သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကေလးၿမိဳ႕ဆႏၵျပမႈအၾကမ္းဖက္ၿဖိဳခဲြခံရ၊ ဆႏၵျပသူ ႏွစ္ဦး ဒဏ္ရာျပင္းထန္


ကေလးၿမိိဳ႕ဆႏၵျပပဲြ ျမင္ကြင္း။ (ဓာတ္ပံု - Citizen Journalist - မတ္ ၂၊ ၂၀၂၁)

[Zawgyi/Unicode]

စစ္ကုိင္းတိုင္း ကေလးျမိဳ႕က ဆႏၵျပသူေတြကုိ အၾကမ္းဖက္ျဖိဳခြင္းတာေၾကာင့္ လူတဒါဇင္ေလာက္ ထိခိုက္ဒဏ္ရာရရွိျပီး လူ ႏွစ္ ဦးကေတာ့ စိုးရိမ္ရတဲ့ အေျခအေနမွာ ရွိေနပါတယ္။ ဒီသတင္းကုိ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မေအးေအးမာက တင္ျပေပးပါမယ္။

စစ္ကုိင္းတိုင္း ကေလးျမိဳ႕မွာေတာ့ စစ္အာဏာရွင္ဆန္႔က်င္ေရးဆႏၵျပပဲြေတြကို လုပ္ခဲ့ရာမွာေတာ့ ဒီကေန႔မွာေတာ့ အၾကမ္းဖက္ျဖိဳခဲြခဲ့ျပီး ေသေစႏုိင္တဲ့ ေသနတ္ေတြနဲ႔ ပစ္ခတ္တာေၾကာင့္ လူ ႏွစ္ ဦးဟာ ဒဏ္ရာျပင္းထန္ရရွိျပီး ခဲြစိတ္ကုသမႈခံယူေနရဆဲျဖစ္ေၾကာင္း ဆႏၵျပပဲြကိုဦးေဆာင္သူ တဦးျဖစ္တ့ဲ တကသ တကၠသုိလ္ေက်ာင္းသားမ်ာသမဂၢဥကၠ႒ ကုိေ၀ႏိုင္ဦးက အခုလိုေျပာျပပါတယ္။

"လက္ရွိမွာေတာ့ ဆံုးတာေတာ့ မဟုတ္ေသးဘူး။ ေအာ္ပေရးရွင္းလုပ္ထားရတယ္။ လက္ရွိစိုးရိမ္ရတဲ့ သူ ႏွစ္ ဦးရွိပါတယ္။ ဗိုက္ကုိ က်ည္ဆံထိတဲ့အတြက္ဒီေတာ့ ရိြဳင္ရယ္စီးတီးေဆးရံုမွာ ေအာ္ပေရးရွင္း လုပ္ေနပါတယ္။ တစ္ဦးက ဗုိက္မွာမွန္ထားပါတယ္။ တဦးက ရင္ဘတ္နဲ႔ ခ်ိဳင္းေအာက္ကုိ မွန္ထားပါတယ္။ တကယ္က်ည္ဆံအစစ္နဲ႔ ပစ္တာပါခင္ဗ်ာ။"

ဒဏ္ရာျပင္းထန္စြာရထားတဲ့ လူနာကိုေတာ့ နီးစပ္ရာေဆးခန္းမွာ ယာယီပုိ႔ထားခ်ိန္ စစ္တပ္က လာေရာက္ေခၚေဆာင္ဖို႔ ႀကိဳးစားတာေတြ ရွိတယ္လို႔လည္း ေက်ာင္းသားေတြက ဆုိပါတယ္။

ဆႏၵျပသူေတြဟာ အရင္ေန႔ေတြတုန္းကလည္း ျငိမ္းျငိမ္းခ်မ္းခ်မ္း ဆႏၵျပေနၾကတာျဖစ္ျပီး မ်က္ရည္ယိုဗံုးေတြနဲ႔ ၿဖိဳခြင္းတာေတြ ရွိေပမဲ့ ဒီကေန႔မွာေတာ့ ပစ္ခတ္ျပီး အၾကမ္းဖက္ျဖိဳခြင္းတာေတြကို လုပ္လာတယ္လို႔ သပိတ္စစ္ေၾကာင္းမွာ ပါတဲ့ တက္ၾကြလုပ္ရွားသူ ေဒသခံအမ်ိဳးသမီးတဦးကေျပာျပပါတယ္။

"က်မတို႔ လူထုက ဆႏၵျပတယ္ဆိုတာ ၿငိမ္းခ်မ္းစြာ ဆႏၵျပတယ္။ က်မတို႔ ျပည္သူမွာက ဘာလက္နက္မွ မပါဘူး။ ၿငိမ္းခ်မ္းစြာ ကိုယ္လိုခ်င္တဲ့ ပန္းတိုင္ကိုသြားၾကတယ္။ က်မတို ့က အၾကမ္းဖက္ဖို႔ ရည္ရြယ္ခ်က္မရွိဘူး။ ရဲေတြက က်မတို႔ သပိတ္စစ္ေၾကာင္းလာတဲ့အခ်ိန္မွာ တားတယ္။ မ်က္ရည္ယိုဗံုးေတြ၊ အသံျမည္ဗံုးေတြနဲ႔ ပစ္တယ္။ ေရေတြနဲ႔လည္းျဖိဳခဲြတယ္။ အနည္းငယ္ေနာက္ဆံုးခ်ိန္မွာ သူတိုက ရဲေတြ အခ်ဳပ္ကားေတြနဲ႔ တက္ျပီး လူေတြကို ရိုက္ႏွက္တာေတြ လုပ္လာတယ္။ လူထုကလည္း ဒိုင္းေတြနဲ႔ ကာၾကတယ္။ အဲဒီအခ်ိန္မွာ ရုန္းရင္းဆန္ခတ္ျဖစ္ျပီး ပစ္ခတ္မႈေတြ ျဖစ္သြားတယ္။ ပထမပိုင္းကေတာ့ ရဲေတြက ေရွ႕က ေနရာယူတယ္။ စစ္တပ္ကေတာ့ ေနာက္ကပစ္တယ္လို႔ ယူဆရပါတယ္။ လူေတြကလည္း အရမ္းရႈပ္ေနေတာ့ေလ။ ဒဏ္ရာရတာ ၁၆ ဦးေလာက္ရွိတယ္။ စုိးရိမ္ရတာ ႏွစ္ ဦးရွိတယ္ရွင့္။

ကေလးျမိဳ႕မွာေတာ့ ေသနတ္ေတြနဲ႔ အၾကမ္းဖက္ျဖိဳခြင္းတာ တလအတြင္း ပထမဦးျဖစ္ျပီး ဆႏၵျပသူေတြဟာ ထိပ္တိုက္မေတြ႕ဘဲ ေရွာင္ၾကေပမဲ့ ျမိဳ႕လယ္ေခါင္မွာ ဆံုၾကျပီး ပစ္ခတ္မႈေတြျဖစ္ပြားခဲ့တာလို႔ ကေလးျမိဳ႕ခံတဦးကလည္း ေျပာျပပါတယ္။

"ပထမပုိင္းက လူထုေတြက ေရွာင္ၾကတယ္။ လမ္းၾကားကပဲ သြားတယ္။ ေနာက္ေတာ့ လမ္းဆံု တခုပဲရွိတယ္။ လမ္းဆံုံၾကေတာ့ ဆံုၾကတယ္။ သြားဆံုျပီးေတာ့ လူထုကလည္း သူတုိ႔ ၀င္မလာေအာင္ကာၾကတယ္။ ကေလးျမိဳ႕လမ္းဆံုက တခုပဲ။ အဲဒီေနရာက ျမိဳ႕လယ္ေခါင္လိုျဖစ္ေနတာ။ အဲဒီမွာပဲ စုရပ္ရွိတာကိုး။"

ျမန္မာႏို္င္ငံမွာ စစ္အုပ္ခ်ဳပ္ေရးေကာင္စီ တက္လာျပီးကတည္းက ဆႏၵျပမႈေတြ ဆက္တုိက္ျဖစ္ေနရာမွာ စစ္ကုိင္းတိုင္း ကေလးျမိဳ႕မွာလည္း လူငယ္ေက်ာင္းသားေတြ၊ ေဒသခံေတြက ေန႔စဥ္နီးပါး ကန္႔ကြက္ဆႏၵျပေနၾကတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကလေးမြို့ဆန္ဒပြမှုအကြမ်းဖက်ဖြိုခွဲခံရ၊ ဆန္ဒပြသူ နှစ်ဦး ဒဏ်ရာပြင်းထန်

စစ်ကိုင်းတိုင်း ကလေးမြို့က ဆန္ဒပြသူတွေကို အကြမ်းဖက်ဖြိုခွင်းတာကြောင့် လူတဒါဇင်လောက် ထိခိုက်ဒဏ်ရာရရှိပြီး လူ နှစ် ဦးကတော့ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက တင်ပြပေးပါမယ်။

စစ်ကိုင်းတိုင်း ကလေးမြို့မှာတော့ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေကို လုပ်ခဲ့ရာမှာတော့ ဒီကနေ့မှာတော့ အကြမ်းဖက်ဖြိုခွဲခဲ့ပြီး သေစေနိုင်တဲ့ သေနတ်တွေနဲ့ ပစ်ခတ်တာကြောင့် လူ နှစ် ဦးဟာ ဒဏ်ရာပြင်းထန်ရရှိပြီး ခွဲစိတ်ကုသမှုခံယူနေရဆဲဖြစ်ကြောင်း ဆန္ဒပြပွဲကိုဦးဆောင်သူ တဦးဖြစ်တဲ့ တကသ တက္ကသိုလ်ကျောင်းသားမျာသမဂ္ဂဥက္ကဋ္ဌ ကိုဝေနိုင်ဦးက အခုလိုပြောပြပါတယ်။

"လက်ရှိမှာတော့ ဆုံးတာတော့ မဟုတ်သေးဘူး။ အော်ပရေးရှင်းလုပ်ထားရတယ်။ လက်ရှိစိုးရိမ်ရတဲ့ သူ နှစ် ဦးရှိပါတယ်။ ဗိုက်ကို ကျည်ဆံထိတဲ့အတွက်ဒီတော့ ရွိုင်ရယ်စီးတီးဆေးရုံမှာ အော်ပရေးရှင်း လုပ်နေပါတယ်။ တစ်ဦးက ဗိုက်မှာမှန်ထားပါတယ်။ တဦးက ရင်ဘတ်နဲ့ ချိုင်းအောက်ကို မှန်ထားပါတယ်။ တကယ်ကျည်ဆံအစစ်နဲ့ ပစ်တာပါခင်ဗျာ။"

ဒဏ်ရာပြင်းထန်စွာရထားတဲ့ လူနာကိုတော့ နီးစပ်ရာဆေးခန်းမှာ ယာယီပို့ထားချိန် စစ်တပ်က လာရောက်ခေါ်ဆောင်ဖို့ ကြိုးစားတာတွေ ရှိတယ်လို့လည်း ကျောင်းသားတွေက ဆိုပါတယ်။

ဆန္ဒပြသူတွေဟာ အရင်နေ့တွေတုန်းကလည်း ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေကြတာဖြစ်ပြီး မျက်ရည်ယိုဗုံးတွေနဲ့ ဖြိုခွင်းတာတွေ ရှိပေမဲ့ ဒီကနေ့မှာတော့ ပစ်ခတ်ပြီး အကြမ်းဖက်ဖြိုခွင်းတာတွေကို လုပ်လာတယ်လို့ သပိတ်စစ်ကြောင်းမှာ ပါတဲ့ တက်ကြွလုပ်ရှားသူ ဒေသခံအမျိုးသမီးတဦးကပြောပြပါတယ်။

"ကျမတို့ လူထုက ဆန္ဒပြတယ်ဆိုတာ ငြိမ်းချမ်းစွာ ဆန္ဒပြတယ်။ ကျမတို့ ပြည်သူမှာက ဘာလက်နက်မှ မပါဘူး။ ငြိမ်းချမ်းစွာ ကိုယ်လိုချင်တဲ့ ပန်းတိုင်ကိုသွားကြတယ်။ ကျမတို့က အကြမ်းဖက်ဖို့ ရည်ရွယ်ချက်မရှိဘူး။ ရဲတွေက ကျမတို့ သပိတ်စစ်ကြောင်းလာတဲ့အချိန်မှာ တားတယ်။ မျက်ရည်ယိုဗုံးတွေ၊ အသံမြည်ဗုံးတွေနဲ့ ပစ်တယ်။ ရေတွေနဲ့လည်းဖြိုခွဲတယ်။ အနည်းငယ်နောက်ဆုံးချိန်မှာ သူတိုက ရဲတွေ အချုပ်ကားတွေနဲ့ တက်ပြီး လူတွေကို ရိုက်နှက်တာတွေ လုပ်လာတယ်။ လူထုကလည်း ဒိုင်းတွေနဲ့ ကာကြတယ်။ အဲဒီအချိန်မှာ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ပစ်ခတ်မှုတွေ ဖြစ်သွားတယ်။ ပထမပိုင်းကတော့ ရဲတွေက ရှေ့က နေရာယူတယ်။ စစ်တပ်ကတော့ နောက်ကပစ်တယ်လို့ ယူဆရပါတယ်။ လူတွေကလည်း အရမ်းရှုပ်နေတော့လေ။ ဒဏ်ရာရတာ ၁၆ ဦးလောက်ရှိတယ်။ စိုးရိမ်ရတာ နှစ် ဦးရှိတယ်ရှင့်။

ကလေးမြို့မှာတော့ သေနတ်တွေနဲ့ အကြမ်းဖက်ဖြိုခွင်းတာ တလအတွင်း ပထမဦးဖြစ်ပြီး ဆန္ဒပြသူတွေဟာ ထိပ်တိုက်မတွေ့ဘဲ ရှောင်ကြပေမဲ့ မြို့လယ်ခေါင်မှာ ဆုံကြပြီး ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တာလို့ ကလေးမြို့ခံတဦးကလည်း ပြောပြပါတယ်။

"ပထမပိုင်းက လူထုတွေက ရှောင်ကြတယ်။ လမ်းကြားကပဲ သွားတယ်။ နောက်တော့ လမ်းဆုံ တခုပဲရှိတယ်။ လမ်းဆုံံကြတော့ ဆုံကြတယ်။ သွားဆုံပြီးတော့ လူထုကလည်း သူတို့ ဝင်မလာအောင်ကာကြတယ်။ ကလေးမြို့လမ်းဆုံက တခုပဲ။ အဲဒီနေရာက မြို့လယ်ခေါင်လိုဖြစ်နေတာ။ အဲဒီမှာပဲ စုရပ်ရှိတာကိုး။"

မြန်မာနိုင်ငံမှာ စစ်အုပ်ချုပ်ရေးကောင်စီ တက်လာပြီးကတည်းက ဆန္ဒပြမှုတွေ ဆက်တိုက်ဖြစ်နေရာမှာ စစ်ကိုင်းတိုင်း ကလေးမြို့မှာလည်း လူငယ်ကျောင်းသားတွေ၊ ဒေသခံတွေက နေ့စဉ်နီးပါး ကန့်ကွက်ဆန္ဒပြနေကြတာဖြစ်ပြီး အခုဆိုရင်တနိုင်ငံလုံးအနှံ့မှာ သေနတ်နဲ့ အကြမ်းဖက်ဖြိုခွင်းတာကြောင့် သေဆုံးသူ ၄၀ နီးပါးထိရှိလာပြီဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG