သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္တပ္အာဏာသိမ္းၿပီးေနာက္ သတင္းသမား ၂၃ ဦး ဖမ္းဆီးခံခဲ့ရ


ေဖေဖာ္ဝါရီ ၂၇ ရက္ေန႔က Myanmar Now က သတင္းသမားတဦး ဖမ္းဆီးခံရတဲ့ ျမင္ကြင္း။ (ေဖေဖာ္ဝါရီ ၂၇၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ဒီကေနအထိ ဖမ္းဆီးခံရတဲ့ သတင္းေထာက္ ၂၃ ဦးအထိ ရွိေနပါတယ္။ အဲဒီအထဲ ျပန္လြတ္လာသူေတြရွိေပမဲ့ ၁၀ ဦးထက္မက အခုအခ်ိန္အထိ ဆက္ၿပီး ဖမ္းဆီးထိန္းသိမ္းခံေနဆဲ ရွိပါတယ္။ ဒီအေၾကာင္း အျပည့္ အစံုကိုေတာ့ ဗြီအိုေအ ျမန္မာပိုင္းသတင္းေထာက္ ကိုသက္ႏိုင္က တင္ျပေပးပါမယ္။

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ ႏိုင္ငံအႏွံ႔ အာဏာသိမ္းတာကို ဆန္႔က်န္ လွုပ္ရွားမႈေတြကလည္း ႀကီးထြားလာေနၿပီး ဆႏၵထုတ္ေဖာ္တဲ့ေနရာေတြမွာ သတင္းသြားယူတဲ့ သတင္းေတြ ဖမ္းဆီးခံရတာေတြလည္း ရွိေနပါတယ္။ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ဒီကေန႔အထိ သတင္းေထာက္ေတြ ဖမ္းဆီးခံထားရတာ ၁၀ ဦးထက္ မနည္း ရွိတယ္လို႔ သတင္းမီဒီယာ ေကာင္စီဝင္ေဟာင္း တစ္ဦးျဖစ္တဲ့ ဦးျမင့္ေက်ာ္က ေျပာပါတယ္။

“ဒီမနက္အထိေတာ့ ၁၀ ေယာက္ေလာက္ ရွိတယ္။ မနက္ပိုင္းက မုံရြာမွာ တစ္ေယာက္ အဖမ္းခံရတယ္။ ဒါေပမဲ့ ေစာေစာက ျပန္လြတ္လာတယ္။ အေျခအေနကေတာ့ မနက္နဲ႔ ညမွာ တစ္ေယာက္ေလာက္ တိုးလိုက္ ေလ်ာ့လိုက္နဲ႔ အဲဒီလိုမ်ိဳး ျပန္လြတ္တာေတြ ရွိတယ္။ ခန္႔မွန္းေျခ အၾကမ္းဖ်င္းေျပာရင္ ၁၀ ေယာက္ေပါ့ေနာ္။ အမ်ားစုကေတာ့ တိုက္ပိုင္ရွိတဲ့ သူေတြႀကီးပါပဲ။ တစ္ေယာက္ကေတာ့ အလြတ္တန္း။ ဒါေပမဲ့ CJ ေတာ့ မဟုတ္ဘူး။ ဘယ္ဌာနရယ္လို႔ မေဖာ္ျပတာ တစ္ေယာက္ေပါ့။ ႏိုင္ငံျခား သတင္းဌာနဆိုရင္ AP က ဓာတ္ပံု ဆရာ တစ္ေယာက္ရွိတယ္။ သူလည္း မလြတ္ေသးဘူး။”

ဒီကေန႔ မနက္ပိုင္းကလည္း မုံရြာၿမိဳ႕နယ္အတြင္း အာဏာရွင္ဆန္႔က်င္ဆႏၵထုတ္ေဖာ္ရာမွာ သတင္းသြားယူတဲ့ သတင္းေထာက္ တစ္ဦးကို အာဏာပိုင္ေတြက ရိုက္ႏွက္ဖမ္းဆီးတာခံခဲ့ ရၿပီး အာမခံနဲ႔ ျပတ္လြတ္လိုက္တယ္လို႔ ကိုယ္တိုင္ဖမ္းဆီးခံရတဲ့ မုံရြာေဂဇတ္ သတင္းေထာက္ ကိုမင္းစိုးေလးက ေျပာပါတယ္။

“ဖမ္းတဲ့အခ်ိန္မွာေတာ့ ဟိုတယ္ဝန္းထဲကို စစ္သား သံုးေလးေယာက္ ဝင္လာၿပီးေတာ့ ရိုက္နွက္ၿပီးေတာ့ ေခၚေနတဲ့ အခ်ိန္ လမ္းေပၚအထိ ထိုးလား၊ က်ိတ္လား လုပ္တယ္ေပါ့။ လုပ္ၿပီးေတာ့ ေနာက္ရဲေတြ ေရာက္လာၿပီးေတာ့ မီဒီယာလို႔ေျပာေတာ့လည္း နည္းနည္းေတာ့ ထပ္ရိုက္ေသးတယ္။ ရိုက္ၿပီးေတာ့ ရဲေတြက ေခၚၿပီးေတာ့ သူတို႔ ကားေပၚ တင္သြားတာေပါ့။ အမႈေတာ့ မဖြင့္ဘူး။ အာမခံနဲ႔ ခံဝန္ကတိေတာ့ ထိုးခဲ့ရတယ္။ ပုဒ္မေတာ့ မတပ္ဘူးဗ်ာ။”

ျမန္မာႏိုင္ငံမွာ အာဏာသိမ္းၿပီးေနာက္ပိုင္း အာဏာရွင္ေတြဘက္က မီယာေတြကို ဖမ္းဆီးတာ တရားစြဲဆိုတာေတြ ရွိေနသလို မီဒီယာလြတ္လပ္ခြင့္ေတြကို ပိတ္ပင္တားဆီးလာတာေတြလည္း ရွိေနတယ္လို႔ သတင္းမီဒီယာ ေကာင္စီဝင္ေဟာင္း တစ္ဦးျဖစ္တဲ့ ဦးျမင့္ေက်ာ္က ေျပာပါတယ္။

“သတင္းလြတ္လပ္ခြင့္ကေတာ့ အခုအေျခအေနအရ အာဏာသိမ္းၿပီးေနာက္ပိုင္းမွာ ေတာက္ေလွ်ာက္က သတင္းလြတ္လပ္ခြင့္ က်ဆင္းလာတယ္။ စိုးရိမ္စရာ အေနအထားရွိတယ္။ ေရွ႕ေလွ်ာက္ သတင္းလြတ္လပ္ခြင့္က ဘယ္ေလာက္ထိ ကန္႔သတ္ခံရမလဲ ဆိုတာကေတာ့ မွန္းဆရ ခက္ေသးတယ္ေပါ့ေနာ္။ လက္ရွိမွာေတာ့ ဆိုးရြားေနတဲ့ သေဘာလို႔ ေျပာလို႔ရတယ္။”

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ျမန္မာႏို္င္ငံအႏွံ႔မွာ ဒီကေန႔အထိ အာဏာရွင္ ဆန္႔က်င္လွုပ္ရွားမႉေတြလည္း ႀကီးထြားလာေနသလို လွုပ္ရွားမႈေတြအတြင္း ေသဆံုး ဒဏ္ရာရသူေတြနဲ႔ ဖမ္းဆီးခံရသူေတြ အမ်ားအျပားရွိပါတယ္။ ျမန္မာႏိုင္ငံ ႏိုင္ငံေရး အက်ဥ္းသားေဟာင္း ကူညီေစာင့္ေရွာက္ေရး အဖြဲ႔ရဲ႕ ထုတ္ျပန္ခ်က္အရ အာဏာရွင္ ဆန္႔က်င္လႈပ္ရွားမႈအတြင္း ဒီကေန႔အထိ ဖမ္းဆီးခံထားရသူ ၇၇၁ ေယာက္ရွိတယ္လို႔ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

စစ်တပ်အာဏာသိမ်းပြီးနောက် သတင်းသမား ၂၃ ဦး ဖမ်းဆီးခံခဲ့ရ

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဒီကနေအထိ ဖမ်းဆီးခံရတဲ့ သတင်းထောက် ၂၃ ဦးအထိ ရှိနေပါတယ်။ အဲဒီအထဲ ပြန်လွတ်လာသူတွေရှိပေမဲ့ ၁၀ ဦးထက်မက အခုအချိန်အထိ ဆက်ပြီး ဖမ်းဆီးထိန်းသိမ်းခံနေဆဲ ရှိပါတယ်။ ဒီအကြောင်း အပြည့် အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က တင်ပြပေးပါမယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ အာဏာသိမ်းတာကို ဆန့်ကျန် လှုပ်ရှားမှုတွေကလည်း ကြီးထွားလာနေပြီး ဆန္ဒထုတ်ဖော်တဲ့နေရာတွေမှာ သတင်းသွားယူတဲ့ သတင်းတွေ ဖမ်းဆီးခံရတာတွေလည်း ရှိနေပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဒီကနေ့အထိ သတင်းထောက်တွေ ဖမ်းဆီးခံထားရတာ ၁၀ ဦးထက် မနည်း ရှိတယ်လို့ သတင်းမီဒီယာ ကောင်စီဝင်ဟောင်း တစ်ဦးဖြစ်တဲ့ ဦးမြင့်ကျော်က ပြောပါတယ်။

“ဒီမနက်အထိတော့ ၁၀ ယောက်လောက် ရှိတယ်။ မနက်ပိုင်းက မုံရွာမှာ တစ်ယောက် အဖမ်းခံရတယ်။ ဒါပေမဲ့ စောစောက ပြန်လွတ်လာတယ်။ အခြေအနေကတော့ မနက်နဲ့ ညမှာ တစ်ယောက်လောက် တိုးလိုက် လျော့လိုက်နဲ့ အဲဒီလိုမျိုး ပြန်လွတ်တာတွေ ရှိတယ်။ ခန့်မှန်းခြေ အကြမ်းဖျင်းပြောရင် ၁၀ ယောက်ပေါ့နော်။ အများစုကတော့ တိုက်ပိုင်ရှိတဲ့ သူတွေကြီးပါပဲ။ တစ်ယောက်ကတော့ အလွတ်တန်း။ ဒါပေမဲ့ CJ တော့ မဟုတ်ဘူး။ ဘယ်ဌာနရယ်လို့ မဖော်ပြတာ တစ်ယောက်ပေါ့။ နိုင်ငံခြား သတင်းဌာနဆိုရင် AP က ဓာတ်ပုံ ဆရာ တစ်ယောက်ရှိတယ်။ သူလည်း မလွတ်သေးဘူး။”

ဒီကနေ့ မနက်ပိုင်းကလည်း မုံရွာမြို့နယ်အတွင်း အာဏာရှင်ဆန့်ကျင်ဆန္ဒထုတ်ဖော်ရာမှာ သတင်းသွားယူတဲ့ သတင်းထောက် တစ်ဦးကို အာဏာပိုင်တွေက ရိုက်နှက်ဖမ်းဆီးတာခံခဲ့ ရပြီး အာမခံနဲ့ ပြတ်လွတ်လိုက်တယ်လို့ ကိုယ်တိုင်ဖမ်းဆီးခံရတဲ့ မုံရွာဂေဇတ် သတင်းထောက် ကိုမင်းစိုးလေးက ပြောပါတယ်။

“ဖမ်းတဲ့အချိန်မှာတော့ ဟိုတယ်ဝန်းထဲကို စစ်သား သုံးလေးယောက် ဝင်လာပြီးတော့ ရိုက်နှက်ပြီးတော့ ခေါ်နေတဲ့ အချိန် လမ်းပေါ်အထိ ထိုးလား၊ ကျိတ်လား လုပ်တယ်ပေါ့။ လုပ်ပြီးတော့ နောက်ရဲတွေ ရောက်လာပြီးတော့ မီဒီယာလို့ပြောတော့လည်း နည်းနည်းတော့ ထပ်ရိုက်သေးတယ်။ ရိုက်ပြီးတော့ ရဲတွေက ခေါ်ပြီးတော့ သူတို့ ကားပေါ် တင်သွားတာပေါ့။ အမှုတော့ မဖွင့်ဘူး။ အာမခံနဲ့ ခံဝန်ကတိတော့ ထိုးခဲ့ရတယ်။ ပုဒ်မတော့ မတပ်ဘူးဗျာ။”

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း အာဏာရှင်တွေဘက်က မီယာတွေကို ဖမ်းဆီးတာ တရားစွဲဆိုတာတွေ ရှိနေသလို မီဒီယာလွတ်လပ်ခွင့်တွေကို ပိတ်ပင်တားဆီးလာတာတွေလည်း ရှိနေတယ်လို့ သတင်းမီဒီယာ ကောင်စီဝင်ဟောင်း တစ်ဦးဖြစ်တဲ့ ဦးမြင့်ကျော်က ပြောပါတယ်။

“သတင်းလွတ်လပ်ခွင့်ကတော့ အခုအခြေအနေအရ အာဏာသိမ်းပြီးနောက်ပိုင်းမှာ တောက်လျှောက်က သတင်းလွတ်လပ်ခွင့် ကျဆင်းလာတယ်။ စိုးရိမ်စရာ အနေအထားရှိတယ်။ ရှေ့လျှောက် သတင်းလွတ်လပ်ခွင့်က ဘယ်လောက်ထိ ကန့်သတ်ခံရမလဲ ဆိုတာကတော့ မှန်းဆရ ခက်သေးတယ်ပေါ့နော်။ လက်ရှိမှာတော့ ဆိုးရွားနေတဲ့ သဘောလို့ ပြောလို့ရတယ်။”

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအနှံ့မှာ ဒီကနေ့အထိ အာဏာရှင် ဆန့်ကျင်လှုပ်ရှားမှူတွေလည်း ကြီးထွားလာနေသလို လှုပ်ရှားမှုတွေအတွင်း သေဆုံး ဒဏ်ရာရသူတွေနဲ့ ဖမ်းဆီးခံရသူတွေ အများအပြားရှိပါတယ်။ မြန်မာနိုင်ငံ နိုင်ငံရေး အကျဉ်းသားဟောင်း ကူညီစောင့်ရှောက်ရေး အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ အာဏာရှင် ဆန့်ကျင်လှုပ်ရှားမှုအတွင်း ဒီကနေ့အထိ ဖမ်းဆီးခံထားရသူ ၇၇၁ ယောက်ရှိတယ်လို့ ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG