သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မုံ႐ြာဆႏၵျပမႈအၾကမ္းဖက္ႏွိမ္နင္းခံရ ထိခိုက္ဒဏ္ရာရမႈရွိ


မုံ႐ြာၿမိဳ႕က စစ္အာဏာသိမ္းဆန႔္က်င္ ဆႏၵျပျမင္ကြင္း။ (ဓာတ္ပုံ - Hain - ေဖေဖာ္ဝါရီ ၂၃၊ ၂၀၂၁)

ျမန္မာႏိုင္ငံအႏွံ႔ စစ္အာဏာသိမ္းမႈဆန႔္က်င္ေရးဆႏၵျပမႈေတြ အၾကမ္းဖက္ႏွိမ္နင္းခံရခ်ိန္မွာ ဆႏၵျပမႈအားေကာင္းတဲ့ မုံ႐ြာၿမိဳ႕မွာလည္း အၾကမ္းဖက္ၿဖိဳခြဲတာေၾကာင့္ ထိခိုက္ ဒဏ္ရာရမႈေတြ အေတာ္မ်ားမ်ားရွိေနပါတယ္။ ဒီအေၾကာင္း ဗီြအိုေအသတင္းေထာက္ အိမ့္သႏၲာထြန္း စုံစမ္းေမးျမန္း တင္ဆက္ေပးထားပါတယ္။

စစ္ကိုင္းတိုင္း၊ မုံ႐ြာၿမိဳ႕ ေအးသာယာရပ္ကြက္ ျပႆဒ္ေက်ာင္းမွာ ဆႏၵျပေက်ာင္းသား၊ ဆရာဆရာမေတြနဲ႔ အင္ဂ်င္နီယာေတြနဲ႔ ျပည္သူအခ်ိဳ႕ကို လုံၿခဳံေရးတပ္ဖြဲ႔ဝင္ အင္အား ၅၀၀ ခန႔္က ဒီေန႔မနက္ပိုင္းမွာ ဝင္ေရာက္ဖမ္းဆီးခဲ့ပါတယ္။ ေထာင္နဲ႔ခ်ီတဲ့ ေဒသခံျပည္သူေတြက အဲ့ဒီေနရာမွာစုေဝးပိတ္ဆို႔ၿပီး ဖမ္းဆီးထားသူေတြကို ျပန္လြတ္ဖို႔ ထိုင္သပိတ္ျပဳလုပ္ ဆႏၵျပေတာင္းဆိုခဲ့ၾကပါတယ္။

လုံၿခဳံေရးတပ္ဖြဲ႔ဝင္ေတြ ဖမ္းဆီးထားတဲ့သူေတြကို အျပင္ေခၚထုတ္မသြားႏိုင္ေစဖို႔ ပိတ္ဆိုထားတဲ့ ျပည္သူေတြကို လူစုခြဲဖို႔အတြက္ ရာဘာက်ည္ေတြ မီးခိုးဗုံးေတြ ပစ္ေဖာက္ခဲ့တာျဖစ္တယ္လို႔ အဲ့ဒီေနရာမွာ ရွိေနခဲ့တဲ့ ဆႏၵျပသူ အမ်ိဳုးသမီးတစ္ဦးက ေျပာပါတယ္။

“အဲ့ဒီဘုန္းႀကီးေက်ာင္းက သပိတ္ေၾကာင္းရဲ႕ စုရပ္။ အဲ့ဒီဘုန္းႀကီးေက်ာင္းမွာပဲ မနက္တိုင္း ၉ နာရီဆိုစုတာ၊ သူတို႔က အဲ့ဒီစုရပ္ကို လာဝိုင္းလိုက္တဲ့သေဘာ။ တျခာ သူေတြအမ်ားႀကီးမလာခင္မွာ အဲ့မွာ သပိတ္ေခါင္းေဆာင္ေတြရွိတယ္၊ ဆရာဆရာမေတြေရာက္ေနတယ္။ အဲ့ဒီအခ်ိန္မွာ သူတို႔က စုရပ္ကို ဝိုင္းလိုက္တာ။ စုရပ္ကိုဝိုင္းလိုက္ေတာ့ အထဲမွာ ပိတ္မိသြားသူဆခ်ိဳ႕က အဖမ္းခံရတယ္၊ ပိတ္မိသြားတယ္၊ ဘယ္လိုမွထြက္လို႔မရဘူး။ ဆရာဆရာမေတြ ေက်ာင္းသားေတြကိုလည္း ႐ိုက္တယ္လို႔ၾကားတယ္။ ထြက္လို႔မရတဲ့အခ်ိန္မွာ လူေတြက ပုံမွန္သပိတ္ေၾကာင္း ၉ နာရီထြက္မယ့္အခ်ိန္မွာ မထြက္ႏိုင္ဘူး။ အထဲထဲမွာ စုရပ္ကို ဝိုင္းထားလိုက္ေတာ့ အဲ့ဒီမွာ အျပင္က လူေတြက သူတို႔ကို ျပန္ဝိုင္းထားတယ္။ မနက္ကတည္းက ေတာက္ေလ်ာက္ ထိုင္ေနတယ္။ ထိုင္ၿပီးေတာ့ ဝိုင္းထားတဲ့ဟာကိုမွ ေသနတ္နဲ႔ ေဖာက္တယ္၊ မ်က္ရည္ယိုဗုံးလည္း ခြဲတယ္။ အဲ့ဒါေၾကာင့္ လူစုကေတာ့ ကြဲသြားၿပီ။”

ေန႔လည္ ၂ နာရီခြဲ ဝန္းက်င္ေလာက္မွာ ဗကသ အလံေထာင္ၿပီးေတာ့ ေက်ာင္းသားေတြဦးေဆာင္ၿပီး ၿမိဳ႕ကို လွည့္ပတ္ဆႏၵျပခဲ့ၾကပါတယ္။ အေနာက္ေျမာက္တိုင္းစစ္ဌာနခ်ဳပ္က ဆႏၵျပသူေတြကို ၿဖိဳခြဲဖို႔လာခဲ့ေပမယ့္ လမ္းေတြကို ဝင္မရေအာင္ တားဆီးပိတ္ဆို႔ထားတာေၾကာင့္ ညေနမွာေတာ့ ေက်ာင္းသားေတြနဲ႔ ထိပ္တိုက္ေတြ႔ခဲ့တာမရွိခဲ့ဘူးလို႔ ဆႏၵျပပြဲ ဦးေဆာင္သူတဦးက ေျပာပါတယ္။

“က်ေနာ္တို႔ တၿမိဳ႕လုံးကို ပတ္လိုက္တယ္။ ပတ္ၿပီးေတာ့ ေက်ာကၠာလမ္းနဲ႔ ျပည္ေထာင္စုလမ္းမွာ ေဟာေျပာပြဲက်င္းပတဲ့အခါ သူတို႔က မနခ က စစ္ကား ၁၀ စီးထြက္ လာတယ္လို႔ ၾကားပါတယ္ဗ်။ သို႔ေသာ္လည္း က်ေနာ္တို႔က ေဟာေျပာပြဲက အဲ့နားမွာ တစ္နာရီေက်ာ္ၾကာသြားၿပီ။ ၿပီးေတာ့ အဲ့နားကေန လူစုခြဲျပန္လာတယ္။ ျပန္လာၿပီး ၁၅ မိနစ္ မိနစ္ ၂၀ ေလာက္ေနမွ စစ္ကားေတြ ရာက္လာတယ္။ သူတို႔ဘာမွ မတတ္ႏိုင္လိုက္ဘူး၊ ျပည္သူေတြကလည္း စစ္ေၾကာင္းမွာလည္း ႏွစ္ေထာင္ သုံးေထာင္ေလာက္ေတာ့ ပါမွာေပါ့ေႏွာ္။ က်န္တဲ့ေနရာေတြမွာလည္း ျပည္သူေတြက ဝန္းရံထားတယ္။ ကြၽန္ေတာ့္အထင္ ၅၀၀၀ ေလာက္ရွိမယ္ ျပည္သူေတြက ထပ္ၿပီးေတာ့ ေပါင္းၿပီး ပါလာၾကတယ္။”

မုံ႐ြာၿမိဳ႕မွာ ဒီေန႔က ဆႏၵျပမႈမွာ ဖမ္းခံရသူက ၁၅၀ ေလာက္ရွိမယ္လို႔ ဆႏၵျပပြဲဦးေဆာင္သူေတြက ဆိုပါတယ္။

ဒီေန႔ အေစာပိုင္းမွာပဲ မုံ႐ြာမွာ ရဲတပ္ဖြဲ႔က ပစ္ခတ္ၿဖိဳခြဲလို႔ အမ်ိဳးသားတစ္ဦးနဲ႔ အမ်ိဳးသမီးတစ္ဦး ေသနတ္ထိမွန္ခဲ့ပါတယ္။ ေသနတ္ထိမွန္တဲ့ အမ်ိဳးသမီးကေတာ့ ဖမ္းဆီးထားတဲ့ ျပႆဒ္ေက်ာင္းအတြင္းမွာပဲ ေသြးထြက္လြန္ၿပီး ေသဆုံးသြားၿပီဆိုတဲ့သတင္းေတြ ထြက္ေနေပမယ့္ လုံၿခဳံေရးတပ္ဖြဲ႔ေတြ ဘယ္ကို ဖမ္ဆီးေခၚေဆာင္သြားသလဲဆိုတာကို စုံးစမ္းေနဆဲျဖစ္ၿပီး ေသဆုံးတယ္ဆိုတာကို ခုထိ အတည္မျပဳႏိုင္ေသးဘူးလို႔ ဆႏၵျပေခါင္းေဆာင္တစ္ဦးက ေျပာပါတယ္။

“PhD ေဒါက္တာ ဆရာမေလးပါ။ သူ႔ကိုဆုံးတယ္လို႔ အတည္ျပဳလို႔ေတာ့ မရေသးဘူးဗ်။ ေဆး႐ုံႀကီးမွာလည္း မရွိဘူး။ တျခားသူေတြကို ထားတဲ့ေနရာေတြမွာလည္း မရွိဘူးဗ်။ အဲ့ဒါကို ခုထိေတာ့ အတည္မျပဳရေသးဘူး။ ဒါေပမယ့္ ဆုံးတယ္လို႔ေတာ့ ေျပာေနၾကတယ္ေပ့ါေႏွာ္။ က်ေနာ္တို႔လည္း အဲ့ဒါကို လိုက္ၿပီးေတာ့ စုံစမ္းေနပါတယ္။ ဒဏ္ရာရတဲ့ အမ်ိဳးသားကိုေတာ့ ဘုန္းႀကီးကိုယ္တိုင္က Request လုပ္ၿပီးေတာ့ ေဆး႐ုံတင္ထားတာေတာ့ ရွိပါတယ္။ ဒီ ပစ္ခတ္တာကေတာ့ ရာဘာက်ည္လို႔ေျပာေပမယ့္လည္း ဆရာမေလးရဲ႕သတင္းကေတာ့ ေပ်ာက္ေနတယ္ဗ်။ က်ေနာ္တို႔အရပ္ဖက္အဖြဲ႔ေတြေရာ၊ နာကူေတြေရာ ေပါင္းၿပီးေတာ့ စုံစမ္းေနပါတယ္။ ခုအခ်ိန္ထိေတာ့ တိတိက်က် အေျဖမရေသးဘူးဗ်။”

အေနာက္ေျမာက္တိုင္းစစ္ဌာနာခ်ဳပ္ကေန တပ္ေတြ မုံ႐ြာၿမိဳ႕ထဲကို လာမယ္ဆိုတဲ့ သတင္းေၾကာင့္ ကားေတြဝင္မရေအာင္ မုံ႐ြာၿမိဳ႕လမ္းေတြကို ပိတ္ဆိုထားၾကေပမယ့္ အဲ့ဒီ အတားအဆီးေတြကို ဖယ္ရွားၿပီး ရဲကားနဲ႔ အခ်ဳပ္ကားေတြက မုံ႐ြာၿမိဳ႕ထဲက ထြက္သြားတယ္လို႔ေျပာပါတယ္။ ဖမ္းဆီးထားတဲ့ ဆႏၵျပသူေတြကို အေနာက္ေျမာက္တိုင္း စစ္ဌာနခ်ဳပ္မွာ ဖမ္းဆီးထားတယ္လို႔ ဆႏၵျပေက်ာင္းသားေခါင္းေဆာင္တစ္ဦးက ေျပာပါတယ္။

ညေနပိုင္းမွာေတာ့ ဖမ္းဆီးထားသူေတြထဲက ေက်ာင္းဆရာမအေယာက္ ၄၀ ေလာက္ကို ေနာက္ထပ္ ဆႏၵျပပြဲေတြမွာ မပါဝင္ဘူးဆိုတဲ့စာမွာ လက္မွတ္ထိုးခိုင္းၿပီး ျပန္လႊတ္ေပးခဲ့ပါတယ္။

ဒီလို ဖမ္းဆီးမႈေတြေၾကာင့္ ဆႏၵျပတာေတြကေတာ့ ရပ္တန႔္သြားမွာမဟုတ္ဘဲ ပိုၿပီး အရွိန္ျမွင့္ေဆာင္႐ြက္ၾကမွာျဖစ္တယ္လို႔ ေက်ာင္းသားေခါင္းေဆာင္ေတြက ေျပာပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္


Unicode

မုံရွာဆန္ဒပြမှုအကြမ်းဖက်နှိမ်နင်းခံရ ထိခိုက်ဒဏ်ရာရမှုရှိ

မြန်မာနိုင်ငံအနှံ့ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြမှုတွေ အကြမ်းဖက်နှိမ်နင်းခံရချိန်မှာ ဆန္ဒပြမှုအားကောင်းတဲ့ မုံရွာမြို့မှာလည်း အကြမ်းဖက်ဖြိုခွဲတာကြောင့် ထိခိုက် ဒဏ်ရာရမှုတွေ အတော်များများရှိနေပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် အိမ့်သန္တာထွန်း စုံစမ်းမေးမြန်း တင်ဆက်ပေးထားပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အေးသာယာရပ်ကွက် ပြဿဒ်ကျောင်းမှာ ဆန္ဒပြကျောင်းသား၊ ဆရာဆရာမတွေနဲ့ အင်ဂျင်နီယာတွေနဲ့ ပြည်သူအချို့ကို လုံခြုံရေးတပ်ဖွဲ့ဝင် အင်အား ၅၀၀ ခန့်က ဒီနေ့မနက်ပိုင်းမှာ ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။ ထောင်နဲ့ချီတဲ့ ဒေသခံပြည်သူတွေက အဲ့ဒီနေရာမှာစုဝေးပိတ်ဆို့ပြီး ဖမ်းဆီးထားသူတွေကို ပြန်လွတ်ဖို့ ထိုင်သပိတ်ပြုလုပ် ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးထားတဲ့သူတွေကို အပြင်ခေါ်ထုတ်မသွားနိုင်စေဖို့ ပိတ်ဆိုထားတဲ့ ပြည်သူတွေကို လူစုခွဲဖို့အတွက် ရာဘာကျည်တွေ မီးခိုးဗုံးတွေ ပစ်ဖောက်ခဲ့တာဖြစ်တယ်လို့ အဲ့ဒီနေရာမှာ ရှိနေခဲ့တဲ့ ဆန္ဒပြသူ အမျိုုးသမီးတစ်ဦးက ပြောပါတယ်။

“အဲ့ဒီဘုန်းကြီးကျောင်းက သပိတ်ကြောင်းရဲ့ စုရပ်။ အဲ့ဒီဘုန်းကြီးကျောင်းမှာပဲ မနက်တိုင်း ၉ နာရီဆိုစုတာ၊ သူတို့က အဲ့ဒီစုရပ်ကို လာဝိုင်းလိုက်တဲ့သဘော။ တခြာ သူတွေအများကြီးမလာခင်မှာ အဲ့မှာ သပိတ်ခေါင်းဆောင်တွေရှိတယ်၊ ဆရာဆရာမတွေရောက်နေတယ်။ အဲ့ဒီအချိန်မှာ သူတို့က စုရပ်ကို ဝိုင်းလိုက်တာ။ စုရပ်ကိုဝိုင်းလိုက်တော့ အထဲမှာ ပိတ်မိသွားသူဆချို့က အဖမ်းခံရတယ်၊ ပိတ်မိသွားတယ်၊ ဘယ်လိုမှထွက်လို့မရဘူး။ ဆရာဆရာမတွေ ကျောင်းသားတွေကိုလည်း ရိုက်တယ်လို့ကြားတယ်။ ထွက်လို့မရတဲ့အချိန်မှာ လူတွေက ပုံမှန်သပိတ်ကြောင်း ၉ နာရီထွက်မယ့်အချိန်မှာ မထွက်နိုင်ဘူး။ အထဲထဲမှာ စုရပ်ကို ဝိုင်းထားလိုက်တော့ အဲ့ဒီမှာ အပြင်က လူတွေက သူတို့ကို ပြန်ဝိုင်းထားတယ်။ မနက်ကတည်းက တောက်လျောက် ထိုင်နေတယ်။ ထိုင်ပြီးတော့ ဝိုင်းထားတဲ့ဟာကိုမှ သေနတ်နဲ့ ဖောက်တယ်၊ မျက်ရည်ယိုဗုံးလည်း ခွဲတယ်။ အဲ့ဒါကြောင့် လူစုကတော့ ကွဲသွားပြီ။”

နေ့လည် ၂ နာရီခွဲ ဝန်းကျင်လောက်မှာ ဗကသ အလံထောင်ပြီးတော့ ကျောင်းသားတွေဦးဆောင်ပြီး မြို့ကို လှည့်ပတ်ဆန္ဒပြခဲ့ကြပါတယ်။ အနောက်မြောက်တိုင်းစစ်ဌာနချုပ်က ဆန္ဒပြသူတွေကို ဖြိုခွဲဖို့လာခဲ့ပေမယ့် လမ်းတွေကို ဝင်မရအောင် တားဆီးပိတ်ဆို့ထားတာကြောင့် ညနေမှာတော့ ကျောင်းသားတွေနဲ့ ထိပ်တိုက်တွေ့ခဲ့တာမရှိခဲ့ဘူးလို့ ဆန္ဒပြပွဲ ဦးဆောင်သူတဦးက ပြောပါတယ်။

“ကျနော်တို့ တမြို့လုံးကို ပတ်လိုက်တယ်။ ပတ်ပြီးတော့ ကျောက္ကာလမ်းနဲ့ ပြည်ထောင်စုလမ်းမှာ ဟောပြောပွဲကျင်းပတဲ့အခါ သူတို့က မနခ က စစ်ကား ၁၀ စီးထွက် လာတယ်လို့ ကြားပါတယ်ဗျ။ သို့သော်လည်း ကျနော်တို့က ဟောပြောပွဲက အဲ့နားမှာ တစ်နာရီကျော်ကြာသွားပြီ။ ပြီးတော့ အဲ့နားကနေ လူစုခွဲပြန်လာတယ်။ ပြန်လာပြီး ၁၅ မိနစ် မိနစ် ၂၀ လောက်နေမှ စစ်ကားတွေ ရာက်လာတယ်။ သူတို့ဘာမှ မတတ်နိုင်လိုက်ဘူး၊ ပြည်သူတွေကလည်း စစ်ကြောင်းမှာလည်း နှစ်ထောင် သုံးထောင်လောက်တော့ ပါမှာပေါ့နှော်။ ကျန်တဲ့နေရာတွေမှာလည်း ပြည်သူတွေက ဝန်းရံထားတယ်။ ကျွန်တော့်အထင် ၅၀၀၀ လောက်ရှိမယ် ပြည်သူတွေက ထပ်ပြီးတော့ ပေါင်းပြီး ပါလာကြတယ်။”

မုံရွာမြို့မှာ ဒီနေ့က ဆန္ဒပြမှုမှာ ဖမ်းခံရသူက ၁၅၀ လောက်ရှိမယ်လို့ ဆန္ဒပြပွဲဦးဆောင်သူတွေက ဆိုပါတယ်။

ဒီနေ့ အစောပိုင်းမှာပဲ မုံရွာမှာ ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွဲလို့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေနတ်ထိမှန်ခဲ့ပါတယ်။ သေနတ်ထိမှန်တဲ့ အမျိုးသမီးကတော့ ဖမ်းဆီးထားတဲ့ ပြဿဒ်ကျောင်းအတွင်းမှာပဲ သွေးထွက်လွန်ပြီး သေဆုံးသွားပြီဆိုတဲ့သတင်းတွေ ထွက်နေပေမယ့် လုံခြုံရေးတပ်ဖွဲ့တွေ ဘယ်ကို ဖမ်ဆီးခေါ်ဆောင်သွားသလဲဆိုတာကို စုံးစမ်းနေဆဲဖြစ်ပြီး သေဆုံးတယ်ဆိုတာကို ခုထိ အတည်မပြုနိုင်သေးဘူးလို့ ဆန္ဒပြခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

“PhD ဒေါက်တာ ဆရာမလေးပါ။ သူ့ကိုဆုံးတယ်လို့ အတည်ပြုလို့တော့ မရသေးဘူးဗျ။ ဆေးရုံကြီးမှာလည်း မရှိဘူး။ တခြားသူတွေကို ထားတဲ့နေရာတွေမှာလည်း မရှိဘူးဗျ။ အဲ့ဒါကို ခုထိတော့ အတည်မပြုရသေးဘူး။ ဒါပေမယ့် ဆုံးတယ်လို့တော့ ပြောနေကြတယ်ပေ့ါနှော်။ ကျနော်တို့လည်း အဲ့ဒါကို လိုက်ပြီးတော့ စုံစမ်းနေပါတယ်။ ဒဏ်ရာရတဲ့ အမျိုးသားကိုတော့ ဘုန်းကြီးကိုယ်တိုင်က Request လုပ်ပြီးတော့ ဆေးရုံတင်ထားတာတော့ ရှိပါတယ်။ ဒီ ပစ်ခတ်တာကတော့ ရာဘာကျည်လို့ပြောပေမယ့်လည်း ဆရာမလေးရဲ့သတင်းကတော့ ပျောက်နေတယ်ဗျ။ ကျနော်တို့အရပ်ဖက်အဖွဲ့တွေရော၊ နာကူတွေရော ပေါင်းပြီးတော့ စုံစမ်းနေပါတယ်။ ခုအချိန်ထိတော့ တိတိကျကျ အဖြေမရသေးဘူးဗျ။”

အနောက်မြောက်တိုင်းစစ်ဌာနာချုပ်ကနေ တပ်တွေ မုံရွာမြို့ထဲကို လာမယ်ဆိုတဲ့ သတင်းကြောင့် ကားတွေဝင်မရအောင် မုံရွာမြို့လမ်းတွေကို ပိတ်ဆိုထားကြပေမယ့် အဲ့ဒီ အတားအဆီးတွေကို ဖယ်ရှားပြီး ရဲကားနဲ့ အချုပ်ကားတွေက မုံရွာမြို့ထဲက ထွက်သွားတယ်လို့ပြောပါတယ်။ ဖမ်းဆီးထားတဲ့ ဆန္ဒပြသူတွေကို အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှာ ဖမ်းဆီးထားတယ်လို့ ဆန္ဒပြကျောင်းသားခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

ညနေပိုင်းမှာတော့ ဖမ်းဆီးထားသူတွေထဲက ကျောင်းဆရာမအယောက် ၄၀ လောက်ကို နောက်ထပ် ဆန္ဒပြပွဲတွေမှာ မပါဝင်ဘူးဆိုတဲ့စာမှာ လက်မှတ်ထိုးခိုင်းပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။

ဒီလို ဖမ်းဆီးမှုတွေကြောင့် ဆန္ဒပြတာတွေကတော့ ရပ်တန့်သွားမှာမဟုတ်ဘဲ ပိုပြီး အရှိန်မြှင့်ဆောင်ရွက်ကြမှာဖြစ်တယ်လို့ ကျောင်းသားခေါင်းဆောင်တွေက ပြောပါတယ်ရှင်။

#MyanmarMilitaryCoup #MyanmarProtest #MonywaProtest #WhatIsHappeningInMyanamr #VOABurmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG