သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာအၾကမ္းဖက္ႏွိမ္နင္းမႈ တာဝန္ရွိသူေတြကို ေဖာ္ထုတ္အေရးယူမည္ - အေမရိကန္အမ်ိဳးသားလံုျခံဳေရးအၾကံေပး


ေဖေဖာ္ဝါရီ လ ၁၅ ရက္ေန႔က မႏၱေလးၿမိဳ႕ဆႏၵျပပဲြ တခုမွာ ေတြ႔ရတဲ့ ေသနတ္ကိုင္ထားတဲ့ ျမန္မာစစ္တပ္တပ္ဖဲြ႔ဝင္တခ်ိဳ႕။ (ေဖေဖာ္ဝါရီ ၁၅၊ ၂၀၂၁)

[Zawgyi/Unicode]

အေမရိကန္အမ်ိဳးသားလံုျခံဳေရးအၾကံေပး Jake Sullivan။
အေမရိကန္အမ်ိဳးသားလံုျခံဳေရးအၾကံေပး Jake Sullivan။

ျမန္မာႏိ္ုင္ငံတြင္း ၿငိမ္းခ်မ္းစြာ ဆႏၵျပသူေတြအေပၚ အၾကမ္းဖက္ႏွိမ္နင္းမွာမွာ တာ၀န္ရွိသူေတြကို ေဖာ္ထုတ္အေရးယူဖို႔ အင္ဒို-ပစိဖိတ္ေဒသနဲ႔ ကမာၻတလႊားက မဟာမိတ္ႏိုင္ငံေတြနဲ႔ နီးနီးကပ္ကပ္လက္တဲြေဆာင္ရြက္သြားမယ္လို႔ အေမရိကန္သမၼတအိမ္ျဖဴေတာ္က ထုတ္ျပန္ပါတယ္။ အၾကမ္းဖက္ႏွိမ္နင္းမႈနဲ႔ အာဏာသိမ္းမႈေတြမွာ တာ၀န္ရွိသူေတြကို အေရးယူတာေတြလုပ္ဖို႔ ျပင္ဆင္ေဆာင္ရြက္ေနၿပီလို႔ အေမရိကန္အမ်ိဳးသားလံုျခံဳေရးအၾကံေပး Jake Sullivan အမည္နဲ႔ ထုတ္တဲ့ အဲဒီေၾကညာခ်က္မွာ ေဖာ္ျပခဲ့တာပါ။ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းဆႏၵျပရင္း ပစ္ခတ္လို႔ အသက္ဆံုးရံႈးခဲ့ရသူေတြနဲ႔ မိသားစု၀င္ေတြအတြက္လည္း ေၾကကဲြ၀မ္းနည္းရပါတယ္လို႔ ေရးထားပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္တပ္ကအဏာသိမ္းယူတာကို ဆန္႔က်င္တဲ့ ဆႏၵျပကန္႔ကြက္မႈေတြရွိရာမွာ မေန႔ကစစ္တပ္နဲ႔ ရဲက အင္အားသံုးႏွိမ္နင္းတာေၾကာင့္ လူ ၂၀ ၀န္းက်င္ေသဆံုးတဲ့အေပၚ ႏိုင္ငံတကာဖိအားေတြလည္း တိုးလာေနတာပါ။

ႏွစ္ေပါင္း ဆယ္နဲ႔ခ်ီ စစ္အာဏာရွင္ေတြ အုပ္ခ်ဳပ္မႈေအာက္ေရာက္ခဲ့ရတဲ့ ျမန္မာ့ ဒီမိုကေရစီအသြင္ကူးေျပာင္းစျပဳလာခိ်န္မွာ ခုလိုစစ္တပ္က ျပန္ၿပီး အာဏာသိမ္းလိုက္တဲ့အတြက္ ျမန္မာ့အိမ္နီးခ်င္းႏုိင္ငံေတြေရာ အေနာက္နုိင္ငံေတြရဲ ႔ ျပစ္တင္ရႈတ္ခ်မႈေတြ ေပၚထြက္လာပါတယ္။

ျမန္မာႏိုင္ငံလည္းအဖြဲ႔၀င္ျဖစ္တဲ့ အေရွ ႔ေတာင္အာရွႏုိင္ငံမ်ားအသင္း ASEAN ႏုိ္င္ငံျခားေရး၀န္ႀကီးေတြက ျမန္မာ့အေရး အထူးအစည္းအေ၀းတရပ္ကို အြန္လုိင္းကေန အဂၤါေန႔မွာက်င္းပမွာျဖစ္ၿပီး ျမန္မာစစ္ဘက္ကို္ယ္စားလွယ္ရဲ ႔ ေျပာဆိုခ်က္ကို နားေထာင္မယ္လို႔ စကၤာပူႏိုင္ငံျခားေရး၀န္ႀကီး Vivian Balakrishnam က လႊတ္ေတာ္ကိုေျပာပါတယ္။ လက္နက္မဲ႔ ဆႏၵျပသူေတြကို အင္အားသုံးႏွိမ္ႏွင္းတာ မလုပ္ဖို႔ ၀န္ႀကီး Balakrishnam က တနလၤာေန႔က ေတာင္းဆိုလိုက္သလို ေဒၚေအာင္ဆန္းစုၾကည္ကို ျပန္လႊတ္ၿပီး ဒီမိုကေရစီအသြင္ကူးေျပာင္းေရး ျပန္လည္ေဆြးေႏြးဖို႔လည္း တုိက္တြန္းထားတာပါ။

အေမရိကန္ႏုိင္ငံျခားေရး၀န္ႀကီး Anthony Blinken ကလည္း ျမန္မာလုံၿခဳံေရးတပ္ဖြဲ႔ရ ႔ လုပ္ရပ္ဟာ စက္ဆုပ္စရာေကာင္းလွတဲ့ အၾကမ္းဖက္မႈျဖစ္တယ္ လု႔ိေျပာပါတယ္။ ကေနဒါ ႏုိင္ငံျခားေရး၀န္ႀကီး Marc Garneau ကလည္း လူေသေစေလာက္တဲ့ စစ္တပ္ရဲ ႔ အင္အားသုံးမႈဟာ ဆုိးရြားလြန္းတဲ့ လုပ္ရပ္ျဖစ္တယ္လို႔ေျပာပါတယ္။ ဆႏၵျပသူေတြကို အၾကမ္းဖက္ႏွိမ္ႏွင္းတဲ့အေပၚ ရႈတ္ခ်ထားတဲ့ ကုလသမဂၢအတြင္းေရးမႈးခ်ဳပ္ Antonio Gutettes ကလည္း ႏိုင္ငံတကာအသုိင္းအ၀ုိင္းက ျမန္မာ့အေရး တညီတညႊတ္ထဲ ၀ုိင္း၀န္းေျပာၾကားဖို႔ တုိက္တြန္းထားတာပါ။ ျမန္မာႏုိင္ငံလူ႔အခြင့္အေရးဆုိင္ရာ ကုလသမဂၢအထူးကုိယ္စားလွယ္ Tom Andrews ကလည္း အာဏာသိမ္းထားတ့ဲစစ္တပ္က ဒီအတုိင္း က်ိန္းေသဆက္ၿပီးျပဳမူေနမွာျဖစ္တဲ့အတြက္ ႏုိင္ငံတကာအသုိင္းအ၀ုိင္းက အျပင္းအထန္တုံ႔ျပန္ဖို႔ တုိက္တြန္းထားတာပါ။

ျမန္မာစစ္တပ္ကို လက္နက္မေရာင္းဖို႔၊ စစ္အာဏာသိမ္းမႈမွာ တာ၀န္ရွိသူေတြကို ထပ္ၿပီးအေရးယူဒဏ္ခတ္ဖို႔၊ စစ္တပ္နဲ႔ ဆက္စပ္ေနတဲ့ စီးပြါးေရးလုပ္ငန္းေတြကို ဒဏ္ခတ္ဖို႔နဲ႔ႏုိင္ငံတကာ ရာဇ၀တ္ခုံရုံးတင္ႏုိင္ေရး ကုလသမဂၢလုံၿခဳံေရးေကာင္စီက ေထာက္ခံခ်က္ေပးဖို႔လည္း ကုလအထူးကိုယ္စားလွယ္ကအႀကံျပဳထားပါတယ္။ ကုလသမဂၢလံုျခံဳေရးေကာင္စီမွာလည္း အလွည့္က်ဥကၠ႒အျဖစ္ အေမရိကန္ျပည္ေထာင္စုက ဒီေန႔မွာ စၿပီး တာ၀န္ယူမွာျဖစ္ပါတယ္။ လံုျခံဳေရးေကာင္စီရဲ႕ အစည္းအေ၀း Agenda ကို ဒီကေန႔ ေၾကညာဖို႔ရွိၿပီး၊ ဒီအထဲ ျမန္မာ့အေရးကိစၥ ပါလာႏိုင္တယ္လို႔ ေမွ်ာ္လင့္ထားၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာအကြမ်းဖက်နှိမ်နင်းမှု တာဝန်ရှိသူတွေကို ဖော်ထုတ်အရေးယူမည် - အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး

မြန်မာနိုင်ငံတွင်း ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်နှိမ်နင်းမှာမှာ တာဝန်ရှိသူတွေကို ဖော်ထုတ်အရေးယူဖို့ အင်ဒို-ပစိဖိတ်ဒေသနဲ့ ကမ္ဘာတလွှားက မဟာမိတ်နိုင်ငံတွေနဲ့ နီးနီးကပ်ကပ်လက်တွဲဆောင်ရွက်သွားမယ်လို့ အမေရိကန်သမ္မတအိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။ အကြမ်းဖက်နှိမ်နင်းမှုနဲ့ အာဏာသိမ်းမှုတွေမှာ တာဝန်ရှိသူတွေကို အရေးယူတာတွေလုပ်ဖို့ ပြင်ဆင်ဆောင်ရွက်နေပြီလို့ အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan အမည်နဲ့ ထုတ်တဲ့ အဲဒီကြေညာချက်မှာ ဖော်ပြခဲ့တာပါ။ ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြရင်း ပစ်ခတ်လို့ အသက်ဆုံးရှုံးခဲ့ရသူတွေနဲ့ မိသားစုဝင်တွေအတွက်လည်း ကြေကွဲဝမ်းနည်းရပါတယ်လို့ ရေးထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်ကအဏာသိမ်းယူတာကို ဆန့်ကျင်တဲ့ ဆန္ဒပြကန့်ကွက်မှုတွေရှိရာမှာ မနေ့ကစစ်တပ်နဲ့ ရဲက အင်အားသုံးနှိမ်နင်းတာကြောင့် လူ ၂၀ ဝန်းကျင်သေဆုံးတဲ့အပေါ် နိုင်ငံတကာဖိအားတွေလည်း တိုးလာနေတာပါ။

နှစ်ပေါင်း ဆယ်နဲ့ချီ စစ်အာဏာရှင်တွေ အုပ်ချုပ်မှုအောက်ရောက်ခဲ့ရတဲ့ မြန်မာ့ ဒီမိုကရေစီအသွင်ကူးပြောင်းစပြုလာချိန်မှာ ခုလိုစစ်တပ်က ပြန်ပြီး အာဏာသိမ်းလိုက်တဲ့အတွက် မြန်မာ့အိမ်နီးချင်းနိုင်ငံတွေရော အနောက်နိုင်ငံတွေရဲ့ ပြစ်တင်ရှုတ်ချမှုတွေ ပေါ်ထွက်လာပါတယ်။

မြန်မာနိုင်ငံလည်းအဖွဲ့ဝင်ဖြစ်တဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း ASEAN နိုင်ငံခြားရေးဝန်ကြီးတွေက မြန်မာ့အရေး အထူးအစည်းအဝေးတရပ်ကို အွန်လိုင်းကနေ အင်္ဂါနေ့မှာကျင်းပမှာဖြစ်ပြီး မြန်မာစစ်ဘက်ကိုယ်စားလှယ်ရဲ့ ပြောဆိုချက်ကို နားထောင်မယ်လို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnam က လွှတ်တော်ကိုပြောပါတယ်။ လက်နက်မဲ့ ဆန္ဒပြသူတွေကို အင်အားသုံးနှိမ်နှင်းတာ မလုပ်ဖို့ ဝန်ကြီး Balakrishnam က တနင်္လာနေ့က တောင်းဆိုလိုက်သလို ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပြီး ဒီမိုကရေစီအသွင်ကူးပြောင်းရေး ပြန်လည်ဆွေးနွေးဖို့လည်း တိုက်တွန်းထားတာပါ။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Anthony Blinken ကလည်း မြန်မာလုံခြုံရေးတပ်ဖွဲ့ရ့ လုပ်ရပ်ဟာ စက်ဆုပ်စရာကောင်းလှတဲ့ အကြမ်းဖက်မှုဖြစ်တယ် လု့ိပြောပါတယ်။ ကနေဒါ နိုင်ငံခြားရေးဝန်ကြီး Marc Garneau ကလည်း လူသေစေလောက်တဲ့ စစ်တပ်ရဲ့ အင်အားသုံးမှုဟာ ဆိုးရွားလွန်းတဲ့ လုပ်ရပ်ဖြစ်တယ်လို့ပြောပါတယ်။ ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နှင်းတဲ့အပေါ် ရှုတ်ချထားတဲ့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Antonio Gutettes ကလည်း နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာ့အရေး တညီတညွှတ်ထဲ ဝိုင်းဝန်းပြောကြားဖို့ တိုက်တွန်းထားတာပါ။ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Tom Andrews ကလည်း အာဏာသိမ်းထားတဲ့စစ်တပ်က ဒီအတိုင်း ကျိန်းသေဆက်ပြီးပြုမူနေမှာဖြစ်တဲ့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းက အပြင်းအထန်တုံ့ပြန်ဖို့ တိုက်တွန်းထားတာပါ။

မြန်မာစစ်တပ်ကို လက်နက်မရောင်းဖို့၊ စစ်အာဏာသိမ်းမှုမှာ တာဝန်ရှိသူတွေကို ထပ်ပြီးအရေးယူဒဏ်ခတ်ဖို့၊ စစ်တပ်နဲ့ ဆက်စပ်နေတဲ့ စီးပွါးရေးလုပ်ငန်းတွေကို ဒဏ်ခတ်ဖို့နဲ့နိုင်ငံတကာ ရာဇဝတ်ခုံရုံးတင်နိုင်ရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီက ထောက်ခံချက်ပေးဖို့လည်း ကုလအထူးကိုယ်စားလှယ်ကအကြံပြုထားပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာလည်း အလှည့်ကျဥက္ကဋ္ဌအဖြစ် အမေရိကန်ပြည်ထောင်စုက ဒီနေ့မှာ စပြီး တာဝန်ယူမှာဖြစ်ပါတယ်။ လုံခြုံရေးကောင်စီရဲ့ အစည်းအဝေး Agenda ကို ဒီကနေ့ ကြေညာဖို့ရှိပြီး၊ ဒီအထဲ မြန်မာ့အရေးကိစ္စ ပါလာနိုင်တယ်လို့ မျှော်လင့်ထားကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG