သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လားရိႈး ကခ်င္ႏွစ္ခ်င္းခရစ္ယာန္ဘုရားေက်ာင္း ရဲတပ္ဖြဲ႔စီးနင္း ဖမ္းဆီး


လားရိႈးၿမိဳ႕ ကခ်င္ႏွစ္ခ်င္းခရစ္ယာန္ဘုရားေက်ာင္းမွာ ေတြ႔ရတဲ့ ရဲတပ္ဖဲြ႔ဝင္မ်ား။ (မတ္ ၁၊ ၂၀၂၁)

[Zawgyi/Unicode]

လားရိႈးၿမိဳ႕ ကခ်င္ႏွစ္ခ်င္းခရစ္ယာန္ဘုရားေက်ာင္းကို ရဲတပ္ဖဲြ႔က ၀ိုင္း၀န္းၿပီး သင္းအုပ္ဆရာ ၉ ဦးအပါအ၀င္ အနည္းဆံုး လူ ၁၁ ေယာက္ကို ဖမ္းဆီးခဲ့ပါတယ္။ ဒီလို ဖမ္းဆီးတာဟာ ရဲသတင္းေပးလုိ႔ ယူဆသူတစ္ဦးကို ဆႏၵျပသူေတြက ဘုရားေက်ာင္း၀န္းအတြင္း ဖမ္းဆီးေခၚေဆာင္လာတာေၾကာင့္လို႔ ေဒသခံေတြက ေျပာပါတယ္။ ဒီသတင္းကို ဗီြအိုေအ ျမန္မာပိုင္းရဲ့သတင္းေထာက္ ကိုမုိးေဇာ္က တင္ျပထားပါတယ္။

လားရိႈးၿမိဳ႕က စစ္အာဏာရွင္ ဆန္႔က်င္ေရး ဆႏၵျပပဲြကို ဒုတိယေန႔အျဖစ္ လံုၿခံဳေရးတပ္ဖဲြ႔ေတြက ျဖိဳခဲြအၿပီး ေန႔ခင္း ၁ နာရီေလာက္မွာ အခုလို ဖမ္းဆီးတာေတြ ျဖစ္ပြားခဲ့တာပါ။

ဒီဖမ္းဆီးမႈနဲ႔ ပတ္သက္ၿပီး ကခ်င္ႏွစ္ခ်င္းခရစ္ယာန္ ဘုရားေက်ာင္းနဲ႔ နီးစပ္သူတစ္ဦးက ဗီြအိုေအကို အခုလို ေျပာပါတယ္။

ဖ်က္ဆီးခံခဲ့ရတဲ့ လားရိႈးၿမိဳ႕ ကခ်င္ႏွစ္ခ်င္းခရစ္ယာန္ဘုရားေက်ာင္း။ (မတ္ ၁၊ ၂၀၂၁)
ဖ်က္ဆီးခံခဲ့ရတဲ့ လားရိႈးၿမိဳ႕ ကခ်င္ႏွစ္ခ်င္းခရစ္ယာန္ဘုရားေက်ာင္း။ (မတ္ ၁၊ ၂၀၂၁)

“ဒီကခ်င္ေက်ာင္းဘက္ ၀င္စစ္တယ္ေပါ့ေနာ္။ တံခါးေတြလည္း ရိုက္ဖ်က္ထားတယ္။ အဲဒီနားမွာ ရဲကားေတြလည္း အမ်ားၾကီး ေရာက္လာၿပီးေတာ့ ပစ္ခတ္မႈေတြလည္း ျဖစ္ခဲ့တယ္ခင္ဗ်။ ေလာေလာဆယ္ကေတာ့ အတိအက် မသိရဘူး။ ရာဘာက်ည္နဲ႔လုိ႔ ထင္တာပဲ။ ထိခုိက္မႈကေတာ့ မသိေသးဘူး။ ကခ်င္ေက်ာင္းက်ေတာ့ သူ႔၀န္းအက်ယ္ၾကီးေလ။ အဲဒီထဲ ၀င္ဖမ္းတယ္လုိ႔ ေျပာတာပဲ။ ၁၁ ေယာက္ လုိ႔ ေျပာတယ္။”

ကခ်င္ဘုရားေက်ာင္းမွာ ဒီလို ဘာေၾကာင့္ ဖမ္းဆီးတာလဲဆုိတာကိုေတာ့ ဆႏၵျပပဲြမွာ ပါ၀င္သူတစ္ဦးက သူ႔အျမင္ကို အခုလို ေျပာပါတယ္။

“သူတုိ႔ရဲ့ Informer လုိ႔ ထင္ရတဲ့ သူတစ္ေယာက္ကိုေတာ့ ဖမ္းမိတယ္။ အဲဒီတစ္ေယာက္ကေတာ့ ဟုတ္၊ မဟုတ္ေတာ့ စစ္ေနတုန္းပဲ ရိွေသးတယ္။ အခု ဒီ Church ေက်ာင္းကို ဖ်က္ဆီးတဲ့ ကိစၥကလည္း ဒီ Informer ကို ဖမ္းထားလို႔ မေက်နပ္လုိ႔ ဖမ္းထားတဲ့ ကိစၥ၊ အဲဒီထဲမွာ ဖမ္းတဲ့ လူေတြက ရိွတယ္။ Church ေက်ာင္းကို ေခၚသြားတယ္ထင္လုိ႔ အဲဒီ Church ေက်ာင္းကို ဖ်က္ဆီးၿပီးေတာ့ သြားတာ။ အဖမ္းအဆီးက Church ေက်ာင္းဆရာေတြေရာ၊ ဆႏၵျပ ဝင္ေရာက္နားခိုတဲ့လူေတြေရာ အားလံုးေပါင္း ၇ ေယာက္ေလာက္ ပါသြားတယ္လုိ႔ေတာ့ ၾကားတယ္။”

လားရိႈးၿမိဳ႕က စစ္အာဏာရွင္ ဆန္႔က်င္ေရး ဆႏၵျပပဲြျမင္ကြင္း။ (မတ္ ၁၊ ၂၀၂၁)
လားရိႈးၿမိဳ႕က စစ္အာဏာရွင္ ဆန္႔က်င္ေရး ဆႏၵျပပဲြျမင္ကြင္း။ (မတ္ ၁၊ ၂၀၂၁)

ဒီေန႔ မနက္ အေစာပိုင္းက ဆႏၵျပသူေတြ စုရံုးစဥ္မွာ ရဲတပ္ဖဲြ႔က မ်က္ရည္ယိုဗံုးနဲ႔ ပစ္ခတ္လူစုခဲြခဲ့ေၾကာင္း၊ အဲဒီေနာက္မွာ လူျပန္စုၿပီးဆႏၵျပခ်ိန္မွာ ထပ္မံလူစုခဲြခံခဲ့ရၿပီး ဆႏၵျပသူေတြက ရဲသတင္းေပးလုိ႔ ယူဆသူတစ္ဦးကို ဖမ္းဆီးခဲ့တာျဖစ္ေၾကာင္း ေဒသခံေတြက ေျပာပါတယ္။

အျခားေဒသခံေတြကေတာ့ ၁၄ ေယာက္ ဖမ္းဆီးခံရေၾကာင္းေျပာဆုိတာ ရိွသလို ဘုရားေက်ာင္းနဲ႔ နီးစပ္သူတခ်ိဳ ႔ကေတာ့ ကခ်င္ႏွစ္ခ်င္းခရစ္ယာန္ေက်ာင္းက ဓမၼဆရာ ၉ ေယာက္ ဖမ္းဆီးခံရၿပီး က်န္သူေတြ ဘယ္ေလာက္ပါသြားတယ္ဆုိတာေတာ့ မသိရဘူးလုိ႔ ဆိုပါတယ္။

ကခ်င္ႏွစ္ခ်င္းခရစ္ယာန္ေက်ာင္းက ေျပာေရးဆိုခြင့္ရိွသူကို ဆက္သြယ္ရာမွာ ဆက္သြယ္လုိ႔ မရခဲ့သလို လားရိႈးၿမိဳ႕ ၿမိဳ႕မ ရဲစခန္းကို ဆက္သြယ္ေမးျမန္းရာမွာေတာ့ ဖမ္းဆီးတာ မသိေၾကာင္းသာ ျပန္လည္ ေျဖၾကားပါတယ္။

လားရိႈးၿမိဳ႕ ဆႏၵျပလႈပ္ရွားမႈေတြကို တနဂၤေႏြေန႔က မ်က္ရည္ယိုဗံုး၊ ရာဘာက်ည္စတာေတြ အသံုးျပဳၿပီး စတင္ ၿဖိဳခဲြခဲ့တာပါ။ တနဂၤေႏြေန႔ကေတာ့ ၇ ေယာက္ ဖမ္းဆီးခံရၿပီး လူ ၁၂ ေယာက္အနည္းဆံုး ထိခိုက္ခံရေၾကာင္း ကူညီကယ္ဆယ္ေရးေဆာင္ရြက္သူေတြက ေျပာပါတယ္။

ေလာေလာဆယ္ ဖမ္းဆီးခံရသူေတြ ျပန္လည္လႊတ္ေပးတာေတာ့ မရိွေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

လားရှိုး ကချင်နှစ်ချင်းခရစ်ယာန်ဘုရားကျောင်း ရဲတပ်ဖွဲ့စီးနင်း ဖမ်းဆီး

လားရှိုးမြို့ ကချင်နှစ်ချင်းခရစ်ယာန်ဘုရားကျောင်းကို ရဲတပ်ဖွဲ့က ဝိုင်းဝန်းပြီး သင်းအုပ်ဆရာ ၉ ဦးအပါအဝင် အနည်းဆုံး လူ ၁၁ ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။ ဒီလို ဖမ်းဆီးတာဟာ ရဲသတင်းပေးလို့ ယူဆသူတစ်ဦးကို ဆန္ဒပြသူတွေက ဘုရားကျောင်းဝန်းအတွင်း ဖမ်းဆီးခေါ်ဆောင်လာတာကြောင့်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေ မြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

လားရှိုးမြို့က စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ဒုတိယနေ့အဖြစ် လုံခြုံရေးတပ်ဖွဲ့တွေက ဖြိုခွဲအပြီး နေ့ခင်း ၁ နာရီလောက်မှာ အခုလို ဖမ်းဆီးတာတွေ ဖြစ်ပွားခဲ့တာပါ။

ဒီဖမ်းဆီးမှုနဲ့ ပတ်သက်ပြီး ကချင်နှစ်ချင်းခရစ်ယာန် ဘုရားကျောင်းနဲ့ နီးစပ်သူတစ်ဦးက ဗွီအိုအေကို အခုလို ပြောပါတယ်။

“ဒီကချင်ကျောင်းဘက် ဝင်စစ်တယ်ပေါ့နော်။ တံခါးတွေလည်း ရိုက်ဖျက်ထားတယ်။ အဲဒီနားမှာ ရဲကားတွေလည်း အများကြီး ရောက်လာပြီးတော့ ပစ်ခတ်မှုတွေလည်း ဖြစ်ခဲ့တယ်ခင်ဗျ။ လောလောဆယ်ကတော့ အတိအကျ မသိရဘူး။ ရာဘာကျည်နဲ့လို့ ထင်တာပဲ။ ထိခိုက်မှုကတော့ မသိသေးဘူး။ ကချင်ကျောင်းကျတော့ သူ့ဝန်းအကျယ်ကြီးလေ။ အဲဒီထဲ ဝင်ဖမ်းတယ်လို့ ပြောတာပဲ။ ၁၁ ယောက် လို့ ပြောတယ်။”

ဖ်က္ဆီးခံခဲ့ရတဲ့ လားရိႈးၿမိဳ႕ ကခ်င္ႏွစ္ခ်င္းခရစ္ယာန္ဘုရားေက်ာင္း။ (မတ္ ၁၊ ၂၀၂၁)
ဖ်က္ဆီးခံခဲ့ရတဲ့ လားရိႈးၿမိဳ႕ ကခ်င္ႏွစ္ခ်င္းခရစ္ယာန္ဘုရားေက်ာင္း။ (မတ္ ၁၊ ၂၀၂၁)

ကချင်ဘုရားကျောင်းမှာ ဒီလို ဘာကြောင့် ဖမ်းဆီးတာလဲဆိုတာကိုတော့ ဆန္ဒပြပွဲမှာ ပါဝင်သူတစ်ဦးက သူ့အမြင်ကို အခုလို ပြောပါတယ်။

“သူတို့ရဲ့ Informer လို့ ထင်ရတဲ့ သူတစ်ယောက်ကိုတော့ ဖမ်းမိတယ်။ အဲဒီတစ်ယောက်ကတော့ ဟုတ်၊ မဟုတ်တော့ စစ်နေတုန်းပဲ ရှိသေးတယ်။ အခု ဒီ Church ကျောင်းကို ဖျက်ဆီးတဲ့ ကိစ္စကလည်း ဒီ Informer ကို ဖမ်းထားလို့ မကျေနပ်လို့ ဖမ်းထားတဲ့ ကိစ္စ၊ အဲဒီထဲမှာ ဖမ်းတဲ့ လူတွေက ရှိတယ်။ Church ကျောင်းကို ခေါ်သွားတယ်ထင်လို့ အဲဒီ Church ကျောင်းကို ဖျက်ဆီးပြီးတော့ သွားတာ။ အဖမ်းအဆီးက Church ကျောင်းဆရာတွေရော၊ ဆန္ဒပြ ဝင်ရောက်နားခိုတဲ့လူတွေရော အားလုံးပေါင်း ၇ ယောက်လောက် ပါသွားတယ်လို့တော့ ကြားတယ်။ ”

ဒီနေ့ မနက် အစောပိုင်းက ဆန္ဒပြသူတွေ စုရုံးစဉ်မှာ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးနဲ့ ပစ်ခတ်လူစုခွဲခဲ့ကြောင်း၊ အဲဒီနောက်မှာ လူပြန်စုပြီးဆန္ဒပြချိန်မှာ ထပ်မံလူစုခွဲခံခဲ့ရပြီး ဆန္ဒပြသူတွေက ရဲသတင်းပေးလို့ ယူဆသူတစ်ဦးကို ဖမ်းဆီးခဲ့တာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

အခြားဒေသခံတွေကတော့ ၁၄ယောက် ဖမ်းဆီးခံရကြောင်းပြောဆိုတာ ရှိသလို ဘုရားကျောင်းနဲ့ နီးစပ်သူတချို့ကတော့ ကချင်နှစ်ချင်းခရစ်ယာန်ကျောင်းက ဓမ္မဆရာ ၉ ယောက် ဖမ်းဆီးခံရပြီး ကျန်သူတွေ ဘယ်လောက်ပါသွားတယ်ဆိုတာတော့ မသိရဘူးလို့ ဆိုပါတယ်။

ကချင်နှစ်ချင်းခရစ်ယာန်ကျောင်းက ပြောရေးဆိုခွင့်ရှိသူကို ဆက်သွယ်ရာမှာ ဆက်သွယ်လို့ မရခဲ့သလို လားရှိုးမြို့ မြို့မ ရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာတော့ ဖမ်းဆီးတာ မသိကြောင်းသာ ပြန်လည် ဖြေကြားပါတယ်။

လားရှိုးမြို့ ဆန္ဒပြလှုပ်ရှားမှုတွေကို တနင်္ဂနွေနေ့က မျက်ရည်ယိုဗုံး၊ ရာဘာကျည်စတာတွေ အသုံးပြုပြီး စတင် ဖြိုခွဲခဲ့တာပါ။ တနင်္ဂနွေနေ့ကတော့ ၇ ယောက် ဖမ်းဆီးခံရပြီး လူ ၁၂ ယောက်အနည်းဆုံး ထိခိုက်ခံရကြောင်း ကူညီကယ်ဆယ်ရေးဆောင်ရွက်သူတွေက ပြောပါတယ်။

လောလောဆယ် ဖမ်းဆီးခံရသူတွေ ပြန်လည်လွှတ်ပေးတာတော့ မရှိသေးပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG