်ကြီး ဒီနေ့ အခြေအနေတော့ ကျနော်တို့ လူငယ်တွေ ဆန္ဒထွက်ပြကြတယ်။ နေရာတော်တော်များများမှာ ဖြိုခွင်းခံခဲ့ရတာပေါ့။ ပထမတနေရာမှာတော့ မင်္ဂလာဦးရပ်ကွက်မှာ ဖြိုခွင်းခံရတာပေါ့။ အထက ၅ ကျောင်းနားကလည်း ဒုတိယတကြိမ် ဖြိုခွင်းခံရတာပေါ့။ နောက်တနေရာ ပြန်ရွှေ့လည်း သူတို့က လိုက်ပြီး စစ်ကား ၁၀ စီး၊ ၁၅ စီးလောက် ပြန် တိုးလာတယ်။ အိမ်မှာ ဝင်ပုန်းတဲ့သူတွေကိုလည်း လိုက်ပြီးတော့မှ ဝင်ဖမ်းတာပေါ့။ အိမ်ပိုင်ရှင်ကိုလည်း ခြိမ်းခြောက်တဲ့အဆင့်ထိ ရှိတယ်ပေါ့။ ဒီတောင်ကြီးမှာတော့ ကျနော်တို့ လူငယ်တွေ အယောက်ပေါင်းမယ်ဆိုရင်ကတော့ အဖမ်းခံကြရတယ်ပေါ့။ နောက်ရာဘာကျည်တွေနဲ့ပစ်တယ်၊ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်တယ်၊ ဖောက်တယ်ပေါ့။”

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင်းမှာလည်း သပိတ်ဖြိုခွဲမှု ခံရစဉ်အတွင်း ကျဆုံးသူတွေရဲ့ အိမ်မှာ အလေးပြု အခမ်းအနား လူစုလူဝေးတွေမှာလည်း ဖြိုခွင်းခံရတယ်လိုရ ထားဝယ် သပိတ်ဆန္ဒပြသူတဦးက ဆိုပါတယ်။

“ဒီနေ့ကျတော့ ကျနော်တို့ ၂၈ ရက်နေ့က ကျသွားတဲ့ ရဲဘော်တွေရဲ့ အသုဘအိမ်ပေါ့နော်။ အိမ်ကိုသွားပြီးတော့ အလေးပြုတဲ့စစ်ကြောင်းကို မျက်ရည်ယိုဗုံးနဲ့ လူစုခွဲတယ်ဗျ။ မျက်ရည်ယိုဗုံးက အဲဒီ နာရေးအိမ်နားက သရက်ပင်နား အထိကျပြီးတော့ အနီးဆုံးနေရာမှာရှိတဲ့ ဆန္ဒပြရဲဘော်တွေ မျက်ရည်ယိုဗုံးရဲ့ အငွေ့ဒဏ်တွေကို ခံရတာပေါ့။

ချင်းပြည်နယ် ဟားခါးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်မှောက် ဆန္ဒပြတဲ့သူတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေ လိုက်လံဖမ်းဆီးခဲ့ရာမှာ အယောက် ၂၀ ကျော်ထိန်းသိမ်းခံနေရပါတယ်။

အဖမ်းဆီးခံရသူတွေအထဲက ဒီနေ့ ညနေပိုင်းမှာ ၁၉ ဦး ပြန်လွတ်လာပြီလို့ အကူညီပေးဆောင်နေတဲ့ ချင်းလူ့အခွင့်အရေးအဖွဲ့ တာဝန်ရှိသူ ကိုဆန်နင်းလျှန်ကပြောပါတယ်။

“နောက်ဆုံးအခြေအနေက ၂၃ ယောက်မှာ ၁၉ ယောက်ပြန်လွတ်လာတယ်။ အမျိုးသမီး နှစ် ယောက်ရယ်၊ အမျိုးသား နှစ် ယောက်ကျန်တယ်။ အမျိုးသား နှစ် ယောက်ကတော့အစိုးရဝန်ထမ်း၊ အမျိုးသမီး တစ်ယောက်ကတော့ စတိုးဆိုင်မှာ အရောင်းစာရေး။ သူတို့ကိုမလွှတ်ပေးဘူး။ ကျနော်တို့ သွားပြောတော့ အာမခံလည်း မရဘူးတဲ့။”

ဟားခါးမြို့လယ်လမ်းဆုံမှာ ဆန္ဒပြသပိတ်စစ်ကြောင်းကို လုံခြုံရေးတပ်ဖွဲ့တွေက ဖြိုခွဲခဲ့ပြီး ဆန္ဒပြသူတွေကို ဖမးဆီးတာလို့လည်း ကိုဆန်နင်းလျှန်က ဆက်ပြောပါတယ်။

“ဟားခါးလမ်းဆုံမှာ။ ညနေ ၂ နာရီ ၃၀ ဝန်းကျင်မှာ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့အဖွဲ့တွေကို သူတို့ ခွဲတာဖြစ်တယ်။ လက်နက်အင်အားသုံးပြီးတော့ သူတို့ မျက်ရည်ယိုဗုံးနဲ့၊ ရေနဲ့ အကုန်လုံး လက်နက်တွေ အကုန်လုံး သုံးတယ်။ ရာဘာကျည်လည်း သုံးတယ်။ ပြီးတော့အဖမ်းဆီးကတော့ ၂ နာရီခွဲအနေနဲ့ မိုးချုပ်တဲ့အထိ ၆ နာရီခွဲတဲ့အထိ သူတို့လုပ်တယ်။”

ဟားခါးမြို့မှာ ဆန္ဒဖော်ထုတ်ပွဲ မရှိပေမဲ့ ဆုတောင်းပွဲတွေ ရှိနေတယ်လို့ သူကဆိုပါတယ်။

ကျန်တဲ့ မင်းတပ် မတူပီမြို့နယ်ဘက်မှာ ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေ ရှိနေပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့က တပ်မတော်ကနေ နိုင်ငံတော်အာဏာကို ထိန်းသိမ်းခဲ့ပြီးနောက်ပိုင်း တနိုင်ငံလုံး အတိုင်းအတာနဲ့ ဆန္ဒပြသပိတ်မှောက်ခဲ့ရာမှာ လုံခြုံရေးတပ်ဖွဲ့တွေကနေ ဖမ်းဆီးမှု၊ သပိတ်ဖြိုခွဲ ပစ်ခတ်မှုတွေ ဆက်တိုက် ရှိလာနေတာပါ။

တပ်မတော် အာဏာထိန်းသိမ်းခဲ့တဲ့ ဖေဖော်ဝါရီ တစ်လ အတောအတွင်း ဖမ်းဆီး၊ တရားစွဲ ပြစ်ဒဏ်ချခံရသူ ၁,၂၁၃ ဦး ရှိပြီဖြစ်ပြီး အကြမ်းဖက် ဖြိုခွင်းခံရလို့ ကျဆုံးသွားခဲ့သူ ၃၀ ဦးခန့် ရှိခဲ့တယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကနေ ထုတ်ပြန်ထားပါတယ်။

၁,၂၁၃ ဦးအနက်က ထောင်ဒဏ်ချမှတ်ခြင်း ခံထားရသူ လေး ဦး၊ အမှုဖွင့်ခြင်းခံထားရပြီး ဖမ်းဝရမ်း ထုတ်ခံထားရလို့ တိမ်းရှောင်နေသူ ၆၁ ဦးနဲ့ ပြန်လည်လွတ်မြောက်လာသူ ၂၉၉ ဦး ရှိတာကြောင့် လက်ရှိ ၈၃၃ ဦးမှာ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်း ခံထားရတယ်လို့လည်း AAPP က ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်


[Unicode Version]

















ဟားခါးမွို့မှာ ဆန်ဒဖောျထုတျပှဲ မရှိပမေဲ့ ဆုတောငျးပှဲတှေ ရှိနတေယျလို့ သူကဆိုပါတယျ။





XS
SM
MD
LG