သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အၾကမ္းဖက္ႏွိပ္ကြပ္တဲ႔ ျမန္မာစစ္ေကာင္စီကို ICC မွာစဲြဆိုဖို႔ လုပ္ေဆာင္မည္ (ေဒါက္တာဆာဆာ)


Dr. Sa Sa
တိုက္႐ိုက္ လင့္ခ္

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းမႈကို ဆန႔္က်င္ဆႏၵျပေနသူေတြကို စစ္တပ္ဖြဲ႕စည္းထားတဲ့ အုပ္ခ်ဳပ္ေရးေကာင္စီကေန တနဂၤေႏြေန႔က ပစ္ခတ္အၾကမ္းဖက္ႏွိမ္နင္းမႈကို ICC ႏိုင္ငံတကာရာဇဝတ္ခုံ႐ုံးတင္ တရားစြဲႏိုင္ေရး နည္းလမ္းရွာ ႀကိဳးပမ္းေနေၾကာင္း CRPH ကုလသမဂၢ အထူး ကိုယ္စားလွယ္ ေဒါက္တာဆာဆာက ဗြီအိုေအကို ေျပာပါတယ္။

အလားတူ စစ္အုပ္ခ်ဳပ္ေရးေကာင္စီက ျမန္မာသံတမန္ေတြကို ထုတ္ပယ္၊ ေျပာင္းလဲ ခန႔္အပ္တာေတြ တရားမဝင္ေၾကာင္းနဲ႔ အသစ္ခန႔္အပ္ခံရတဲ့ သံတမန္ေတြလည္း သက္ဆိုင္ရာႏိုင္ငံေတြကို သြားေရာက္လို႔ မရႏိုင္ဘူးလို႔ ေဒါက္တာဆာဆာကေျပာပါတယ္။

မအင္ၾကင္းႏိုင္က ဆက္သြယ္ေမးျမန္းထားပါတယ္။

ေဒါက္တာဆာဆာ။ ။ ပထမအေနနဲ႔ကေတာ့ တရားမ၀င္ အာဏာသိမ္းစစ္ေကာင္စီသည္ အၾကမ္းဖက္ အဖဲြ႔အစည္း ျဖစ္သြားၿပီဆိုတာကို သူတို႔ဘာသာသူတို႔ ေၾကညာတာပါ။ ဒီေန႔ကေတာ့ တကမၻာလံုးက ၾကည့္ေနၿပီးေတာ့ တရားမ၀င္ အာဏာသိမ္း စစ္ေကာင္စီသည္ တကယ့္ျပည္သူကို ဒုကၡေပးၿပီးေတာ့ ျပည္သူကို သတ္ျဖတ္ၿပီးေတာ့ လူမဆန္တဲ့ လုပ္ရပ္ျဖစ္တဲ့အတြက္ေၾကာင့္ အာဏာသိမ္းစစ္ေကာင္စီသည္ အၾကမ္းဖက္ အဖဲြ႕အစည္း ျဖစ္သြားၿပီဆိုတာကို သူတို႔ဘာသာသူတို႔ ေၾကညာတာပါ။ ခုဆိုရင္ လူမဆန္တဲ့ လုပ္ရပ္ေတြကို အာဏာသိမ္းစစ္ေကာင္စီက လုပ္ထားတာနဲ႔ ပတ္သက္ၿပီးေတာ့ အီးေမးလ္ ဟာ က်ေနာ္မွာ ႏွစ္ေသာင္းေက်ာ္ ရရွိၿပီးသားျဖစ္ပါတယ္။ ဒါနဲ႔ ပတ္သက္ၿပီးေတာ့ CRPH အထူးကိုယ္စားလွယ္တဦးအေနနဲ႔ က်ေနာ္မွာ တာ၀န္အမ်ားႀကီးရွိပါတယ္။ အဲဒီ အီးေမးလ္ ႏွစ္ေသာင္းေက်ာ္ကို အျပည္ျပည္ဆိုင္ရာမွာရွိတဲ့ ဥပေဒကြ်မ္းက်င္သူ ပါေမာကၡေတြကို က်ေနာ္တို႔ ေဆြးေႏြးထားတာရွိပါတယ္။ ICC လို႔ေခၚတဲ့ ႏိုင္ငံတကာရာဇ၀တ္ခံုရံုးကို အရင္ဆံုးသြားရမွာျဖစ္ပါတယ္။ အဲဒီမွာ ရိုဟင္ဂ်ာကိစၥကလည္း မၿပီးေသးပါဘူး။ အေမ ေဒၚေအာင္ဆန္းစုၾကည္က ဒီစစ္ဗိုလ္ခ်ဳပ္ေတြကို ေထာင္မက်ဖို႔ရာအတြက္ ကမၻာ့အလည္မွာ သိကၡာအက်ခံၿပီးေတာ့ အတတ္ႏိုင္ဆံုး ကာကြယ္ခဲ့ဖူးပါတယ္။ ဒါေပမဲ့လည္းအခုဟာက သူတို႔က ဒီလို ထလုပ္ေနတယ္ဆိုေတာ့ ႏိုင္ငံတကာအမႈက သံုးခု ေလးခုေလာက္ ရင္ဆိုင္ ရဖို႔ ရွိေနပါတယ္။ ဒါေတြကိုေတာ့ ဒီေန႔ အၾကမ္းဖက္မႈနဲ႔ပတ္သက္ၿပီးေတာ့ ဆက္လက္ေဆာင္ရြက္သြားမယ့္ ကိစၥေတြျဖစ္ပါတယ္။

အင္ၾကင္းႏိုင္။ ။ အဲေတာ့ ႏိုင္ငံတကာက ေဒါက္တာဆာဆာတို႔ကို အသိအမွတ္ျပဳၿပီးေတာ့ ေဆာင္ရြက္ေနတဲ့အပိုင္းမွာ တဖက္မွာလည္း စစ္တပ္ဖဲြ႔စည္းထားတဲ့ အုပ္ခ်ဳပ္ေရးေကာင္စီကေနၿပီးေတာ့ သူတို႔ႏိုင္ငံတကာသံတမန္ေတြကုိ ေျပာင္းလဲခန္႔အပ္တာေတြ လုပ္လာတာေတြရွိပါတယ္။ အဲတာေတြကေရာ သူတို႔ တကယ္ လုပ္ပိုင္ခြင့္ရွိသလား။ သက္ဆိုင္ရာႏိုင္ငံေတြေရာ၊ ကုလသမဂၢကေရာ စစ္ေကာင္စီက အသစ္ခန္႔အပ္မယ့္ သံတမန္ေတြကို သူတို႔ကေရာ လက္ခံဖို႔ရွိမလား။

ေဒါက္တာဆာဆာ။ ။ အဓိကကေတာ့ အာဏာသိမ္း စစ္ေကာင္စီသည္ တရားမ၀င္ အဖဲြ႔အစည္းျဖစ္သြားတယ္ဆိုတာ ဒီေန႔သူတို႔က ထုတ္ျပန္ေၾကညာလိုက္တယ္။ သူတို႔ရဲ႕ လုပ္ရပ္ဟာ အၾကမ္းဖက္လုပ္ရပ္ျဖစ္ေနတယ္ဆိုတာ ကမၻာက မ်က္ေစ့ပိတ္ၿပီး မၾကည့္ေတာ့ပါဘူး။ အာဆီယံႏိုင္ငံေတြဘက္ကလည္း သူတို႔ရဲ႕ စစ္ေကာင္စီနဲ႔ ဆက္ဆံေရး သိသိသာသာ ေျပာင္းလဲသြားပါလိမ့္မယ္။ ဘာျဖစ္လို႔လည္းဆိုေတာ့ ေသြးထြက္ခိုင္းၿပီး ပစ္ခတ္တယ္ဆိုတဲ့အဆင့္မွာ သူတို႔ကို ႏိုင္ငံတကာ စစ္ခံုရံုးမွာ ခ်က္ခ်င္းအေရးယူႏိုင္ေအာင္ မရပ္မနား ဆက္လုပ္ႏိုင္ဖို႔ အျပည္ျပည္ဆိုင္ရာ ဥပေဒပညာရွင္ေတြကို က်ေနာ္တို႔ ငွားထားတာျဖစ္ပါတယ္။ လမ္းေၾကာင္းေတြ အမ်ားႀကီးရွိပါတယ္။ သူတို႔က အဲဒီလို စာရြက္စာတမ္းမွာေတာ့ ဘယ္သူဘယ္၀ါ ေတြခန္႔ထားေၾကာင္း ပါပါလိမ့္မယ္။ ဒါေပမယ့္ ေစာင့္ၾကည့္ပါ။ သူတို႔ကို ဗီဇာေပးမွာ မဟုတ္ပါဘူး။ ေပးမွာမဟုတ္သလို သူတို႔ကိုယ္တိုင္ အျဖစ္ထြက္လာရင္လည္း အဖမ္းခံရပါလိမ့္မယ္။ အဲေလာက္ထိကို ႏိုင္ငံတကာက ေစာင့္ၾကည့္ေနတယ္ဆိုတာကို ဒီတရားမ၀င္ အာဏာသိမ္း စစ္ေကာင္စီက မေမ့သင့္ပါဘူး။

အင္ၾကင္းႏိုင္။ ။ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းရဲ႕ အခန္းက႑ေရာ ဘယ္လိုဆက္ၿပီး ရွိလားမလဲရွင့္။ သူက ကုလသမဂၢမွာ ထူးထူးျခားျခားျဖစ္စဥ္အေနနဲ႔ေရာ သတၱိရွိရွိ NLD အရပ္သား အစိုးရကိုပဲ ကိုယ္စားျပဳတဲ့ သံအမတ္အျဖစ္ ေၾကညာသြားတယ္။ တဖက္မွာလည္း စစ္အစိုးရက သူ႔ကို ထုတ္ပယ္လိုက္တယ္ဆိုေတာ့ သူ႔ရဲ႕ အခန္းက႑က ဘယ္လို ဆက္ၿပီး ျဖစ္လာမလဲရွင့္။

ေဒါက္တာ ဆာဆာ။ ။ အဲဒီအေၾကာင္းကို ေျပာရင္ က်ေနာ္တို႔ဟာ လစ္ဗ်ားႏိုင္ငံအေၾကာင္း ေျပာဖို႔လိုပါတယ္။ လစ္ဗ်ားႏိုင္ငံမွာ အာဏာရွင္ ကဒါဖီ ဆိုရင္ အခု ျမန္မာစစ္ေကာင္စီနဲ႔ အတူတူပါပဲ။ သူကလည္း တကယ့္အာဏာရွင္ျဖစ္ပါတယ္။ အဲဒီလိုနဲ႔သူ႔ကို မႀကိဳက္လို႔ ျပည္သူလူထုက ဆႏၵျပေနတဲ့ အခ်ိန္မွာ သူ႔ရဲ႕သံတမန္ႀကီးေတြ၊ ကုလသမဂၢ အၿမဲတမ္းကိုယ္စားလွယ္ သံအမတ္ႀကီးက ဦးေက်ာ္မိုးထြန္းလိုပဲ သူတို႔က ကဒါဖီကို ကမၻာ့ကုလသမဂၢေရွ႕ေမွာက္မွာ သူတို႔က ဆန္႔က်င္ ရွဳတ္ခ်လိုက္တယ္။ အဲဒီလို လုပ္လိုက္တဲ့ အခါက်ေတာ့ ကဒါဖီက သူတို႔ကို လစ္ဗ်ားႏိုင္ငံ ကိုယ္စားလွယ္ မဟုတ္ေတာ့ဘူး၊ ထုတ္ပယ္လိုက္တယ္။ ဒါေပမဲ့လည္း ကုလသမဂၢမွာရွိတဲ့ ယႏၱရားေတြအကုန္လံုး အဲဒီလို ျဖဳတ္လို႔ မရဘူး၊ ကဒါဖီမရွိေတာ့တဲ့အထိ သူတို႔က ဆက္လက္ၿပီးေတာ့ သံအမတ္ျဖစ္ေနတာပဲ။ ဒါေၾကာင့္မို႔လို ဦးေက်ာ္မိုးထြန္းဟာ ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢသံအမတ္ႀကီးအျဖစ္ ဆက္လက္ရွိေနမွာပဲ။ ၿပီးေတာ့ က်ေနာ္တို႔ ယာယီအစိုးရကို ဆက္လက္ဖဲြ႕တဲ့ အခ်ိန္မွာလည္း သူတို႔သည္ ျပည္သူလူထုက ေရြးေကာက္တင္ေျမွာက္ထားတဲ့ ယာယီအစိုးရရဲ႕ သံအမတ္ႀကီး ဆက္ၿပီး ျဖစ္ေနအံုးမွာပဲ။ ႏိုင္ငံတကာမွာရွိတဲ့ ျမန္မာႏိုင္ငံ သံအမတ္ေတြ၊ သံတမန္ေတြ အားလံုးဟာလည္း ျပည္သူလူထုဘက္မွာ အျပည့္အ၀ရပ္တည္ပါ။ ဘာမွ ေၾကာက္စရာမလိုပါဘူး။ တလ ႏွစ္လ ေလာက္ပဲျဖစ္မွာပါ။ ဒီအေတာ္အတြင္းမွာေတာ့ သည္းခံပါ။ ရပ္တည္ေပးပါ။ က်ေနာ္တို႔ ယာယီအစိုးရဟာလည္း မရွိမျဖစ္လိုအပ္လာပါလိမ့္မယ္။ အဲဒီလို ဖဲြ႔တဲ့အခ်ိန္မွာ ႏိုင္ငံတကာ အစိုးရေတြနဲ႔လည္း ေျပာေနပါတယ္။ သူတို႔ဟာလည္း ျမန္မာႏိုင္ငံ သံရံုးေတြကို ကာကြယ္ေပးမွာပါ။ ဒါေၾကာင့္ က်ေနာ္တို႔နဲ႔ အတူ ရပ္တည္ေပးပါလို႔ ေမတၱာရပ္ခံလိုပါတယ္။

အင္ၾကင္းႏိုင္။ ။ အဲဒီမွာ ေဒါက္တာဆာဆာေျပာသြားတဲ့ ၾကားျဖတ္အစိုးရ ဖဲြ႔စည္းဖို႔ အစီအစဥ္ နဲ႔ ပတ္သက္လို႔ ရွင္းျပလို႔ရမလားရွင့္။

ေဒါက္တာဆာဆာ။ ။ လက္ေတြ႕မွာ ဘယ္လိုျဖစ္ေနလဲဆိုရင္ အာဏာသိမ္း၊ တရားမ၀င္၊ အၾကမ္းဖက္ အဖဲြ႔အစည္းေတြလို ျဖစ္လာတဲ့ အာဏာသိမ္း စစ္ေကာင္စီရဲ႕ လုပ္ပံု လုပ္နည္းဟာ သူတို႔ အမိန္႔ ေပးၿပီးေတာ့ ေနျပည္ေတာ္မွာပဲ၊ သူတို႔လက္ထဲမွာရွိတာကလည္း MRTV၊ ျမန္မာ့အလင္းတို႔ပဲ ရွိတယ္။ ဒါအျပင္ အစိုးရယႏၱရားလည္း ပ်က္စီးေနပါၿပီ။ ဒါဆိုရင္ေတာ့ ဒီတိုင္းပဲ လက္ပိုက္ၾကည့္ၿပီးေတာ့ သူတို႔ ျပဳတ္က်တာကို ေစာင့္ေနမလား။ ဒါမွမဟုတ္ရင္ သူတို႔ကို ျပည္သူလူထုေတြကိုလည္း က်ေနာ္တို႔ ကူညီႏိုင္တဲ့ နည္းလမ္းေတြ အမ်ားႀကီးရွိသလို စစ္ေကာင္စီကို တရားစဲြႏိုင္ေရး လံုၿခံဳေရးေကာင္စီက ICC ကို လဲႊေျပာင္းေပးဖို႔ ခ်က္ျခင္း ၾကားျဖတ္အစိုးရဖဲြ႔ဖို႔လိုတယ္လို႔ က်ေနာ္ယံုၾကည္တယ္။ အဲဒီအတြက္လည္း ေဆာင္ရြက္ေနပါတယ္။

အင္ၾကင္းႏိုင္။။ ယာယီအစိုးရနဲ႔ ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳ ေကာ္မတီ CRPH နဲ႔ က ဘယ္လို ခ်ိတ္ဆက္ လႈပ္ရွားဖို႔ ရွိမလဲ။

ေဒါက္တာဆာဆာ။။ CRPH ကေနၿပီးေတာ့ အဲဒီလို ယာယီအစိုးရကို ဖဲြ႕ခြင့္ရွိတယ္။ အဲေတာ့ ယာယီအစိုးရို သူတို႔ ဖဲြ႔မယ္။ သူတို႔ ယာယီဖဲြ႕မယ့္ အစိုးရက အလုပ္လုပ္မယ္။ ဒါပါပဲ။ သူတို႔ကေန အဲဒါကို ဖဲြ႕ၿပီးၿပီဆိုရင္ေတာ့ အဲတာကို ဖဲြ႕ထားတဲ့ ယာယီအစိုးရမွာ တာ၀န္အျပည့္အ၀ရွိၿပီ။

အင္ၾကင္းႏိုင္။ ။ ေဒါက္တာဆာဆာ အခုလို အခ်ိန္ေပးေျပာၾကားေပးတဲ့ အတြက္ ေက်းဇူးအမ်ားႀကီးတင္ပါတယ္။

---------------------------------

အကြမ်းဖက်နှိပ်ကွပ်တဲ့ မြန်မာစစ်ကောင်စီကို ICC မှာစွဲဆိုဖို့ လုပ်ဆောင်မည် (ဒေါက်တာဆာဆာ)

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေသူတွေကို စစ်တပ်ဖွဲ့စည်းထားတဲ့ အုပ်ချုပ်ရေးကောင်စီကနေ တနင်္ဂနွေနေ့က ပစ်ခတ်အကြမ်းဖက်နှိမ်နင်းမှုကို ICC နိုင်ငံတကာရာဇဝတ်ခုံရုံးတင် တရားစွဲနိုင်ရေး နည်းလမ်းရှာ ကြိုးပမ်းနေကြောင်း CRPH ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် ဒေါက်တာဆာဆာက ဗွီအိုအေကို ပြောပါတယ်။

အလားတူ စစ်အုပ်ချုပ်ရေးကောင်စီက မြန်မာသံတမန်တွေကို ထုတ်ပယ်၊ ပြောင်းလဲ ခန့်အပ်တာတွေ တရားမဝင်ကြောင်းနဲ့ အသစ်ခန့်အပ်ခံရတဲ့ သံတမန်တွေလည်း သက်ဆိုင်ရာနိုင်ငံတွေကို သွားရောက်လို့ မရနိုင်ဘူးလို့ ဒေါက်တာဆာဆာကပြောပါတယ်။

မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဒေါက်တာဆာဆာ။။ ပထမအနေနဲ့ကတော့ တရားမဝင် အာဏာသိမ်းစစ်ကောင်စီသည် အကြမ်းဖက် အဖွဲ့အစည်း ဖြစ်သွားပြီဆိုတာကို သူတို့ဘာသာသူတို့ ကြေညာတာပါ။ ဒီနေ့ကတော့ တကမ္ဘာလုံးက ကြည့်နေပြီးတော့ တရားမဝင် အာဏာသိမ်း စစ်ကောင်စီသည် တကယ့်ပြည်သူကို ဒုက္ခပေးပြီးတော့ ပြည်သူကို သတ်ဖြတ်ပြီးတော့ လူမဆန်တဲ့ လုပ်ရပ်ဖြစ်တဲ့အတွက်ကြောင့် အာဏာသိမ်းစစ်ကောင်စီသည် အကြမ်းဖက် အဖွဲ့အစည်း ဖြစ်သွားပြီဆိုတာကို သူတို့ဘာသာသူတို့ ကြေညာတာပါ။ ခုဆိုရင် လူမဆန်တဲ့ လုပ်ရပ်တွေကို အာဏာသိမ်းစစ်ကောင်စီက လုပ်ထားတာနဲ့ ပတ်သက်ပြီးတော့ အီးမေးလ် ဟာ ကျနော်မှာ နှစ်သောင်းကျော် ရရှိပြီးသားဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ CRPH အထူးကိုယ်စားလှယ်တဦးအနေနဲ့ ကျနော်မှာ တာဝန်အများကြီးရှိပါတယ်။ အဲဒီ အီးမေးလ် နှစ်သောင်းကျော်ကို အပြည်ပြည်ဆိုင်ရာမှာရှိတဲ့ ဥပဒေကျွမ်းကျင်သူ ပါမောက္ခတွေကို ကျနော်တို့ ဆွေးနွေးထားတာရှိပါတယ်။ ICC လို့ခေါ်တဲ့ နိုင်ငံတကာရာဇဝတ်ခုံရုံးကို အရင်ဆုံးသွားရမှာဖြစ်ပါတယ်။ အဲဒီမှာ ရိုဟင်ဂျာကိစ္စကလည်း မပြီးသေးပါဘူး။ အမေ ဒေါ်အောင်ဆန်းစုကြည်က ဒီစစ်ဗိုလ်ချုပ်တွေကို ထောင်မကျဖို့ရာအတွက် ကမ္ဘာ့အလည်မှာ သိက္ခာအကျခံပြီးတော့ အတတ်နိုင်ဆုံး ကာကွယ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့လည်းအခုဟာက သူတို့က ဒီလို ထလုပ်နေတယ်ဆိုတော့ နိုင်ငံတကာအမှုက သုံးခု လေးခုလောက် ရင်ဆိုင် ရဖို့ ရှိနေပါတယ်။ ဒါတွေကိုတော့ ဒီနေ့ အကြမ်းဖက်မှုနဲ့ပတ်သက်ပြီးတော့ ဆက်လက်ဆောင်ရွက်သွားမယ့် ကိစ္စတွေဖြစ်ပါတယ်။

အင်ကြင်းနိုင်။ ။ အဲတော့ နိုင်ငံတကာက ဒေါက်တာဆာဆာတို့ကို အသိအမှတ်ပြုပြီးတော့ ဆောင်ရွက်နေတဲ့အပိုင်းမှာ တဖက်မှာလည်း စစ်တပ်ဖွဲ့စည်းထားတဲ့ အုပ်ချုပ်ရေးကောင်စီကနေပြီးတော့ သူတို့နိုင်ငံတကာသံတမန်တွေကို ပြောင်းလဲခန့်အပ်တာတွေ လုပ်လာတာတွေရှိပါတယ်။ အဲတာတွေကရော သူတို့ တကယ် လုပ်ပိုင်ခွင့်ရှိသလား။ သက်ဆိုင်ရာနိုင်ငံတွေရော၊ ကုလသမဂ္ဂကရော စစ်ကောင်စီက အသစ်ခန့်အပ်မယ့် သံတမန်တွေကို သူတို့ကရော လက်ခံဖို့ရှိမလား။

ဒေါက်တာဆာဆာ။ ။ အဓိကကတော့ အာဏာသိမ်း စစ်ကောင်စီသည် တရားမဝင် အဖွဲ့အစည်းဖြစ်သွားတယ်ဆိုတာ ဒီနေ့သူတို့က ထုတ်ပြန်ကြေညာလိုက်တယ်။ သူတို့ရဲ့ လုပ်ရပ်ဟာ အကြမ်းဖက်လုပ်ရပ်ဖြစ်နေတယ်ဆိုတာ ကမ္ဘာက မျက်စေ့ပိတ်ပြီး မကြည့်တော့ပါဘူး။ အာဆီယံနိုင်ငံတွေဘက်ကလည်း သူတို့ရဲ့ စစ်ကောင်စီနဲ့ ဆက်ဆံရေး သိသိသာသာ ပြောင်းလဲသွားပါလိမ့်မယ်။ ဘာဖြစ်လို့လည်းဆိုတော့ သွေးထွက်ခိုင်းပြီး ပစ်ခတ်တယ်ဆိုတဲ့အဆင့်မှာ သူတို့ကို နိုင်ငံတကာ စစ်ခုံရုံးမှာ ချက်ချင်းအရေးယူနိုင်အောင် မရပ်မနား ဆက်လုပ်နိုင်ဖို့ အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်တွေကို ကျနော်တို့ ငှားထားတာဖြစ်ပါတယ်။ လမ်းကြောင်းတွေ အများကြီးရှိပါတယ်။ သူတို့က အဲဒီလို စာရွက်စာတမ်းမှာတော့ ဘယ်သူဘယ်ဝါ တွေခန့်ထားကြောင်း ပါပါလိမ့်မယ်။ ဒါပေမယ့် စောင့်ကြည့်ပါ။ သူတို့ကို ဗီဇာပေးမှာ မဟုတ်ပါဘူး။ ပေးမှာမဟုတ်သလို သူတို့ကိုယ်တိုင် အဖြစ်ထွက်လာရင်လည်း အဖမ်းခံရပါလိမ့်မယ်။ အဲလောက်ထိကို နိုင်ငံတကာက စောင့်ကြည့်နေတယ်ဆိုတာကို ဒီတရားမဝင် အာဏာသိမ်း စစ်ကောင်စီက မမေ့သင့်ပါဘူး။

အင်ကြင်းနိုင်။ ။ သံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ အခန်းကဏ္ဍရော ဘယ်လိုဆက်ပြီး ရှိလားမလဲရှင့်။ သူက ကုလသမဂ္ဂမှာ ထူးထူးခြားခြားဖြစ်စဉ်အနေနဲ့ရော သတ္တိရှိရှိ NLD အရပ်သား အစိုးရကိုပဲ ကိုယ်စားပြုတဲ့ သံအမတ်အဖြစ် ကြေညာသွားတယ်။ တဖက်မှာလည်း စစ်အစိုးရက သူ့ကို ထုတ်ပယ်လိုက်တယ်ဆိုတော့ သူ့ရဲ့ အခန်းကဏ္ဍက ဘယ်လို ဆက်ပြီး ဖြစ်လာမလဲရှင့်။

ဒေါက်တာ ဆာဆာ။ ။ အဲဒီအကြောင်းကို ပြောရင် ကျနော်တို့ဟာ လစ်ဗျားနိုင်ငံအကြောင်း ပြောဖို့လိုပါတယ်။ လစ်ဗျားနိုင်ငံမှာ အာဏာရှင် ကဒါဖီ ဆိုရင် အခု မြန်မာစစ်ကောင်စီနဲ့ အတူတူပါပဲ။ သူကလည်း တကယ့်အာဏာရှင်ဖြစ်ပါတယ်။ အဲဒီလိုနဲ့သူ့ကို မကြိုက်လို့ ပြည်သူလူထုက ဆန္ဒပြနေတဲ့ အချိန်မှာ သူ့ရဲ့သံတမန်ကြီးတွေ၊ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးက ဦးကျော်မိုးထွန်းလိုပဲ သူတို့က ကဒါဖီကို ကမ္ဘာ့ကုလသမဂ္ဂရှေ့မှောက်မှာ သူတို့က ဆန့်ကျင် ရှုတ်ချလိုက်တယ်။ အဲဒီလို လုပ်လိုက်တဲ့ အခါကျတော့ ကဒါဖီက သူတို့ကို လစ်ဗျားနိုင်ငံ ကိုယ်စားလှယ် မဟုတ်တော့ဘူး၊ ထုတ်ပယ်လိုက်တယ်။ ဒါပေမဲ့လည်း ကုလသမဂ္ဂမှာရှိတဲ့ ယန္တရားတွေအကုန်လုံး အဲဒီလို ဖြုတ်လို့ မရဘူး၊ ကဒါဖီမရှိတော့တဲ့အထိ သူတို့က ဆက်လက်ပြီးတော့ သံအမတ်ဖြစ်နေတာပဲ။ ဒါကြောင့်မို့လို ဦးကျော်မိုးထွန်းဟာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီးအဖြစ် ဆက်လက်ရှိနေမှာပဲ။ ပြီးတော့ ကျနော်တို့ ယာယီအစိုးရကို ဆက်လက်ဖွဲ့တဲ့ အချိန်မှာလည်း သူတို့သည် ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ ယာယီအစိုးရရဲ့ သံအမတ်ကြီး ဆက်ပြီး ဖြစ်နေအုံးမှာပဲ။ နိုင်ငံတကာမှာရှိတဲ့ မြန်မာနိုင်ငံ သံအမတ်တွေ၊ သံတမန်တွေ အားလုံးဟာလည်း ပြည်သူလူထုဘက်မှာ အပြည့်အဝရပ်တည်ပါ။ ဘာမှ ကြောက်စရာမလိုပါဘူး။ တလ နှစ်လ လောက်ပဲဖြစ်မှာပါ။ ဒီအတော်အတွင်းမှာတော့ သည်းခံပါ။ ရပ်တည်ပေးပါ။ ကျနော်တို့ ယာယီအစိုးရဟာလည်း မရှိမဖြစ်လိုအပ်လာပါလိမ့်မယ်။ အဲဒီလို ဖွဲ့တဲ့အချိန်မှာ နိုင်ငံတကာ အစိုးရတွေနဲ့လည်း ပြောနေပါတယ်။ သူတို့ဟာလည်း မြန်မာနိုင်ငံ သံရုံးတွေကို ကာကွယ်ပေးမှာပါ။ ဒါကြောင့် ကျနော်တို့နဲ့ အတူ ရပ်တည်ပေးပါလို့ မေတ္တာရပ်ခံလိုပါတယ်။

အင်ကြင်းနိုင်။ ။ အဲဒီမှာ ဒေါက်တာဆာဆာပြောသွားတဲ့ ကြားဖြတ်အစိုးရ ဖွဲ့စည်းဖို့ အစီအစဉ် နဲ့ ပတ်သက်လို့ ရှင်းပြလို့ရမလားရှင့်။

ဒေါက်တာဆာဆာ။ ။ လက်တွေ့မှာ ဘယ်လိုဖြစ်နေလဲဆိုရင် အာဏာသိမ်း၊ တရားမဝင်၊ အကြမ်းဖက် အဖွဲ့အစည်းတွေလို ဖြစ်လာတဲ့ အာဏာသိမ်း စစ်ကောင်စီရဲ့ လုပ်ပုံ လုပ်နည်းဟာ သူတို့ အမိန့် ပေးပြီးတော့ နေပြည်တော်မှာပဲ၊ သူတို့လက်ထဲမှာရှိတာကလည်း MRTV၊ မြန်မာ့အလင်းတို့ပဲ ရှိတယ်။ ဒါအပြင် အစိုးရယန္တရားလည်း ပျက်စီးနေပါပြီ။ ဒါဆိုရင်တော့ ဒီတိုင်းပဲ လက်ပိုက်ကြည့်ပြီးတော့ သူတို့ ပြုတ်ကျတာကို စောင့်နေမလား။ ဒါမှမဟုတ်ရင် သူတို့ကို ပြည်သူလူထုတွေကိုလည်း ကျနော်တို့ ကူညီနိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိသလို စစ်ကောင်စီကို တရားစွဲနိုင်ရေး လုံခြုံရေးကောင်စီက ICC ကို လွဲှပြောင်းပေးဖို့ ချက်ခြင်း ကြားဖြတ်အစိုးရဖွဲ့ဖို့လိုတယ်လို့ ကျနော်ယုံကြည်တယ်။ အဲဒီအတွက်လည်း ဆောင်ရွက်နေပါတယ်။

အင်ကြင်းနိုင်။။ ယာယီအစိုးရနဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ CRPH နဲ့ က ဘယ်လို ချိတ်ဆက် လှုပ်ရှားဖို့ ရှိမလဲ။

ဒေါက်တာဆာဆာ။။ CRPH ကနေပြီးတော့ အဲဒီလို ယာယီအစိုးရကို ဖွဲ့ခွင့်ရှိတယ်။ အဲတော့ ယာယီအစိုးရို သူတို့ ဖွဲ့မယ်။ သူတို့ ယာယီဖွဲ့မယ့် အစိုးရက အလုပ်လုပ်မယ်။ ဒါပါပဲ။ သူတို့ကနေ အဲဒါကို ဖွဲ့ပြီးပြီဆိုရင်တော့ အဲတာကို ဖွဲ့ထားတဲ့ ယာယီအစိုးရမှာ တာဝန်အပြည့်အဝရှိပြီ။

အင်ကြင်းနိုင်။ ။ ဒေါက်တာဆာဆာ အခုလို အချိန်ပေးပြောကြားပေးတဲ့ အတွက် ကျေးဇူးအများကြီးတင်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG