သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မႏၲေလးဆႏၵျပပဲြ အၾကမ္းဖက္ႏွိမ္နင္းခံရမႈေမးျမန္းခ်က္


မႏၱေလးၿမိဳ႕ ၿငိမ္းခ်မ္းစြာဆႏၵေဖာ္ထုတ္မႈမွာ ပါဝင္ခဲ့ၾကတဲ့ သံဃာေတာ္မ်ား (၂၇၊ ေဖေဖၚဝါရီ၊ ၂၀၂၁)

မႏၱေလးမွာလည္း စစ္အာဏာသိမ္းမႈကို ၿငိမ္းခ်မ္းစြာဆႏၵျပသူေတြကို အာဏာပိုင္ေတြဘက္က ဒီေန႔မွာလည္း အၾကမ္းဖက္ၿဖိဳခဲြခဲ့ၿပီး ထိခုိက္ဒဏ္ရာရတာေတြ၊ ဖမ္းဆီးတာေတြရွိတယ္လို႔ ဆႏၵျပေခါင္းေဆာင္တဦးျဖစ္တဲ့ ေဒါက္တာေတဇာဆန္းက ေျပာပါတယ္။ ဒီအေျခအေနနဲ႔ပတ္သက္ၿပီး ကိုရန္ႏုိင္က ဆက္သြယ္ေမးျမန္ထားပါတယ္။

ရန္ႏုိင္။ ။ ကိုေတဇာဆန္းေရ ဒီေန႔ မႏၱေလးဘက္က ဆႏၵျပပဲြအေျခအေနေတြ ဘယ္လိုရွိပါသလဲ။

ေဒါက္တာေတေဇာဆန္း။ ။ ဒီေန႔မွာေတာ့ မနက္ခင္းလင္း အေစာႀကီး ၈ နာရီ ၉နာရီေလာက္ကတည္းက ရဲ နဲ႔ စစ္သားေတြက တၿမိဳ႕လုံးလွည့္ၿပီးေတာ့ လုံၿခဳံေရးအင္အားအမ်ားအျပားခ်ထားတယ္။ က်ေနာ္တုိ႔မႏၱေလးရဲ႕ ခါတုိင္း ဆႏၵျပေနက်ေနရာေတြေပါ့ေနာ္။ ဘူတာႀကီးေရွ႕၊ မႏၱေလးတကၠသိုလ္ အဝင္ေပါက္ေရွ႕နဲ႔ ရွမ္းတုိင္းရင္းသားအသင္းအေရွ႕ေတြမွာ။ ေနာက္ ဆႏၵျပပဲြေတြကိုလည္း ၿဖိ္ဳခဲြတယ္။ လူစုလူေဝးစလုပ္လို႔မရေအာင္အထိကို ၿဖိဳခဲြတယ္။ ရွမ္းတုိင္းရင္းသားေဒသတင္း႐ုံးေရွ႕မွာဆုိရင္လည္း သူတုိ႔ကေသနတ္က်ည္အစစ္ ေဖာက္တယ္။ ေနာက္ဖမ္းတယ္၊ ရုိက္ႏွက္တာေတြရွိတယ္။ ေနာက္ မႏၱေလးတုိင္း အမ်ိဳးသားဒီမုိကေရစီအဖဲြ႔ခ်ဳပ္႐ုံးေရွ႕မွာထုိင္ေနတဲ့ မႏၱေလးတုိင္း NLD ရဲ႕ ဒုဥကၠ႒ ေဒၚဝင္းျမျမနဲ႔ တုိင္းေကာ္မတီဝင္ ကိုေအးသိန္းတုိ႔ကိုလည္း ဖမ္းသြားတယ္။ အဓိကဆုိးတာကေတာ့ သူတုိ႔ စစ္ကားေတြ၊ ရဲကားေတြက လွည့္ရင္းနဲ႔ ေတြ႔သမွ်လမ္းေပၚမွာရွိတဲ့ ျပည္သူေတြကို ဘတ္ခြ (ေလးခြ)ေတြနဲ႔ ေလွ်ာက္ပစ္တယ္။ ျမေတာင္ေက်ာင္းထဲမွာဆုိရင္ ေက်ာင္းသားတေယာက္ ေလာက္ေလးခြမွန္တာ မ်က္စိကိုမွန္တာ ေတာ္ေတာ္ေလး ဒဏ္ရာဆုိးတယ္။ ဒီေန႔ကေတာ့ က်ေနာ္တုိ႔ မႏၱေလးမွာ ေတာ္ေတာ္ေလး ဆုိးဆုိးရြားရြားပါပဲခင္ဗ်။

ရန္ႏုိင္။ ။ ထိခုိက္ဒဏ္ရာရတဲ့သူဦးေရ အခုေနာက္ဆုံးဘယ္ေလာက္ေလာက္ ရွိတယ္လို႔ ၾကားပါသလဲ။

ေဒါက္တာေတဇာဆန္း။ ။ ရွမ္းတုိင္းရင္းသားအသင္း႐ုံးေရွ႕မွာ ႐ုိက္ႏွက္ခံရတာေတြရွိတယ္။ ေသနတ္ေဖာက္တာေတြရွိတယ္။ အဲဒီေတာ့ က်ေနာ္ထင္တယ္ အနည္းဆုံးဖမ္းဆီးခံရတာကိုက ၂၀ ေက်ာ္ရွိတယ္။ ထိခုိက္ဒဏ္ရာရတဲ့သူေတြလည္း အမ်ားႀကီးရွိၿပီး ၊ ထြက္ေျပးၾကပါတယ္။ ထြက္ေျပးေတာ့ အိမ္ေတြထဲကို၀င္ေတာ့ အိမ္ေတြကလည္း လက္ခံတဲ့အခါမွာ အိမ္ရွင္ကိုပါ ႐ိုက္တဲ့အဆင့္ပါရွိပါတယ္။ အိမ္ထဲအထိ လိုက္ဖမ္းတာေတြလည္းရွိပါတယ္။ ဘတ္ခြ (ေလးခြ) မွန္ၿပီး ဒဏ္ရာရတဲ့သူေတြလည္း အမ်ားႀကီးပါပဲခင္ဗ်။

ရန္ႏုိင္။ ။ အခုဆုိရင္ ရန္ကုန္အပါအ၀င္ ၿမိဳ႕အေတာ္မ်ားမ်ားမွာ အာဏာပိုင္ေတြဘက္က ၿငိ္မ္းခ်မ္းစြာ ဆႏၵျပေနတဲ့သူေတြကို အၾကမ္းဖက္ၿဖိဳခဲြတာေတြလုပ္လာတယ္။ ဒီအေပၚမွာေရာ ဘယ္လိုျမင္ပါသလဲ ဘယ္လိုသုံးသပ္ပါသလဲ။

ေဒါက္တာေတဇာဆန္း။ ။ ဒါကေတာ့ အာဏာရွင္ေတြရဲ႕ စ႐ုိက္လကၡဏာပါပဲခင္ဗ်။ ဒီအာဏာရွင္ေတြသည္ သူတုိ႔ကိုဆန္႔က်င္တဲ့ လက္မခံတဲ့ ၿငိမ္းခ်မ္းစြာဆႏၵျပေနတဲ့ျပည္သူေတြကို အၾကမ္းဖက္ ၊ အင္အားအလြန္အကၽြံသုံးၿပီးေတာ့ အဓမၼၿဖိဳခဲြေနတာ၊ အာဏာရွင္ရဲ႕ စ႐ုိက္လကၡဏာပါပဲခင္ဗ်ာ။ သုိ႔ေသာ္က်ေနာ္တုိ႔ ျပည္သူလူထုအေနနဲ႔ကေတာ့ ဒါေတြကို က်ေနာ္တုိ႔က ေၾကာက္ရြံ႔႕ေနဖို႔မဟုတ္ဘဲ မိိမိတို႔ရဲ႕ မူလရပ္တည္ခ်က္ျဖစ္တဲ့ စစ္မွန္တဲ့ ဖယ္ဒရယ္ဒီမုိကေရစီေတာင္းဆုိပဲြကို ဆက္လက္ဆင္ႏဲြေနၾကဖို႔ပါပဲ။ ဒိဗန႔ဆုိရင္ သူတုိ႔က ၿဖိဳခြဲတယ္။ သို႔ေသာ္ က်ေနာ္တုိ႔က တတ္ႏုိင္သမွ်လူစုၿပီးေတာ့ လမ္းေလွ်ာက္လို႔မရလွ်င္ ထုိင္သပိတ္လုပ္တယ္၊ ေရာက္ေနတဲ့ေနရာမွာပဲ ထုိင္ၿပီးေတာ့ ဆႏၵျပတာေတြ လုပ္ပါတယ္။ က်ေနာ္တုိ႔ ျပည္သူလူထုေတြအေနနဲ႔ မိမိတုိ႔ တတ္ႏုိင္တဲ့ အသြင္ပုံစ၊ နည္းနာ အစုံနဲ႔ ဆက္လက္ၿပီးေတာ့ ေဆာင္ရြက္ၾကဖို႔ပါပဲ။

ရန္ႏုိင္။ ။ ဒီလိုၿဖိဳခြင္းတဲ့ေနရာမွာ အာဏာပိုင္ေတြဘက္က အရပ္သားျပည္သူေတြကို ေလးခြေတြနဲ႔ပစ္တယ္၊ အိမ္ေတြထဲအထိ လိုက္ဆဲြေနတယ္ဟာေတြက ဥပေဒနဲ႔ ကိုက္ညီမႈရွိရဲ႕လား။

ေဒါက္တာေတဇာဆန္း။ ။ က်ေနာ္တုိ႔ျပည္သူမွာက လက္နက္ဆုိလို႔ ဘာဆုိဘာမွ မပါဘူးဗ်။ ၿငိမ္းခ်မ္းစြာ ေႂကြးေၾကာ္တယ္ ဆႏၵေဖာ္ထုတ္တယ္။ က်ေနာ္တုိ႔ကေတာ့ မိမိတုိ႔ရဲ႕မူလရပုိင္ခြင့္ အခြင့္အေရးျဖစ္တဲ့ ၊ လြတ္လပ္စြာ မိမိဆႏၵသေဘာထားကို ၿငိမ္းခ်မ္းစြာ ေဖာ္ျပေနၾကျခင္းျဖစ္ပါတယ္ခင္ဗ်။ ဒါကိုအခုအာဏာသိမ္းစစ္အုပ္စုက လက္နက္မ်ိဳးစုံ နဲ႔ အၾကမ္းဖက္နည္း အစုံသုံးၿပီး အဓမၼၿဖိဳခြင္းေနတဲ့ လုပ္ရပ္သည္ ဘယ္လိုမွ၊ ဘယ္ဥပေဒရႈေထာင့္ကၾကည့္ၾကည့္၊ တရားဥပေဒနဲ႔ မေလ်ာ္ညီတဲ့ လူသားမဆန္တဲ့ အၾကမ္းဖက္လုပ္ရပ္လို႔ပဲ က်ေနာ္အေနနဲ႔ ရႈျမင္ပါတယ္။

ရန္ႏုိင္။ ။ ေနာက္တခုၾကားတာက အာဏာပိုင္ေတြက လူေတြကိုဖမ္းသြားတယ္ ၊ ဆုိင္ကယ္ေတြကိုဖမ္းသြားတယ္။ ဒီလိုဖမ္းသြားတာေတြနဲ႔ ပတ္သက္ၿပီး ပိုက္ဆံေပးရင္ ျပန္လႊတ္ေပးတာေတြ၊ ဆုိင္ကယ္ေတြျပန္လႊတ္ေပးတာေတြ ရွိေနတယ္လို႔ သိရပါတယ္။ဒီအေပၚမွာေရာ တစုံတရာ ဘယ္လိုမွတ္ခ်က္ေပးခ်င္လဲ။

ေဒါက္တာေတဇာဆန္း။ ။ မႏၱေလးမွာ ဒီေန႔ဆုိရင္ အဲဒီရွမ္းတုိင္းရင္းသားအသင္း႐ုံးေရွ႕မွာ ျဖစ္သြားတယ္။ အဲဒီမွာ ဆုိင္ကယ္ေတြ၊ ကားေတြကို သူတုိ႔ ကရိန္းေတြနဲ႔လာဆဲြသြားတယ္။ ၿပီးေတာ့ အဲဒါကို ၂ သိန္း ၊၂ သိန္းခဲြနဲ႔ လာေရြးခုိင္တယ္လို႔ သိရတယ္။ လူေတြေရာ ဆုိင္ကယ္နဲ႔ ကား (ယာဥ္) ေတြေရာေပါ့။ ဒါက ဆက္ေၾကးေတာင္းတဲ့သေဘာ၊ ဓါးျပတုိက္တဲ့သေဘာႀကီးေပါ့ေနာ္၊ဘယ္လိုမွ ရဲတပ္ဖဲြ႔ေတြ၊ လုံၿခဳံေရးတပ္ဖဲြ႔ေတြအေနနဲ႔ လုပ္သင့္လုပ္ထုိက္တဲ့ကိစၥမဟုတ္ဘူးဗ်ာ။ လူသားတေယာက္အေနနဲ႔ လုပ္သင့္လုပ္ထုိက္တဲ့ အလုပ္မဟုတ္တဲ့ကိစၥေတြကို လုပ္ေနၾကျခင္းပဲျဖစ္ပါတယ္ခင္ဗ်။

တိုက္႐ိုက္ လင့္ခ္

Unicode

မန္တလေးမှာလည်း စစ်အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို အာဏာပိုင်တွေဘက်က ဒီနေ့မှာလည်း အကြမ်းဖက်ဖြိုခွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရတာတွေ၊ ဖမ်းဆီးတာတွေရှိတယ်လို့ ဆန္ဒပြခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါက်တာတေဇာဆန်းက ပြောပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်ပြီး ကိုရန်နိုင်က ဆက်သွယ်မေးမြန်ထားပါတယ်။

ရန်နိုင်။ ။ ကိုတေဇာဆန်းရေ ဒီနေ့ မန္တလေးဘက်က ဆန္ဒပြပွဲအခြေအနေတွေ ဘယ်လိုရှိပါသလဲ။

ဒေါက်တာတေဇောဆန်း။ ။ ဒီနေ့မှာတော့ မနက်ခင်းလင်း အစောကြီး ၈ နာရီ ၉နာရီလောက်ကတည်းက ရဲ နဲ့ စစ်သားတွေက တမြို့လုံးလှည့်ပြီးတော့ လုံခြုံရေးအင်အားအများအပြားချထားတယ်။ ကျနော်တို့မန္တလေးရဲ့ ခါတိုင်း ဆန္ဒပြနေကျနေရာတွေပေါ့နော်။ ဘူတာကြီးရှေ့၊ မန္တလေးတက္ကသိုလ် အဝင်ပေါက်ရှေ့နဲ့ ရှမ်းတိုင်းရင်းသားအသင်းအရှေ့တွေမှာ။ နောက် ဆန္ဒပြပွဲတွေကိုလည်း ဖြိုခွဲတယ်။ လူစုလူဝေးစလုပ်လို့မရအောင်အထိကို ဖြိုခွဲတယ်။ ရှမ်းတိုင်းရင်းသားဒေသတင်းရုံးရှေ့မှာဆိုရင်လည်း သူတို့ကသေနတ်ကျည်အစစ် ဖောက်တယ်။ နောက်ဖမ်းတယ်၊ ရိုက်နှက်တာတွေရှိတယ်။ နောက် မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့မှာထိုင်နေတဲ့ မန္တလေးတိုင်း NLD ရဲ့ ဒုဥက္ကဋ္ဌ ဒေါ်ဝင်းမြမြနဲ့ တိုင်းကော်မတီဝင် ကိုအေးသိန်းတို့ကိုလည်း ဖမ်းသွားတယ်။ အဓိကဆိုးတာကတော့ သူတို့ စစ်ကားတွေ၊ ရဲကားတွေက လှည့်ရင်းနဲ့ တွေ့သမျှလမ်းပေါ်မှာရှိတဲ့ ပြည်သူတွေကို ဘတ်ခွ (လေးခွ)တွေနဲ့ လျှောက်ပစ်တယ်။ မြတောင်ကျောင်းထဲမှာဆိုရင် ကျောင်းသားတယောက် လောက်လေးခွမှန်တာ မျက်စိကိုမှန်တာ တော်တော်လေး ဒဏ်ရာဆိုးတယ်။ ဒီနေ့ကတော့ ကျနော်တို့ မန္တလေးမှာ တော်တော်လေး ဆိုးဆိုးရွားရွားပါပဲခင်ဗျ။

ရန်နိုင်။ ။ ထိခိုက်ဒဏ်ရာရတဲ့သူဦးရေ အခုနောက်ဆုံးဘယ်လောက်လောက် ရှိတယ်လို့ ကြားပါသလဲ။

ဒေါက်တာတေဇာဆန်း။ ။ ရှမ်းတိုင်းရင်းသားအသင်းရုံးရှေ့မှာ ရိုက်နှက်ခံရတာတွေရှိတယ်။ သေနတ်ဖောက်တာတွေရှိတယ်။ အဲဒီတော့ ကျနော်ထင်တယ် အနည်းဆုံးဖမ်းဆီးခံရတာကိုက ၂၀ ကျော်ရှိတယ်။ ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်း အများကြီးရှိပြီး ၊ ထွက်ပြေးကြပါတယ်။ ထွက်ပြေးတော့ အိမ်တွေထဲကိုဝင်တော့ အိမ်တွေကလည်း လက်ခံတဲ့အခါမှာ အိမ်ရှင်ကိုပါ ရိုက်တဲ့အဆင့်ပါရှိပါတယ်။ အိမ်ထဲအထိ လိုက်ဖမ်းတာတွေလည်းရှိပါတယ်။ ဘတ်ခွ (လေးခွ) မှန်ပြီး ဒဏ်ရာရတဲ့သူတွေလည်း အများကြီးပါပဲခင်ဗျ။

ရန်နိုင်။ ။ အခုဆိုရင် ရန်ကုန်အပါအဝင် မြို့အတော်များများမှာ အာဏာပိုင်တွေဘက်က ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့သူတွေကို အကြမ်းဖက်ဖြိုခွဲတာတွေလုပ်လာတယ်။ ဒီအပေါ်မှာရော ဘယ်လိုမြင်ပါသလဲ ဘယ်လိုသုံးသပ်ပါသလဲ။

ဒေါက်တာတေဇာဆန်း။ ။ ဒါကတော့ အာဏာရှင်တွေရဲ့ စရိုက်လက္ခဏာပါပဲခင်ဗျ။ ဒီအာဏာရှင်တွေသည် သူတို့ကိုဆန့်ကျင်တဲ့ လက်မခံတဲ့ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ပြည်သူတွေကို အကြမ်းဖက် ၊ အင်အားအလွန်အကျွံသုံးပြီးတော့ အဓမ္မဖြိုခွဲနေတာ၊ အာဏာရှင်ရဲ့ စရိုက်လက္ခဏာပါပဲခင်ဗျာ။ သို့သော်ကျနော်တို့ ပြည်သူလူထုအနေနဲ့ကတော့ ဒါတွေကို ကျနော်တို့က ကြောက်ရွံ့နေဖို့မဟုတ်ဘဲ မိမိတို့ရဲ့ မူလရပ်တည်ချက်ဖြစ်တဲ့ စစ်မှန်တဲ့ ဖယ်ဒရယ်ဒီမိုကရေစီတောင်းဆိုပွဲကို ဆက်လက်ဆင်နွဲနေကြဖို့ပါပဲ။ ဒိဗန့ဆိုရင် သူတို့က ဖြိုခွဲတယ်။ သို့သော် ကျနော်တို့က တတ်နိုင်သမျှလူစုပြီးတော့ လမ်းလျှောက်လို့မရလျှင် ထိုင်သပိတ်လုပ်တယ်၊ ရောက်နေတဲ့နေရာမှာပဲ ထိုင်ပြီးတော့ ဆန္ဒပြတာတွေ လုပ်ပါတယ်။ ကျနော်တို့ ပြည်သူလူထုတွေအနေနဲ့ မိမိတို့ တတ်နိုင်တဲ့ အသွင်ပုံစ၊ နည်းနာ အစုံနဲ့ ဆက်လက်ပြီးတော့ ဆောင်ရွက်ကြဖို့ပါပဲ။

ရန်နိုင်။ ။ ဒီလိုဖြိုခွင်းတဲ့နေရာမှာ အာဏာပိုင်တွေဘက်က အရပ်သားပြည်သူတွေကို လေးခွတွေနဲ့ပစ်တယ်၊ အိမ်တွေထဲအထိ လိုက်ဆွဲနေတယ်ဟာတွေက ဥပဒေနဲ့ ကိုက်ညီမှုရှိရဲ့လား။

ဒေါက်တာတေဇာဆန်း။ ။ ကျနော်တို့ပြည်သူမှာက လက်နက်ဆိုလို့ ဘာဆိုဘာမှ မပါဘူးဗျ။ ငြိမ်းချမ်းစွာ ကြွေးကြော်တယ် ဆန္ဒဖော်ထုတ်တယ်။ ကျနော်တို့ကတော့ မိမိတို့ရဲ့မူလရပိုင်ခွင့် အခွင့်အရေးဖြစ်တဲ့ ၊ လွတ်လပ်စွာ မိမိဆန္ဒသဘောထားကို ငြိမ်းချမ်းစွာ ဖော်ပြနေကြခြင်းဖြစ်ပါတယ်ခင်ဗျ။ ဒါကိုအခုအာဏာသိမ်းစစ်အုပ်စုက လက်နက်မျိုးစုံ နဲ့ အကြမ်းဖက်နည်း အစုံသုံးပြီး အဓမ္မဖြိုခွင်းနေတဲ့ လုပ်ရပ်သည် ဘယ်လိုမှ၊ ဘယ်ဥပဒေရှုထောင့်ကကြည့်ကြည့်၊ တရားဥပဒေနဲ့ မလျော်ညီတဲ့ လူသားမဆန်တဲ့ အကြမ်းဖက်လုပ်ရပ်လို့ပဲ ကျနော်အနေနဲ့ ရှုမြင်ပါတယ်။

ရန်နိုင်။ ။ နောက်တခုကြားတာက အာဏာပိုင်တွေက လူတွေကိုဖမ်းသွားတယ် ၊ ဆိုင်ကယ်တွေကိုဖမ်းသွားတယ်။ ဒီလိုဖမ်းသွားတာတွေနဲ့ ပတ်သက်ပြီး ပိုက်ဆံပေးရင် ပြန်လွှတ်ပေးတာတွေ၊ ဆိုင်ကယ်တွေပြန်လွှတ်ပေးတာတွေ ရှိနေတယ်လို့ သိရပါတယ်။ဒီအပေါ်မှာရော တစုံတရာ ဘယ်လိုမှတ်ချက်ပေးချင်လဲ။

ဒေါက်တာတေဇာဆန်း။ ။ မန္တလေးမှာ ဒီနေ့ဆိုရင် အဲဒီရှမ်းတိုင်းရင်းသားအသင်းရုံးရှေ့မှာ ဖြစ်သွားတယ်။ အဲဒီမှာ ဆိုင်ကယ်တွေ၊ ကားတွေကို သူတို့ ကရိန်းတွေနဲ့လာဆွဲသွားတယ်။ ပြီးတော့ အဲဒါကို ၂ သိန်း ၊၂ သိန်းခွဲနဲ့ လာရွေးခိုင်တယ်လို့ သိရတယ်။ လူတွေရော ဆိုင်ကယ်နဲ့ ကား (ယာဉ်) တွေရောပေါ့။ ဒါက ဆက်ကြေးတောင်းတဲ့သဘော၊ ဓါးပြတိုက်တဲ့သဘောကြီးပေါ့နော်၊ဘယ်လိုမှ ရဲတပ်ဖွဲ့တွေ၊ လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စမဟုတ်ဘူးဗျာ။ လူသားတယောက်အနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်မဟုတ်တဲ့ကိစ္စတွေကို လုပ်နေကြခြင်းပဲဖြစ်ပါတယ်ခင်ဗျ။

#MyanmarMilitaryCoup #MyanmarProtest #MandalayProtest #WhatIsHappeningInMyanamr #VOABurmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG