သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမစ္ႀကီးနားဆႏၵျပၿဖိဳခြဲခံရမႈ လူ ၄၀ ထက္မနည္း ဖမ္းဆီးခံရ 


ျမစ္ႀကီးနားၿမိဳ႕ အၾကမ္းဖက္ၿဖိဳခြဲတဲ့လံုၿခံဳေရးတပ္ဖြဲ႔ေတြကို တားဆီးေနတဲ့ ခရစ္ယာန္သီလရွင္တဦး (ဓာတ္ပံု Mustard Seed for Life Myanmar/Feb 28th, 2021)

ZawGyi/Unicode

ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕က ဒီကေန႔ စစ္အာဏာရွင္ဆန႔္က်င္ေရး ဆႏၵျပသပိတ္စစ္ေၾကာင္းကို လုံၿခံဳေရးတပ္ဖြဲ႔ေတြ ျဖိဳခြင္းခဲ့ရာမွာ ထိခိုက္ဒဏ္ရာရရွိခဲ့သလို လူအမ်ားအျပားဖမ္းဆီးခံခဲ့ၾကရပါတယ္။ ဒီအေျခအေနကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ နိုင္ကြန္းအိန္ သတင္းေပးပို႔ထားပါတယ္။

ျမစ္ႀကီးနားသပိတ္
ျမစ္ႀကီးနားသပိတ္

ဒီကေန႔မနက္ ျမစ္ၾကီးနားျမိဳ႕မွာ စစ္အာဏာရွင္ဆန႔္က်င္ေရးဆႏၵျပသပိတ္စစ္ေၾကာင္းကို လုံၿခံဳေရးတပ္ဖြဲ႔ေတြက ပစ္ေဖာက္ျဖိဳခြင္းခဲ့တယ္လို႔ သပိတ္ဦးေဆာင္သူအမ်ိဳးသမီးတဦးကေျပာပါတယ္။

“အခုလက္ရွိေနာက္ဆုံးအေျခအေနကေတာ့ ဒီမနက္ပိုင္းကေနေျပာမယ္ဆိုရင္ က်မတို႔စုရပ္အေနနဲ႔ Plan A-B ထားရွိတယ္ေပါ့့။ Plan A-B ထားရွိခဲ့ေပမဲ့ သပိတ္စစ္ေၾကာင္းဆိုလို႔ရွိရင္ ကားေတြအမ်ားႀကီးနဲ႔ ပထမစုရပ္ Plan A ၿဖိဳခြဲခံရတယ္ေပါ့ေနာ္။ ၿပီးရင္ Plan B အေနနဲ႔ က်မတို႔ျပန္စုတဲ့အခါ ရဲေတြက အဲဒီ Plan A ေနရာမွာမစုေတာ့ဘဲနဲ႔ ဒီ Plan B ကို အကုန္လုံး ဝိုင္းရံျပီး က်မတို႔ရဲ႕ဒီစုရပ္ကို ျပန္ၿပီးၿဖိဳခြဲပါတယ္။ အခုေနာက္ဆုံးေတာ့ Plan B စုရပ္မွာပဲက်မတို႔ အကုန္ျပန္ေရာက္လာပါတယ္။ ဒါေပမဲ့ ဒီ အထက (၁)ေက်ာင္းဘက္မွာရွိေနတဲ့အုပ္စုတခုကေတာ့ အဝိုင္းခံေနရတယ္ေပါ့ေနာ္။ ဒါေပမဲ့ အခုအေနအထားက်ေတာ့လည္း အကုန္လုံးလည္း ျပန္သြားၾကျပီ။ အဲဒီလိုရွိပါတယ္။ ၿဖိဳခြဲေတာ့ က်မတို႔ ဒီ လမ္းေၾကာင္းအတိုင္းကိုေတာ့ စစ္ကားရယ္ ၿပီးေတာ့ ရဲေတြရယ္-အမ်ားႀကီး ဝန္းရံၿပီး ေသနတ္သံေတြန႔ဲေပါ့ေနာ္- ျခိမ္းေျခာက္တာမ်ိဳးတို႔၊ ပစ္တာမ်ိဳး။ မ်က္ရည္ယိုဗံုးေပါ့ေနာ္ အဲဒီလိုပစ္ေတာ့ က်မ တို႔ လူစုကြဲသြားတယ္ေပါ့ေနာ္။”

လုံၿခံဳေရးတပ္ဖြဲ႔ေတြကေန သပိတ္ေတြကိုျဖိဳခြင္းရာမွာ ထိခိုက္ဒဏ္ရာရရွိသူေတြရွိသလို (၄၀) ဦးထက္မနည္းအဖမ္းဆီးခံရတယ္လို႔ သပိတ္ေခါင္းေဆာင္တဦးက ေျပာပာတယ္။

“ဖမ္းဆီးထိန္းသိမ္းခံရတာကေတာ့ စုစုေပါင္း (၄၈) ေယာက္ရွိပါတယ္ဗ်။ ဒဏ္ရာရတာ က်ေနာ္သိတာ က (၅) ဦးေပါ့။ (၄) ေယာက္ကေတာ့ သာမန္ဒဏ္ရာထိထားျပီး တေယာက္ကေတာ့ ေလာေလာဆယ္ဆယ္ ျပင္ပေဆးရံုမွာတင္ထားပါတယ္။”

ဒီေန႔ ဆႏၵျပပြဲျဖိဳခြင္းခံရအျပီး လူအမ်ားအျပားဖမ္းဆီးခံရတဲ့အထဲမွာ သတင္းေထာက္တဦးလည္း ပါသြားေၾကာင္း ဆႏၵျပပြဲမွသတင္းယူေနတဲ့ သတင္းေထာက္ တဦးကေျပာပါတယ္။

“သူက အေရွ႕ကေနမပိတ္ဘဲနဲ႔ အေနာက္ကေန ရာဘာေသနတ္က လူစုခြဲတယ္ေလ ပစ္တယ္။ ပစ္ေတာ့ အဲဒီ လူစုကျပန္ကြဲသြားတယ္။ က်ေနာ့္ေရွ႕မွာပဲ ဒဏ္ရာရသူ (၃) ေယာက္ေလာက္ရွိတယ္။ အဲဒီအနားမွာက ဘုရားေက်ာင္း တခုရွိတယ္။ က်ေနာ္တို႔ကေတာ့ ဘုရားေက်ာင္းထဲကိုေျပးဝင္တယ္။ ဘုရားေက်ာင္းကိုေတာ့ သူတို႔ (၄) ဘက္ ပိတ္လိုက္တယ္။ ေပးမထြက္ဘူး အၾကာႀကီးပဲ။ အဖမ္းခံရတဲ့သူေတြကလည္း ကား (၂) စီး (၃) စီးေလာက္ရွိတယ္။ 74 မီဒီယာ ျမစ္ႀကီးနားအေျခစိုက္ေပါ့။ အဲဒီက ကင္မရာမင္းတေယာက္ပါသြားတယ္လို႔ ေျပာပာတယ္။”

အဖမ္းဆီးခံရတဲ့ဆႏၵျပသူေတြျပန္လည္လြတ္ေျမာက္ေရးအတြက္ ျမိဳ႕သူျမိဳ႕သားေတြေရာ ဘာသာေရးဆိုင္ရာအၾကီးအကဲေတြေရာ ကခ်င္ျငိမ္းခ်မ္းေရးအဖြဲ႔ PCG ကပါ ႀကိဳးပမ္းေနပါတယ္။

လက္ရွိအဖမ္းခံရတဲ့သူေတြ လြတ္ေျမာက္ေရးအတြက္ႀကိဳးပမ္းေနဆဲပဲလို႔ PCG အဖြဲ႔က ဦးလမိုင္ဂြမ္ဂ်ာကေျပာပါတယ္။

“သူတို႔ ေထာင္ထဲ ပို႔လိုက္ၿပီ။ ဒီေန႔ အေယာက္ (၄၀) ေလာက္ရွိတယ္ထင္တယ္။ အားလုံးပြဲသိမ္းတဲ့အခါက်မွပဲ သပိတ္သိမ္းတဲ့အခါက်မွပဲ ေျပာရမယ္။”

ဒီေန႔မနက္ပိုင္းမွာ ကခ်င္ျပည္နယ္တြင္း ဝိုင္းေမာ္၊ ပူတာအို၊ ဗန္းေမာ္ျမိဳ႕က ဆႏၵျပလူထုေတြကို ရဲတပ္ဖြဲ႔ က လူစုခြဲဖို႔ ေျပာဆိုၿပီး ဆက္လက္ဆႏၵမျပနိုင္ဖို႔ ဖိအားေပးခဲ့ပါတယ္။

မေန႔ကလည္း ဝိုင္းေမာ္ျမိဳ႕ဆႏၵျပပြဲမွာ သပိတ္စစ္ေၾကာင္းျဖိဳခြင္းခံရျပီး သပိတ္ဦးေဆာင္သူ မူလတန္း ေက်ာင္းအုပ္ ဆရာမႀကီး ေဒၚလငန္လြမ္းေနာ္နဲ႔ ေဒသခံအမ်ိဳးသမီးေဒၚဇတန္းဇယ္ၫြယ္တို႔ ႏွစ္ဦးကို ျမစ္ၾကီးနား အက်ဥ္းေထာင္မွာ ဖမ္းဆီးထိန္းသိမ္းထားတယ္လို႔ တက္ႂကြလွဳပ္ရွားသူအမ်ိဳးသမီးတဦးကေျပာပါတယ္။

ဒီရက္ပိုင္းေတြအတြင္း ကခ်င္ျပည္နယ္ ျမစ္ၾကီးနား၊ ဝိုင္းေမာ္၊ မိုးညွင္းနဲ႔ ပူတာအိုဘက္ေတြမွာ ဆႏၵျပသူေတြနဲ႔တက္ႂကြလွဳပ္ရွားသူေတြ (၅၀) ေက်ာ္ အဖမ္းဆီးခံေနရတယ္တယ္လို႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကေျပာပါတယ္။

မေန႔ကလည္း ရန္ကုန္၊ မႏၱေလး၊ မုံရြာ၊ တနသၤာရီတိုင္းေဒသၾကီ၊ ျမိတ္နဲ႔ ထားဝယ္ စတဲ့ ၿမိဳ႕အေတာ္မ်ားမ်ားမွာ စစ္အာဏာသိမ္းမႈကို ဆန႔္က်င္ကန႔္ကြက္ၿပီး ဒီမိုကေရစီေတာင္းဆိုတဲ့ဆႏၵျပပြဲေတြကို တုတ္ကိုင္၊ ေသနတ္ကိုင္ ရဲေတြ၊ အရပ္ဝတ္ေတြက အင္အားအလုံးအရင္းနဲ႔ ပစ္ခတ္ ႐ိုက္ႏွက္ ဖမ္းဆီး ၿဖိဳခြဲမွဳေၾကာင့္ ဒဏ္ရာအမ်ားျပား ရရွိခဲ့သလို အဖမ္းဆီးခံရေတြလည္း မ်ားျပားလာေနပါတယ္။

ေဖေဖာ္ဝါရီလ ၁ ရက္ေန႔က တပ္မေတာ္ကေန အာဏာထိန္းသိမ္းခဲ့ၿပီးတဲ့ေနာက္မွာ နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္၊ သမၼတအပါအဝင္ ျပည္ေထာင္စုအစိုးရအဖြဲ႔ဝင္ေတြ၊ တိုင္းနဲ႔ျပည္နယ္ဝန္ႀကီးခ်ဳပ္ေတြနဲ႔ အစိုးရအဖြဲ႔ဝင္ေတြ၊ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ ထိန္းသိမ္းခံခဲ့ရသလို တိုင္းနဲ႕ျပည္နယ္အားလုံးမွာ ကန္႔ကြက္သပိတ္ေမွာက္ ဆႏၵျပမွဳေတြရွိလာျပီး ဖမ္းဆီးမွဳေတြလည္း တိုးလာေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

Unicode

မြစ်ကြီးနားဆန္ဒပြဖြိုခွဲခံရမှု လူ ၄၀ ထက်မနည်း ဖမ်းဆီးခံရ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့က ဒီကနေ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်စစ်ကြောင်းကို လုံခြုံရေးတပ်ဖွဲ့တွေ ဖြိုခွင်းခဲ့ရာမှာ ထိခိုက်ဒဏ်ရာရရှိခဲ့သလို လူအများအပြားဖမ်းဆီးခံခဲ့ကြရပါတယ်။ ဒီအခြေအနေကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန် သတင်းပေးပို့ထားပါတယ်။

ဒီကနေ့မနက် မြစ်ကြီးနားမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသပိတ်စစ်ကြောင်းကို လုံခြုံရေးတပ်ဖွဲ့တွေက ပစ်ဖောက်ဖြိုခွင်းခဲ့တယ်လို့ သပိတ်ဦးဆောင်သူအမျိုးသမီးတဦးကပြောပါတယ်။

“အခုလက်ရှိနောက်ဆုံးအခြေအနေကတော့ ဒီမနက်ပိုင်းကနေပြောမယ်ဆိုရင် ကျမတို့စုရပ်အနေနဲ့ Plan A-B ထားရှိတယ်ပေါ့။ Plan A-B ထားရှိခဲ့ပေမဲ့ သပိတ်စစ်ကြောင်းဆိုလို့ရှိရင် ကားတွေအများကြီးနဲ့ ပထမစုရပ် Plan A ဖြိုခွဲခံရတယ်ပေါ့နော်။ ပြီးရင် Plan B အနေနဲ့ ကျမတို့ပြန်စုတဲ့အခါ ရဲတွေက အဲဒီ Plan A နေရာမှာမစုတော့ဘဲနဲ့ ဒီ Plan B ကို အကုန်လုံး ဝိုင်းရံပြီး ကျမတို့ရဲ့ဒီစုရပ်ကို ပြန်ပြီးဖြိုခွဲပါတယ်။ အခုနောက်ဆုံးတော့ Plan B စုရပ်မှာပဲကျမတို့ အကုန်ပြန်ရောက်လာပါတယ်။ ဒါပေမဲ့ ဒီ အထက (၁)ကျောင်းဘက်မှာရှိနေတဲ့အုပ်စုတခုကတော့ အဝိုင်းခံနေရတယ်ပေါ့နော်။ ဒါပေမဲ့ အခုအနေအထားကျတော့လည်း အကုန်လုံးလည်း ပြန်သွားကြပြီ။ အဲဒီလိုရှိပါတယ်။ ဖြိုခွဲတော့ ကျမတို့ ဒီ လမ်းကြောင်းအတိုင်းကိုတော့ စစ်ကားရယ် ပြီးတော့ ရဲတွေရယ်-အများကြီး ဝန်းရံပြီး သေနတ်သံတွေနဲ့ပေါ့နော်- ခြိမ်းခြောက်တာမျိုးတို့၊ ပစ်တာမျိုး။ မျက်ရည်ယိုဗုံးပေါ့နော် အဲဒီလိုပစ်တော့ ကျမ တို့ လူစုကွဲသွားတယ်ပေါ့နော်။”

လုံခြုံရေးတပ်ဖွဲ့တွေကနေ သပိတ်တွေကိုဖြိုခွင်းရာမှာ ထိခိုက်ဒဏ်ရာရရှိသူတွေရှိသလို (၄၀) ဦးထက်မနည်းအဖမ်းဆီးခံရတယ်လို့ သပိတ်ခေါင်းဆောင်တဦးက ပြောပာတယ်။

“ဖမ်းဆီးထိန်းသိမ်းခံရတာကတော့ စုစုပေါင်း (၄၈) ယောက်ရှိပါတယ်ဗျ။ ဒဏ်ရာရတာ ကျနော်သိတာ က (၅) ဦးပေါ့။ (၄) ယောက်ကတော့ သာမန်ဒဏ်ရာထိထားပြီး တယောက်ကတော့ လောလောဆယ်ဆယ် ပြင်ပဆေးရုံမှာတင်ထားပါတယ်။”

ဒီနေ့ ဆန္ဒပြပွဲဖြိုခွင်းခံရအပြီး လူအများအပြားဖမ်းဆီးခံရတဲ့အထဲမှာ သတင်းထောက်တဦးလည်း ပါသွားကြောင်း ဆန္ဒပြပွဲမှသတင်းယူနေတဲ့ သတင်းထောက် တဦးကပြောပါတယ်။

“သူက အရှေ့ကနေမပိတ်ဘဲနဲ့ အနောက်ကနေ ရာဘာသေနတ်က လူစုခွဲတယ်လေ ပစ်တယ်။ ပစ်တော့ အဲဒီ လူစုကပြန်ကွဲသွားတယ်။ ကျနော့်ရှေ့မှာပဲ ဒဏ်ရာရသူ (၃) ယောက်လောက်ရှိတယ်။ အဲဒီအနားမှာက ဘုရားကျောင်း တခုရှိတယ်။ ကျနော်တို့ကတော့ ဘုရားကျောင်းထဲကိုပြေးဝင်တယ်။ ဘုရားကျောင်းကိုတော့ သူတို့ (၄) ဘက် ပိတ်လိုက်တယ်။ ပေးမထွက်ဘူး အကြာကြီးပဲ။ အဖမ်းခံရတဲ့သူတွေကလည်း ကား (၂) စီး (၃) စီးလောက်ရှိတယ်။ 74 မီဒီယာ မြစ်ကြီးနားအခြေစိုက်ပေါ့။ အဲဒီက ကင်မရာမင်းတယောက်ပါသွားတယ်လို့ ပြောပာတယ်။”

အဖမ်းဆီးခံရတဲ့ဆန္ဒပြသူတွေပြန်လည်လွတ်မြောက်ရေးအတွက် မြို့သူမြို့သားတွေရော ဘာသာရေးဆိုင်ရာအကြီးအကဲတွေရော ကချင်ငြိမ်းချမ်းရေးအဖွဲ့ PCG ကပါ ကြိုးပမ်းနေပါတယ်။

လက်ရှိအဖမ်းခံရတဲ့သူတွေ လွတ်မြောက်ရေးအတွက်ကြိုးပမ်းနေဆဲပဲလို့ PCG အဖွဲ့က ဦးလမိုင်ဂွမ်ဂျာကပြောပါတယ်။

“သူတို့ ထောင်ထဲ ပို့လိုက်ပြီ။ ဒီနေ့ အယောက် (၄၀) လောက်ရှိတယ်ထင်တယ်။ အားလုံးပွဲသိမ်းတဲ့အခါကျမှပဲ သပိတ်သိမ်းတဲ့အခါကျမှပဲ ပြောရမယ်။”

ဒီနေ့မနက်ပိုင်းမှာ ကချင်ပြည်နယ်တွင်း ဝိုင်းမော်၊ ပူတာအို၊ ဗန်းမော်မြို့က ဆန္ဒပြလူထုတွေကို ရဲတပ်ဖွဲ့ က လူစုခွဲဖို့ ပြောဆိုပြီး ဆက်လက်ဆန္ဒမပြနိုင်ဖို့ ဖိအားပေးခဲ့ပါတယ်။

မနေ့ကလည်း ဝိုင်းမော်မြို့ဆန္ဒပြပွဲမှာ သပိတ်စစ်ကြောင်းဖြိုခွင်းခံရပြီး သပိတ်ဦးဆောင်သူ မူလတန်း ကျောင်းအုပ် ဆရာမကြီး ဒေါ်လငန်လွမ်းနော်နဲ့ ဒေသခံအမျိုးသမီးဒေါ်ဇတန်းဇယ်ညွယ်တို့ နှစ်ဦးကို မြစ်ကြီးနား အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ တက်ကြွလှုပ်ရှားသူအမျိုးသမီးတဦးကပြောပါတယ်။

ဒီရက်ပိုင်းတွေအတွင်း ကချင်ပြည်နယ် မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးညှင်းနဲ့ ပူတာအိုဘက်တွေမှာ ဆန္ဒပြသူတွေနဲ့တက်ကြွလှုပ်ရှားသူတွေ (၅၀) ကျော် အဖမ်းဆီးခံနေရတယ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေကပြောပါတယ်။

မနေ့ကလည်း ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ တနင်္သာရီတိုင်းဒေသကြီ၊ မြိတ်နဲ့ ထားဝယ် စတဲ့ မြို့အတော်များများမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ပြီး ဒီမိုကရေစီတောင်းဆိုတဲ့ဆန္ဒပြပွဲတွေကို တုတ်ကိုင်၊ သေနတ်ကိုင် ရဲတွေ၊ အရပ်ဝတ်တွေက အင်အားအလုံးအရင်းနဲ့ ပစ်ခတ် ရိုက်နှက် ဖမ်းဆီး ဖြိုခွဲမှုကြောင့် ဒဏ်ရာအများပြား ရရှိခဲ့သလို အဖမ်းဆီးခံရတွေလည်း များပြားလာနေပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့က တပ်မတော်ကနေ အာဏာထိန်းသိမ်းခဲ့ပြီးတဲ့နောက်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ သမ္မတအပါအဝင် ပြည်ထောင်စုအစိုးရအဖွဲ့ဝင်တွေ၊ တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေနဲ့ အစိုးရအဖွဲ့ဝင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ ထိန်းသိမ်းခံခဲ့ရသလို တိုင်းနဲ့ပြည်နယ်အားလုံးမှာ ကန့်ကွက်သပိတ်မှောက် ဆန္ဒပြမှုတွေရှိလာပြီး ဖမ်းဆီးမှုတွေလည်း တိုးလာနေပါတယ်။

#MyanmarMilitaryCoup #MyanmarProtest #MyitKyiNaProtest #WhatIsHappeningInMyanmar #KachinProtest #VOABurmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG