သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အၾကမ္းဖက္မႈဆိုးဆိုးဝါးဝါးခံခဲ့ရတဲ့ ၿမိတ္၊ ထားဝယ္နဲ႔ မံုရြာ ဆႏၵျပမႈေတြ ဆက္ျဖစ္


ေဖေဖာ္ဝါရီ ၂၈ ရက္ေန႔က မံုရြာဆႏၵျပပဲြျမင္ကြင္း။ (ေဖေဖာ္ဝါရီ ၂၈၊ ၂၀၂၁)

[Zawgyi/Unicode]

မေန႔တုန္းက ႏိုင္ငံအႏွံ႔မွာ ျပဳလုပ္တဲ့ သပိတ္စစ္ေၾကာင္းေတြကို ျပင္းျပင္းထန္ထန္ၿဖိဳခြဲခဲ့တဲ့အတြက္ ေသဆုံးခဲ့ၾကတဲ့သူေတြကို အထိမ္းအမွတ္လုပ္ေပးေနၾကတာေတြရွိသလို ျပည္သူေတြက ဆက္လက္စုစည္းၿပီး ဆႏၵျပမႈေတြ အင္အားမေလ်ာ့ဘဲ ရွိေနတဲ့ အေၾကာင္းကို ဗီြအိုေအ ျမန္မာပိုင္းသတင္းေထာက္ မအိမ့္သႏၲာထြန္းက ေျပာျပပါမယ္။

ျမန္မာႏိုင္ငံအႏွံ႔မွာ မေန႔က စစ္အာဏာရွင္ဆန႔္က်င္ေရး ဆႏၵျပသူေတြကို လုံၿခဳံေရးတပ္ဖြဲ႕က အၾကမ္းဖက္ ပစ္ခတ္မႈေတြရွိခဲ့တဲ့အတြက္ ေသဆုံးမႈအမ်ားအျပား ရွိခဲ့တာပါ။ ထားဝယ္ၿမိဳ႕မွာေတာ့ မေန႔က က်ည္အစစ္နဲ႔ ပစ္ခတ္ခံရၿပီး ရဲေတြဖမ္းဆီးသြားတဲ့ အမ်ိဳးသား ေသဆုံးမႈအတြက္ ဒီကေန႔ ညေနမွာ အထိမ္းအမွတ္ျပဳလုပ္ခဲ့ပါတယ္။

ေဖေဖာ္ဝါရီ ၂၈ ရက္ေန႔က ထားဝယ္ဆႏၵျပမႈ ျမင္ကြင္း။ (ေဖေဖာ္ဝါရီ ၂၈၊ ၂၀၂၁)
ေဖေဖာ္ဝါရီ ၂၈ ရက္ေန႔က ထားဝယ္ဆႏၵျပမႈ ျမင္ကြင္း။ (ေဖေဖာ္ဝါရီ ၂၈၊ ၂၀၂၁)

ထားဝယ္မွာ မေန႔က လုံၿခဳံေရးတပ္ဖြဲ႕က ပစ္ခတ္မႈေၾကာင့္ ေသဆုံးသူ ငါး ဦးရွိခဲ့ေပမဲ့ ဒီကေန႔မွာ ဆက္လက္ဆႏၵျပေနၾကဆဲျဖစ္ၿပီးေတာ့ ဒီကေန႔ဆႏၵေဖာ္ထုတ္မႈမွာ လုံၿခဳံေရးတပ္ဖြဲ႕ေတြရဲ႕ တားဆီးမႈေတြ ရွိခဲ့တဲ့အေၾကာင္း ေက်ာင္းသားသပိတ္ေခါင္းေဆာင္တဦးက ခုလိုေျပာပါတယ္။

“မနက္ပိုင္းထဲမွာ အရင္ေန႔ေတြကလိုမ်ိဳး လူစုလူေဝးအမ်ားႀကီးနဲ႔ ဆႏၵျပတာမ်ိဳး မလုပ္ေတာ့ဘဲနဲ႔ လူနည္းနည္းနဲ႔ စစ္ေၾကာင္း သံုးေၾကာင္းခြဲၿပီးေတာ့ ဥတၱံတားလမ္းဆုံအနီးကိုျပန္လာၿပီးေတာ့ က်ေနာ္တို႔ မေန႔က ဥတၱံတားလမ္းဆုံအနီးမွာ က်ဆုံးသြားတဲ့ လူတေယာက္ရွိတယ္။ မေန႔က သံုး ေယာက္ထဲက တေယာက္ေပါ့။ စစ္ေၾကာင္း တေၾကာင္းခ်င္းစီက လာ ၿပီးေတာ့ လြမ္းသူပန္းေခြခ်တာတို႔ သူ႔ကို အေလးျပဳတာတို႔လုပ္တယ္။ ရဲတပ္ဖြဲ႕ကလည္း အင္အားအေျမာက္အမ်ားနဲ႔ ေရကားေတြ က်ည္တလုံးၿဖိဳခြဲတဲ့လက္နက္ေတြေပါ့ေနာ္။ အဲဒီလိုမ်ိဳးကိုင္ၿပီးေတာ့ ေနရာလာယူလိုက္တာ ရွိတယ္။ လူေတြက ဥတၱံတားႀကီးလမ္းဆုံမွာေတာ့ ဟိုဘက္၊ ဒီဘက္ကေနၿပီးေတာ့ ခပ္လွမ္းလွမ္းကေနၿပီးေတာ့ ဝိုင္းၿပီးေတာ့ ဆႏၵျပေနတဲ့ အေနအထားေတာ့ ရွိတယ္။ စစ္ေၾကာင္းေတြကေတာ့ ခဏေလာက္လာၿပီးေတာ့ အေလးျပဳၿပီးေတာ့မွ သူတို႔သက္ဆိုင္ရာ လမ္းေၾကာင္းေတြကို ျပန္ထြက္သြားၾကတာေပါ့ေနာ္။”

ထားဝယ္ၿမိဳ႕မွာ ဒီကေန႔ညေနမွာ ရပ္ကြက္အလိုက္ ကိုယ္ရပ္ကြက္ထဲကေန စုစည္း ဆႏၵျပခဲ့ၾကပါတယ္။

ၿမိတ္ၿမိဳ႕မွာေတာ့ ဒီကေန ဆႏၵျပတာမွာ ႀကဳံေတြရတဲ့ အေျခအေနကို ဆႏၵျပပြဲမွာ ပါဝင္သူတစ္ဦးက ခုလိုေျပာပါတယ္။

“ဒီေန႔က သပိတ္စစ္ေၾကာင္း အႀကီးႀကီးေတြေတာ့ မရွိဘူး။ သို႔ေသာ္ျငားလည္း အစုအဖြဲ႕လိုက္ အေနေတာ္စစ္ေၾကာင္းေတြေပါ့... ေတာက္ေလွ်ာက္ ဒီတစ္ၿမိဳ႕လုံးနီးနီးကို ျဖစ္သြားတယ္။ တခ်ိဳ႕ေတြကေတာ့ ကိုယ္ရပ္႐ြာထဲမွာ ကိုယ့္ဟာကိုယ္ ဆႏၵထုတ္ေဖာ္တဲ့ အေနနဲ႔ စာသားေတြ ကိုင္ၿပီးေတာ့ သီခ်င္းေတြနဲ႔ ဘာနဲ႔ေပါ့ေနာ္။ ေႂကြးေက်ာ္သံေတြ ေအာ္ၿပီးေတာ့ ေတာက္ေလွ်ာက္ လွည့္တာေတြလည္း ရွိပါတယ္။ အနည္းဆုံးမရွိဘူးဆိုရင္ေတာင္ ၇ ေနရာ၊ ၈ ေနရာေလာက္ရွိပါတယ္။ မနက္ကတည္းက ေတာက္ေလွ်ာက္ေပါ့။ မေန႔က ပစ္ခတ္မႈျဖစ္တဲ့ ေဇယ်ာသီရိတို႔၊ ၿမိဳ႕သစ္တို႔ဘက္မွာေတာ့ ဒီေန႔လည္း ပစ္ခတ္မႈ ထပ္ျဖစ္ပါတယ္။ ပစ္ခတ္မႈထပ္ျဖစ္ေတာ့ ထိခိုက္နစ္နာမႈေတြ အမ်ားႀကီး ထပ္ျဖစ္တဲ့အျပင္ အိမ္ေတြေပၚထိကို ထြက္ေျပးသြားလို႔ လိုက္ၿပီး ဖမ္းတာမ်ိဳးမဟုတ္ဘဲနဲ႔ ထြက္ေျပးတဲ့သူ မရွိတဲ့ အိမ္ေတြကိုပါ... တက္ၿပီးေတာ့ ႐ိုက္ႏွက္သြားတယ္။ ၿပီးေတာ့ အတြင္းက ပစၥည္းေတြကို ဖ်က္ဆီးသြားတာေတြ၊ ဆိုင္ကယ္ေတြ၊ ကားေတြ အိမ္ထဲမွာရွိတဲ့ ပစၥည္းေတြကိုလည္ ႐ိုက္ခ်ိဳးဖ်က္ဆီးတာေတြ ေတာက္ေလွ်ာက္ျဖစ္တဲ့အျပင္ အိမ္ထဲမွာ ဒီတိုင္း ဆႏၵျပသူ မဟုတ္တဲ့သူေတြကိုလည္း ကိုယ္ထိလက္ေရာက္ ရိုက္ႏွက္တာေတြ ျပင္းျပင္းထန္ထန္ ျဖစ္တယ္။”

ၿမိတ္ၿမိဳ႕မွာ မေန႔က ပစ္ခတ္မႈေၾကာင့္ ေသဆုံးသူစာရင္းကို အတိအက် အတည္ျပဳလို႔ရတာမရွိေသးဘူးလို႔ ဆိုပါတယ္။ မုံ႐ြာၿမိဳ႕မွာေတာ့ ဒီကေန႔မွာ ဆရာဝန္နဲ႔ ပရဟိတ လူငယ္ ၁၁ ဦး ဖမ္းဆီးခံခဲ့ရပါတယ္။ ဒီကေန႔ မုံ႐ြာမွာျဖစ္ခဲ့တဲ့ အေျခအေနကို မုံ႐ြာၿမိဳ႕ အရပ္ဘက္ အဖြဲ႕အစည္းမ်ား ပူးေပါင္း ေဆာင္႐ြက္ေရး ေကာ္မတီက ကိုေနဦးက ခုလိုေျပာပါတယ္။

“သာစည္ေဈးမွာ သူတို႔ ေသနတ္တစ္ခ်က္ေဖာက္ၿပီးေတာ့ သူတို႔ လိုခ်င္တာေတြ၊ သူတို႔ကို ေဈးမေရာင္းဘူးေလ။ ဘယ္ေဈးဆိုင္ကမွ ဘယ္ေဈးဆိုင္ကမွ မေရာင္းေတာ့ သူတို႔လိုခ်င္တာကို သာစည္ေဈးမွာ ေသနတ္တစ္ခ်က္ေဖာက္ဝင္လုၿပီးေတာ့ သူတို႔လိုခ်င္တာေတြယူသြားတယ္ဗ်။ မုန႔္ေတြ၊ သစ္သီးေတြ။ သူတို႔က သပိတ္စစ္ေၾကာင္းေနာက္ကေနၿပီးေတာ့ ေတာက္ေလွ်ာက္လိုက္လာတယ္။ ၿဖိဳခြင္းဖို႔ေပါ့ေနာ္... ၿဖိဳခြင္းဖို႔ လိုက္လာေပမဲ့ က်ေနာ္တို႔ သပိတ္စစ္ေၾကာင္းကို တိုက္႐ိုက္မၿဖိဳခြင္းရဲဘူးဗ်။ လမ္းအဆင့္ဆင့္မွာလည္း က်ေနာ္တို႔ သပိတ္ေၾကာင္းေက်ာ္လာၿပီဆိုရင္ ျပည္သူေတြက လမ္းေတြကို ပိတ္ေပါ့ေနာ္။ အဲ့ဒီလိုဆက္သြားေတာ့ သူတို႔ကိုလည္း အဟန႔္အတားျဖစ္တာ ဆက္မလိုက္ႏိုင္ေတာ့ဘူး။ အဲ့ဒီမွာက်န္းမာေရးအတြက္ လိုက္လာတဲ့ ဆရာဝန္ေတြရဲ႕ ကားေတြကို သူတို႔က ေက်ာကၠာလမ္းတစ္ေနမွာ မိသြားတယ္။ မိေတာ့ ဆရာဝန္ေတြကို ဖမ္းသြားတယ္လို႔ၾကားတယ္။”

ကေလးၿမိဳ႕က ဒီကေန႔ ဆႏၵျပပြဲမွာ လုံၿခဳံေရးတပ္ဖြဲ႕က မ်က္ရည္ယိုဗုံးသုံးလုံး ပစ္ၿပီး လူစုခြဲခဲ့သလို ျပည္သူႏွစ္ေယာက္ကို ဖမ္းဆီးသြားတယ္လို႔ ကေလးၿမိဳ႕ ဆႏၵျပပြဲမွာ ပါဝင္သူတစ္ဦးက ေျပာျပပါတယ္။

“သပိတ္ေၾကာင္း ၿဖိဳခြဲတာက်ေတာ့ က်ေနာ္တို႔ သြားေနက် လမ္းေၾကာင္း ေညာင္ပင္သာလမ္းကေန လမ္းမႀကီးေပၚတက္လာတဲ့အခ်ိန္ သူတို႔က သပိတ္ေၾကာင္းကို ၾကားျဖတ္ဝင္ၿပီးမွ အေနာက္ပိုင္းေလးကို ၿဖိဳခြင္းလိုက္တယ္ဗ်။ အဲ့ဒါၿပီးေတာ့ သူတို႔က က်ေနာ္တို႔ တက္ခဲ့တဲ့ ေညာင္ပင္သာ လမ္းမေပၚမွာ ျပည္သူ ကားသမားေလးက က်ေနာ္တို႔ သပိတ္စစ္ေၾကာင္းကို သူ႔ကားနဲ႔ ကာေပးလိုက္တဲ့ အခ်ိန္မွာ သူတို႔ ကားသမားႏွစ္ေယာက္က ပါသြားတာဗ် (ဖမ္းသြားတာ)။ အဲ့ဒီေတာ့ က်ေနာ္တို႔က အဲဒီ ကားသမားႏွစ္ေယာက္ကို ျပန္လႊတ္ေပးဖို႔ ေတာင္းဆိုတဲ့ အခ်ိန္မွာ သူတို႔နဲ႔ ထိပ္တိုက္ေတြ႕တာေပါ့။”

ဖမ္းဆီးခံရတဲ့ ကားသမားႏွစ္ဦးကို ေန႔လယ္ ၁ နာရီဝန္းက်င္ေလာက္မွာျပန္လႊတ္ေပးလိုက္တယ္လို႔ ဆႏၵျပပြဲမွာ ပါဝင္သူတစ္ဦးက ေျပာပါတယ္။

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း အာဏာရွင္ ဆန႔္က်င္ေရး လႈပ္ရွားမႈေတြအတြင္း ေသဆုံးသူ ဒဏ္ရာရသူေတြနဲ႔ ဖမ္းဆီးခံရသူေတြ အမ်ားအျပားရွိပါတယ္။ ျမန္မာႏိုင္ငံ ႏိုင္ငံေရး အက်ဥ္း သားမ်ားကူညီ ေစာင့္ေရွာက္ေရးအသင္းရဲ႕ ထုတ္ျပန္ခ်က္အရ အာဏာရွင္ ဆန႔္က်င္ေရးလႈပ္ရွားမႈအတြင္း ဒီကေန႔ အထိ ဖမ္းဆီးခံထားရသူ ၇၇၁ ေယာက္ရွိတယ္လို႔ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အကြမ်းဖက်မှုဆိုးဆိုးဝါးဝါးခံခဲ့ရတဲ့ မြိတ်၊ ထားဝယ်နဲ့ မုံရွာ ဆန္ဒပြမှုတွေ ဆက်ဖြစ်

မနေ့တုန်းက နိုင်ငံအနှံ့မှာ ပြုလုပ်တဲ့ သပိတ်စစ်ကြောင်းတွေကို ပြင်းပြင်းထန်ထန်ဖြိုခွဲခဲ့တဲ့အတွက် သေဆုံးခဲ့ကြတဲ့သူတွေကို အထိမ်းအမှတ်လုပ်ပေးနေကြတာတွေရှိသလို ပြည်သူတွေက ဆက်လက်စုစည်းပြီး ဆန္ဒပြမှုတွေ အင်အားမလျော့ဘဲ ရှိနေတဲ့ အကြောင်းကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပါမယ်။

မြန်မာနိုင်ငံအနှံ့မှာ မနေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့က အကြမ်းဖက် ပစ်ခတ်မှုတွေရှိခဲ့တဲ့အတွက် သေဆုံးမှုအများအပြား ရှိခဲ့တာပါ။ ထားဝယ်မြို့မှာတော့ မနေ့က ကျည်အစစ်နဲ့ ပစ်ခတ်ခံရပြီး ရဲတွေဖမ်းဆီးသွားတဲ့ အမျိုးသား သေဆုံးမှုအတွက် ဒီကနေ့ ညနေမှာ အထိမ်းအမှတ်ပြုလုပ်ခဲ့ပါတယ်။

ထားဝယ်မှာ မနေ့က လုံခြုံရေးတပ်ဖွဲ့က ပစ်ခတ်မှုကြောင့် သေဆုံးသူ ငါး ဦးရှိခဲ့ပေမဲ့ ဒီကနေ့မှာ ဆက်လက်ဆန္ဒပြနေကြဆဲဖြစ်ပြီးတော့ ဒီကနေ့ဆန္ဒဖော်ထုတ်မှုမှာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ တားဆီးမှုတွေ ရှိခဲ့တဲ့အကြောင်း ကျောင်းသားသပိတ်ခေါင်းဆောင်တဦးက ခုလိုပြောပါတယ်။

“မနက်ပိုင်းထဲမှာ အရင်နေ့တွေကလိုမျိုး လူစုလူဝေးအများကြီးနဲ့ ဆန္ဒပြတာမျိုး မလုပ်တော့ဘဲနဲ့ လူနည်းနည်းနဲ့ စစ်ကြောင်း သုံးကြောင်းခွဲပြီးတော့ ဥတ္တံတားလမ်းဆုံအနီးကိုပြန်လာပြီးတော့ ကျနော်တို့ မနေ့က ဥတ္တံတားလမ်းဆုံအနီးမှာ ကျဆုံးသွားတဲ့ လူတယောက်ရှိတယ်။ မနေ့က သုံး ယောက်ထဲက တယောက်ပေါ့။ စစ်ကြောင်း တကြောင်းချင်းစီက လာ ပြီးတော့ လွမ်းသူပန်းခွေချတာတို့ သူ့ကို အလေးပြုတာတို့လုပ်တယ်။ ရဲတပ်ဖွဲ့ကလည်း အင်အားအမြောက်အများနဲ့ ရေကားတွေ ကျည်တလုံးဖြိုခွဲတဲ့လက်နက်တွေပေါ့နော်။ အဲဒီလိုမျိုးကိုင်ပြီးတော့ နေရာလာယူလိုက်တာ ရှိတယ်။ လူတွေက ဥတ္တံတားကြီးလမ်းဆုံမှာတော့ ဟိုဘက်၊ ဒီဘက်ကနေပြီးတော့ ခပ်လှမ်းလှမ်းကနေပြီးတော့ ဝိုင်းပြီးတော့ ဆန္ဒပြနေတဲ့ အနေအထားတော့ ရှိတယ်။ စစ်ကြောင်းတွေကတော့ ခဏလောက်လာပြီးတော့ အလေးပြုပြီးတော့မှ သူတို့သက်ဆိုင်ရာ လမ်းကြောင်းတွေကို ပြန်ထွက်သွားကြတာပေါ့နော်။”

ထားဝယ်မြို့မှာ ဒီကနေ့ညနေမှာ ရပ်ကွက်အလိုက် ကိုယ်ရပ်ကွက်ထဲကနေ စုစည်း ဆန္ဒပြခဲ့ကြပါတယ်။

မြိတ်မြို့မှာတော့ ဒီကနေ ဆန္ဒပြတာမှာ ကြုံတွေရတဲ့ အခြေအနေကို ဆန္ဒပြပွဲမှာ ပါဝင်သူတစ်ဦးက ခုလိုပြောပါတယ်။

“ဒီနေ့က သပိတ်စစ်ကြောင်း အကြီးကြီးတွေတော့ မရှိဘူး။ သို့သော်ငြားလည်း အစုအဖွဲ့လိုက် အနေတော်စစ်ကြောင်းတွေပေါ့... တောက်လျှောက် ဒီတစ်မြို့လုံးနီးနီးကို ဖြစ်သွားတယ်။ တချို့တွေကတော့ ကိုယ်ရပ်ရွာထဲမှာ ကိုယ့်ဟာကိုယ် ဆန္ဒထုတ်ဖော်တဲ့ အနေနဲ့ စာသားတွေ ကိုင်ပြီးတော့ သီချင်းတွေနဲ့ ဘာနဲ့ပေါ့နော်။ ကြွေးကျော်သံတွေ အော်ပြီးတော့ တောက်လျှောက် လှည့်တာတွေလည်း ရှိပါတယ်။ အနည်းဆုံးမရှိဘူးဆိုရင်တောင် ၇ နေရာ၊ ၈ နေရာလောက်ရှိပါတယ်။ မနက်ကတည်းက တောက်လျှောက်ပေါ့။ မနေ့က ပစ်ခတ်မှုဖြစ်တဲ့ ဇေယျာသီရိတို့၊ မြို့သစ်တို့ဘက်မှာတော့ ဒီနေ့လည်း ပစ်ခတ်မှု ထပ်ဖြစ်ပါတယ်။ ပစ်ခတ်မှုထပ်ဖြစ်တော့ ထိခိုက်နစ်နာမှုတွေ အများကြီး ထပ်ဖြစ်တဲ့အပြင် အိမ်တွေပေါ်ထိကို ထွက်ပြေးသွားလို့ လိုက်ပြီး ဖမ်းတာမျိုးမဟုတ်ဘဲနဲ့ ထွက်ပြေးတဲ့သူ မရှိတဲ့ အိမ်တွေကိုပါ... တက်ပြီးတော့ ရိုက်နှက်သွားတယ်။ ပြီးတော့ အတွင်းက ပစ္စည်းတွေကို ဖျက်ဆီးသွားတာတွေ၊ ဆိုင်ကယ်တွေ၊ ကားတွေ အိမ်ထဲမှာရှိတဲ့ ပစ္စည်းတွေကိုလည် ရိုက်ချိုးဖျက်ဆီးတာတွေ တောက်လျှောက်ဖြစ်တဲ့အပြင် အိမ်ထဲမှာ ဒီတိုင်း ဆန္ဒပြသူ မဟုတ်တဲ့သူတွေကိုလည်း ကိုယ်ထိလက်ရောက် ရိုက်နှက်တာတွေ ပြင်းပြင်းထန်ထန် ဖြစ်တယ်။”

မြိတ်မြို့မှာ မနေ့က ပစ်ခတ်မှုကြောင့် သေဆုံးသူစာရင်းကို အတိအကျ အတည်ပြုလို့ရတာမရှိသေးဘူးလို့ ဆိုပါတယ်။ မုံရွာမြို့မှာတော့ ဒီကနေ့မှာ ဆရာဝန်နဲ့ ပရဟိတ လူငယ် ၁၁ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။ ဒီကနေ့ မုံရွာမှာဖြစ်ခဲ့တဲ့ အခြေအနေကို မုံရွာမြို့ အရပ်ဘက် အဖွဲ့အစည်းများ ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီက ကိုနေဦးက ခုလိုပြောပါတယ်။

“သာစည်ဈေးမှာ သူတို့ သေနတ်တစ်ချက်ဖောက်ပြီးတော့ သူတို့ လိုချင်တာတွေ၊ သူတို့ကို ဈေးမရောင်းဘူးလေ။ ဘယ်ဈေးဆိုင်ကမှ ဘယ်ဈေးဆိုင်ကမှ မရောင်းတော့ သူတို့လိုချင်တာကို သာစည်ဈေးမှာ သေနတ်တစ်ချက်ဖောက်ဝင်လုပြီးတော့ သူတို့လိုချင်တာတွေယူသွားတယ်ဗျ။ မုန့်တွေ၊ သစ်သီးတွေ။ သူတို့က သပိတ်စစ်ကြောင်းနောက်ကနေပြီးတော့ တောက်လျှောက်လိုက်လာတယ်။ ဖြိုခွင်းဖို့ပေါ့နော်... ဖြိုခွင်းဖို့ လိုက်လာပေမဲ့ ကျနော်တို့ သပိတ်စစ်ကြောင်းကို တိုက်ရိုက်မဖြိုခွင်းရဲဘူးဗျ။ လမ်းအဆင့်ဆင့်မှာလည်း ကျနော်တို့ သပိတ်ကြောင်းကျော်လာပြီဆိုရင် ပြည်သူတွေက လမ်းတွေကို ပိတ်ပေါ့နော်။ အဲ့ဒီလိုဆက်သွားတော့ သူတို့ကိုလည်း အဟန့်အတားဖြစ်တာ ဆက်မလိုက်နိုင်တော့ဘူး။ အဲ့ဒီမှာကျန်းမာရေးအတွက် လိုက်လာတဲ့ ဆရာဝန်တွေရဲ့ ကားတွေကို သူတို့က ကျောက္ကာလမ်းတစ်နေမှာ မိသွားတယ်။ မိတော့ ဆရာဝန်တွေကို ဖမ်းသွားတယ်လို့ကြားတယ်။”

ကလေးမြို့က ဒီကနေ့ ဆန္ဒပြပွဲမှာ လုံခြုံရေးတပ်ဖွဲ့က မျက်ရည်ယိုဗုံးသုံးလုံး ပစ်ပြီး လူစုခွဲခဲ့သလို ပြည်သူနှစ်ယောက်ကို ဖမ်းဆီးသွားတယ်လို့ ကလေးမြို့ ဆန္ဒပြပွဲမှာ ပါဝင်သူတစ်ဦးက ပြောပြပါတယ်။

“သပိတ်ကြောင်း ဖြိုခွဲတာကျတော့ ကျနော်တို့ သွားနေကျ လမ်းကြောင်း ညောင်ပင်သာလမ်းကနေ လမ်းမကြီးပေါ်တက်လာတဲ့အချိန် သူတို့က သပိတ်ကြောင်းကို ကြားဖြတ်ဝင်ပြီးမှ အနောက်ပိုင်းလေးကို ဖြိုခွင်းလိုက်တယ်ဗျ။ အဲ့ဒါပြီးတော့ သူတို့က ကျနော်တို့ တက်ခဲ့တဲ့ ညောင်ပင်သာ လမ်းမပေါ်မှာ ပြည်သူ ကားသမားလေးက ကျနော်တို့ သပိတ်စစ်ကြောင်းကို သူ့ကားနဲ့ ကာပေးလိုက်တဲ့ အချိန်မှာ သူတို့ ကားသမားနှစ်ယောက်က ပါသွားတာဗျ (ဖမ်းသွားတာ)။ အဲ့ဒီတော့ ကျနော်တို့က အဲဒီ ကားသမားနှစ်ယောက်ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုတဲ့ အချိန်မှာ သူတို့နဲ့ ထိပ်တိုက်တွေ့တာပေါ့။”

ဖမ်းဆီးခံရတဲ့ ကားသမားနှစ်ဦးကို နေ့လယ် ၁ နာရီဝန်းကျင်လောက်မှာပြန်လွှတ်ပေးလိုက်တယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေအတွင်း သေဆုံးသူ ဒဏ်ရာရသူတွေနဲ့ ဖမ်းဆီးခံရသူတွေ အများအပြားရှိပါတယ်။ မြန်မာနိုင်ငံ နိုင်ငံရေး အကျဉ်း သားများကူညီ စောင့်ရှောက်ရေးအသင်းရဲ့ ထုတ်ပြန်ချက်အရ အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုအတွင်း ဒီကနေ့ အထိ ဖမ်းဆီးခံထားရသူ ၇၇၁ ယောက်ရှိတယ်လို့ ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG