သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပစ္ခတ္မႈေၾကာင့္ ေသဆံုးသူေက်ာင္းဆရာမစ်ာပန လူထုေထာင္ခ်ီတတ္ေရာက္


ဆႏၵျပပဲြအတြင္း ေသဆံုးသူေက်ာင္းဆရာမ ေဒၚတင္ႏြဲ႕ရီရဲ႕ စ်ာပန ျမင္ကြင္း။ (မတ္ ၂၊ ၂၀၂၁)

[Zawgyi/Unicode]

စစ္တပ္က အာဏာသိမ္းလိုက္တာကို ဆန႔္က်င္တဲ့ လမ္းေပၚထြက္ဆႏၵျပတဲ့ လႈပ္ရွားမႈေတြထဲ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ ၂၈ ရက္ေန႔က Milk Tea Alliance လို႔ေခၚတဲ့ ဆႏၵျပေန႔မွာ လက္နက္ကိုင္ေတြ ပစ္ခတ္မႈေၾကာင့္ ေသဆုံးရသူေတြ ရွိခဲ့ပါတယ္။ အဲဒီထဲမွာ ပညာေရးမႉး႐ုံးေရွ႕ ပစ္ခတ္မႈေၾကာင့္ အသက္ဆုံးရႈံးသြားခဲ့တဲ့ ေက်ာင္းဆရာမရဲ႕ ဈာပနကို ဒီကေန႔မွာ ပညာေရးဝန္ထမ္းေတြနဲ႔ လူထုအင္အားေထာင္ခ်ီက လမ္းေလွ်ာက္ခ်ီတက္ ပို႔ေဆာင္ခဲ့ၾကပါတယ္။ အျပည့္အစုံကိုေတာ့ ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္ မစုစုက ေျပာျပမွာပါ။

"ဆရာမ ေဒၚတင္ႏြဲ႕ရီ ပညာေရးဌာနမွ အနားယူခြင့္ ျပဳလိုက္သည္။ သင့္အား ဤေက်ာင္း၊ ဤဌာနမွ ပညာေရးသူရဲေကာင္းအျဖစ္ အသိအမွတ္ျပဳၿပီ ျဖစ္၍ သင္သြားလိုရာ သြားႏိုင္ၿပီျဖစ္ေၾကာင္း အေၾကာင္းၾကားပါသည္။ ဆရာမ ေဒၚတင္ႏြဲ႕ရီ ေကာင္းရာသုဂတိ လားပါေစ...။"

ၿပီးခဲ့တဲ့ တနဂၤေႏြေန႔က ပညာေရးသပိတ္မွာ ပါဝင္ဖို႔အတြက္ ၾကည္ျမင့္တိုင္ၿမိဳ႕နယ္၊ ရန္ကုန္တိုင္း ပညာေရးမႉး႐ုံးေရွ႕မွာ ပညာေရးဝန္ထမ္းေတြ စုေဝးေနခ်ိန္ ပစ္ခတ္ခံရတာေၾကာင့္ ေသဆုံးသြားတဲ့ အလယ္တန္းျပ ေက်ာင္းဆရာမ ေဒၚတင္ႏြဲ႕ရီရဲ႕ ဈာပနျဖစ္ပါတယ္။ လႈိင္သာယာၿမိဳ႕နယ္၊ ထခြဲလ ၁၀ မွာ တာဝန္ထမ္းေဆာင္ခဲ့တဲ့ ဆရာမရဲ႕ ေနာက္ဆုံးခရီးကို ထိန္ပင္သုႆာန္မွာ မီးသၿဂႋဳလ္ခဲ့တာပါ။ ေထာင္နဲ႔ခ်ီတဲ့ လူထုအင္အားက လမ္းေလွ်ာက္ခ်ီတက္ ပို႔ေဆာင္တဲ့အထဲ အျဖဴ အစိမ္းဝတ္ အေျခခံပညာ ေက်ာင္းဆရာ၊ ဆရာမေတြ အင္အားကလည္း အမ်ားအျပား ရွိေနခဲ့ပါတယ္။

ပညာေရးဝန္ထမ္းသပိတ္ မစခင္ လူစုေဝးေနခ်ိန္မွာတင္ လက္နက္ကိုင္ေတြဘက္က ပစ္ခတ္မႈေၾကာင့္ လက္ေမာင္းက်ည္ထိခဲ့တဲ့ ဆရာမဟာ အသက္ ၅၉ ႏွစ္အ႐ြယ္ရွိၿပီး၊ ကြယ္လြန္ခ်ိန္မွာ ခင္ပြန္းျဖစ္သူနဲ႔ သမီးႏွစ္ေယာက္ က်န္ရစ္ခဲ့တာပါ။ ဆရာမရဲ႕ ေနာက္ဆုံးခရီးကို လိုက္ပါပို႔ေဆာင္ၾကတဲ့ ပညာေရးဝန္ထမ္းေတြထဲက အေျခခံပညာေက်ာင္းဆရာတဦးကလည္း ...

"အဲဒီေန႔က ၿဖိဳခြဲခ်ိန္မွာ ဆရာမႀကီးရဲ႕သတၱိ၊ ဆရာမႀကီးရဲ႕စိတ္ဓာတ္၊ ဆရာမႀကီးရဲ႕ စစ္အာဏာရွင္ကို ေတာ္လွန္ခ်င္တဲ့ ခံယူခ်က္ေတြအားလုံးကို က်ေနာ္တို႔ျမင္ေတြ႕ခဲ့ရၿပီ ျဖစ္ပါတယ္။ အဲဒီ ခံယူခ်က္၊ အဲဒီ စိတ္ဓာတ္ေတြအတိုင္းပဲ က်ေနာ္တို႔ ဆက္လက္သယ္ေဆာင္သြားမွာ ျဖစ္ပါတယ္။ ဆရာမႀကီးရဲ႕ ေသြးစြန္းေပးဆပ္ အနစ္နာခံမႈဟာ က်ေနာ္တို႔ ေနာင္က်န္ရစ္မယ့္လူေတြရဲ႕ တိုက္ပြဲပဲျဖစ္ပါတယ္။ က်ေနာ္တို႔ အဲဒီတိုက္ပြဲကို ဆက္လက္ခ်ီတက္မွာ ျဖစ္ပါတယ္။ စစ္အာဏာရွင္ေတြ ျပဳတ္မက်မခ်င္း က်ေနာ္တို႔ဆရာ၊ ဆရာမေတြ စာသင္ခန္းထဲမဝင္ဘူးလို႔ ကတိသစၥာျပဳရင္း ဒီေနရာကေန ေၾကညာလိုက္ပါတယ္။"

ၿပီးခဲ့တဲ့ ေ႐ြးေကာက္ပြဲမွာ မဲမသမာမႈေတြ ရွိခဲ့ၿပီး ေနာက္တႀကိမ္ ေ႐ြးေကာက္ပြဲ မက်င္းပခင္အခ်ိန္ထိ စစ္ေကာင္စီက အာဏာသိမ္းလိုက္တဲ့အေပၚဆန႔္က်င္တဲ့အထဲ မဲ႐ုံေတြမွာ တာဝန္ထမ္းေဆာင္ခဲ့ၾကတဲ့ ပညာေရးဝန္ထမ္းေတြလည္း ပါဝင္လာၿပီး အၾကမ္းမဖက္ အႏုနည္းနဲ႔ အာဏာဖီဆန္ေရး CDM လႈပ္ရွားမႈမွာ ပါဝင္ေနတာပါ။ အဲဒီလႈပ္ရွားမႈထဲ အစိုးရဝန္ထမ္းေတြနဲ႔ ဘဏ္ဝန္ထမ္းေတြ ပါဝင္ေနတာေၾကာင့္ လုပ္ငန္းတခ်ိဳ႕ ရပ္ဆိုင္းထားရတဲ့အထိ ထိေရာက္မႈရွိေနတာပါ။ ကြယ္လြန္သူ ဆရာမ ေဒၚတင္ႏြဲ႕ရီရဲ႕ သမီးအငယ္ျဖစ္သူ မအိခန႔္မြန္ကလည္း အာဏာရွင္ျဖဳတ္ခ်ႏိုင္ေရး CDM လႈပ္ရွားမႈမွာ အားလုံးပါဝင္ေပးဖို႔ ေတာင္းဆိုလာပါတယ္။

"ညီမတို႔က လူငယ္ေတြ ၈၈ ဆိုတာလည္း ႀကဳံခဲ့ရတာ မဟုတ္ဘူးေပါ့ အမရယ္။ အဲဒီအတြက္ေၾကာင့္မို႔ ျဖစ္ႏိုင္မယ္ဆိုရင္ CDM က အထိေရာက္ဆုံးဆိုတဲ့အတြက္ေၾကာင့္မို႔လို႔ CDM မလုပ္ေသးတဲ့သူေတြအားလုံးကို CDM ပါေစခ်င္တယ္ေပါ့ေနာ္။ မိသားစုဝင္ေတြ အသက္ေတြေပးခဲ့ရတာ မနည္းေတာ့ဘူး။ အဲဒါေၾကာင့္မို႔လို႔ CDM ကို မ်ားမ်ားလုပ္ေပးၾကပါလို႔။ အဲဒါမွ ညီမတို႔ သူတို႔ကို အျမႇစ္ျဖတ္ေခ်မႈန္းလို႔ ရမွာ။"

ေဖေဖာ္ဝါရီ ၂၈ ရက္ေန႔တုန္းက လက္နက္ကိုင္ေတြရဲ႕ ပစ္ခတ္မႈေၾကာင့္ အသက္ ၂၃ ႏွစ္အ႐ြယ္ လူငယ္တဦးလည္း ကမာ႐ြတ္ၿမိဳ႕နယ္၊ အထက ၅ ေက်ာင္းေရွ႕မွာ ကြယ္လြန္ခဲ့ရပါတယ္။ သူ႔ရဲ႕ဈာပနကိုလည္း ဒီကေန႔ ေန႔လယ္ပိုင္းမွာ က်င္းပခဲ့ၿပီး ေနာက္ဆုံးခရီးလိုက္ပါပို႔ေဆာင္သူ လူထုအင္အား ေထာင္ခ်ီရွိခဲ့ပါတယ္။ အဲဒီေန႔မွာပဲ ရန္ကုန္ၿမိဳ႕မွာ ပစ္ခတ္ခံရတဲ့အထဲ ေသဆုံးခဲ့ရသူ ကိုဟိန္းထြဋ္ေအာင္နဲ႔ ကိုဇင္လင္းထက္တို႔ရဲ႕ ေနာက္ဆုံးခရီးကိုလည္း ဝန္းရံသူလူထုအမ်ားအျပားက ပို႔ေဆာင္ခဲ့ၾကတာပါ။

ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ အေစာပိုင္းမွာ စစ္ေကာင္စီက အာဏာသိမ္းလိုက္ၿပီး တလေက်ာ္ၾကာသြားတဲ့အခ်ိန္ထိ ပစ္ခတ္မႈေၾကာင့္ ေသဆုံးရသူ တႏိုင္ငံလုံးအတိုင္းအတာနဲ႔ ၂၀ ေက်ာ္ရွိလာၿပီး ဖမ္းဆီး ထိန္းသိမ္းခံရသူေတြထဲမွာလည္း ဆႏၵျပျပည္သူေတြ၊ သတင္းေထာက္ေတြနဲ႔ က်န္းမာေရးလုပ္သားေတြလည္း ပါဝင္လာေနၿပီ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ပစ်ခတ်မှုကြောင့် သေဆုံးသူကျောင်းဆရာမဈာပန လူထုထောင်ချီတတ်ရောက်

စစ်တပ်က အာဏာသိမ်းလိုက်တာကို ဆန့်ကျင်တဲ့ လမ်းပေါ်ထွက်ဆန္ဒပြတဲ့ လှုပ်ရှားမှုတွေထဲ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က Milk Tea Alliance လို့ခေါ်တဲ့ ဆန္ဒပြနေ့မှာ လက်နက်ကိုင်တွေ ပစ်ခတ်မှုကြောင့် သေဆုံးရသူတွေ ရှိခဲ့ပါတယ်။ အဲဒီထဲမှာ ပညာရေးမှူးရုံးရှေ့ ပစ်ခတ်မှုကြောင့် အသက်ဆုံးရှုံးသွားခဲ့တဲ့ ကျောင်းဆရာမရဲ့ ဈာပနကို ဒီကနေ့မှာ ပညာရေးဝန်ထမ်းတွေနဲ့ လူထုအင်အားထောင်ချီက လမ်းလျှောက်ချီတက် ပို့ဆောင်ခဲ့ကြပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက ပြောပြမှာပါ။

"ဆရာမ ဒေါ်တင်နွဲ့ရီ ပညာရေးဌာနမှ အနားယူခွင့် ပြုလိုက်သည်။ သင့်အား ဤကျောင်း၊ ဤဌာနမှ ပညာရေးသူရဲကောင်းအဖြစ် အသိအမှတ်ပြုပြီ ဖြစ်၍ သင်သွားလိုရာ သွားနိုင်ပြီဖြစ်ကြောင်း အကြောင်းကြားပါသည်။ ဆရာမ ဒေါ်တင်နွဲ့ရီ ကောင်းရာသုဂတိ လားပါစေ...။"

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပညာရေးသပိတ်မှာ ပါဝင်ဖို့အတွက် ကြည်မြင့်တိုင်မြို့နယ်၊ ရန်ကုန်တိုင်း ပညာရေးမှူးရုံးရှေ့မှာ ပညာရေးဝန်ထမ်းတွေ စုဝေးနေချိန် ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတဲ့ အလယ်တန်းပြ ကျောင်းဆရာမ ဒေါ်တင်နွဲ့ရီရဲ့ ဈာပနဖြစ်ပါတယ်။ လှိုင်သာယာမြို့နယ်၊ ထခွဲလ ၁၀ မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဆရာမရဲ့ နောက်ဆုံးခရီးကို ထိန်ပင်သုဿာန်မှာ မီးသင်္ဂြိုလ်ခဲ့တာပါ။ ထောင်နဲ့ချီတဲ့ လူထုအင်အားက လမ်းလျှောက်ချီတက် ပို့ဆောင်တဲ့အထဲ အဖြူ အစိမ်းဝတ် အခြေခံပညာ ကျောင်းဆရာ၊ ဆရာမတွေ အင်အားကလည်း အများအပြား ရှိနေခဲ့ပါတယ်။

ပညာရေးဝန်ထမ်းသပိတ် မစခင် လူစုဝေးနေချိန်မှာတင် လက်နက်ကိုင်တွေဘက်က ပစ်ခတ်မှုကြောင့် လက်မောင်းကျည်ထိခဲ့တဲ့ ဆရာမဟာ အသက် ၅၉ နှစ်အရွယ်ရှိပြီး၊ ကွယ်လွန်ချိန်မှာ ခင်ပွန်းဖြစ်သူနဲ့ သမီးနှစ်ယောက် ကျန်ရစ်ခဲ့တာပါ။ ဆရာမရဲ့ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ကြတဲ့ ပညာရေးဝန်ထမ်းတွေထဲက အခြေခံပညာကျောင်းဆရာတဦးကလည်း ...

"အဲဒီနေ့က ဖြိုခွဲချိန်မှာ ဆရာမကြီးရဲ့သတ္တိ၊ ဆရာမကြီးရဲ့စိတ်ဓာတ်၊ ဆရာမကြီးရဲ့ စစ်အာဏာရှင်ကို တော်လှန်ချင်တဲ့ ခံယူချက်တွေအားလုံးကို ကျနော်တို့မြင်တွေ့ခဲ့ရပြီ ဖြစ်ပါတယ်။ အဲဒီ ခံယူချက်၊ အဲဒီ စိတ်ဓာတ်တွေအတိုင်းပဲ ကျနော်တို့ ဆက်လက်သယ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဆရာမကြီးရဲ့ သွေးစွန်းပေးဆပ် အနစ်နာခံမှုဟာ ကျနော်တို့ နောင်ကျန်ရစ်မယ့်လူတွေရဲ့ တိုက်ပွဲပဲဖြစ်ပါတယ်။ ကျနော်တို့ အဲဒီတိုက်ပွဲကို ဆက်လက်ချီတက်မှာ ဖြစ်ပါတယ်။ စစ်အာဏာရှင်တွေ ပြုတ်မကျမချင်း ကျနော်တို့ဆရာ၊ ဆရာမတွေ စာသင်ခန်းထဲမဝင်ဘူးလို့ ကတိသစ္စာပြုရင်း ဒီနေရာကနေ ကြေညာလိုက်ပါတယ်။"

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိခဲ့ပြီး နောက်တကြိမ် ရွေးကောက်ပွဲ မကျင်းပခင်အချိန်ထိ စစ်ကောင်စီက အာဏာသိမ်းလိုက်တဲ့အပေါ်ဆန့်ကျင်တဲ့အထဲ မဲရုံတွေမှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ပညာရေးဝန်ထမ်းတွေလည်း ပါဝင်လာပြီး အကြမ်းမဖက် အနုနည်းနဲ့ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်နေတာပါ။ အဲဒီလှုပ်ရှားမှုထဲ အစိုးရဝန်ထမ်းတွေနဲ့ ဘဏ်ဝန်ထမ်းတွေ ပါဝင်နေတာကြောင့် လုပ်ငန်းတချို့ ရပ်ဆိုင်းထားရတဲ့အထိ ထိရောက်မှုရှိနေတာပါ။ ကွယ်လွန်သူ ဆရာမ ဒေါ်တင်နွဲ့ရီရဲ့ သမီးအငယ်ဖြစ်သူ မအိခန့်မွန်ကလည်း အာဏာရှင်ဖြုတ်ချနိုင်ရေး CDM လှုပ်ရှားမှုမှာ အားလုံးပါဝင်ပေးဖို့ တောင်းဆိုလာပါတယ်။

"ညီမတို့က လူငယ်တွေ ၈၈ ဆိုတာလည်း ကြုံခဲ့ရတာ မဟုတ်ဘူးပေါ့ အမရယ်။ အဲဒီအတွက်ကြောင့်မို့ ဖြစ်နိုင်မယ်ဆိုရင် CDM က အထိရောက်ဆုံးဆိုတဲ့အတွက်ကြောင့်မို့လို့ CDM မလုပ်သေးတဲ့သူတွေအားလုံးကို CDM ပါစေချင်တယ်ပေါ့နော်။ မိသားစုဝင်တွေ အသက်တွေပေးခဲ့ရတာ မနည်းတော့ဘူး။ အဲဒါကြောင့်မို့လို့ CDM ကို များများလုပ်ပေးကြပါလို့။ အဲဒါမှ ညီမတို့ သူတို့ကို အမြှစ်ဖြတ်ချေမှုန်းလို့ ရမှာ။"

ဖေဖော်ဝါရီ ၂၈ ရက်နေ့တုန်းက လက်နက်ကိုင်တွေရဲ့ ပစ်ခတ်မှုကြောင့် အသက် ၂၃ နှစ်အရွယ် လူငယ်တဦးလည်း ကမာရွတ်မြို့နယ်၊ အထက ၅ ကျောင်းရှေ့မှာ ကွယ်လွန်ခဲ့ရပါတယ်။ သူ့ရဲ့ဈာပနကိုလည်း ဒီကနေ့ နေ့လယ်ပိုင်းမှာ ကျင်းပခဲ့ပြီး နောက်ဆုံးခရီးလိုက်ပါပို့ဆောင်သူ လူထုအင်အား ထောင်ချီရှိခဲ့ပါတယ်။ အဲဒီနေ့မှာပဲ ရန်ကုန်မြို့မှာ ပစ်ခတ်ခံရတဲ့အထဲ သေဆုံးခဲ့ရသူ ကိုဟိန်းထွဋ်အောင်နဲ့ ကိုဇင်လင်းထက်တို့ရဲ့ နောက်ဆုံးခရီးကိုလည်း ဝန်းရံသူလူထုအများအပြားက ပို့ဆောင်ခဲ့ကြတာပါ။

ဖေဖော်ဝါရီလ ၁ ရက်နေ့ အစောပိုင်းမှာ စစ်ကောင်စီက အာဏာသိမ်းလိုက်ပြီး တလကျော်ကြာသွားတဲ့အချိန်ထိ ပစ်ခတ်မှုကြောင့် သေဆုံးရသူ တနိုင်ငံလုံးအတိုင်းအတာနဲ့ ၂၀ ကျော်ရှိလာပြီး ဖမ်းဆီး ထိန်းသိမ်းခံရသူတွေထဲမှာလည်း ဆန္ဒပြပြည်သူတွေ၊ သတင်းထောက်တွေနဲ့ ကျန်းမာရေးလုပ်သားတွေလည်း ပါဝင်လာနေပြီ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG