သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြစ်ကြီးနားနဲ့ မော်လမြိုင်ဆန္ဒပြမှုများ ဖမ်းဆီးခံရသူ ရှိ


မြစ်ကြီးနားမြို့က ဆိုင်ကယ်သပိတ် မြင်ကွင်း။ (မတ် ၁၊ ၂၀၂၁)
မြစ်ကြီးနားမြို့က ဆိုင်ကယ်သပိတ် မြင်ကွင်း။ (မတ် ၁၊ ၂၀၂၁)

[Zawgyi/Unicode]

ဒီကနေ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နဲ့ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြတဲ့ပွဲ ဆက်လက်ပြုလုပ်နေတာပါ။ မြစ်ကြီးနားမှာတော့ မော်တော်ဆိုင်ကယ်စီးနင်းဆန္ဒပြကြပြီး လူတယောက်အဖမ်းဆီးခံခဲ့ရသလို မနေ့က အဖမ်းဆီးခံခဲ့ရသူတချို့ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ မော်လမြိုင်မြို့မှာတော့ ဒီနေ့ ဆန္ဒဖော်ထုတ်မှုမှာ အဖမ်းခံရသူတွေ ရှိနေသလို မနေ့က သပိတ်ဖြိုခွင်းမှုကြောင့် တဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာခဲ့ပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် ကိုနိုင်ကွန်းအိန်ကနေသတင်းပေးပို့ထားပါတယ်။

ကချင်ပြည်နယ်မြို့တော်မြစ်ကြီးနားနဲ့ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ဒီကနေ့ ဆန္ဒဖော်ထုတ်မှုမှာ မနေ့ကလောက် အင်အားမများပေမဲ့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ဖမ်းစီးမှုနဲ့ တားဆီးမှုတွေကတော့ ရှိနေတာပါ။

မြစ်ကြီးနားဆိုင်ကယ်သပိတ် မြင်ကွင်း။ (မတ် ၁၊ ၂၀၂၁)
မြစ်ကြီးနားဆိုင်ကယ်သပိတ် မြင်ကွင်း။ (မတ် ၁၊ ၂၀၂၁)

ဒီကနေ့ မြစ်ကြီးနားမြို့ ဆန္ဒပြပွဲမှာတော့ လူငယ်တွေ မော်တော်ဆိုင်ကယ်စီးနင်းဆန္ဒပြကြပြီး လုံခြုံရေးတပ်ဖွဲ့တွေရဲ့ တားဆီးမှုအတွင်း လူတယောက်အဖမ်းဆီးခံခဲ့ရတယ်လို့ ဆန္ဒပြခေါင်းဆောင် တဦးကပြောပါတယ်။

“နောက်ဆုံးအခြေအနေကတော့ ကျနော်တို့ ဆိုင်ကယ်နဲ့ စီတန်းလှည့်လည်တာ ရှိတယ်။ ဆိုင်ကယ်နဲ့ပဲ ဆန္ဒပြတာပေါ့ဗျာ။ အဲဒီဟာကို ရဲတွေက လူစီးကားတွေနဲ့ ဆိုင်ကယ်တွေနဲ့ လိုက်ပြီးမှ လေးခွတွေနဲ့ ပစ်တယ်။ ကားတွေနဲ့ လိုက်တိုက်တယ်။ အဖမ်းဆီးခံရတာကတော့ လူစီးကားတစီးထဲက ပြည်သူထဲက တယောက်က အဲဒီမှာ ရဲတွေက လိုက်ပြီးတော့ ကားတွေနဲ့ လိုက်တိုက်၊ လေးခွနဲ့ ပစ်လို့ မလွတ်ဘဲ ဆန္ဒပြတဲ့လူတွေကြားထဲမှာ သူကကြား ဝင်ပြီးတော့ ခံပေးလိုက်တာ ကားနဲ့။ အဲဒီဟာကိုတော့ ရဲတွေက အမှုဖွင့်မယ်ဆိုပြီးတော့ အခုလောလောဆယ် အမှတ်(၂) မှာ ရောက်နေပါတယ်။ အမှတ်(၂) ရဲစခန်းမှာ။”

မနေ့က မြစ်ကြီးနားမြို့ ဆန္ဒဖော်ထုတ်မှုမှာ လုံခြုံရေးတပ်ဖွဲ့တွေကနေ ရာဘာကျည်တွေနဲ့ ပစ်ခတ်နှိမ်နှင်းမှုကြောင့် လူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိသလို ၈၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။

ဖမ်းဆီးခြင်းခံရတဲ့သူတွေကို ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG ကနေ ညှိနှိုင်းမှုကြောင့် လူ ၇၀ ကျော်ပြန်လည်လွတ်မြောက်ခဲ့တယ်လို့ PCG က ဦးလမိုင်ဂွမ်ဂျာကပြောပါတယ်။

“မနေ့က ဖမ်းသွားတဲ့ လူငယ်တွေပြန်လည်လွတ်မြောက်ဖို့ လွှတ်ပေးဖို့အတွက် ကျနော်တို့လည်း ဒီမှာ စီမံကောင်စီ အစိုးရအဖွဲ့ကိုလေ အဲဒါကို ကျနော်တို့ တင်ပြတယ်။ သူတို့လည်း သက်ဆိုင်ရာကို ပြန်အကြောင်းကြားပြီးမှ မနေ့က ပြန်လွှတ်လိုက်တယ်။ မနေ့ကအားလုံး ၇၂ ယောက်လွတ်လာတာတွေ့ရတယ်။ သူတို့စာရင်းအရဆို ၉ ယောက် လောက်ကျန်တယ်လို့ပြောတယ်။”

မြစ်ကြီးနားအပါအဝင် တခြားမိုးညှင်း၊ ပူတာအို စတဲ့မြို့တွေက အရေးခင်းကာလအတွင်းအဖမ်းခံရသူတွေ ပြန်လည် လွတ်မြောက်ဖို့ ဆက်လက်ညှိနှိုင်းနေဆဲလို့ ဦးလမိုင်ဂွမ်ဂျာကဆိုပါတယ်။

အလားတူ မွန်ပြည်နယ် မော်လမြိုင်မြို့မှာလည်း ဒီကနေ့ ဆန္ဒဖော်ထုတ်မှုမှာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ဖမ်းဆီးမှုတွေ ရှိခဲ့တယ်လို့ ကျောင်းသားသပိတ်ခေါင်းဆောင်တဦးကပြောပါတယ်။

“ဒီနေ့ကတော့ ပြန်ခွါဆုတ်စစ် အဲဒီလိုပုံစံမျိုး သဘောမျိုးပါပဲ။ ကျနော်တို့ ထိပ်တိုက်ကြီး မတွေ့ကြဘူး။ ပြီးတော့ လမ်းကြောင်းတွေနဲ့ တကူးတကကြီး မသွားကြဘူး။ နီးစပ်ရာနီးစပ်ရာတွေ၊ စုပြီးတော့ပြတဲ့သဘောမျိုးပဲ။ ဘာမှလည်း ပစ်ခတ်မှု မရှိပါဘူး။ ဒီနေ့တော့ အဖမ်းခံရတယ်ဗျ။ ရွှေမြိုင်သီရိမှာပေါ့နော်... ထိုင်တဲ့သူတွေထဲက ၅ ယောက်ထက်မနည်းတော့ အဖမ်းခံရတာရှိပါတယ်ဗျ။”

မနေ့က မော်လမြိုင်မြို့အတွင်း ဆန္ဒပြမှုမှာ လုံခြုံရေးတပ်ဖွဲ့တွေကနေ ရာဘာကျည်သေနတ်တွေနဲ့ သပိတ်ဖြိုခွင်းမှုအတွင်း လူ ၁ ဦး သေဆုံးခဲ့ပြီး အများပြားဒဏ်ရာရခဲ့တယ်လို့ အဆိုပါကျောင်းသား သပိတ်ခေါင်းဆောင် တဦးကပဲ ဆက်ပြောပါတယ်။

“မနေ့က သေဆုံးမှုကတော့ တယောက်ပေါ့နော်။ ဒီနေ့တော့ သူ့ အသုဘချတယ်ပေါ့နော်။ အစ္စလမ်ဆိုတော့ ဓလေ့ထုံးစံနဲ့ အညီအသုဘချတယ်။ နောက်တယောက်က ထပ်ထိတာကတော့ အခြေအနေကတော့ ပြောလို့မရသေးဘူးပေါ့နော်။ ထိခိုက်မှုကတော့ ၃၀ ကျော်၊ ၄၀ နီးပါးလောက် ထိခိုက်မှု ဖြစ်တယ်။”

မနေ့က တနိုင်ငံလုံးအတိုင်းတာနဲ့ ဆန္ဒပြသပိတ်မှောက်ခဲ့ရာမှာ ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ မော်လမြိုင်၊ ထားဝယ်မြို့တွေက သပိတ်စစ်ကြောင်း ဖြိုခွင်းခံရမှုမှာ အနည်းဆုံး ၂၀ ဦးသေဆုံးမှု ရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]













“မနေ့က သဆေုံးမှုကတော့ တယောကျပေါ့နောျ။ ဒီနေ့တော့ သူ့ အသုဘခတြယျပေါ့နောျ။ အစ်စလမျဆိုတော့ ဓလေ့ထုံးစံနဲ့ အညီအသုဘခတြယျ။ နောကျတယောကျက ထပျထိတာကတော့ အခွအေနကေတော့ ပွောလို့မရသေးဘူးပေါ့နောျ။ ထိခိုကျမှုကတော့ ၃၀ ကြောျ၊ ၄၀ နီးပါးလောကျ ထိခိုကျမှု ဖွဈတယျ။”


XS
SM
MD
LG