သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လွည္းတန္းဆႏၵျပပဲြကို ပစ္ခတ္မႈ အသက္၂၀ လူငယ္ႏွစ္ဦးေသဆံုး


လွည္းတန္း ေဖေဖၚဝါရီ ၂၈၊ ၂၀၂၁။ (ဓာတ္ပံု/စည္သူ)

လွည္းတန္းဆႏၵျပပဲြကို ပစ္ခတ္မႈ အသက္၂၀ လူငယ္ႏွစ္ဦးေသဆံုး

ZawGyi/Unicode

ဒီေန႔ ရန္ကုန္ၿမိဳ႕ လွည္းတန္းဘက္မွာပစ္ခတ္ခ်ိန္ ဒဏ္ရာရၿပီး ထြက္ေျပးလာခဲ့ၾကတဲ့ လူငယ္ေတြကို အနားမွာ႐ွိတဲ့ လမ္းေတြထဲက ေနအိမ္ေတြက ကူညီကယ္ဆယ္ေပးခဲ့ၾကေပမယ့္ ျပင္းထန္ဒဏ္ရာ ရသူ၂ ေယာက္ကေတာ့ အသက္ဆံုးသြားပါတယ္။ ကူညီ ကယ္ဆယ္ေပးခဲ့တဲ့ အိမ္႐ွင္ ၂ ေယာက္ရဲ႕ေျပာျပခ်က္အရ ေသဆံုးသူ ၂ ေယာက္လံုးက အသက္ ၂၀ ဝန္းက်င္ လူငယ္ေတြျဖစ္ၾကၿပီး တ ယာက္က ဝမ္းဗိုက္မွာ ေသနတ္ထိမွန္ခဲ့ၿပီး ေနာက္တေယက္က ဦးေခါင္းမွာ သနတ္ထိမွန္ခဲ့တာျဖစ္ပါတယ္။ ဗီြအိုေအက မစုျမတ္မြန္က ဆက္သြယ္ေမးျမန္းတဲ့အခါ သူတို႔က အခုလို ေျပာျပၾကပါတယ္။

“ဗိုက္ေပါက္သြားတဲ့ကေလးကို ေခၚၿပီးျပဳစုေပးတဲ့အိမ္ကပါ။ ညီမတို႔အိမ္ကကို ဒဏ္ရာရသံုးေယာက္လာတယ္။ ဗိုက္ထုတ္ခ်င္းေပါက္သြားတာကတေယာက္၊ ပုခံုးနားကိုထိသြားတာကတေယာက္၊ ေျခေထာက္အဆစ္နားကိုထိသြားတာကတေယာက္၊ သံုးေယာက္မွာမွ အဲဒီဗိုက္ေပါက္သြားတဲ့ကေလးက ညီမတို႔အိမ္ေရာက္ၿပီး မၾကာဘူး၊ အသက္ဆံုးရံႈးသြားတယ္ေပါ့ေနာ္။ လမ္းမွာကတည္းကလည္း ေသြးထြက္ ေတာ္ေတာ္ကုိလြန္လာတယ္။ ဘယ္လိုမွလည္း ညီမတို႔ မမီလိုက္ဘူး။ ပို႔ေတာ့ ပို႔ခ်င္တယ္။ ညီမတို႔အိမ္မွာပဲအသက္ဆံုးရံႈးရတာပါ။ နာမည္က ညီညီေအာင္ထက္ႏုိင္လို႔ ေျပာပါတယ္။

ေမး။။ အသက္ေရာ သိရပါလား။

ေျဖ။။ အသက္က ၂၃ ဝန္းက်င္လို႔ေတာ့သိတယ္။ အတိအက်ေတာ့ မသိရဘူးေပါ့ေနာ္။ အဲဒီပတ္ဝန္းက်င္လို႔ေတာ့ ေျပာတယ္။ ဟုတ္ကဲ့။

ေမး။။ ပစ္ေတာ့ ေျပးလာရင္းနဲ႔ အမတို႔အိမ္ဘက္ကိုေရာက္လာတာလား။ အဲဒါေလး ျပန္ေျပာျပပါလား။

ေျဖ။။ ဟုတ္တယ္၊ အဲဒီလွည္းတန္းဂံုးတေထာက္-အဲဒီအေရွ႕က အ.ထ.က (၅) ေက်ာင္းဆိုတာရွိတယ္။ အဲဒီမွာကေလးေတြက သူတို႔ဖာသာဆုတ္ၿပီးေတာ့ ေျဖးေျဖးခ်င္းစီလာတာပဲ။ ဒါေပမယ့္ လွမ္းပစ္တာကက်ေတာ့ ဟိုး လွည္းတန္းလမ္းဆံုတပ္မကေနပစ္တာမဟုတ္ဘူး။ ….ေဘးမွာ ေလးထပ္ေဆာင္၊ စည္ပင္သာယာ အေထြေထြအုပ္ခ်ဳပ္ေရးမႉး႐ံုးဆိုတာရွိတယ္။ အဲဒီအေဆာင္ကေန ေနရာယူၿပီးေတာ့ စႏိုက္ပါနဲ႔ပစ္တာအမေရ။ လံုးဝ ပုန္းခုိၿပီးေတာ့ကို ပစ္တာ။ အဲဒီပစ္တဲ့ေနရာနဲ႔ အမတို႔နဲ႔ကက်ေတာ့ မ်က္ႏွာခ်င္းဆိုင္။ အဲဒီကေန ဝင္လာလုိက္တာနဲ႔အမတို႔လမ္းထဲဆိုေတာ့...ကေလးေတြ ဒဏ္ရာရၿပီးေျပးလာေတာ့ အမတို႔ အိမ္ေတြကလည္း တတ္ႏုိင္သေလာက္ ကူညီေတာ့ အမတို႔အိမ္မွာ အဲဒီကေလးက ေရာက္လာတာ။ ဒါေပမယ့္ ပစ္ပစ္ခ်င္းအဲဒီကေလးကို သြားမဆြဲႏိုင္ဘူး။ ဆက္တုိက္ေတြပစ္ေနေတာ့ အဲဒီကေလးက အဲဒီ ထ (၅) ေက်ာင္း ၿခံစည္း႐ိုးေရွ႕မွာတင္ ေတာ္ေတာ္ အခ်ိန္ၾကာၾကာရွိေနတယ္။ အဲဒီ မွာတင္ ေသြးလြန္ေနၿပီေပါ့။ အမတို႔ဆီေရာက္တဲ့အခ်ိန္လြန္ေနၿပီ။ ဒါေပမယ့္ ရသေလာက္ပဲဆြဲလာၾကတာေပါ့ေနာ္။ ဒါေပမယ့္ ရတဲ့အခ်ိန္မွာ ရသလိုေတာ့ ဆြဲလာၾကတာပါရွင့္။

ေမး။။ ဟုတ္ကဲ့ပါ။ ဒါကေတာ့ ဗိုက္မွာေသနတ္ဒဏ္ရာရသြားတာေပါ့ေလ။ ေနာက္ ေခါင္းမွာဒဏ္ရာရၿပီးေတာ့ ေရာက္လာတဲ့ေက်ာင္းသားကို လက္ခံေပးထားတဲ့အမကေရာ အေျခအေနေျပာျပေပးလို႔ရမလားရွင္။

ေျဖ။။ ထ (၅) ေရွ႕မွာကတည္းက မ်က္လံုးပြင့္ၿပီး ပတ္တီးေတြစည္းလာတာ။ အမတို႔အိမ္ေရာက္ေတာ့ အမတို႔နားမွာလည္း ဆရာဝန္ေတြရွိေတာ့ ဆရာဝန္လည္းေခၚေပးလိုက္တယ္။ ဒါေပမယ့္ လြန္သြားၿပီ။ ေသြးက ပါးစပ္ထဲေတြကအစ အကုန္လံုးထြက္လာၿပီ-အမတို႔ေရာက္တဲ့အခ်ိန္မွာ။ သူ႔ကိုဝပ္..ဝပ္လို႔ သူ႔ကိုေျပာလို႔ သူကဝပ္ခ်လိုက္တယ္။ ဒါေပမယ့္ ထပ္ပစ္လိုက္တဲ့အခ်ိန္မွာ မ်က္လံုးထိသြာၿပီး မ်က္လံုးက ထုတ္ခ်င္းေပါက္သြားတယ္။ အမတို႔အိမ္ေရာက္တဲ့အခ်ိန္မွာ မ်က္လံုးပါမလာေတာ့ဘူး။

ေမး။။ အဲဒီကေလးကေရာ ဘယ္အသက္ ဘယ္အရြယ္ရွိပါလဲ။ အဲဒီကေလးအေၾကာင္းကိုေရာ ဘာသိရပါလဲရွင့္။

ေျဖ။။ ၂၃ ေလာက္ပဲထင္တယ္။ သူ႔သူငယ္ခ်င္းက အမတို႔ဆီပါမလာဘူး။ ဒီဘက္ရပ္ကြက္က အကုန္ဝိုင္းဆြဲလာရတယ္ေလ။ ….သူကေတာ့ ၂၃ …ျမန္မာစာဌာနကလို႔ေတာ့ အမတို႔ကို ေျပာတယ္။ ဒါေပမယ့္ သူ႔သူငယ္ခ်င္းပါမလာတဲ့အတြက္ သူ႔နာမည္ကို အမတို႔ေသခ်ာမသိရေသးဘူး။

ေမး။။ အဲဒီေတာ့ အမတို႔လမ္းထဲေရာက္လာတဲ့ ဒဏ္ရာရလူနာေတြထဲမွာ ဆံုးသြားတာက ဗိုက္ပြင့္သြားတဲ့လူနဲ႔ အခု မ်က္လံုးထိသြားတဲ့လူ ႏွစ္ေယာက္ေပါ့။

ေျဖ။။ ဟုတ္တယ္။ မ်က္လံုးထိသြားတာနဲ႔ဆို အမတို႔လမ္းထဲမွာ ဆံုးသြားတာ ၂ ေယာက္ရွိတယ္။ ဒဏ္ရာရတဲ့သူေတြကေတ့ ၇ ေယာက္။ ၇ ေယာက္မွာ ၂ ေယာက္ ေသသြားတာေပါ့။

ဝမ္းဗိုက္မွာ ေသနတ္ဒဏ္ရာနဲ႔ ေသဆံုးသြားတဲ့ အသက္ ၂၃ ႏွစ္အ႐ြယ္ ေက်ာင္းသား ညီညီေအာင္ထက္ႏိုင္ဟာ ရန္ကုန္အေနာက္ပိုင္းတကၠသိုလ္ အေဝးသင္ ျမန္မာစာေနာက္ဆုံးႏွစ္ေက်ာင္းသား ျဖစ္တယ္လို႔ ရန္ကုန္အေနာက္ပိုင္းတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢ (ဗကသမ်ားအဖြဲ႕ခ်ဳပ္) က ေၾကညာခ်က္ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

Unicode

လှည်းတန်းဆန္ဒပြပွဲကို ပစ်ခတ်မှု အသက်၂၀ လူငယ်နှစ်ဦးသေဆုံး

ဒီနေ့ ရန်ကုန်မြို့ လှည်းတန်းဘက်မှာပစ်ခတ်ချိန် ဒဏ်ရာရပြီး ထွက်ပြေးလာခဲ့ကြတဲ့ လူငယ်တွေကို အနားမှာရှိတဲ့ လမ်းတွေထဲက နေအိမ်တွေက ကူညီကယ်ဆယ်ပေးခဲ့ကြပေမယ့် ပြင်းထန်ဒဏ်ရာ ရသူ၂ ယောက်ကတော့ အသက်ဆုံးသွားပါတယ်။ ကူညီ ကယ်ဆယ်ပေးခဲ့တဲ့ အိမ်ရှင် ၂ ယောက်ရဲ့ပြောပြချက်အရ သေဆုံးသူ ၂ ယောက်လုံးက အသက် ၂၀ ဝန်းကျင် လူငယ်တွေဖြစ်ကြပြီး တ ယာက်က ဝမ်းဗိုက်မှာ သေနတ်ထိမှန်ခဲ့ပြီး နောက်တယေက်က ဦးခေါင်းမှာ သနတ်ထိမှန်ခဲ့တာဖြစ်ပါတယ်။ ဗွီအိုအေက မစုမြတ်မွန်က ဆက်သွယ်မေးမြန်းတဲ့အခါ သူတို့က အခုလို ပြောပြကြပါတယ်။

“ဗိုက်ပေါက်သွားတဲ့ကလေးကို ခေါ်ပြီးပြုစုပေးတဲ့အိမ်ကပါ။ ညီမတို့အိမ်ကကို ဒဏ်ရာရသုံးယောက်လာတယ်။ ဗိုက်ထုတ်ချင်းပေါက်သွားတာကတယောက်၊ ပုခုံးနားကိုထိသွားတာကတယောက်၊ ခြေထောက်အဆစ်နားကိုထိသွားတာကတယောက်၊ သုံးယောက်မှာမှ အဲဒီဗိုက်ပေါက်သွားတဲ့ကလေးက ညီမတို့အိမ်ရောက်ပြီး မကြာဘူး၊ အသက်ဆုံးရှုံးသွားတယ်ပေါ့နော်။ လမ်းမှာကတည်းကလည်း သွေးထွက် တော်တော်ကိုလွန်လာတယ်။ ဘယ်လိုမှလည်း ညီမတို့ မမီလိုက်ဘူး။ ပို့တော့ ပို့ချင်တယ်။ ညီမတို့အိမ်မှာပဲအသက်ဆုံးရှုံးရတာပါ။ နာမည်က ညီညီအောင်ထက်နိုင်လို့ ပြောပါတယ်။

မေး။။ အသက်ရော သိရပါလား။

ဖြေ။။ အသက်က ၂၃ ဝန်းကျင်လို့တော့သိတယ်။ အတိအကျတော့ မသိရဘူးပေါ့နော်။ အဲဒီပတ်ဝန်းကျင်လို့တော့ ပြောတယ်။ ဟုတ်ကဲ့။

မေး။။ ပစ်တော့ ပြေးလာရင်းနဲ့ အမတို့အိမ်ဘက်ကိုရောက်လာတာလား။ အဲဒါလေး ပြန်ပြောပြပါလား။

ဖြေ။။ ဟုတ်တယ်၊ အဲဒီလှည်းတန်းဂုံးတထောက်-အဲဒီအရှေ့က အ.ထ.က (၅) ကျောင်းဆိုတာရှိတယ်။ အဲဒီမှာကလေးတွေက သူတို့ဖာသာဆုတ်ပြီးတော့ ဖြေးဖြေးချင်းစီလာတာပဲ။ ဒါပေမယ့် လှမ်းပစ်တာကကျတော့ ဟိုး လှည်းတန်းလမ်းဆုံတပ်မကနေပစ်တာမဟုတ်ဘူး။ ….ဘေးမှာ လေးထပ်ဆောင်၊ စည်ပင်သာယာ အထွေထွေအုပ်ချုပ်ရေးမှူးရုံးဆိုတာရှိတယ်။ အဲဒီအဆောင်ကနေ နေရာယူပြီးတော့ စနိုက်ပါနဲ့ပစ်တာအမရေ။ လုံးဝ ပုန်းခိုပြီးတော့ကို ပစ်တာ။ အဲဒီပစ်တဲ့နေရာနဲ့ အမတို့နဲ့ကကျတော့ မျက်နှာချင်းဆိုင်။ အဲဒီကနေ ဝင်လာလိုက်တာနဲ့အမတို့လမ်းထဲဆိုတော့...ကလေးတွေ ဒဏ်ရာရပြီးပြေးလာတော့ အမတို့ အိမ်တွေကလည်း တတ်နိုင်သလောက် ကူညီတော့ အမတို့အိမ်မှာ အဲဒီကလေးက ရောက်လာတာ။ ဒါပေမယ့် ပစ်ပစ်ချင်းအဲဒီကလေးကို သွားမဆွဲနိုင်ဘူး။ ဆက်တိုက်တွေပစ်နေတော့ အဲဒီကလေးက အဲဒီ ထ (၅) ကျောင်း ခြံစည်းရိုးရှေ့မှာတင် တော်တော် အချိန်ကြာကြာရှိနေတယ်။ အဲဒီ မှာတင် သွေးလွန်နေပြီပေါ့။ အမတို့ဆီရောက်တဲ့အချိန်လွန်နေပြီ။ ဒါပေမယ့် ရသလောက်ပဲဆွဲလာကြတာပေါ့နော်။ ဒါပေမယ့် ရတဲ့အချိန်မှာ ရသလိုတော့ ဆွဲလာကြတာပါရှင့်။

မေး။။ ဟုတ်ကဲ့ပါ။ ဒါကတော့ ဗိုက်မှာသေနတ်ဒဏ်ရာရသွားတာပေါ့လေ။ နောက် ခေါင်းမှာဒဏ်ရာရပြီးတော့ ရောက်လာတဲ့ကျောင်းသားကို လက်ခံပေးထားတဲ့အမကရော အခြေအနေပြောပြပေးလို့ရမလားရှင်။

ဖြေ။။ ထ (၅) ရှေ့မှာကတည်းက မျက်လုံးပွင့်ပြီး ပတ်တီးတွေစည်းလာတာ။ အမတို့အိမ်ရောက်တော့ အမတို့နားမှာလည်း ဆရာဝန်တွေရှိတော့ ဆရာဝန်လည်းခေါ်ပေးလိုက်တယ်။ ဒါပေမယ့် လွန်သွားပြီ။ သွေးက ပါးစပ်ထဲတွေကအစ အကုန်လုံးထွက်လာပြီ-အမတို့ရောက်တဲ့အချိန်မှာ။ သူ့ကိုဝပ်..ဝပ်လို့ သူ့ကိုပြောလို့ သူကဝပ်ချလိုက်တယ်။ ဒါပေမယ့် ထပ်ပစ်လိုက်တဲ့အချိန်မှာ မျက်လုံးထိသွာပြီး မျက်လုံးက ထုတ်ချင်းပေါက်သွားတယ်။ အမတို့အိမ်ရောက်တဲ့အချိန်မှာ မျက်လုံးပါမလာတော့ဘူး။

မေး။။ အဲဒီကလေးကရော ဘယ်အသက် ဘယ်အရွယ်ရှိပါလဲ။ အဲဒီကလေးအကြောင်းကိုရော ဘာသိရပါလဲရှင့်။

ဖြေ။။ ၂၃ လောက်ပဲထင်တယ်။ သူ့သူငယ်ချင်းက အမတို့ဆီပါမလာဘူး။ ဒီဘက်ရပ်ကွက်က အကုန်ဝိုင်းဆွဲလာရတယ်လေ။ ….သူကတော့ ၂၃ …မြန်မာစာဌာနကလို့တော့ အမတို့ကို ပြောတယ်။ ဒါပေမယ့် သူ့သူငယ်ချင်းပါမလာတဲ့အတွက် သူ့နာမည်ကို အမတို့သေချာမသိရသေးဘူး။

မေး။။ အဲဒီတော့ အမတို့လမ်းထဲရောက်လာတဲ့ ဒဏ်ရာရလူနာတွေထဲမှာ ဆုံးသွားတာက ဗိုက်ပွင့်သွားတဲ့လူနဲ့ အခု မျက်လုံးထိသွားတဲ့လူ နှစ်ယောက်ပေါ့။

ဖြေ။။ ဟုတ်တယ်။ မျက်လုံးထိသွားတာနဲ့ဆို အမတို့လမ်းထဲမှာ ဆုံးသွားတာ ၂ ယောက်ရှိတယ်။ ဒဏ်ရာရတဲ့သူတွေကတေ့ ၇ ယောက်။ ၇ ယောက်မှာ ၂ ယောက် သေသွားတာပေါ့။

ဝမ်းဗိုက်မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးသွားတဲ့ အသက် ၂၃ နှစ်အရွယ် ကျောင်းသား ညီညီအောင်ထက်နိုင်ဟာ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် အဝေးသင် မြန်မာစာနောက်ဆုံးနှစ်ကျောင်းသား ဖြစ်တယ်လို့ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ကြေညာချက်ထုတ်ပြန်ထားပါတယ်။

#MyanmarMilitaryCoup #MyanmarProtest #WhatIsHappeningInMyanmar

#ညီညီေအာင္ထက္ႏိုင္

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG