သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေၾကြးေၾကာ္သံ အိမ္ထဲက ေအာ္ဟစ္တဲ႔ ရန္ကုန္ည ဆႏၵျပပဲြမ်ား  


မွတ္တမ္းဓါတ္ပံု - ေဖေဖာ္၀ါရီ ၅ ရက္တုန္းက ရန္ကုန္ၿမိဳ႕ခံမ်ား သံပံုးတီး ဆႏၵထုတ္ေဖာ္

(Zawgyi/Unicode)

စစ္အာဏာသိမ္းထားတာကို ဆန္႔က်င္တဲ့ ဆႏၵျပပဲြေတြဟာ ေန႔ခင္းဖက္မွာသာမကပဲ ပုဒ္မ(၁၄၄) အမိန္႔ထုတ္ထားတဲ့ ညဘက္အခ်ိန္မွာပါ ရန္ကုန္ရဲ႕ ျမဳိ႕နယ္တခ်ဳိ႕မွာ စတင္လုပ္ေဆာင္လာေနတဲ့ အေၾကာင္း ကိုဉာဏ္ဝင္းေအာင္က ေျပာျပမွာပါ။

“ သပိတ္ သပိတ္ ေမွာက္ .. ေမွာက္ ၊ ဒီမိုကေရစီရရွိေရး တို႔အေရး.. တို႔အေရး ၊ စစ္အာဏာရွင္စနစ္ က်ဆုံးေရး .. တို႔ အေရး တို႔အေရး ..”

အခုၾကားေနရတဲ့ အသံေတြက ညမထြက္ရအမိန္႔ 144 ထုတ္ထားခ်ိန္မွာ တာေမြျမဳိ႕နယ္ ရပ္ကြက္တခ်ဳိ႕က လမ္းမတန္းေဘး ဝဲယာမွာရွိတဲ့ တိုက္ခန္းေတြေပၚကေန ည ၉ နာရီေက်ာ္ ၁၀ နာရီၾကားဝန္းက်င္ ေႂကြးေၾကာ္ ဆႏၵျပေနၾကတာျဖစ္ပါတယ္။

ျမန္မာျပည္သူေတြဟာ ေန႔ခင္းဖက္ အႏၲရာယ္ေတြၾကားမွာ ပင္ပန္းႀကီးစြာ ဆႏၵျပၾကသလို ၊ ည ၈ နာရီ ေရာက္တိုင္းလည္း သံပုံးတီးဆႏၵျပသူ အေတာ္မ်ားမ်ား ရွိေနတဲ့ၾကားက ခုလိုညဘက္ ဟစ္ေႂကြးဆႏၵျပတာေတြကို တနဂၤေႏြ ၊ တနလၤာညေတြမွာ စလုပ္လာၾကတယ္လို႔ ဗဟန္းျမဳိ႕ခံတဦးက ရွင္းျပပါတယ္။

“က်ေနာ္တို႔ ဗဟန္းနဲ႔ တာေမြက နယ္စပ္ခ်င္းလည္း ကပ္ေနတယ္ေလ။ အဲဒီေတာ့ က်ေနာ္တို႔နဲ႔ ကပ္ေနတဲ့ တာေမြဘက္အျခမ္းမွာ၁၄၄ ထုတ္ျပန္ထားတဲ့ အေျခအေနမွာပါ ။ အခုညဘက္ေတြကေနေပါ့ေနာ္ တိုက္ေပၚမွာ အသံေတြနဲ႔ တိုက္ တတိုက္ကေန ေအာ္လိုက္တယ္ဆိုရင္ ေၾကြးေၾကာ္သံေတြေပါ့ ေအာ္ၾကတာေပါ့။ ဆိုေတာ့ ခုက ေန႔ခင္းတင္မဟုတ္ေတာ့ဘူးေပါ့ ၊ ညပိုင္းေတြမွာပါ အာဏာရွင္ စစ္အစိုးရရဲ႕ အမိန္႔ေတြကို မနာခံေတာ့ဘူးဆိုတဲ့ပံုစံမ်ိဳးနဲ႔ ဆႏၵျပေနၾကတာေပါ့ေနာ္၊ ဆႏၵေဖာ္ထုတ္ေနၾကတာေပါ့ေနာ္။ ဆႏၵေဖာ္ထုတ္ေနၾကတာကေတာ့ ဘယ္သူကမွ တားဆီးတယ္ အေရးယူတယ္ဆိုတာမ်ဳိး တစံုတရာကေတာ့ အခုအခ်ိန္အထိ မေတြ႔ရေသးဘူး။”

ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္း လမ္းမေပၚထြက္ ဆႏၵျပသူေတြကို စစ္တပ္နဲ႔ရဲ လုံျခဳံေရးေတြ ပစ္ခတ္ရာက အနည္းဆုံးလူ ၃၀ ဝန္းက်င္ ေသဆုံးခဲ့တာပါ။ ဒါေၾကာင့္ ထိခိုက္က်ဆုံးမႈ နည္းရေအာင္ ျပည္သူေတြဘက္က နည္းလမ္းေျပာင္းသုံးလာပုံ ရတယ္လို႔ ဗဟန္းျမဳိ႕ခံက သုံးသပ္ပါတယ္။

“က်ေနာ္တို႔ဘက္က ဆႏၵျပတဲ့အခါမွာ အခုဒီလို လူေတြ ထိခိုက္ဒဏ္ရာရတာေတြ မျဖစ္ေအာင္ ၊ ဆံုးရံႈးနစ္နာမႈေတြ မျဖစ္ေအာင္ ေပါ့ေနာ္ ဒီဟာကို ဦးေဆာင္ေပးေနတဲ့ လူေတြရဲ႕ ညႊန္ၾကားခ်က္ေတြလည္း ရွိတယ္ေပါ့ေလ။ အဲဒီအခါက်ေတာ့ လူေတြက ထိခိုက္မႈေတြနည္းေအာင္ဆိုၿပီးေတာ့ ေန႔ခင္းေန႔လည္ဆိုရင္လည္း လမ္းေတြထိပ္မွာေပါ့ေနာ္ ထိုင္ၿပီးေတာ့ အုပ္စုလိုက္ အုပ္စုလိုက္ အဲဒီလို ဆႏၵျပေနၾကတာေပါ့ေနာ္။ အဲဒီေတာ့ ၾကည့္ရတာကေတာ့ မနက္ျဖန္ေလာက္ကေနစၿပီးေတာ့ သိပ္ထြက္ၾကမယ့္ ပံုစံေတာ့ မေတြ႔ရဘူးေပါ့ေနာ္။ ေနလည္ဘက္မွာလည္း မိမိသက္ဆိုင္ရာ လမ္းေတြထိပ္ေတြမွာ ဆႏၵျပမယ့္ ပံုစံမ်ိဳးေတြေတာ့ ေတြ႔ေနရတယ္။ အဓိကေတာ့ ဆႏၵျပျပည္သူလူထုဘက္က ထိခိုက္နစ္နာမႈေတြ မရွိေအာင္ အဲလို ပံုစံေျပာင္းလာတဲ့ သေဘာပါပဲ။”

ဆႏၵျပပဲြေတြဟာ အရွိန္က်သြားဦးမွာ မဟုတ္ေသးဘူးဆိုတာ Gen-Z လို႔ေခၚတဲ႔ မ်ဳိးဆက္သစ္ေတြရဲ႕ စိတ္အင္အားနဲ႔ လႈပ္ရွားမႈေတြကို ျမင္ေနရတယ္လို႔ ဗဟန္းျမဳိ႕ခံက ရႈျမင္ပါတယ္။

“တဖက္နဲ႔တဖက္ အခုလိုျဖစ္ေနၾကတဲ့အခ်ိန္မွာ လူထုဘက္ကလည္း အေလွ်ာ့ေပးမယ့္ အေျခအေနမ်ိဳးကို လံုးလံုးႀကီး မေတြ႔ရေသးဘူးေပါေ့နာ္။ တဖက္ကလည္း သူတို႔ရဲ႕ အေရးယူေဆာင္ရြက္မႈကို ဘယ္ေလာက္အတိုင္းအတာအထိ ဆက္လုပ္ဦးမလဲဆိုတာေတာ့ နည္းနည္းအခ်ိန္ေတာ့ ယူၾကရဦးမယ္ထင္တယ္။ အဲဒီေတာ့ လူထုဘက္ကေတာ့ ဒီတပြဲမွာေတာ့ စစ္အာဏာရွင္စနစ္ကို အျမစ္ျပဳတ္ေအာင္ တိုက္မယ္ဆိုတဲ့ ရည္ရြယ္ခ်က္ကေတာ့ တႏိုင္ငံလံုး အတိုင္းအတာနဲ႔ ရွိေနတယ္ေပါေ့နာ္။ အဲဒီေတာ့ ဆႏၵျပမႈေတြကေတာ့ ေတာ္ေတာ္နဲ႔ ၿပီးႏိုင္ဦးမွာ မဟုတ္ဘူး ေပါ့ေနာ္။ က်ေနာ္တို႔ ဟိုတုန္းက ၈၈ တုန္းက အေျခအေနေတြနဲ႔ အရမ္းကို ကြာျခားသြားၿပီေပါ့ေနာ္ ။ ဒီတပြဲမွာေတာ့ Gen-Z ေတြက ပြဲသိမ္း ေအာင္ပြဲခံမယ္လို႔ က်ေနာ္ယူဆတယ္။ စစ္အာဏာရွင္စနစ္ကို အျမစ္ျဖဳတ္ႏိုင္မယ္လို႔ က်ေနာ္တုိ႔ကေတာ့ အဲဒီလို ယူဆေနတယ္။”

ညမထြက္ရအမိန္႔ ထုတ္ထားတဲ့ခ်ိန္အတြင္း ရန္ကုန္ျမဳိ႕နဲ႔အျခားျမဳိ႕ႀကီးေတြမွာ စစ္တပ္နဲ႔ရဲ႕က ညဖက္ ကင္းလွည့္ေနတာပါ။ ဒါေပမယ့္လည္း ရန္ကုန္ ျမဳိ႕နယ္အေတာ္မ်ားမ်ားက ရပ္ကြက္ေတြမွာေတာ့ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီ CRPH ရဲ႕လမ္းၫႊန္ခ်က္အတိုင္း ၾကားကာလ ျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႔ေတြ ဖဲြ႕စည္းထားၾကၿပီး ကိုယ့္ရပ္ကြက္ကို ကင္းေစာင့္ေနၾကရတယ္လို႔ ျမဳိ႕ခံေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

ကြွေးကြော်သံ အိမ်ထဲက အော်ဟစ်တဲ့ ရန်ကုန်ည ဆန္ဒပြပွဲများ

(Unicode)

စစ်အာဏာသိမ်းထားတာကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေဟာ နေ့ခင်းဖက်မှာသာမကပဲ ပုဒ်မ(၁၄၄) အမိန့်ထုတ်ထားတဲ့ ညဘက်အချိန်မှာပါ ရန်ကုန်ရဲ့ မြို့နယ်တချို့မှာ စတင်လုပ်ဆောင်လာနေတဲ့ အကြောင်း ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။

“ သပိတ် သပိတ် မှောက် .. မှောက် ၊ ဒီမိုကရေစီရရှိရေး တို့အရေး.. တို့အရေး ၊ စစ်အာဏာရှင်စနစ် ကျဆုံးရေး .. တို့ အရေး တို့အရေး ..”

အခုကြားနေရတဲ့ အသံတွေက ညမထွက်ရအမိန့် 144 ထုတ်ထားချိန်မှာ တာမွေမြို့နယ် ရပ်ကွက်တချို့က လမ်းမတန်းဘေး ဝဲယာမှာရှိတဲ့ တိုက်ခန်းတွေပေါ်ကနေ ည ၉ နာရီကျော် ၁၀ နာရီကြားဝန်းကျင် ကြွေးကြော် ဆန္ဒပြနေကြတာဖြစ်ပါတယ်။

မြန်မာပြည်သူတွေဟာ နေ့ခင်းဖက် အန္တရာယ်တွေကြားမှာ ပင်ပန်းကြီးစွာ ဆန္ဒပြကြသလို ၊ ည ၈ နာရီ ရောက်တိုင်းလည်း သံပုံးတီးဆန္ဒပြသူ အတော်များများ ရှိနေတဲ့ကြားက ခုလိုညဘက် ဟစ်ကြွေးဆန္ဒပြတာတွေကို တနင်္ဂနွေ ၊ တနင်္လာညတွေမှာ စလုပ်လာကြတယ်လို့ ဗဟန်းမြို့ခံတဦးက ရှင်းပြပါတယ်။

“ကျနော်တို့ ဗဟန်းနဲ့ တာမွေက နယ်စပ်ချင်းလည်း ကပ်နေတယ်လေ။ အဲဒီတော့ ကျနော်တို့နဲ့ ကပ်နေတဲ့ တာမွေဘက်အခြမ်းမှာ၁၄၄ ထုတ်ပြန်ထားတဲ့ အခြေအနေမှာပါ ။ အခုညဘက်တွေကနေပေါ့နော် တိုက်ပေါ်မှာ အသံတွေနဲ့ တိုက် တတိုက်ကနေ အော်လိုက်တယ်ဆိုရင် ကြွေးကြော်သံတွေပေါ့ အော်ကြတာပေါ့။ ဆိုတော့ ခုက နေ့ခင်းတင်မဟုတ်တော့ဘူးပေါ့ ၊ ညပိုင်းတွေမှာပါ အာဏာရှင် စစ်အစိုးရရဲ့ အမိန့်တွေကို မနာခံတော့ဘူးဆိုတဲ့ပုံစံမျိုးနဲ့ ဆန္ဒပြနေကြတာပေါ့နော်၊ ဆန္ဒဖော်ထုတ်နေကြတာပေါ့နော်။ ဆန္ဒဖော်ထုတ်နေကြတာကတော့ ဘယ်သူကမှ တားဆီးတယ် အရေးယူတယ်ဆိုတာမျိုး တစုံတရာကတော့ အခုအချိန်အထိ မတွေ့ရသေးဘူး။”

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း လမ်းမပေါ်ထွက် ဆန္ဒပြသူတွေကို စစ်တပ်နဲ့ရဲ လုံခြုံရေးတွေ ပစ်ခတ်ရာက အနည်းဆုံးလူ ၃၀ ဝန်းကျင် သေဆုံးခဲ့တာပါ။ ဒါကြောင့် ထိခိုက်ကျဆုံးမှု နည်းရအောင် ပြည်သူတွေဘက်က နည်းလမ်းပြောင်းသုံးလာပုံ ရတယ်လို့ ဗဟန်းမြို့ခံက သုံးသပ်ပါတယ်။

“ကျနော်တို့ဘက်က ဆန္ဒပြတဲ့အခါမှာ အခုဒီလို လူတွေ ထိခိုက်ဒဏ်ရာရတာတွေ မဖြစ်အောင် ၊ ဆုံးရှုံးနစ်နာမှုတွေ မဖြစ်အောင် ပေါ့နော် ဒီဟာကို ဦးဆောင်ပေးနေတဲ့ လူတွေရဲ့ ညွှန်ကြားချက်တွေလည်း ရှိတယ်ပေါ့လေ။ အဲဒီအခါကျတော့ လူတွေက ထိခိုက်မှုတွေနည်းအောင်ဆိုပြီးတော့ နေ့ခင်းနေ့လည်ဆိုရင်လည်း လမ်းတွေထိပ်မှာပေါ့နော် ထိုင်ပြီးတော့ အုပ်စုလိုက် အုပ်စုလိုက် အဲဒီလို ဆန္ဒပြနေကြတာပေါ့နော်။ အဲဒီတော့ ကြည့်ရတာကတော့ မနက်ဖြန်လောက်ကနေစပြီးတော့ သိပ်ထွက်ကြမယ့် ပုံစံတော့ မတွေ့ရဘူးပေါ့နော်။ နေလည်ဘက်မှာလည်း မိမိသက်ဆိုင်ရာ လမ်းတွေထိပ်တွေမှာ ဆန္ဒပြမယ့် ပုံစံမျိုးတွေတော့ တွေ့နေရတယ်။ အဓိကတော့ ဆန္ဒပြပြည်သူလူထုဘက်က ထိခိုက်နစ်နာမှုတွေ မရှိအောင် အဲလို ပုံစံပြောင်းလာတဲ့ သဘောပါပဲ။”

ဆန္ဒပြပွဲတွေဟာ အရှိန်ကျသွားဦးမှာ မဟုတ်သေးဘူးဆိုတာ Gen-Z လို့ခေါ်တဲ့ မျိုးဆက်သစ်တွေရဲ့ စိတ်အင်အားနဲ့ လှုပ်ရှားမှုတွေကို မြင်နေရတယ်လို့ ဗဟန်းမြို့ခံက ရှုမြင်ပါတယ်။

“တဖက်နဲ့တဖက် အခုလိုဖြစ်နေကြတဲ့အချိန်မှာ လူထုဘက်ကလည်း အလျှော့ပေးမယ့် အခြေအနေမျိုးကို လုံးလုံးကြီး မတွေ့ရသေးဘူးပေါေ့နာ်။ တဖက်ကလည်း သူတို့ရဲ့ အရေးယူဆောင်ရွက်မှုကို ဘယ်လောက်အတိုင်းအတာအထိ ဆက်လုပ်ဦးမလဲဆိုတာတော့ နည်းနည်းအချိန်တော့ ယူကြရဦးမယ်ထင်တယ်။ အဲဒီတော့ လူထုဘက်ကတော့ ဒီတပွဲမှာတော့ စစ်အာဏာရှင်စနစ်ကို အမြစ်ပြုတ်အောင် တိုက်မယ်ဆိုတဲ့ ရည်ရွယ်ချက်ကတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ရှိနေတယ်ပေါေ့နာ်။ အဲဒီတော့ ဆန္ဒပြမှုတွေကတော့ တော်တော်နဲ့ ပြီးနိုင်ဦးမှာ မဟုတ်ဘူး ပေါ့နော်။ ကျနော်တို့ ဟိုတုန်းက ၈၈ တုန်းက အခြေအနေတွေနဲ့ အရမ်းကို ကွာခြားသွားပြီပေါ့နော် ။ ဒီတပွဲမှာတော့ Gen-Z တွေက ပွဲသိမ်း အောင်ပွဲခံမယ်လို့ ကျနော်ယူဆတယ်။ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြုတ်နိုင်မယ်လို့ ကျနော်တို့ကတော့ အဲဒီလို ယူဆနေတယ်။”

ညမထွက်ရအမိန့် ထုတ်ထားတဲ့ချိန်အတွင်း ရန်ကုန်မြို့နဲ့အခြားမြို့ကြီးတွေမှာ စစ်တပ်နဲ့ရဲ့က ညဖက် ကင်းလှည့်နေတာပါ။ ဒါပေမယ့်လည်း ရန်ကုန် မြို့နယ်အတော်များများက ရပ်ကွက်တွေမှာတော့ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ရဲ့လမ်းညွှန်ချက်အတိုင်း ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့စည်းထားကြပြီး ကိုယ့်ရပ်ကွက်ကို ကင်းစောင့်နေကြရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG